ထူးဆန်းထွေလာ


 


 



———————————————-

အဘူဒါဘီက ဖာရီရာကားတံဆိပ်နဲ့ ကမ္ဘာကျော်ကစားကွင်း (unicode)

UAE နိုင်ငံ အဘူဒါဘီမြို့ မှာ တည်ရှိတဲ့ ကစားကွင်း Ferrari World ဟာ အာရှအရှေ့အလယ်ပိုင်း ဒေသ ရဲ့ ထင်ရှားတဲ့ ဆွဲဆောင်မှု တစ်ခု ဖြစ်ပါတယ်။ အဘူဒါဘီ ရဲ့ ယာ့စ်ကျွန်း (Yas Island ) မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီကစားကွင်းဟာ နာမည်ကျော် ကားတံဆိပ် ဖယ်ရာရီ ရဲ့ အသွင်အပြင်တွေ နဲ့ ဆောက်လုပ်ထားတဲ့ တစ်ခု တည်းသော ကစားကွင်း ဖြစ်ပါတယ်။

၈၆,ဝ၀ဝ စတုရန်းမီတာ ကျယ်ဝန်းပြီး ကမ္ဘာ့အကြီး ဆုံးမိုးလုံလေလုံ ကစားကွင်းကြီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၁နာရီကို ၁၅၀မိုင် အမြန်နှုန်းနဲ့ ကမ္ဘာပေါ်မှာ အမြန်တကာ့ အမြန်ဆုံး Formula Rossa ဆိုတဲ့ ရိုလာကိုစတာ ဟာ လည်း Ferrari World မှာ တည်ရှိပါတယ်။ ၂၀ဝ၇ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်တည် ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၀ နိုဝင်ဘာ လမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၃ နှစ်ကြာအချိန်ယူတည်ဆောက်ခဲ့ရပြီး စတီးတန်ပေါင်း ၁၂၃၇၀ ကို အသုံးပြုခဲ့ရတာကြောင့် အီဖယ်တာဝါထက် နှစ်ဆပိုကုန်တယ်လို့ ဆိုရမှာပါ။

ဒီနေရာမှာ ၆၅မီတာရှည်လျားတဲ့ ကမ္ဘာ့အကြီးဆုံး Ferrari လိုဂိုကိုလည်း ဖန်တီးထားပါသေးတယ်။ ဒီကစားကွင်းကြီးဟာ လူပေါင်း ၁၇၀ဝ၀ဝ ခန့် တစ်ပြိုင်နက်ကစားနိုင်တဲ့ ကွင်းကြီးဖြစ်ပါတယ်။ Ferrari World ဟာ နိုင်ငံတကာက ခရီးသွားတွေ ကို အဆွဲဆောင်နိုင်ဆုံး နေရာ တစ်ခု အဖြစ် World Travel Awards မှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top