ထူးဆန်းထွေလာ

ေတာင္ကုိေဖာက္ကာ လုိဏ္ဂူလုပ္ၿပီး ေနထုိင္သူ

မိန္းမၿဖစ္သူနဲ႔ကြာရွင္းၿပီးတဲ့ေနာက္မွာ တရုတ္လယ္သမားတစ္ေယာက္ ျဖစ္တဲ့ Xu Wenyi ဟာလြတ္လပ္သူတစ္ေယာက္ၿဖစ္သြားပါၿပီ။ဒါေႀကာင့္ သူဟာစိန္ေခၚမႈ႕တစ္ခုကုိၿပဳလုပ္ခဲ့ပါတယ္။ဒါကေတာ့ သူေနမယ့္လုိဏ္ဂူကုိေတာင္ရဲ႕တစ္ဖက္မွာတူးဖုိ႔ပဲၿဖစ္ပါတယ္။ဒီအလုပ္ဟာ အရမ္းစိတ္ရွည္ရမယ့္အလုပ္ၿဖစ္တဲ့အတြက္ သူဟာ၆ႏွစ္ေက်ာ္ေလာက္ႀကဳိးစားပမ္းစား လုပ္ကုိင္ခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ႀကဳိးပမ္းမႈ႕အထေၿမာက္ခဲ့ပါတယ္။

အသက္ ၅၇ႏွစ္ရွိတဲ့ Xu ဟာဒီလုိဏ္ဂူထဲမွာေနလာတာဆယ္စုႏွစ္၁ခုေလာက္ ရွိၿပီၿဖစ္ပါတယ္။ဒီေနရာဟာ တရုတ္ႏုိင္ငံ Hunanၿပည္နယ္ Xiangtanၿမဳိ႕အနီးမွာရွိတည္ရွိၿပီး အက်ယ္အ၀န္းကေတာ့ အနံ ၁၃ေပ နဲ႔ အလ်ား ေပ၁၀၀ က်ယ္၀န္းပါတယ္။ဒါဟာတုိက္ခန္းတစ္ခန္းနဲ႔ပုံစံတူပါတယ္။လိုဏ္ဂူထဲမွာေတာ့ ေသသပ္တဲ့အၿပင္အဆင္ေတြကုိေတြ႔ရမွာၿဖစ္ပါတယ္။၈၅စတုရန္းေပက်ယ္တဲ့အခန္းထဲမွာ ေက်ာက္တုံးမီးဖုိေခ်ာင္တစ္ခုလည္းပါရွိပါတယ္။လုိဏ္ဂူရဲ႕အၿပင္ဘက္မွာေတာ့ Xuဟာ ထင္းရႈးပင္ေတြကုိစုိက္ပ်ဳိးထားပါတယ္။

Xu ကေတာ့ ဒီလုိဏ္ဂူဟာ ေအးခ်မ္းမႈ႕နဲ႔တိတ္ဆိတ္မႈ႕ေတြအၿပင္ သန္႔ရွင္း လတ္ဆတ္တဲ့ေလကုိပါရရွိေစတာေႀကာင့္ သူ႔ကုိေပ်ာ္ရြင္တဲ့လူတစ္ေယာက္ၿဖစ္လာေစတယ္လို႔ဆုိပါတယ္။တရုတ္မွာ Xu ရဲ႕လုိဏ္ဂူအၿပင္ ဒီလုိမ်ဳိးအၿခားလုိဏ္ဂူမ်ားစြာလည္း ရွိေနပါေသးတယ္။


တောင်ကိုဖောက်ကာ လိုဏ်ဂူလုပ်ပြီး နေထိုင်သူ (unicode)

မိန်းမဖြစ်သူနဲ့ကွာရှင်းပြီးတဲ့နောက်မှာ တရုတ်လယ်သမားတစ်ယောက် ဖြစ်တဲ့ Xu Wenyi ဟာလွတ်လပ်သူတစ်ယောက်ဖြစ်သွားပါပြီ။ဒါကြောင့် သူဟာစိန်ခေါ်မှု့တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒါကတော့ သူနေမယ့်လိုဏ်ဂူကိုတောင်ရဲ့တစ်ဖက်မှာတူးဖို့ပဲဖြစ်ပါတယ်။ဒီအလုပ်ဟာ အရမ်းစိတ်ရှည်ရမယ့်အလုပ်ဖြစ်တဲ့အတွက် သူဟာ၆နှစ်ကျော်လောက်ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ကြိုးပမ်းမှု့အထမြောက်ခဲ့ပါတယ်။

အသက် ၅၇နှစ်ရှိတဲ့ Xu ဟာဒီလိုဏ်ဂူထဲမှာနေလာတာဆယ်စုနှစ်၁ခုလောက် ရှိပြီဖြစ်ပါတယ်။ဒီနေရာဟာ တရုတ်နိုင်ငံ Hunanပြည်နယ် Xiangtanမြို့အနီးမှာရှိတည်ရှိပြီး အကျယ်အဝန်းကတော့ အနံ ၁၃ပေ နဲ့ အလျား ပေ၁၀ဝ ကျယ်ဝန်းပါတယ်။ဒါဟာတိုက်ခန်းတစ်ခန်းနဲ့ပုံစံတူပါတယ်။လိုဏ်ဂူထဲမှာတော့ သေသပ်တဲ့အပြင်အဆင်တွေကိုတွေ့ရမှာဖြစ်ပါတယ်။၈၅စတုရန်းပေကျယ်တဲ့အခန်းထဲမှာ ကျောက်တုံးမီးဖိုချောင်တစ်ခုလည်းပါရှိပါတယ်။လိုဏ်ဂူရဲ့အပြင်ဘက်မှာတော့ Xuဟာ ထင်းရှုးပင်တွေကိုစိုက်ပျိုးထားပါတယ်။

Xu ကတော့ ဒီလိုဏ်ဂူဟာ အေးချမ်းမှု့နဲ့တိတ်ဆိတ်မှု့တွေအပြင် သန့်ရှင်း လတ်ဆတ်တဲ့လေကိုပါရရှိစေတာကြောင့် သူ့ကိုပျော်ရွင်တဲ့လူတစ်ယောက်ဖြစ်လာစေတယ်လို့ဆိုပါတယ်။တရုတ်မှာ Xu ရဲ့လိုဏ်ဂူအပြင် ဒီလိုမျိုးအခြားလိုဏ်ဂူများစွာလည်း ရှိနေပါသေးတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top