ထူးဆန်းထွေလာ





နှစ်ပေါင်း ၁၃၀ဝ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဟိုတယ် (unicode)

နှစ်ပေါင်းများစွာ ကြာအောင်တည်တံ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လက်ချိုးရေလို့ရနိုင်ပါတယ်။ ဟိုးရှိရိုကန် (Hoshi Ryokan) ဟိုတယ်ဟာ ဂျပန်နိုင်ငံ၊ ကိုမတ်ဆု မှာ တည်ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ဝ ကျော်ကတည်းက တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ သက်တမ်းအရှည်ဆုံးဟိုတယ် လည်း ဖြစ်သလို သက်တမ်းအရှည်ဆုံး စီးပွားရေးလုပ်ငန်း လို့လည်း ဆိုနိုင်ပါတယ်။ ဟိုတယ် တည်ထောင်သူကနေ နောက်ထပ် မျိုးဆက် ၄၆ ဆက်အထိတည်ရှိနေဆဲ ဖြစ်ပြီး မိသားစုဝင်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တဲ့ ဟိုတယ် ဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အရ 718 AD မှာစတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်ခန်းပေါင်း ၁၀ဝ ဝန်းကျင်ရှိပြီး ဟိုတယ်အတွင်းဘက်မှာ ရေပူစမ်း နှစ်ခု နဲ့ အပြင်ဘက်မှာ ရေပူစမ်း ၂ ခု၊ စုစုပေါင်း ၄ ခု ပါဝင်ပါတယ်။ ဂျပန်ရိုးရာ အဆင်အပြင်နဲ့ ဥယျာဉ်ကို လည်း ထိန်းသိမ်းထားရှိပါတယ်။ နှစ်ယောက်ခန်းအတွက် တစ်ညကို ၅၈၀ ဒေါ်လာ ကျသင့်ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top