ထူးဆန်းထွေလာ

တ႐ုတ္နိုင္ငံရဲ့ နာမည္အႀကီးဆုံး အသက္အႀကီးဆုံးေမာ္ဒယ္

လူအမ်ားစုဟာ အသက္ ၆၀ေက်ာ္ အရြယ္မွာ အလုပ္ေတြဆက္မလုပ္ေတာ့ပဲ အနားယူသြားတတ္ၾကပါတယ္။ ဒါေပမယ့္ တ႐ုတ္က အသက္ ၈၁ႏွစ္
အရြယ္အဘိုးအိုကေတာ့ အလုပ္ေတြကိုဆက္လုပ္ေနဆဲပါ။ သူ႔အလုပ္ကလည္းပုံမွန္ အလုပ္မဟုတ္ပဲ ငယ္ရြယ္ၾကည့္ေကာင္းသူေတြသာလုပ္ေလ့ရွိတဲ့ ေမာ္ဒယ္အလုပ္ျဖစ္ေနတာကလည္း တမ်ိဳးထူးျခားေနပါတယ္။

သူ႔နာမည္က Wang Deshun ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္ သူ အသက္ ၇၉ႏွစ္အရြယ္မွာ ဖက္ရွင္ပြဲတစ္ခုမွာ သူ႔ရဲ့တက္ႂကြတဲ့ဟန္ပန္ေတြေၾကာင့္ လူေတြသတိထားမိလာၾကတာပါ။ အခုအခ်ိန္မွာ သူ႔အသက္က ၈၁ႏွစ္ျဖစ္ေနၿပီျဖစ္ေပမယ့္ နာမည္ႀကီးေမာ္ဒယ္ေတြနဲ႔ အၿပိဳင္ပြဲေတြမွာေလၽွာက္ ေနဆဲျဖစ္သလို စီးပြားေရးလုပ္ငန္းေတြရဲ့ဓာတ္ပုံေတြကိုလည္း ရိုက္ကူးေနဆဲပါ။

Wang Deshun ဒီလိုေက်ာ္ၾကားလာတာကလည္း ထူးျခားပါတယ္။ သူ႔ရဲ့သမီးျဖစ္သူဆီကု ဖုန္းဆက္လိုက္တဲ့အခ်ိန္မွာ သမီးေဘးမွာ ရွိေနတဲ့ ဒီဇိုင္နာတစ္ေယာက္က ဖုန္းစကရင္ ကေန Wang Deshun ရဲ့ မ်က္ႏွာကို ျမင္သြားပါတယ္။ သူလိုက္ရွာေနတာ ဒီလိုလူမ်ိဳးျဖစ္တာေၾကာင့္ သမီးျဖစ္သူက တစ္ဆင့္ အဘိုးအို Wang နဲ႔ စကားေျပာၾကည့္တဲ့အခါ အဘိုးအိုက လက္ခံခဲ့ပါတယ္။ ဒီဇိုင္နာက အဘိုးအိုကို ဖက္ရွင္ပြဲတစ္ခုမွာ အေပၚဗလာက်င္းကာ ေလၽွာက္ေစခဲ့ပါတယ္။ က်န္းမာသန္စြမ္းၿပီး တက္ႂကြတဲ့ဟန္ပန္ နဲ႔ အဘိုးအို Wang ကို အားလုံးက သေဘာက်သြားၿပီး ခ်က္ခ်င္းနာမည္ႀကီးသြားပါတယ္။

သူနာမည္ဘယ္သူလဲ ၊ ဘာေတြစားလို႔ ဒီခႏၶာကိုယ္ျဖစ္ေနတာလဲ ၊ သူ႔ရဲ့က်န္းမာေရးလ်ိဳ႕ဝွက္ခ်က္ကဘာလဲ ၊ သူက လူပ်ိဳလား အစရွိသျဖင့္ ေမးခြန္းေပါင္းစုံကို ေမးၾကသလို လုပ္ငန္းကုမၸဏီေပါင္းမ်ားစြာကလည္း သူတို႔ရဲ့ထုတ္ကုန္ေတြကို အဘိုးအို Wang နဲ႔ ေၾကာ္ျငာဖို႔ အသင့္ရွိေနပါတယ္။ Wang ဟာ အခ်ိန္ခဏအတြင္းမွာ စူပါစတားမင္းသားေတြနဲ႔အၿပိဳင္ျဖစ္သြားပါတယ္။ Wang ဒီလိုျဖစ္သြားတာကို မေက်နပ္ပဲ လုံးဝမလုပ္ဖို႔ တားျမစ္တဲ့သူ တစ္ေယာက္ရွိပါတယ္။ သူ႔ရဲ့ဇနီးျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Wang ဟာ အခ်ိန္ျပည့္ ရိုက္ကူးေရးေတြ ၊ ပြဲေတြနဲ႔ ရႈပ္ေနတဲ့အတြက္ မိသားစုကို အခ်ိန္မေပးနိုင္ေတာ့တဲ့အတြက္ျဖစ္ပါတယ္။ ဇနီးျဖစ္သူမႀကိဳက္ႏွစ္တာေၾကာင့္ Wang ဟာ အင္တာဗ်ဴးေတြကို Gym မွာပဲ လ်ိဳ႕ဝွက္ေျဖခဲ့သလို ပြဲေတြကိုလည္း အခ်ိန္ျပည့္မလိုက္ေတာ့ပါဘူး။

လူေတြက “အသက္ႀကီးေနၿပီ ေသမွာမေၾကာက္ဘူးလား” လို႔ Wang ကိုေမးတဲ့အခါ Wang က “ေသတဲ့အခါ ဘာမွလုပ္လို႔မရေတာ့ဘူးေလ ၊ အဲေတာ့ရွင္စဥ္မွာ ကၽြန္ေတာ္တို႔အစီအစဥ္ေတြကို အေကာင္အထည္ေဖာ္ရမယ္ ၊ အႏုပညာလုပ္ရတာကို ကၽြန္ေတာ္ေပ်ာ္တယ္ ၊ ေသသြားရင္ေတာ့ ကၽြန္ေတာ့္ခႏၶာကိုယ္ကို လႉဒါန္းထားတဲ့အတြက္ ေဆး႐ုံက လာယူလိမ့္မယ္” လို႔ ျပဳံးျပဳံးရႊင္ရႊင္နဲ႔ ေျဖပါတယ္။ နာမည္ႀကီးသြားလို႔ အရင္ကၽြန္ေတာ္ နဲ႔ အခုကၽြန္ေတာ္ဘာမွ မကြာပါဘူး။ အရင္ကလည္း ထမင္းတစ္ပန္းကန္ တိုဟူးေႏြးေတြစားခဲ့သလို ခုလည္း ဒီအတိုင္းပဲစားေနပါတယ္။

အသက္ ၈၁ႏွစ္အရြယ္ အဘိုးအို Wang ဟာ သူ႔ရဲ့ခႏၶာကိုယ္ကို ႏုပ်ိဳေစဖို႔အတြက္ တစ္ေန႔ကို ၄နာရီ ေလ့က်င့္ခန္းေတြလုပ္ေနဆဲျဖစ္သလို ၊ ကမၻာေက်ာ္ဖက္ရွင္ကုမၸဏီေတြ ၊ အားကစားကုမၸဏီေတြရဲ့ ေမာ္ဒယ္အျဖစ္လည္း သ႐ုပ္ေဆာင္လၽွက္ရွိေနဆဲ ျဖစ္ပါတယ္။


တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံး အသက်အကြီးဆုံးမော်ဒယ်(unicode)

လူအများစုဟာ အသက် ၆၀ကျော် အရွယ်မှာ အလုပ်တွေဆက်မလုပ်တော့ပဲ အနားယူသွားတတ်ကြပါတယ်။ ဒါပေမယ့် တရုတ်က အသက် ၈၁နှစ်
အရွယ်အဘိုးအိုကတော့ အလုပ်တွေကိုဆက်လုပ်နေဆဲပါ။ သူ့အလုပ်ကလည်းပုံမှန် အလုပ်မဟုတ်ပဲ ငယ်ရွယ်ကြည့်ကောင်းသူတွေသာလုပ်ေလ့ရှိတဲ့ မော်ဒယ်အလုပ်ဖြစ်နေတာကလည်း တမျိုးထူးခြားနေပါတယ်။

သူ့နာမည်က Wang Deshun ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခန့် သူ အသက် ၇၉နှစ်အရွယ်မှာ ဖက်ရှင်ပွဲတစ်ခုမှာ သူ့ရဲ့တက်ကြွတဲ့ဟန်ပန်တွေကြောင့် လူတွေသတိထားမိလာကြတာပါ။ အခုအချိန်မှာ သူ့အသက်က ၈၁နှစ်ဖြစ်နေပြီဖြစ်ပေမယ့် နာမည်ကြီးမော်ဒယ်တွေနဲ့ အပြိုင်ပွဲတွေမှာလျှောက် နေဆဲဖြစ်သလို စီးပွားရေးလုပ်ငန်းတွေရဲ့ဓာတ်ပုံေတွကိုလည်း ရိုက်ကူးနေဆဲပါ။

Wang Deshun ဒီလိုကျော်ကြားလာတာကလည်း ထူးခြားပါတယ်။ သူ့ရဲ့သမီးဖြစ်သူဆီကု ဖုန်းဆက်လိုက်တဲ့အချိန်မှာ သမီးဘေးမှာ ရှိနေတဲ့ ဒီဇိုင်နာတစ်ယောက်က ဖုန်းစကရင် ကနေ Wang Deshun ရဲ့ မျက်နှာကို မြင်သွားပါတယ်။ သူလိုက်ရှာနေတာ ဒီလိုလူမျိုးဖြစ်တာကြောင့် သမီးဖြစ်သူက တစ်ဆင့် အဘိုးအို Wang နဲ့ စကားပြောကြည့်တဲ့အခါ အဘိုးအိုက လက်ခံခဲ့ပါတယ်။ ဒီဇိုင်နာက အဘိုးအိုကို ဖက်ရှင်ပွဲတစ်ခုမှာ အပေါ်ဗလာကျင်းကာ လျှောက်စေခဲ့ပါတယ်။ ကျန်းမာသန်စွမ်းပြီး တက်ကြွတဲ့ဟန်ပန် နဲ့ အဘိုးအို Wang ကို အားလုံးက သဘောကျသွားပြီး ချက်ချင်းနာမည်ကြီးသွားပါတယ်။

သူနာမည်ဘယ်သူလဲ ၊ ဘာတွေစားလို့ ဒီခန္ဓာကိုယ်ဖြစ်နေတာလဲ ၊ သူ့ရဲ့ကျန်းမာရေးလျို့ဝှက်ချက်ကဘာလဲ ၊ သူက လူပျိုလား အစရှိသဖြင့် မေးခွန်းပေါင်းစုံကို မေးကြသလို လုပ်ငန်းကုမ္ပဏီပေါင်းများစွာကလည်း သူတို့ရဲ့ထုတ်ကုန်တွေကို အဘိုးအို Wang နဲ့ ကြော်ငြာဖို့ အသင့်ရှိနေပါတယ်။ Wang ဟာ အချိန်ခဏအတွင်းမှာ စူပါစတားမင်းသားတွေနဲ့အပြိုင်ြဖစ်သွားပါတယ်။ Wang ဒီလိုဖြစ်သွားတာကို မကျေနပ်ပဲ လုံးဝမလုပ်ဖို့ တားမြစ်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဇနီးဖြစ်ပါတယ်။ အကြောင်းကတော့ Wang ဟာ အချိန်ပြည့် ရိုက်ကူးရေးတွေ ၊ ပွဲတွေနဲ့ ရှုပ်နေတဲ့အတွက် မိသားစုကို အချိန်မပေးနိုင်တော့တဲ့အတွက်ြဖစ်ပါတယ်။ ဇနီးဖြစ်သူမကြိုက်နှစ်တာကြောင့် Wang ဟာ အင်တာဗျူးတွေကို Gym မှာပဲ လျို့ဝှက်ဖြေခဲ့သလို ပွဲတွေကိုလည်း အချိန်ပြည့်မလိုက်တော့ပါဘူး။

လူတွေက “အသက်ကြီးနေပြီ သေမှာမကြောက်ဘူးလား” လို့ Wang ကိုမေးတဲ့အခါ Wang က “သေတဲ့အခါ ဘာမှလုပ်လို့မရတော့ဘူးလေ ၊ အဲတော့ရှင်စဉ်မှာ ကျွန်တော်တို့အစီအစဉ်တွေကို အကောင်အထည်ဖော်ရမယ် ၊ အနုပညာလုပ်ရတာကို ကျွန်တော်ပျော်တယ် ၊ သေသွားရင်တော့ ကျွန်တော့်ခန္ဓာကိုယ်ကို လှူဒါန်းထားတဲ့အတွက် ဆေးရုံက လာယူလိမ့်မယ်” လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေပါတယ်။ နာမည်ကြီးသွားလို့ အရင်ကျွန်တော် နဲ့ အခုကျွန်တော်ဘာမှ မကွာပါဘူး။ အရင်ကလည်း ထမင်းတစ်ပန်းကန် တိုဟူးနွေးတွေစားခဲ့သလို ခုလည်း ဒီအတိုင်းပဲစားနေပါတယ်။

အသက် ၈၁နှစ်အရွယ် အဘိုးအို Wang ဟာ သူ့ရဲ့ခန္ဓာကိုယ်ကို နုပျိုစေဖို့အတွက် တစ်နေ့ကို ၄နာရီ လေ့ကျင့်ခန်းတွေလုပ်နေဆဲဖြစ်သလို ၊ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီတွေ ၊ အားကစားကုမ္ပဏီတွေရဲ့ မော်ဒယ်အဖြစ်လည်း သရုပ်ဆောင်လျှက်ရှိနေဆဲ ဖြစ်ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top