ထူးဆန်းထွေလာ

သင့္ရဲ႕သြားေတြကို အျမန္ဆုံးသန္႔ရွင္းေပးမယ့္ ကမာၻ႔အျမန္ဆုံး အလုိေလွ်ာက္ သြားတုိက္စက္လာၿပီ

နည္းပညာဟာ အရာအားလုံးနီးပါးကုိ ေျပာင္းလဲလြယ္ကူေစခဲ့ပါတယ္။ ဒီအထဲမွာ သြားတုိက္တာလည္း ပါလာခဲ့ပါၿပီ။ ကြ်န္ေတာ္တုိ႔ အတြက္ အားစုိက္မႈ နဲ႔ အခ်ိန္ကုန္ သက္သာေစဖုိ႔အတြက္ ကမာၻ႔ပထမဆုံး နဲ႔ အျမန္ဆုံး အလုိေလွ်ာက္ သြားတုိက္စက္ဟာ ထြက္ရွိလာခဲ့ပါၿပီ။ ပုံမွန္အားျဖင့္ သြားတုိက္ခ်ိန္ဟာ ၃ မိနစ္ကေန ၅မိနစ္ခန္႔ယူတတ္ၾကပါတယ္။ ဒါေပမယ့္ ယခုထြက္ရွိလာတဲ့ သြားတုိက္စက္ ကို သုံးတဲ့အခါ ၁၀ စကၠန္႔သာ ၾကာျမင့္မွာျဖစ္ၿပီး သြားေတြကုိလုံး၀ သန္႔ရွင္းသြားေစမွာပါ။

ဒီစက္ ကုိ ထုတ္လုပ္ႏုိင္ဖုိ႔ ဇီ၀နည္းပညာ ပညာရွင္ေတြ နဲ႔ သြားဘက္ဆုိင္ရာ ပညာရွင္ေတြရဲ႕ ပူးေပါင္းပါ၀င္ခဲ့ၾကပါတယ္။ သူတုိ႔ရဲ႕ သြားတုိက္စက္ကုိေတာ့ ‘Amabrush’ လုိ႔ အမည္ေပးထားပါတယ္။ ဒီကိရိယာဟာ ရာဘာနဲ႔ ျပဳလုပ္ထားတဲ့ သြားအဖုံးနဲ႔ ပုံစံတူပါတယ္။ ဒီစက္ကုိ အသုံးျပဳတဲ့အခါ သြားတုိက္ေဆးကိုထည့္ၿပီး ေနာက္ ၁၀ စကၠန္႔တပ္ထားရုံပါပဲ။ တပ္ဆင္ထားတဲ့ ေမာ္တာအေသးေလးက တုန္ခါမႈျပဳလုပ္ၿပီး အလုိေလွ်ာက္ သန္႔ရွင္းေပးသြားမွာပဲ ျဖစ္ပါတယ္။

Amabrush ကိရိယာမွာ အဓိကပစၥည္းႏွစ္ခုပါ၀င္ပါတယ္။ သြားတုိက္တဲ့ဘက္ကုိ ေပ်ာ့ေျပာင္ေအာင္ျပဳလုပ္ထားၿပီး ေမာ္တာပါတဲ့ လက္ကုိင္ေနရာကို သန္႔ရွင္းေအာင္ ျပဳလုပ္ထားပါတယ္။ ပုိးမႊားေတြကုိ ၉၉.၉၉ရာခုိင္ႏႈန္း ေသေစႏုိင္တဲ့ ဆီလီကြန္(antibacterial silicone) နဲ႔ ျပဳလုပ္ထားပါတယ္။ ကိရိယာကုိုတပ္ သြားတုိက္ေဆးထည့္ၿပီး လက္ကုိင္ေနရာက ခလုပ္ကိုႏွိပ္လုိက္တဲ့အခါ သြားတိုက္ေဆးဟာ ေျမာင္းေလးအတုိင္း၀င္ေရာက္ၿပီး သင့္ရဲ႕သြားေတြကုိ အေသးစား ပန္႔ေလးမွတဆင့္ ၁၀စကၠန္႔အတြင္း သန္႔ရွင္းေစမွာပဲျဖစ္ပါတယ္။

ဒီ Amabrush ကိရိယာကုိ တီထြင္ႏုိင္ဖုိ႔အတြက္ ေယာာက်ၤား မိန္းမ အေယာက္ႏွစ္ေထာင္ရဲ႕ ပါးစပ္နဲ႔ ေမးရုိးေတြကို အသုံးျပဳၿပီး အမ်ဳိးမ်ဳိးစမ္းသပ္ခဲ့ရပါတယ္။ စိတ္၀င္စားသူမ်ားလြန္းတာေၾကာင့္ အြန္လုိင္းတင္ၿပီး အခ်ိန္ ၁နာရီအတြင္းမွာ ေပါင္ ၅၀၀၀၀ အမွာစာေတြရခဲ့ၿပီး ၂၅ရက္အတြင္းမွာ ေပါင္ ၇၁၀၀၀၀(ေဒၚလာ ၈၀၈၀၀၀) အထိျမင့္တက္ခဲ့ၿပီး ေအာင္ျမင္ခဲ့ပါတယ္။ သြားတုိက္စက္ Amabrush ကုိ ၂၀၁၇ ဒီဇင္ဘာမွာ ေစ်းကြက္အတြင္းကုိ စတင္ျဖန္႔မွာပဲျဖစ္ပါတယ္။ စက္ရဲ႕ေစ်းႏႈန္းဟာ ေဒၚလာ ၉၀ ျဖစ္ေပမယ့္ သြားတုိက္ေပးတဲ့အစိတ္အပုိင္းေလးကိုေတာ့ ၃လကေန ၆လ အသုံးျပဳၿပီး ၇ေဒၚလာ နဲ႔ လဲလွယ္ႏုိင္တာေၾကာင့္ တန္တယ္လုိ႔ ဆုိရမွာပဲျဖစ္ပါတယ္။ ဒီစက္ကုိသုံးျခင္းအားျဖင့္ ကြ်န္ေတာ္တုိ႔ရဲ႕အခ်ိန္ေတြကုိ ၁၀ဆ ကေန အဆ ၃၀ ခန္႔သက္သာသြားေစမွာပဲျဖစ္ပါတယ္။


သင့်ရဲ့သွားတွေကို အမြန်ဆုံးသန့်ရှင်းပေးမယ့် ကမ္ဘာ့အမြန်ဆုံး အလိုလျှောက် သွားတိုက်စက်လာပြီ (unicode)

နည်းပညာဟာ အရာအားလုံးနီးပါးကို ပြောင်းလဲလွယ်ကူစေခဲ့ပါတယ်။ ဒီအထဲမှာ သွားတိုက်တာလည်း ပါလာခဲ့ပါပြီ။ ကျွန်တော်တို့ အတွက် အားစိုက်မှု နဲ့ အချိန်ကုန် သက်သာစေဖို့အတွက် ကမ္ဘာ့ပထမဆုံး နဲ့ အမြန်ဆုံး အလိုလျှောက် သွားတိုက်စက်ဟာ ထွက်ရှိလာခဲ့ပါပြီ။ ပုံမှန်အားဖြင့် သွားတိုက်ချိန်ဟာ ၃ မိနစ်ကနေ ၅မိနစ်ခန့်ယူတတ်ကြပါတယ်။ ဒါပေမယ့် ယခုထွက်ရှိလာတဲ့ သွားတိုက်စက် ကို သုံးတဲ့အခါ ၁၀ စက္ကန့်သာ ကြာမြင့်မှာဖြစ်ပြီး သွားတွေကိုလုံးဝ သန့်ရှင်းသွားစေမှာပါ။

ဒီစက် ကို ထုတ်လုပ်နိုင်ဖို့ ဇီဝနည်းပညာ ပညာရှင်တွေ နဲ့ သွားဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ သူတို့ရဲ့ သွားတိုက်စက်ကိုတော့ ‘Amabrush’ လို့ အမည်ပေးထားပါတယ်။ ဒီကိရိယာဟာ ရာဘာနဲ့ ပြုလုပ်ထားတဲ့ သွားအဖုံးနဲ့ ပုံစံတူပါတယ်။ ဒီစက်ကို အသုံးပြုတဲ့အခါ သွားတိုက်ဆေးကိုထည့်ပြီး နောက် ၁၀ စက္ကန့်တပ်ထားရုံပါပဲ။ တပ်ဆင်ထားတဲ့ မော်တာအသေးလေးက တုန်ခါမှုပြုလုပ်ပြီး အလိုလျှောက် သန့်ရှင်းပေးသွားမှာပဲ ဖြစ်ပါတယ်။

Amabrush ကိရိယာမှာ အဓိကပစ္စည်းနှစ်ခုပါဝင်ပါတယ်။ သွားတိုက်တဲ့ဘက်ကို ပျော့ပြောင်အောင်ပြုလုပ်ထားပြီး မော်တာပါတဲ့ လက်ကိုင်နေရာကို သန့်ရှင်းအောင် ပြုလုပ်ထားပါတယ်။ ပိုးမွှားတွေကို ၉၉.၉၉ရာခိုင်နှုန်း သေစေနိုင်တဲ့ ဆီလီကွန်(antibacterial silicone) နဲ့ ပြုလုပ်ထားပါတယ်။ ကိရိယာကိုုတပ် သွားတိုက်ဆေးထည့်ပြီး လက်ကိုင်နေရာက ခလုပ်ကိုနှိပ်လိုက်တဲ့အခါ သွားတိုက်ဆေးဟာ မြောင်းလေးအတိုင်းဝင်ရောက်ပြီး သင့်ရဲ့သွားတွေကို အသေးစား ပန့်လေးမှတဆင့် ၁၀စက္ကန့်အတွင်း သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။

ဒီ Amabrush ကိရိယာကို တီထွင်နိုင်ဖို့အတွက် ယောင်္ကျား မိန်းမ အယောက်နှစ်ထောင်ရဲ့ ပါးစပ်နဲ့ မေးရိုးတွေကို အသုံးပြုပြီး အမျိုးမျိုးစမ်းသပ်ခဲ့ရပါတယ်။ စိတ်ဝင်စားသူများလွန်းတာကြောင့် အွန်လိုင်းတင်ပြီး အချိန် ၁နာရီအတွင်းမှာ ပေါင် ၅၀ဝ၀ဝ အမှာစာတွေရခဲ့ပြီး ၂၅ရက်အတွင်းမှာ ပေါင် ၇၁၀ဝ၀ဝ(ဒေါ်လာ ၈၀၈၀ဝ၀) အထိမြင့်တက်ခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ သွားတိုက်စက် Amabrush ကို ၂၀၁၇ ဒီဇင်ဘာမှာ ဈေးကွက်အတွင်းကို စတင်ဖြန့်မှာပဲဖြစ်ပါတယ်။ စက်ရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၉၀ ဖြစ်ပေမယ့် သွားတိုက်ပေးတဲ့အစိတ်အပိုင်းလေးကိုတော့ ၃လကနေ ၆လ အသုံးပြုပြီး ၇ဒေါ်လာ နဲ့ လဲလှယ်နိုင်တာကြောင့် တန်တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဒီစက်ကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့အချိန်တွေကို ၁၀ဆ ကနေ အဆ ၃၀ ခန့်သက်သာသွားစေမှာပဲဖြစ်ပါတယ်။

 

 

 

 

 

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top