ထူးဆန်းထွေလာ

ေန႔စဥ္ ေလယာဥ္စီးကာ အလုပ္ကုိသြားသူ

တခ်ဳိ႕သူေတြဟာ ထူးဆန္းပါတယ္။ လူအမ်ားစု မလုပ္ခ်င္ မလုပ္ႏုိင္တဲ့ အရာေတြကုိ တစိုက္မတ္မတ္လုပ္ေနတတ္ၿပီး သူတုိ႔ရဲ႕ရူးသြပ္မႈက အံၾသစရာပါ။ ဒီအထဲမွာ အေမရိကန္ေလာ့အင္ဂ်လိမွာ ေနထုိင္တဲ့ လူတစ္ေယာက္လည္းပါ၀င္ပါတယ္။

သူ႔နာမည္က Curt von Badinski ျဖစ္ၿပီး စက္မႈအင္ဂ်င္နီယာတစ္ေယာက္ျဖစ္ပါတယ္။ ဆန္ဖရန္စစၥကိုအေျခစုိက္ နည္းပညာကုမၸဏီတစ္ခုရဲ႕ နည္းပညာပုိင္းဆုိင္ရာအႀကီးအကဲ(CTO) တစ္ေယာက္လည္းျဖစ္ပါတယ္။ သူ႔ရဲ႕ထူးဆန္းမႈကေတာ့ မုိင္ေပါင္း ၃၅၀ေက်ာ္ေ၀းတဲ့အလုပ္ကုိ အိမ္ကေန ေန႔စဥ္ေလယာဥ္နဲ႔သြားတာပါပဲ။

သူဟာ မနက္ ၅နာရီမွာထပါတယ္။ ေရခ်ဳိး ၊ မနက္စာစားၿပီးတာနဲ႔ သူ႔ကားကုိစီးကာ ၁၅မိနစ္ခန္႔ေ၀းတဲ့ Burbank ေလဆိပ္ကုိသြားပါတယ္။ အဲဒီေနာက္ တစ္လုံးထုိးအင္ဂ်င္ေလယာဥ္နဲ႔ ဆန္ဖရန္စစၥကုိကေန မုိင္ေပါင္း ၃၅၃မုိင္ေ၀းတဲ့ အုတ္လန္ေလဆိပ္ကုိေရာက္ပါတယ္။ အဲဒီကေန သူ႔ရဲ႕ကုိယ္ပုိင္ကားကုိစီးကာ ဆန္ဖရန္စၥကုိက ကုမၸဏီရုံးခ်ဳပ္ရွိရာကို ေမာင္းႏွင္ပါေတာ့တယ္။ သူဟာ အလုပ္ကုိ မနက္ ၈နာရီခြဲမွာ ေရာက္ပါတယ္။ ညေန ၅နာရီ ရုံးဆင္းေတာ့လည္း ဒီအတုိင္းပဲ ကားတစ္ခါ ၊ ေလယာဥ္တစ္ခါ ၊ ကားတစ္ခါ စီးၿပီး အိမ္ကုိျပန္ပါတယ္။ သူ႔ရဲ႕အိမ္ကုိ ည ၉နာရီမွ ေရာက္ပါေတာ့တယ္။ ဘာေၾကာင့္ သူဟာ ေန႔စဥ္ ၆နာရီခန္႔ကုိ ခရီးသြားတဲ့ေနရာမွာပဲ ျဖဳန္းပစ္ေနရပါသလဲ။

“ကြ်န္ေတာ့္အေၾကာင္းကုိ ၾကားရင္လူေတြက ေမးတတ္ၾကတယ္။ ဒါအၿမဲပဲလား အၿမဲပဲလား တစ္ခါတစ္ေလသြားတာမဟုတ္လား ဆုိၿပီးေတာ့ေပါ့။ ကြ်န္ေတ္ာ့ရဲ႕အေျဖကေတာ့ ဟုတ္တယ္ အၿမဲတမ္းပါပဲလုိ႔ ၊ ဟုတ္တယ္ေလ ေန႔တုိင္းကြ်န္ေတာ္ဒီလုိသြားေနတာပဲေလ” လုိ႔ Badinski က ဆုိပါတယ္။

တကယ္ေတာ့ Badinski ရဲ႕ အလုပ္က အစက ေလာ့အင္ဂ်လိမွာပါ။ ဆန္ဖရန္စၥကုိက အလုပ္အတြက္ပုိအခြင့္အလမ္းေကာင္းတာေၾကာင့္ ေျပာင္းေရႊ႕ခဲ့ျခင္းျဖစ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြက တမိသားစုလုံး ဆန္ဖရန္စၥကုိ ကုိေျပာင္းေရႊ႕ဖုိ႔ေျပာေပမယ့္ သူက လက္မခံခဲ့ပါဘူး။ ေလာ့အင္ဂ်လိမွာေနရတာကုိ ႏွစ္သက္တဲ့အတြက္ မိသားစုကုိလည္း ေလာ့အင္ဂ်လိမွာပဲ ေနေစခ်င္လုိ႔ပါတဲ့။ ဒါေၾကာင့္သူဟာ ဒီလုိေနရဖုိ႔အတြက္ ေန႔စဥ္ ၆နာရီခန္႔ကုိ ခရီးသြားခ်ိန္အျဖစ္ သုံးစြဲလုိက္ျခင္းျဖစ္ပါတယ္။ ေန႔စဥ္သြားေနေပမယ့္ တစ္လအတြက္ သူ႔ရဲ႕ေလယာဥ္စီးခဟာ ေဒၚလာ ၂၃၀၀ပဲ က်သင့္ပါတယ္။ သူ႔လုိမ်ဳိး အျခားလုပ္ငန္းရွင္ ရွစ္ေယာက္ဟာလည္း ဒီလုိပဲသြားေနၾကတဲ့အတြက္ ေၾကာင့္ ေပါင္းငွားလုိက္တဲ့အတြက္ ေလယာဥ္ေစ်းက သက္သာျခင္းျဖစ္ပါတယ္။

 


 

နေ့စဉ် လေယာဉ်စီးကာ အလုပ်ကိုသွားသူ (unicode)

တချို့သူတွေဟာ ထူးဆန်းပါတယ်။ လူအများစု မလုပ်ချင် မလုပ်နိုင်တဲ့ အရာတွေကို တစိုက်မတ်မတ်လုပ်နေတတ်ပြီး သူတို့ရဲ့ရူးသွပ်မှုက အံသြစရာပါ။ ဒီအထဲမှာ အမေရိကန်လော့အင်ဂျလိမှာ နေထိုင်တဲ့ လူတစ်ယောက်လည်းပါဝင်ပါတယ်။

သူ့နာမည်က Curt von Badinski ဖြစ်ပြီး စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုရဲ့ နည်းပညာပိုင်းဆိုင်ရာအကြီးအကဲ(CTO) တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ထူးဆန်းမှုကတော့ မိုင်ပေါင်း ၃၅၀ကျော်ဝေးတဲ့အလုပ်ကို အိမ်ကနေ နေ့စဉ်လေယာဉ်နဲ့သွားတာပါပဲ။

သူဟာ မနက် ၅နာရီမှာထပါတယ်။ ရေချိုး ၊ မနက်စာစားပြီးတာနဲ့ သူ့ကားကိုစီးကာ ၁၅မိနစ်ခန့်ဝေးတဲ့ Burbank လေဆိပ်ကိုသွားပါတယ်။ အဲဒီနောက် တစ်လုံးထိုးအင်ဂျင်လေယာဉ်နဲ့ ဆန်ဖရန်စစ္စကိုကနေ မိုင်ပေါင်း ၃၅၃မိုင်ဝေးတဲ့ အုတ်လန်လေဆိပ်ကိုရောက်ပါတယ်။ အဲဒီကနေ သူ့ရဲ့ကိုယ်ပိုင်ကားကိုစီးကာ ဆန်ဖရန်စ္စကိုက ကုမ္ပဏီရုံးချုပ်ရှိရာကို မောင်းနှင်ပါတော့တယ်။ သူဟာ အလုပ်ကို မနက် ၈နာရီခွဲမှာ ရောက်ပါတယ်။ ညနေ ၅နာရီ ရုံးဆင်းတော့လည်း ဒီအတိုင်းပဲ ကားတစ်ခါ ၊ လေယာဉ်တစ်ခါ ၊ ကားတစ်ခါ စီးပြီး အိမ်ကိုပြန်ပါတယ်။ သူ့ရဲ့အိမ်ကို ည ၉နာရီမှ ရောက်ပါတော့တယ်။ ဘာကြောင့် သူဟာ နေ့စဉ် ၆နာရီခန့်ကို ခရီးသွားတဲ့နေရာမှာပဲ ဖြုန်းပစ်နေရပါသလဲ။

“ကျွန်တော့်အကြောင်းကို ကြားရင်လူတွေက မေးတတ်ကြတယ်။ ဒါအမြဲပဲလား အမြဲပဲလား တစ်ခါတစ်လေသွားတာမဟုတ်လား ဆိုပြီးတော့ပေါ့။ ကျွန်တော့်ရဲ့အဖြေကတော့ ဟုတ်တယ် အမြဲတမ်းပါပဲလို့ ၊ ဟုတ်တယ်လေ နေ့တိုင်းကျွန်တော်ဒီလိုသွားနေတာပဲလေ” လို့ Badinski က ဆိုပါတယ်။

တကယ်တော့ Badinski ရဲ့ အလုပ်က အစက လော့အင်ဂျလိမှာပါ။ ဆန်ဖရန်စ္စကိုက အလုပ်အတွက်ပိုအခွင့်အလမ်းကောင်းတာကြောင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက တမိသားစုလုံး ဆန်ဖရန်စ္စကို ကိုပြောင်းရွှေ့ဖို့ပြောပေမယ့် သူက လက်မခံခဲ့ပါဘူး။ လော့အင်ဂျလိမှာနေရတာကို နှစ်သက်တဲ့အတွက် မိသားစုကိုလည်း လော့အင်ဂျလိမှာပဲ နေစေချင်လို့ပါတဲ့။ ဒါကြောင့်သူဟာ ဒီလိုနေရဖို့အတွက် နေ့စဉ် ၆နာရီခန့်ကို ခရီးသွားချိန်အဖြစ် သုံးစွဲလိုက်ခြင်းဖြစ်ပါတယ်။ နေ့စဉ်သွားနေပေမယ့် တစ်လအတွက် သူ့ရဲ့လေယာဉ်စီးခဟာ ဒေါ်လာ ၂၃၀ဝပဲ ကျသင့်ပါတယ်။ သူ့လိုမျိုး အခြားလုပ်ငန်းရှင် ရှစ်ယောက်ဟာလည်း ဒီလိုပဲသွားနေကြတဲ့အတွက် ကြောင့် ပေါင်းငှားလိုက်တဲ့အတွက် လေယာဉ်ဈေးက သက်သာခြင်းဖြစ်ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top