ထူးဆန်းထွေလာ

လမ္းေဘးက လက္ဖက္ရည္ေဖ်ာ္ဆရာ (သုိ႔) နာမည္ႀကီး စာေရးဆရာ

နယူးေဒလီၿမိဳ႕ရဲ႕ လမ္းေဘးေလွ်ာက္လမ္းနားမွာရွိၿပီး အမိုးအကာမရွိတဲ့ လက္ဖက္ရည္ ဆုိင္တစ္ဆုိင္ရွိပါတယ္။ လမ္းေဘးလက္ဖက္ရည္ဆုိင္ဟာ အထင္ႀကီးစရာမရွိေပမယ့္ ဒီလက္ဖက္ရည္ဆုိင္ပုိင္ရွင္ အေဖ်ာ္ဆရာကေတာ့ အိႏၵိယရဲ႕ နာမည္ႀကီးစာေရးဆရာ တစ္ေယာက္ဆုိရင္ သင္အံၾသသြားမွာပါ။ ဟုတ္ပါတယ္ ၊ ဒီလက္ဖက္ရည္ေဖ်ာ္ဆရာဟာ ဟိႏၵဴဝတၳဳစာအုပ္ေပါင္း ၂၄အုပ္ကုိ ေရးသားခဲ့ၿပီး နာမည္ႀကီးခဲ့တဲ့ စာေရးဆရာ Laxman Rao ပဲျဖစ္ပါတယ္။

နာမည္ႀကီးစာေရးဆရာျဖစ္ေပမယ့္ ဘာေၾကာင့္ လမ္းေဘးမွာ လက္ဖက္ရည္ေရာင္းေနရတာလဲ အေၾကာင္းရွိပါတယ္။ တကယ္ေတာ့ Mr.Rao ဟာ ငယ္စဥ္က ဆင္းရဲခဲ့သူျဖစ္ပါတယ္။ လယ္သမားမိသားစုကေန ေမြးဖြားလာတဲ့ Mr.Rao ဟာ ေဆာက္လုပ္ေရးသမား၊ အလုပ္ၾကမ္းသမား၊ ပန္းကန္ေဆးသမား စတဲ့ အလုပ္ေပါင္းစုံလုပ္ဖူးတဲ့အျပင္ကို ကိုယ္ပိုင္ ကြမ္းယာဆိုင္၊ ေဆးလိပ္လုပ္ငန္းစတာေတြကိုလည္းတည္ေထာင္ဖူးတဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ Mr.Rao ကေခသူေတာ့မဟုတ္ပါဘူး။ ဟိႏၵဴစာေပဘာသာရပ္မွာ ဘြဲ႕ရရွိထားၿပီး အေဝးသင္ မာစတာဘြဲ႕ေတြအတြက္ လည္းစာေမးပဲြေျဖဆိုခဲ့သူျဖစ္ပါတယ္။

သူ႔စာအုပ္ေတြကို ထုတ္ေဝခြင့္ရဖို႔ အလုပ္ေပါင္းစုံလုပ္ခဲ့ရတာပါ။ ဒါေပမဲ့ လမ္းေဘးလက္ဖက္ရည္ေဖ်ာ္ဆရာ တစ္ေယာက္ရဲ႕စာအုပ္ေတြကို ဘယ္ ပုံႏွိပ္တိုက္ကမွ ေခ်းေငြနဲ႕ ထုတ္မေပးခ်င္ခဲ့ပါဘူး။ ဒါေၾကာင့္ ကိုယ္ပိုင္ေငြနဲ႔ပဲ စာအုပ္ထုတ္ႏိုင္ေအာင္ ႀကိဳးစားလာခဲ့ၿပီးတဲ့ေနာက္ ၁၉၉၂ ခုႏွစ္မွာထုတ္ေဝခဲ့တဲ့ Ramdas ဆိုတဲ့စာအုပ္ဟာေရာင္းအားအေကာင္းဆုံးျဖစ္ခဲ့တဲ့ အထိေအာင္ျမင္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ ႏိုင္ငံေရး ေဆာင္းပါးေတြနဲ႔ ဘဝအေတြ႕အၾကံဳေတြကို ဝတၳဳေတြအျဖစ္ေရးသားထားတဲ့ Mr. Rao ရဲ႕စာအုပ္ေတြကို amazon မွာဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။ Mr.Rao က ေတာ့ သူ႔ကုိစာေရးဆရာအျဖစ္ေအာင္ျမင္ေအာင္ပံ့ပုိးခဲ့တဲ့ အလုပ္ကုိ ဆက္လက္လုပ္ကုိင္ေနဆဲပါ။


လမ်းဘေးက လက်ဖက်ရည်ဖျော်ဆရာ (သို့) နာမည်ကြီး စာရေးဆရာ (unicode)

နယူးဒေလီမြို့ရဲ့ လမ်းဘေးလျှောက်လမ်းနားမှာရှိပြီး အမိုးအကာမရှိတဲ့ လက်ဖက်ရည် ဆိုင်တစ်ဆိုင်ရှိပါတယ်။ လမ်းဘေးလက်ဖက်ရည်ဆိုင်ဟာ အထင်ကြီးစရာမရှိပေမယ့် ဒီလက်ဖက်ရည်ဆိုင်ပိုင်ရှင် အဖျော်ဆရာကတော့ အိန္ဒိယရဲ့ နာမည်ကြီးစာရေးဆရာ တစ်ယောက်ဆိုရင် သင်အံသြသွားမှာပါ။ ဟုတ်ပါတယ် ၊ ဒီလက်ဖက်ရည်ဖျော်ဆရာဟာ ဟိန္ဒူဝတ္ထုစာအုပ်ပေါင်း ၂၄အုပ်ကို ရေးသားခဲ့ပြီး နာမည်ကြီးခဲ့တဲ့ စာရေးဆရာ Laxman Rao ပဲဖြစ်ပါတယ်။

နာမည်ကြီးစာရေးဆရာဖြစ်ပေမယ့် ဘာကြောင့် လမ်းဘေးမှာ လက်ဖက်ရည်ရောင်းနေရတာလဲ အကြောင်းရှိပါတယ်။ တကယ်တော့ Mr.Rao ဟာ ငယ်စဉ်က ဆင်းရဲခဲ့သူဖြစ်ပါတယ်။ လယ်သမားမိသားစုကနေ မွေးဖွားလာတဲ့ Mr.Rao ဟာ ဆောက်လုပ်ရေးသမား၊ အလုပ်ကြမ်းသမား၊ ပန်းကန်ဆေးသမား စတဲ့ အလုပ်ပေါင်းစုံလုပ်ဖူးတဲ့အပြင်ကို ကိုယ်ပိုင် ကွမ်းယာဆိုင်၊ ဆေးလိပ်လုပ်ငန်းစတာတွေကိုလည်းတည်ထောင်ဖူးတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် Mr.Rao ကခေသူတော့မဟုတ်ပါဘူး။ ဟိန္ဒူစာပေဘာသာရပ်မှာ ဘွဲ့ရရှိထားပြီး အဝေးသင် မာစတာဘွဲ့တွေအတွက် လည်းစာမေးပွဲဖြေဆိုခဲ့သူဖြစ်ပါတယ်။

သူ့စာအုပ်တွေကို ထုတ်ဝေခွင့်ရဖို့ အလုပ်ပေါင်းစုံလုပ်ခဲ့ရတာပါ။ ဒါပေမဲ့ လမ်းဘေးလက်ဖက်ရည်ဖျော်ဆရာ တစ်ယောက်ရဲ့စာအုပ်တွေကို ဘယ် ပုံနှိပ်တိုက်ကမှ ချေးငွေနဲ့ ထုတ်မပေးချင်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ငွေနဲ့ပဲ စာအုပ်ထုတ်နိုင်အောင် ကြိုးစားလာခဲ့ပြီးတဲ့နောက် ၁၉၉၂ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Ramdas ဆိုတဲ့စာအုပ်ဟာရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ အထိအောင်မြင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ နိုင်ငံရေး ဆောင်းပါးတွေနဲ့ ဘဝအတွေ့အကြုံတွေကို ဝတ္ထုတွေအဖြစ်ရေးသားထားတဲ့ Mr. Rao ရဲ့စာအုပ်တွေကို amazon မှာဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ Mr.Rao က တော့ သူ့ကိုစာရေးဆရာအဖြစ်အောင်မြင်အောင်ပံ့ပိုးခဲ့တဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပါ။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top