ဗဟုသုတ

ကားထဲမွာ ထားခံရၿပီး ေသဆုံးေလ့ရွိတဲ့ကေလးငယ္မ်ားကို ကာကြယ္ေပးမယ့္ ပစၥည္းကို ၁၀ႏွစ္သား ကေလးမွ တီထြင္ 

ဒီျဖစ္စဥ္ဟာ ကၽြန္ေတာ္တို႔နိုင္ငံမွာေတာ့ ျဖစ္တာရွားမွာျဖစ္ေပမယ့္ အျခားနိုင္ငံေတြမွာေတာ့ မၾကာခဏျဖစ္ေလ့ရွိၿပီး ကေလးေပါင္းမ်ားစြာ ေသဆုံးေနရပါတယ္။ လူႀကီးေတြဟာ ခဏေလးပဲ ဘာမွမျဖစ္နိုင္ပါဘူး ဆိုတဲ့အေတြးနဲ႔ ကေလးေတြကို မၾကာခဏ ကားထဲမွာ ထားတတ္ၾကပါတယ္။ ဒီအခါမ်ိဳးမွာ ကားအပူခ်ိန္ လြန္ကဲလာၿပီး ၁၀မိနစ္ ၁၅မိနစ္အတြင္းမွာ ကေလးငယ္ကို ေသဆုံးသြားေစနိုင္ပါတယ္။ ေနပူထဲမွာ ရပ္တဲ့အခါ အပူလြန္ကဲမူ ပိုျမန္ေစၿပီးထိုင္ခုံေတြဟာ ၁၂၀ဒီဂရီဖာရင္ဟိုက္ ဝန္းက်င္အထိ ပူလာတတ္ပါတယ္။ လူႀကီးေတြအတြက္ သတိထားသင့္တဲ့ ကိစၥျဖစ္ပါတယ္။

အခု ဒီအခက္အခဲကို အေမရိကန္ Texas ျပည္နယ္ McKinney က Bishop Curry ဆိုတဲ့ ၁၀ႏွစ္ အရြယ္ကေလးငယ္ေလးက ပစၥည္းတစ္ခုကို တီထြင္ကာ ေျဖရွင္းျပခဲ့ပါတယ္။ သူဟာ ၅တန္းတက္ေနသူျဖစ္ၿပီး သူ႔ရဲ့ကိရိယာေလးရဲ့အမည္ကို Oasis လို႔ အမည္ေပးထားပါတယ္။ 3D ေျမေစး model ကိရိယာေလးပါ။ ဒီကိရိယာေလးဟာ ကားထဲက အပူခ်ိန္ျမင့္လာၿပီး အႏၲရာယ္ရွိတဲ့ အပူခ်ိန္ေရာက္လာတဲ့အခါ ေလေအးေတြကို ထုတ္လႊင့္ေပးၿပီး အပူကိုျပန္ေလၽွာ့ခ်ေပးပါတယ္။ အဲဒီတၿပိဳင္နက္တည္းမွာပဲ အင္တန္နာကေန တစ္ဆင့္ မိဘျဖစ္သူထံ အခ်က္ေပးအလန္းကို ျမည္ေစမွာျဖစ္ပါတယ္။ ဒီအခါမွာ မိဘက သတိထားမိၿပီး ကေလးကို ခ်က္ခ်င္းကယ္ဆယ္နိုင္မွာျဖစ္ပါတယ္။
Bishop ဟာ သူ႔ရဲ့ေဘးအိမ္က ၆လ အရြယ္ ကေလးငယ္ေလး ကားထဲကအပူေၾကာင့္ ေသဆုံးသြားခဲ့ရာကေန ဒီကိရိယာကို ႀကိဳးစားတီထြင္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ၁၉၉၈ခုႏွစ္ကေန စလို႔ အေမရိကန္မွာ ကေလးေပါင္း ၇၁၂ေယာက္ဟာ ဒီျဖစ္စဥ္ေၾကာင့္ ေသဆုံးခဲ့ၿပီးပါၿပီ။ Bishop ေလးရဲ့ တီထြင္မႈဟာ ဒီျဖစ္ရပ္အတြက္ အကူအညီရေစမွာျဖစ္ပါတယ္။ GofoundMe ဝဘ္ဆိုဒ္က တစ္ဆင့္ ေဒၚလာ ၂၄၀၀၀ ကို Bishop ေလးရဲ့ တီထြင္မႈအတြက္ ပံ့ပိုးေပးထားပါတယ္။ ဒီေငြနဲ႔ သူ႔ရဲ့ကိရိယာကို ထပ္မံအဆင့္ျမႇင့္တင္သြားမွာျဖစ္ၿပီး လုံးဝ စိတ္ခ်ရတဲ့အဆင့္ အထိ တီထြင္သြားမွာျဖစ္တယ္လို႔ Bishop က ဆိုပါတယ္။

————————

ကားထဲမှာ ထားခံရပြီး သေဆုံးလေ့ရှိတဲ့ကလေးငယ်များကို ကာကွယ်ပေးမယ့် ပစ္စည်းကို ၁၀နှစ်သား ကလေးမှ တီထွင် (unicode)

ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့နိုင်ငံမှာတော့ ဖြစ်တာရှားမှာဖြစ်ပေမယ့် အခြားနိုင်ငံတွေမှာတော့ မကြာခဏဖြစ်လေ့ရှိပြီး ကလေးပေါင်းများစွာ သေဆုံးနေရပါတယ်။ လူကြီးတွေဟာ ခဏလေးပဲ ဘာမှမဖြစ်နိုင်ပါဘူး ဆိုတဲ့အတွေးနဲ့ ကလေးတွေကို မကြာခဏ ကားထဲမှာ ထားတတ်ကြပါတယ်။ ဒီအခါမျိုးမှာ ကားအပူချိန် လွန်ကဲလာပြီး ၁၀မိနစ် ၁၅မိနစ်အတွင်းမှာ ကလေးငယ်ကို သေဆုံးသွားစေနိုင်ပါတယ်။ နေပူထဲမှာ ရပ်တဲ့အခါ အပူလွန်ကဲမူ ပိုမြန်စေပြီးထိုင်ခုံတွေဟာ ၁၂၀ဒီဂရီဖာရင်ဟိုက် ဝန်းကျင်အထိ ပူလာတတ်ပါတယ်။ လူကြီးတွေအတွက် သတိထားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။

အခု ဒီအခက်အခဲကို အမေရိကန် Texas ပြည်နယ် McKinney က Bishop Curry ဆိုတဲ့ ၁၀နှစ် အရွယ်ကလေးငယ်လေးက ပစ္စည်းတစ်ခုကို တီထွင်ကာ ဖြေရှင်းပြခဲ့ပါတယ်။ သူဟာ ၅တန်းတက်နေသူဖြစ်ပြီး သူ့ရဲ့ကိရိယာလေးရဲ့အမည်ကို Oasis လို့ အမည်ပေးထားပါတယ်။ 3D မြေစေး model ကိရိယာလေးပါ။ ဒီကိရိယာလေးဟာ ကားထဲက အပူချိန်မြင့်လာပြီး အန္တရာယ်ရှိတဲ့ အပူချိန်ရောက်လာတဲ့အခါ လေအေးတွေကို ထုတ်လွှင့်ပေးပြီး အပူကိုပြန်လျှော့ချပေးပါတယ်။ အဲဒီတပြိုင်နက်တည်းမှာပဲ အင်တန်နာကနေ တစ်ဆင့် မိဘဖြစ်သူထံ အချက်ပေးအလန်းကို မြည်စေမှာဖြစ်ပါတယ်။ ဒီအခါမှာ မိဘက သတိထားမိပြီး ကလေးကို ချက်ချင်းကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။
Bishop ဟာ သူ့ရဲ့ဘေးအိမ်က ၆လ အရွယ် ကလေးငယ်လေး ကားထဲကအပူကြောင့် သေဆုံးသွားခဲ့ရာကနေ ဒီကိရိယာကို ကြိုးစားတီထွင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၁၉၉၈ခုနှစ်ကနေ စလို့ အမေရိကန်မှာ ကလေးပေါင်း ၇၁၂ယောက်ဟာ ဒီဖြစ်စဉ်ကြောင့် သေဆုံးခဲ့ပြီးပါပြီ။ Bishop လေးရဲ့ တီထွင်မှုဟာ ဒီဖြစ်ရပ်အတွက် အကူအညီရစေမှာဖြစ်ပါတယ်။ GofoundMe ဝဘ်ဆိုဒ်က တစ်ဆင့် ဒေါ်လာ ၂၄၀၀၀ ကို Bishop လေးရဲ့ တီထွင်မှုအတွက် ပံ့ပိုးပေးထားပါတယ်။ ဒီငွေနဲ့ သူ့ရဲ့ကိရိယာကို ထပ်မံအဆင့်မြှင့်တင်သွားမှာဖြစ်ပြီး လုံးဝ စိတ်ချရတဲ့အဆင့် အထိ တီထွင်သွားမှာဖြစ်တယ်လို့ Bishop က ဆိုပါတယ်။
Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top