ထူးဆန်းထွေလာ

၅လက္မျမင့္တဲ့ ေဒါက္အထူကုိ စီးကာ ၿဗိတိန္က အျမင့္ဆုံးေတာင္ကုိ တက္ျပခဲ့တဲ့ဆယ္ေက်ာ္သက္

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၄၄၁၂ေပမွာ ရွိတဲ့ Ben Nevis ေတာင္ဟာ ၿဗိတိန္ရဲ႕အျမင့္ဆုံးေတာင္ျဖစ္ၿပီး ကမာၻေပၚက ေလွ်ာက္လွမ္း တက္ဖုိ႔အခက္ဆုံးေတာင္ေတြထဲက တစ္ေတာင္ျဖစ္ပါတယ္။ ဒါေပမယ့္ ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္ကေတာ့ ပုံမွန္ေတာင္တက္ဖိနပ္ေတြကုိ မစီးပဲ ၅လက္မအျမင့္ရွိတဲ့ ေဒါက္ဖိနပ္ကုိ စီးကာ ဒီေတာင္ကို တက္ျပခဲ့ပါတယ္။

သူ႔နာမည္ကေတာ့ Ben Conway ျဖစ္ၿပီး လန္ဒန္က ၁၉ႏွစ္အရြယ္ေက်ာင္းသားတစ္ဦးျဖစ္ပါတယ္။ သူဟာ Brixton က အႏုပညာေက်ာင္းစေကာလားရွစ္ေလွ်ာက္လႊာတင္ဖုိ႔အတြက္ ဒီအစီအစဥ္ကုိ စခဲ့တာပါ။ ေလွ်ာက္လႊာထဲမွာ ထူးထူးကဲကဲ အရူးအမူးလုပ္ခဲ့တဲ့ တစ္စုံတစ္ခုကို ထည့္ေရးဖုိ႔ေမးထားတဲ့အတြက္ သူဟာ ဒီအထူးအဆန္း အစီအစဥ္ကုိ စိန္ေခၚမႈ တစ္ရပ္အေနနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၆ႏွစ္သားအရြယ္ထဲက ကင္းေထာက္အဖြဲ႔ထဲ၀င္ခဲ့တာေၾကာင့္ ကင္းေထာက္အေတြ႔အႀကဳံ ၁၃ႏွစ္ရွိခဲ့သူလည္းျဖစ္ပါတယ္။

 

သူဟာ ဇြန္လ ၂၇ရက္ေန႔ မနက္၈နာရီ မွာ ဒီေဒါက္ဖိနပ္နဲ႔အတူ ေတာင္ကုိစတက္ခဲ့ပါတယ္။ သူေတာင္တက္စဥ္မွာ ဗီဒီယိုရုိက္ေပးဖုိ႔ သူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ Callum MacKenzie Allen ကိုလည္း ေခၚခဲ့ပါတယ္။ စုစုေပါင္း ၅နာရီၾကာျမင့္ခဲ့ၿပီး ဒုကၡေပါင္းစုံကုိ ႀကဳံခဲ့ရပါတယ္။ သူတက္ေနစဥ္မွာပဲ ဖိနပ္တစ္ဖက္က ေဒါက္ႀကဳိးသြားတဲ့အတြက္ ျပန္ကပ္ခဲ့ရပါေသးတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ ဆက္လက္တက္ခဲ့ေပမယ့္ ရာသီဥတုက သူတုိ႔ဘက္မပါခဲ့ပါဘူး။ မုိးကလည္းရြာေနသလုိ ေလကလည္း တစ္နာရီမုိင္ ၄၀ႏႈန္းေလာက္နဲ႔ တုိက္ခတ္ေနတာေၾကာင့္ ဘယ္လုိမွဆက္တက္ဖုိ႔ မျဖစ္ႏုိင္ေတာ့တဲ့အတြက္ ေပ ၃၀၀၀ အျမင့္ေရာက္ၿပီးေနာက္မွာ ေနာက္ျပန္လွည့္ခဲ့ရပါတယ္။ အဆင္းတစ္ေလွ်ာက္လုံးမွာလည္း ေဒါက္ဖိနပ္ကို စီးၿပီးဆင္းခဲ့တာပါ။ ေတာင္ထိပ္အထိ မေရာက္ခဲ့ေပမယ့္ သူ႔စြမ္းေဆာင္ျပခဲ့တဲ့အေပၚ ေက်နပ္မႈရွိတာေၾကာင့္ သူ႔ရဲ႔စေကာလားရွစ္ေလွ်ာက္လႊာလည္း ေအာင္ျမင္ခဲ့ပါတယ္။


၅လက်မမြင့်တဲ့ ဒေါက်အထူကို စီးကာ ဗြိတိန်က အမြင့်ဆုံးတောင်ကို တက်ပြခဲ့တဲ့ဆယ်ကျော်သက် (unicode)

ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၁၂ပေမှာ ရှိတဲ့ Ben Nevis တောင်ဟာ ဗြိတိန်ရဲ့အမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာပေါ်က လျှောက်လှမ်း တက်ဖို့အခက်ဆုံးတောင်တွေထဲက တစ်တောင်ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်လူငယ်တစ်ယောက်ကတော့ ပုံမှန်တောင်တက်ဖိနပ်တွေကို မစီးပဲ ၅လက်မအမြင့်ရှိတဲ့ ဒေါက်ဖိနပ်ကို စီးကာ ဒီတောင်ကို တက်ပြခဲ့ပါတယ်။

သူ့နာမည်ကတော့ Ben Conway ဖြစ်ပြီး လန်ဒန်က ၁၉နှစ်အရွယ်ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ Brixton က အနုပညာကျောင်းစကောလားရှစ်လျှောက်လွှာတင်ဖို့အတွက် ဒီအစီအစဉ်ကို စခဲ့တာပါ။ လျှောက်လွှာထဲမှာ ထူးထူးကဲကဲ အရူးအမူးလုပ်ခဲ့တဲ့ တစ်စုံတစ်ခုကို ထည့်ရေးဖို့မေးထားတဲ့အတွက် သူဟာ ဒီအထူးအဆန်း အစီအစဉ်ကို စိန်ခေါ်မှု တစ်ရပ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၆နှစ်သားအရွယ်ထဲက ကင်းထောက်အဖွဲ့ထဲဝင်ခဲ့တာကြောင့် ကင်းထောက်အတွေ့အကြုံ ၁၃နှစ်ရှိခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ ဇွန်လ ၂၇ရက်နေ့ မနက်၈နာရီ မှာ ဒီဒေါက်ဖိနပ်နဲ့အတူ တောင်ကိုစတက်ခဲ့ပါတယ်။ သူတောင်တက်စဉ်မှာ ဗီဒီယိုရိုက်ပေးဖို့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Callum MacKenzie Allen ကိုလည်း ခေါ်ခဲ့ပါတယ်။ စုစုပေါင်း ၅နာရီကြာမြင့်ခဲ့ပြီး ဒုက္ခပေါင်းစုံကို ကြုံခဲ့ရပါတယ်။ သူတက်နေစဉ်မှာပဲ ဖိနပ်တစ်ဖက်က ဒေါက်ကြိုးသွားတဲ့အတွက် ပြန်ကပ်ခဲ့ရပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ဆက်လက်တက်ခဲ့ပေမယ့် ရာသီဥတုက သူတို့ဘက်မပါခဲ့ပါဘူး။ မိုးကလည်းရွာနေသလို လေကလည်း တစ်နာရီမိုင် ၄၀နှုန်းလောက်နဲ့ တိုက်ခတ်နေတာကြောင့် ဘယ်လိုမှဆက်တက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပေ ၃၀ဝ၀ အမြင့်ရောက်ပြီးနောက်မှာ နောက်ပြန်လှည့်ခဲ့ရပါတယ်။ အဆင်းတစ်လျှောက်လုံးမှာလည်း ဒေါက်ဖိနပ်ကို စီးပြီးဆင်းခဲ့တာပါ။ တောင်ထိပ်အထိ မရောက်ခဲ့ပေမယ့် သူ့စွမ်းဆောင်ပြခဲ့တဲ့အပေါ် ကျေနပ်မှုရှိတာကြောင့် သူ့ရဲ့စကောလားရှစ်လျှောက်လွှာလည်း အောင်မြင်ခဲ့ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top