ထူးဆန်းထွေလာ

လမ္းေဘးမွ ေခြးေတြကုိ တန္ဖုိးႀကီးေခြးအသြင္ေဆးျခယ္ကာ ေရာင္းခ်ခဲ့တဲ့အမ်ဳိးသား

လမ္းေဘးေခြးေတြကို တန္ဖုိးႀကီးေခြးအျဖစ္ လိမ္ညာေရာင္းခ်ခဲ့တယ္ လုိ႔ တုိင္ၾကားလာတာေၾကာင့္ ပါကစၥတန္ ၿမဳိ႕ေတာ္ ကရာခ်ိက ရဲတပ္ဖြဲ႔ဟာ လူတစ္ေယာက္ကုိ ဖမ္းဆီးလုိက္ပါတယ္။ သူကေတာ့ ဆံပင္ ညွပ္ဆရာ Sagheer ဆုိသူပါ။

တုိင္ၾကားလာသူက သူဟာ အြန္လုိင္းအေရာင္းအ၀ယ္ ဆုိဒ္တစ္ခုမွာ တန္ဖုိးႀကီးေခြးေတြကိုေတြ႔မိတဲ့အတြက္ သေဘာက်မိတာေၾကာင့္ ၀ယ္ယူမိေၾကာင္း ၊ တစ္ေကာင္ကို ရူပီး ၅၀၀၀(ေဒၚလာ ၈၀ခန္႔) ေပးရေၾကာင္း ၊ ေခြးေတြကိုလာပို႔ၿပီးတဲ့ေနာက္ ေရခ်ဳိးေပးတဲ့အခါမွ ေခြးေတြဟာ တန္ဖုိးႀကီးေခြးေတြမဟုတ္ပဲ လမ္းေဘးေခြးေတြသာျဖစ္ေၾကာင္း တုိင္ၾကားခဲ့တာပါ။

ဖမ္းဆီးခံလုိက္ရၿပီးတဲ့ေနာက္ Sagheer ဟာ သူ႔ရဲ႕ျပစ္မႈကို ၀န္ခံလုိက္ပါတယ္။ သူနဲ႔ သူေယာက္ဖအျပင္ အျခားသူငယ္ခ်င္းေတြနဲ႔ ဒီအလုပ္ကုိ လုပ္ခဲ့တာျဖစ္ပါတယ္။ ဒီလုိလုပ္ဖုိ႔အတြက္ လမ္းေဘးကေခြးေတြကို အရင္ဆုံးဖမ္းကာ တန္ဖုိးႀကီးေခြးေတြအတုိင္း ေဆးျခယ္ၿပီး ဓာတ္ပုံရုိက္ကာ အြန္လုိင္းေပၚမွာ ေရာင္းခ်ခဲ့တာပဲျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္ ၀ယ္ယူတဲ့သူေတြဆီကု ေဆးျခယ္ထားတဲ့ေခြးေတြကုိ ပုိ႔ခဲ့တာပဲျဖစ္ပါတယ္။ ရဲေတြဟာ သူ႔ရဲ႕အိမ္ကုိ ၀င္ေရာက္ရွာေဖြတဲ့အခါမွာေတာ့ ဂ်ာမန္ သုိးထိန္းေခြးႀကီးေတြပုံစံ ျခယ္သထားတဲ့ ေခြးေလးေကာင္ကုိ ေတြ႔ရွိခဲ့ရပါတယ္။ လတ္တေလာမွာေတာ့ ရဲေတြဟာ Sagheer ကုိ ဖမ္းဆီးစစ္ေဆးလွ်က္ရွိၿပီး အျခားပါ၀င္ခဲ့သူမ်ားကုိ လုိက္လံရွာေဖြဖမ္းဆီးလွ်က္ရွိပါတယ္။


လမ်းဘေးမှ ခွေးတွေကို တန်ဖိုးကြီးခွေးအသွင်ဆေးခြယ်ကာ ရောင်းချခဲ့တဲ့အမျိုးသား

လမ်းဘေးခွေးတွေကို တန်ဖိုးကြီးခွေးအဖြစ် လိမ်ညာရောင်းချခဲ့တယ် လို့ တိုင်ကြားလာတာကြောင့် ပါကစ္စတန် မြို့တော် ကရာချိက ရဲတပ်ဖွဲ့ဟာ လူတစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။ သူကတော့ ဆံပင် ညှပ်ဆရာ Sagheer ဆိုသူပါ။

တိုင်ကြားလာသူက သူဟာ အွန်လိုင်းအရောင်းအဝယ် ဆိုဒ်တစ်ခုမှာ တန်ဖိုးကြီးခွေးတွေကိုတွေ့မိတဲ့အတွက် သဘောကျမိတာကြောင့် ဝယ်ယူမိကြောင်း ၊ တစ်ကောင်ကို ရူပီး ၅၀ဝ၀(ဒေါ်လာ ၈၀ခန့်) ပေးရကြောင်း ၊ ခွေးတွေကိုလာပို့ပြီးတဲ့နောက် ရေချိုးပေးတဲ့အခါမှ ခွေးတွေဟာ တန်ဖိုးကြီးခွေးတွေမဟုတ်ပဲ လမ်းဘေးခွေးတွေသာဖြစ်ကြောင်း တိုင်ကြားခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက် Sagheer ဟာ သူ့ရဲ့ပြစ်မှုကို ဝန်ခံလိုက်ပါတယ်။ သူနဲ့ သူယောက်ဖအပြင် အခြားသူငယ်ချင်းတွေနဲ့ ဒီအလုပ်ကို လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် လမ်းဘေးကခွေးတွေကို အရင်ဆုံးဖမ်းကာ တန်ဖိုးကြီးခွေးတွေအတိုင်း ဆေးခြယ်ပြီး ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ်မှာ ရောင်းချခဲ့တာပဲဖြစ်ပါတယ်။ ပြီးတဲ့နောက် ဝယ်ယူတဲ့သူတွေဆီကု ဆေးခြယ်ထားတဲ့ခွေးတွေကို ပို့ခဲ့တာပဲဖြစ်ပါတယ်။ ရဲတွေဟာ သူ့ရဲ့အိမ်ကို ဝင်ရောက်ရှာဖွေတဲ့အခါမှာတော့ ဂျာမန် သိုးထိန်းခွေးကြီးတွေပုံစံ ခြယ်သထားတဲ့ ခွေးလေးကောင်ကို တွေ့ရှိခဲ့ရပါတယ်။ လတ်တလောမှာတော့ ရဲတွေဟာ Sagheer ကို ဖမ်းဆီးစစ်ဆေးလျှက်ရှိပြီး အခြားပါဝင်ခဲ့သူများကို လိုက်လံရှာဖွေဖမ်းဆီးလျှက်ရှိပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top