ထူးဆန်းထွေလာ

ေပါင္ ၄၀၀ ခန္႔ရွိတဲ့ ဘဂၤလားက်ားနဲ႔ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္လာသူ

လူေတြဟာ တိရစာၦန္ေပါင္းစုံနဲ႔ မိတ္ေဆြျဖစ္တတ္ၾကေပမယ့္ အသားစားသတတၱ၀ါေတြနဲ႔ မိတ္ေဆြျဖစ္ဖုိ႔ကိုေတာ့ ေရွာင္ၾကဥ္ေလ့ရွိၾကပါတယ္။ အခ်ိန္မေရြး ဒုကၡေပးႏုိင္လုိ႔ပါ။ အနည္းငယ္ေသာလူေတြကသာ ဒီလုိသတၱ၀ါေတြနဲ႔ တရင္းတႏွီးေနေလ့ရွိပါတယ္။ အခုလည္း အင္ဒုိနီးရွားက Sholeh ဆုိတဲ့ အသင္ ၃၅ႏွစ္အရြယ္အမ်ဳိးသားဟာ သန္မာႀကံခုိင္တဲ့က်ားမတစ္ေကာင္နဲ႔ မိတ္ေဆြျဖစ္ေနတာ ဆယ္စုႏွစ္ တစ္ခု ရွိၿပီလုိ႔ သိရပါတယ္။

Sholeh ဟာ အသက္ ၃လသာ ရွိတဲ့ က်ားမေလးတစ္ေကာင္ကုိ လြန္ခဲ့တဲ့ ၁၀ႏွစ္တည္းက ထိမ္းလာခဲ့တာျဖစ္ပါတယ္။ က်ားမေလးရဲ႕ မူလပုိင္ရွင္ဟာ သူမကုိ ဂရုမစုိက္ႏုိင္ေတာ့တဲ့အတြက္ Malang က Islamic ေက်ာင္းတစ္ေက်ာင္းကို လွဴဒါန္းခဲ့တာပါ။ အဲဒီတုန္းက Sholeh ဟာ အသက္ ၂၅ႏွစ္သာ ရွိေသးၿပီး အဲဒီအခ်ိန္တည္းက က်ားမေလးကုိ ထိမ္းေက်ာင္းခဲ့တာပဲျဖစ္ပါတယ္။ က်ားမေလးရဲ႕နာမည္က Mulan Jamillah ဟာျဖစ္ၿပီး Sholeh ဟာ သူမနဲ႔ အခ်ိန္ျပည့္ ၂၄နာရီရွိေနတတ္ပါတယ္။ တခါတေလ Sholeh ေပ်ာက္ေနရင္ သူမဟာ ေနလုိ႔ထုိင္လုိ႔မရျဖစ္ေနတတ္ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ အတူေဆာ့ ၊ အတူအိပ္ေလ့ရွိတဲ့အတြက္ Sholeh ကုိ အားလုံးက ကေလးထိန္း(The Nanny) လုိ႔နာမည္ေျပာင္ေပးထားၾကပါတယ္။

Image may contain: 1 person, outdoor

“ကြ်န္ေတာ္ သူမနဲ႔ အတူေဆာ့တယ္ ၊ အိပ္တယ္ ၊ သူမကုိ အစာေကြ်းတယ္ ၊ ဒါကြ်န္ေတာ့္ရဲ႕ေန႔စဥ္အလုပ္ပါပဲ၊ ဒီလုိေနရတဲ့အတြက္ ေပ်ာ္ပါတယ္” လုိ႔ Sholeh က Barcroft TV သတင္းဌာကိုေျပာၾကားခဲ့ပါတယ္။ သူတုိ႔ႏွစ္ဦးဘယ္ေလာက္ရင္းႏွီးရင္းႏွီး ၊ က်ားမေလးဟာ ဘယ္ေလာက္ယဥ္ယဥ္ အခုအခ်ိန္မွာေတာ့ ေပါင္ ၄၀၀ ၀န္းက်င္ က်ားႀကီးတစ္ေကာင္ျဖစ္လာၿပီျဖစ္တဲ့အတြက္ အခ်ိန္မေရြး အႏၱရာယ္ေပးႏုိင္ေနပါၿပီ။

“သူဟာ တိရစာၦန္သာျဖစ္တဲ့အတြက္ တိရစာၦန္အသိဥာဏ္ပဲ ရွိမယ္ဆုိတာ ကြ်န္ေတာ္နားလည္ပါတယ္။ သူ႔ကုိယ္သူေတာ့ ေၾကာင္လုိ႔ ထင္ေနပုံရပါတယ္။ သူနဲ႔ ကြ်န္ေတာ္ေဆာ့ကစားတဲ့အခါ ကုတ္တတ္ျခစ္တတ္ေလ့ရွိပါတယ္။ ဒါဟာေတာ္ေတာ္ဆုိးပါတယ္။ ကြ်န္ေတာ့္တစ္ကုိယ္လုံးမွာ သူ႔ရဲ႕ကုတ္ရာျခစ္ရာေတြခ်ည္းပါပဲ” လုိ႔ ဒီအင္ဒုိ အမ်ဳိးသားက ဆုိပါတယ္။

Sholeh ဟာ Mulan ကို တစ္ေန႔ ၆ကီလုိရွိတဲ့ ၾကက္သား (သုိ႔) ဆိတ္သား ကို ေကြ်းရပါတယ္။ Mulan ဟာ အသားေတြကိုသာမကပဲ အသင့္စားေခါက္ဆြဲေျခာက္ကုိလည္း ႀကဳိက္ႏွစ္သက္ပါတယ္။ ဘယ္သူေတြဘယ္လုိေျပာေနေပမယ့္ အခုဆုိ ကြ်န္ေတာ္တုိ႔ရင္းႏွီးခဲ့တာ ၁၀ႏွစ္ရွိခဲ့ပါၿပီ။ ဆက္ၿပီးေတာ့လည္း ဒီထက္ ပုိရင္းႏွီးဖုိ႔ပဲ ရွိပါတယ္ လုိ႔ Sholeh က ေျပာသြားပါတယ္

Image may contain: 1 person, outdoor

———————–

ပေါင် ၄၀ဝ ခန့်ရှိတဲ့ ဘင်္ဂလားကျားနဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်လာသူ
(unicode)

လူတွေဟာ တိရစ္ဆာန်ပေါင်းစုံနဲ့ မိတ်ဆွေဖြစ်တတ်ကြပေမယ့် အသားစားသတတ္တဝါတွေနဲ့ မိတ်ဆွေဖြစ်ဖို့ကိုတော့ ရှောင်ကြဉ်လေ့ရှိကြပါတယ်။ အချိန်မရွေး ဒုက္ခပေးနိုင်လို့ပါ။ အနည်းငယ်သောလူတွေကသာ ဒီလိုသတ္တဝါတွေနဲ့ တရင်းတနှီးနေလေ့ရှိပါတယ်။ အခုလည်း အင်ဒိုနီးရှားက Sholeh ဆိုတဲ့ အသင် ၃၅နှစ်အရွယ်အမျိုးသားဟာ သန်မာကြံခိုင်တဲ့ကျားမတစ်ကောင်နဲ့ မိတ်ဆွေဖြစ်နေတာ ဆယ်စုနှစ် တစ်ခု ရှိပြီလို့ သိရပါတယ်။

Sholeh ဟာ အသက် ၃လသာ ရှိတဲ့ ကျားမလေးတစ်ကောင်ကို လွန်ခဲ့တဲ့ ၁၀နှစ်တည်းက ထိမ်းလာခဲ့တာဖြစ်ပါတယ်။ ကျားမလေးရဲ့ မူလပိုင်ရှင်ဟာ သူမကို ဂရုမစိုက်နိုင်တော့တဲ့အတွက် Malang က Islamic ကျောင်းတစ်ကျောင်းကို လှူဒါန်းခဲ့တာပါ။ အဲဒီတုန်းက Sholeh ဟာ အသက် ၂၅နှစ်သာ ရှိသေးပြီး အဲဒီအချိန်တည်းက ကျားမလေးကို ထိမ်းကျောင်းခဲ့တာပဲဖြစ်ပါတယ်။ ကျားမလေးရဲ့နာမည်က Mulan Jamillah ဟာဖြစ်ပြီး Sholeh ဟာ သူမနဲ့ အချိန်ပြည့် ၂၄နာရီရှိနေတတ်ပါတယ်။ တခါတလေ Sholeh ပျောက်နေရင် သူမဟာ နေလို့ထိုင်လို့မရဖြစ်နေတတ်ပါတယ်။ သူတို့နှစ်ဦးဟာ အတူဆော့ ၊ အတူအိပ်လေ့ရှိတဲ့အတွက် Sholeh ကို အားလုံးက ကလေးထိန်း(The Nanny) လို့နာမည်ပြောင်ပေးထားကြပါတယ်။

Image may contain: 1 person, outdoor

“ကျွန်တော် သူမနဲ့ အတူဆော့တယ် ၊ အိပ်တယ် ၊ သူမကို အစာကျွေးတယ် ၊ ဒါကျွန်တော့်ရဲ့နေ့စဉ်အလုပ်ပါပဲ၊ ဒီလိုနေရတဲ့အတွက် ပျော်ပါတယ်” လို့ Sholeh က Barcroft TV သတင်းဌာကိုပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဘယ်လောက်ရင်းနှီးရင်းနှီး ၊ ကျားမလေးဟာ ဘယ်လောက်ယဉ်ယဉ် အခုအချိန်မှာတော့ ပေါင် ၄၀ဝ ဝန်းကျင် ကျားကြီးတစ်ကောင်ဖြစ်လာပြီဖြစ်တဲ့အတွက် အချိန်မရွေး အန္တရာယ်ပေးနိုင်နေပါပြီ။

“သူဟာ တိရစ္ဆာန်သာဖြစ်တဲ့အတွက် တိရစ္ဆာန်အသိဉာဏ်ပဲ ရှိမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူ့ကိုယ်သူတော့ ကြောင်လို့ ထင်နေပုံရပါတယ်။ သူနဲ့ ကျွန်တော်ဆော့ကစားတဲ့အခါ ကုတ်တတ်ခြစ်တတ်လေ့ရှိပါတယ်။ ဒါဟာတော်တော်ဆိုးပါတယ်။ ကျွန်တော့်တစ်ကိုယ်လုံးမှာ သူ့ရဲ့ကုတ်ရာခြစ်ရာတွေချည်းပါပဲ” လို့ ဒီအင်ဒို အမျိုးသားက ဆိုပါတယ်။

Sholeh ဟာ Mulan ကို တစ်နေ့ ၆ကီလိုရှိတဲ့ ကြက်သား (သို့) ဆိတ်သား ကို ကျွေးရပါတယ်။ Mulan ဟာ အသားတွေကိုသာမကပဲ အသင့်စားခေါက်ဆွဲခြောက်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ဘယ်သူတွေဘယ်လိုပြောနေပေမယ့် အခုဆို ကျွန်တော်တို့ရင်းနှီးခဲ့တာ ၁၀နှစ်ရှိခဲ့ပါပြီ။ ဆက်ပြီးတော့လည်း ဒီထက် ပိုရင်းနှီးဖို့ပဲ ရှိပါတယ် လို့ Sholeh က ပြောသွားပါတယ်။

#AyeSay
www.ayesay.com.mm

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top