ထူးဆန်းထွေလာ

လူ၀ံေလးကုိေမြးဖြားေပးၾကတဲ့ဆရာ၀န္မ်ား

အေမရိကန္ Philadelphia ၿမိဳ႕မွာ ဆရာဝန္အဖြဲ႕တစ္ဖြဲ႕ဟာ ပုံမွန္မဟုတ္တဲ့ခြဲစိတ္ေမြးဖြားျခင္း တစ္ခုကို လုပ္ခဲ့ပါတယ္။ ဒါကေတာ့ လူဝံေလးကို ေမြးဖြားေပးခဲ့တာပဲျဖစ္ပါတယ္။

Philadelphia တိရစၧာန္႐ုံက အသက္ ၁၇ႏွစ္ရွိတဲ့ Kira ဆိုတဲ့ လူဝံမႀကီးဟာ ကေလးမီးဖြားရင္း ဒုကၡေရာက္ေနတာေၾကာင့္ လူ နဲ႔ တိရစၧာန္ေစာင့္ေရွာက္ေရးအဖြဲ႕က အထူးကုေတြဟာ ကူညီေမြးဖြားေပးခဲ့ရပါတယ္။

လူဝံေတြဟာ ကေလးမီးဖြားရာမွာ သူတို႔ဘာသာ လၽွင္ျမန္စြာမီးဖြားနိုင္တဲ့တိရစၧာန္တစ္မ်ိဳးျဖစ္တာေၾကာင့္ ဒီျဖစ္ရပ္ဟာ ျဖစ္ေတာင့္ျဖစ္ခဲပါ။ မီးဖြားရင္းေအာ္ဟစ္ေနတဲ့ လူဝံမႀကီး Kira ရဲ့ အေျခအေနကို တိရစၧာန္႐ုံ ဝန္ထမ္းေတြက သတိထားမိသြားၿပီး ခြဲစိတ္ဆရာေတြကို ဆက္သြယ္ခဲ့တာပါ။ ဆရာဝန္ေတြအတြက္ လည္း အမွားမခံတဲ့အေျခအေနျဖစ္ၿပီး ၂၀၀၀ခုႏွစ္ေနာက္ပိုင္းကတည္းက ဘယ္လူဝံကိုမွ မေမြးဖြားေပးခဲ့ရျခင္းကလည္း အခက္အခဲတစ္ရပ္ျဖစ္ပါတယ္။

ဆရာဝန္ေတြရဲ့ ၁နာရီခြဲၾကာ ႀကိဳးစားခြဲစိတ္မႈေၾကာင့္ ေနာက္ဆုံးမွာေတာ့ လူဝံေလးကို ေအာင္ျမင္စြာေမြးဖြားေပးနိုင္ခဲ့ပါတယ္။ Kira ဟာ ပထမဆုံးအႀကိမ္ေမြးဖြားဖူးတာျဖစ္ပါတယ္။
“ကၽြန္ေတာ္တို႔အတြက္ အရမ္းစိတ္လႈပ္ရွားရတဲ့ေန႔ပါ။ ဒီလိုအေတြ႕အၾကဳံက မရွိတာၾကၿပီျဖစ္တဲ့အတြက္ သတိထားၿပီးႀကိဳးစားခဲ့ရပါတယ္။ ေအာင္ျမင္စြာ ခြဲစိတ္နိုင္ခဲ့တဲ့အတြက္ ဝမ္းသာပါတယ္” လို႔ ဆရာဝန္အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ Andy Baker က ဆိုပါတယ္။


လူဝံလေးကို မွေးဖွားပေးခဲ့ကြတဲ့ ဆရာဝန်များ (unicode)

အမေရိကန် Philadelphia မြို့မှာ ဆရာဝန်အဖွဲ့တစ်ဖွဲ့ဟာ ပုံမှန်မဟုတ်တဲ့ခွဲစိတ်မွေးဖွားြခင်း တစ်ခုကို လုပ်ခဲ့ပါတယ်။ ဒါကတော့ လူဝံလေးကို မွေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။

Philadelphia တိရစ္ဆာန်ရုံက အသက် ၁၇နှစ်ရှိတဲ့ Kira ဆိုတဲ့ လူဝံမကြီးဟာ ကလေးမီးဖွားရင်း ဒုက္ခရောက်နေတာကြောင့် လူ နဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က အထူးကုတွေဟာ ကူညီမွေးဖွားပေးခဲ့ရပါတယ်။

လူဝံတွေဟာ ကလေးမီးဖွားရာမှာ သူတို့ဘာသာ လျှင်မြန်စွာမီးဖွားနိုင်တဲ့တိရစ္ဆာန်တစ်မျိုးဖြစ်တာကြောင့် ဒီဖြစ်ရပ်ဟာ ဖြစ်တောင့်ဖြစ်ခဲပါ။ မီးဖွားရင်းအော်ဟစ်နေတဲ့ လူဝံမကြီး Kira ရဲ့ အခြေအနေကို တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက သတိထားမိသွားပြီး ခွဲစိတ်ဆရာတွေကို ဆက်သွယ်ခဲ့တာပါ။ ဆရာဝန်တွေအတွက် လည်း အမှားမခံတဲ့အခြေအနေဖြစ်ပြီး ၂၀၀၀ခုနှစ်နောက်ပိုင်းကတည်းက ဘယ်လူဝံကိုမှ မမွေးဖွားပေးခဲ့ရခြင်းကလည်း အခက်အခဲတစ်ရပ်ဖြစ်ပါတယ်။

ဆရာဝန်တွေရဲ့ ၁နာရီခွဲကြာ ကြိုးစားခွဲစိတ်မှုကြောင့် နောက်ဆုံးမှာတော့ လူဝံလေးကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပါတယ်။ Kira ဟာ ပထမဆုံးအကြိမ်မွေးဖွားဖူးတာဖြစ်ပါတယ်။
“ကျွန်တော်တို့အတွက် အရမ်းစိတ်လှုပ်ရှားရတဲ့နေ့ပါ။ ဒီလိုအတွေ့အကြုံက မရှိတာကြပြီဖြစ်တဲ့အတွက် သတိထားပြီးကြိုးစားခဲ့ရပါတယ်။ အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်” လို့ ဆရာဝန်အဖွဲ့ခေါင်းဆောင် ဒေါက်တာ Andy Baker က ဆိုပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top