ထူးဆန်းထွေလာ

လက္သမားတစ္ေယာက္ ဖန္တီးလုိက္တဲ့ သစ္သားကားမ်ား

ကားအပ်က္ေတြကုိ ၿပင္တာဟာ မထူးဆန္းပါဘူး။ ဒါေပမယ့္ အေမရိကန္ Huston က လက္သမားတစ္ေယာက္ကေတာ့ ကားအပ်က္ေတြကုိ ၿပင္ရုံမကပဲ အၿခားပုံစံတစ္မ်ဳိးကုိ ဖန္တီးထုတ္လုပ္ခဲ့ပါတယ္။ သူ႔ရဲ႕ဖန္တီးမႈကေတာ့ ကားေဘာ္ဒီကုိ သစ္သားေတြနဲ႔ ထူးဆန္းစြာဖန္တီးၿပလုိက္ၿခင္းပါပဲ။

သူကေတာ့ အစၥေရးကေန အေမရိကကုိ ေၿပာင္းေရႊ႕လာခဲ့တဲ့ လက္သမားဆရာ Isaac Cohen ပဲ ၿဖစ္ပါတယ္။ သူရဲ႕ဒီဆန္းက်ယ္တဲ့ ဖန္တီးမႈဟာ အခုဆုိရင္ ေကာင္းမြန္တဲ့ စီးပြားေရးတစ္ခု ၿဖစ္လာခဲ့ပါၿပီ။ သူရဲ႕အလုပ္ရုံကေန ဒီဇုိင္းအဆန္းနဲ႔ သစ္သားကား အမ်ားအၿပားကုိ ထုတ္လုပ္ခဲ့ပါတယ္။ ဒီအထဲမွာ အကာသယာဥ္ပုံစံ ကားေတြေတာင္ပါ၀င္ေနပါတယ္။

အခုဆုိရင္ သူ႔ရဲ႕ဖန္တီးမႈဟာ နာမည္ႀကီးေနပါၿပီ။ သတင္းဌာနေတြနဲ႔ မီဒီယာေအဂ်င္စီေတြက ဒီကားေတြဖန္တီးဖုိ႔ သူဘယ္လုိစိတ္ကူးရလာတယ္ ၊ဘယ္လုိ ဖန္တီးခဲ့တယ္ ဆိုတာေတြကုိသိခ်င္ေနႀကပါတယ္။ တစ္ေယာက္အတြက္ အမႈိက္က တစ္ေယာက္အတြက္ ရတနာဆုိတဲ့စကားပုံဟာ Cohen အတြက္ေတာ့ တကယ္ၿဖစ္လာေနပါၿပီ။ စြန္႔ပစ္ကားေတြကေန တစ္ဆင့္ သူရဲ႕ေအာင္ၿမင္မႈအခြင့္အလမ္းကုိ ရယူႏုိင္ခဲ့လုိ႔ပဲ ၿဖစ္ပါတယ္။


လက်သမားတစ်ယောက် ဖန်တီးလိုက်တဲ့ သစ်သားကားများ

ကားအပျက်တွေကို ပြင်တာဟာ မထူးဆန်းပါဘူး။ ဒါပေမယ့် အမေရိကန် Huston က လက်သမားတစ်ယောက်ကတော့ ကားအပျက်တွေကို ပြင်ရုံမကပဲ အခြားပုံစံတစ်မျိုးကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ဖန်တီးမှုကတော့ ကားဘော်ဒီကို သစ်သားတွေနဲ့ ထူးဆန်းစွာဖန်တီးပြလိုက်ခြင်းပါပဲ။

သူကတော့ အစ္စရေးကနေ အမေရိကကို ပြောင်းရွှေ့လာခဲ့တဲ့ လက်သမားဆရာ Isaac Cohen ပဲ ဖြစ်ပါတယ်။ သူရဲ့ဒီဆန်းကျယ်တဲ့ ဖန်တီးမှုဟာ အခုဆိုရင် ကောင်းမွန်တဲ့ စီးပွားရေးတစ်ခု ဖြစ်လာခဲ့ပါပြီ။ သူရဲ့အလုပ်ရုံကနေ ဒီဇိုင်းအဆန်းနဲ့ သစ်သားကား အများအပြားကို ထုတ်လုပ်ခဲ့ပါတယ်။ဒီအထဲမှာ အကာသယာဉ်ပုံစံ ကားတွေတောင်ပါဝင်နေပါတယ်။

အခုဆိုရင် သူ့ရဲ့ဖန်တီးမှုဟာ နာမည်ကြီးနေပါပြီ။ သတင်းဌာနတွေနဲ့ မီဒီယာအေဂျင်စီတွေက ဒီကားတွေဖန်တီးဖို့ သူဘယ်လိုစိတ်ကူးရလာတယ် ၊ဘယ်လို ဖန်တီးခဲ့တယ် ဆိုတာတွေကိုသိချင်နေကြပါတယ်။ တစ်ယောက်အတွက် အမှိုက်က တစ်ယောက်အတွက် ရတနာဆိုတဲ့စကားပုံဟာ Cohen အတွက်တော့ တကယ်ဖြစ်လာနေပါပြီ။ စွန့်ပစ်ကားတွေကနေ တစ်ဆင့် သူရဲ့အောင်မြင်မှုအခွင့်အလမ်းကို ရယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top