ဗဟုသုတ

ဆန္း ႏွင့္ ႀကည္ ရဲ႕ဖူးစာ

ဂ်ပန္ေခတ္၌ တစ္ခုတည္းေသာ ေဆးရုံႀကီးတြင္ စက္ေသနတ္ ဗုံးဆံမ်ားေႀကာင့္ သူနာၿပဳအလြန္ရွားခဲ့သည္။ ရန္သူ႔က်ည္ဆံ မ်ား ဗုံးႀကဲေလယာဥ္မ်ားက အခ်ိန္အခါမေရြး လာတတ္သည္ ၿဖစ္၍ ဆရာ၀န္ ႏွင့္ သူနာၿပဳအနည္းငယ္သာရွိသည္။ ထုိလက္ခ်ဳိးေရတြက္၍ ရေသာ သူနာၿပဳဆရာမ အနည္းငယ္တြင္ မခင္ႀကည္လည္း အပါအ၀င္ ၿဖစ္သည္။ လူနာမွန္သမွ်ကုိ မၿငဳိမၿငင္ေစတနာထား၍ စိတ္ရွည္ရွည္ ၿဖင့္ ၿပဳစုသၿဖင့္ မခင္ႀကည္အား လူတုိင္းက ခ်စ္ခင္ႀကသည္။

ထုိအခ်ိန္တြင္ ဗုိလ္ခ်ဳပ္သည္ အလံၿပဘုရားလမ္းရွိ တုိက္တြင္ အသည္းအသန္ ဖ်ားနာေနေလသည္။ အသည္းအသန္ဖ်ားနာရၿခင္းမွာ ဖ်ားနာရေလာက္ေအာင္ ပင္ပန္းထားၿခင္းေႀကာင့္ၿဖစ္ေလသည္။ ၁၉၄၂ ဇန္န၀ါရီလဆန္းမွ စ၍ ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမဳိ႕မွ ခရီးၿပင္းႏွင္ခဲ့ရာ မတ္လအတြင္းမွ ရန္ကုန္သုိ႔ ေရာက္၏။ သုိ႔ေသာ္ တစ္ခ်က္ကေလး မနားအား ၊ အထက္ၿမန္မာၿပည္သုိ႔ ဆက္လက္ခရီးထြက္သြားသည္မွာ ေမလအထိႀကာေလသည္။ ငါးလ ဆက္တုိက္ အအိပ္ အစား မမွန္၊ ႀကမ္းတမ္းေသာရာသီဥတုဒဏ္ စသည့္ အေၿခအေန အရပ္ရပ္ေႀကာင့္ အၿပင္းဖ်ားရသည့္ အၿဖစ္သုိ႔ ႀကဳံရေလသည္။

ဗုိလ္ခ်ဳပ္ေအာင္ဆန္း ထံ ဆရာအေခၚ အပင့္လာသၿဖင့္ ဆရာႀကီး ဦးဘသန္းသည္ မခင္ႀကည္ႏွင့္ အတူသြားၿပီး ဗုိလ္ခ်ဳပ္ က်န္းမာေရးအေၿခအေနကုိ စစ္ေဆးႀကည့္ရႈႀကသည္။ ဤသည္ကား ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဗုိလ္ခ်ဳပ္ကေတာ္ ၿဖစ္လာမည့္ မခင္ႀကည္တုိ႔၏ ပထမဆုံး ေတြ႔ဆုံၿခင္းပင္။ ပထမ ဗုိလ္ခ်ဳပ္အိမ္သုိ႔ သြားေရာက္ ၿပဳစုကုသ ေပးခဲ့ႀကေသာ္လည္း ဗုိလ္ခ်ဳပ္က်န္းမာေရး မတုိးတက္သည့္အၿပင္ ေဆးရုံကဲ့သုိ႔ လုိအပ္သည့္ပစၥည္းမ်ား မၿပည့္စုံသၿဖင့္ ေနာက္ဆုံး ေဆးရုံႀကီးဆီသုိ႔ ေရြ႕ေၿပာင္းတင္ ေပးလုိက္သည္။
ဗုိလ္ခ်ဳပ္ကို ၿပဳစုေပးေသာ သူနာၿပဳမ်ားသည္ ဗုိလ္ခ်ဳပ္၏ သုန္မႈန္ေသာမ်က္ႏွာထားႏွင့္ အလုိမက်လွ်င္ ေအာ္ဟစ္တတ္မႈမ်ားေႀကာင့္ ဗုိလ္ခ်ဳပ္အနားကုိ မကပ္ခ်င္ႀက။ သုိ႔ၿဖင့္ အႀကီးတန္းသူနာၿပဳ ၿဖစ္သူ မခင္ႀကည္ကိုယ္တုိင္ ဗုိလ္ခ်ဳပ္ကုိ ၿပဳစုရေလသည္။ အစေတာ့ မခင္ႀကည္ကုိလည္း အၿခားသူနာၿပဳမ်ားကဲ့သုိ႔ ေအာ္ေငါက္တတ္ေလသည္။ သုိ႔ေသာ္ ေဒၚခင္ႀကည္၏ အၿပဳံးမပ်က္သည္းခံမႈ၊ ဂရုစုိက္မႈ ၊ စိတ္ရွည္မႈ တုိ႔က စိတ္ႀကမ္းလူႀကမ္း ဗုိလ္ခ်ဳပ္၏ စိတ္ကုိ ေပ်ာ့ေၿပာင္းသြားေစဟန္ တူသည္။ စိတ္ခ်မ္းသာမႈေႀကာင့္ က်န္းမာေရးလည္း သိသိသာသာ တုိးတက္သြားေလသည္။

ေနာက္ပုိင္း ေဒၚခင္ႀကည္ မအားသၿဖင့္ အၿခားသူနာၿပဳမ်ားေဆးလာတုိက္သည့္ အခါ၊ ထမင္းလာေကြ်းသည့္အခါမ်ားတြင္ ဗုိလ္ခ်ဳပ္သည္ အတင္းၿငင္းကာ မခင္ႀကည္တုိက္မွေသာက္မယ္ ၊ မခင္ႀကည္ေကြ်းမွ စားမယ္ ဟုေၿပာသည္အထိ ေဒၚခင္ႀကည္အေပၚ စြဲလန္းသြားေတာ့သည္။
ဗုိလ္ခ်ဳပ္သည္ အဖ်ားသက္သာလာသည့္ တစ္ေန႔တြင္ တပည့္ၿဖစ္သူအား
“ေဟ့ တင္ဦး ၊ငါ့ကုိ လက္စြပ္လဲဖုိ႔ စိန္လက္စြပ္ တစ္ကြင္း ၀ယ္ေပးစမ္းကြာ” ဟုဆုိရာ တပည့္ၿဖစ္သူက ၿပဳံးၿပီး “ဘာလုပ္ဖုိ႔လဲ” ဟုေမးသည္။ “ငါမိန္းမယူေတာ့ မလုိ႔ကြ ၿပီးေတာ့ အကၤ်ီနဲ႔လုံခ်ည္ပါ ၀ယ္ေပးဦး” ဟုေၿပာရာ တပည့္ၿဖစ္သူလည္း မိန္းမအေႀကာင္း တစ္ခါမွမေၿပာဖူးသူကဒီလုိေၿပာသည့္အတြက္ ဟက္ဟက္ပက္ပက္ ရယ္ေလေတာ့သည္။
“ေဟ့ေကာင္ ရယ္မေနနဲ႔ကြ ၊ ငါအတည္ေၿပာေနတာ”
တပည့္ၿဖစ္သူက ၿပဳံးၿပီး “ဘယ္သူနဲ႔လဲ” ဟု ေမးရာ “မခင္ႀကည္” နဲ႔ဟုေၿပာကာ ၿပဳံးရႊင္ေနေလေတာ့သည္။

ထုိသုိ႔ မႀကာခဏ ဆုံဆည္းၿပီးေနာက္ ဗုိလ္ခ်ဳပ္သည္ ေဒၚခင္ႀကည့္အေပၚ စြဲလန္းစိတ္ကို မေဖ်ာက္ႏုိင္ေတာ့။ တစ္ညတြင္ ေရႊေပါက္ပင္ ဦးဘသိန္း ဆုိသူအား ေခၚကာ ေဒါက္တာ ၿမင့္ေဆြ အခန္းသုိ႔ေရာက္လာသည္။ ေရာက္ေရာက္ခ်င္းပင္ ဆုိင္းမဆင့္ ဗုံမဆင့္ “ဗ်ဳိ႕ ေဒါက္တာၿမင့္ေဆြ .. လာပါဦးဗ် ၊ မိန္းမသြားေတာင္းမလုိ႔” ဟု ဆုိရာ ေဒါက္တာ ၿမင့္ေဆြ ခင္ဗ်ာ ဦးဘသိန္းက ေတာင္းမွာလား ဗုိလ္ခ်ဳပ္ကုိယ္တုိင္ေတာင္းမွာလား ဘုမသိ ဘမသိၿဖင့္ ထလုိက္လာေလသည္။ ဗုိလ္ခ်ဳပ္ တစုိက္မတ္မတ္ သြားသည့္ ေနရာကား ေဒၚခင္ႀကည္၏ အခန္း၀ပင္ၿဖစ္သည္။ အခန္း၀ ေရာက္လွ်င္ပင္ “မိန္းမေတာင္းရေအာင္ လာတယ္” ဟု ေအာ္ဟစ္ေလေတာ့သည္။ စိတ္ထဲရွိသမွ် ဟန္မေဆာင္တတ္ေသာ ဗုိလ္ခ်ဳပ္ပင္။

ေဒၚခင္ႀကည္ ခၿမာ ရွက္ရွက္ႏွင့္ အိမ္ထဲေၿပး၀င္ပုန္းသြားသည္။ ေနာက္မွ အထက္အရာရွိ ေဒါက္တာၿမင့္ေဆြတုိ႔ကုိေရာ ဗုိလ္ခ်ဳပ္ကုိပါ အားနာသၿဖင့္ ၿပန္ထြက္ၿပီး ဧည့္ခံေလသည္။ ၿပန္ထြက္ထြက္ခ်င္းပင္ ဣေၿႏၵ မေဆာင္ႏုိင္ေသာ ဗုိလ္ခ်ဳပ္က “အၿခားကိစၥမဟုတ္ဘူးဗ် မိန္းမေတာင္းရေအာင္လာတာ” ဟု ထပ္ေၿပာၿပန္သၿဖင့္ ေဒၚခင္ႀကည္ ၿပဳံး၍သာေနရေလသည္။ ထုိ႔ေနာက္တြင္ေတာ့ ေဒၚခင္ႀကည္သည္ ဗုိလ္ခ်ဳပ္ကို အေတြ႔မခံေတာ့ေပ။ ေဆးရုံက ဆင္းလုိ႔ရၿပီၿဖစ္၍ ဗုိလ္ခ်ဳပ္သည္လည္း ေဆးရုံမွဆင္းကာ လြတ္လပ္ေရးတာ၀န္မ်ားႏွင့္ မအားလပ္ေတာ့ေပ။ ေဒၚခင္ႀကည္ႏွင့္လည္း မဆုံၿဖစ္ေတာ့။

အခ်ိန္အေတာ္ႀကာၿပီး တစ္ေန႔ ညေန ၅ နာရီခန္႔တြင္ ဗုိလ္ခ်ဳပ္သည္ ေဒၚခင္ႀကည္အား မိမိအိမ္သုိ႔ ညစာစားရန္ ထမင္းစားဖိတ္ေလသည္။ ထုိည ထမင္းစားပြဲမွာ ဗုိလ္ခ်ဳပ္သည္ ေဒၚခင္ႀကည္အား လက္ထပ္ခြင့္ေတာင္းသည့္ ပြဲပင္ၿဖစ္သည္။ ဗုိလ္ခ်ဳပ္က အသက္ ၂၇ ႏွစ္ ေဒၚခင္ႀကည္က ၃၁ ႏွစ္ၿဖစ္ေနၿပီၿဖစ္ရာ မငယ္ႀကေတာ့။ ေဒၚခင္ႀကည္သည္လည္း ဗုိလ္ခ်ဳပ္၏ သေဘာထားကို ေကာင္းစြာနားလည္သည့္အၿပင္ အေၿခအေနအရပ္ရပ္ကုိ သေဘာေပါက္ၿပီးၿဖစ္သည့္အေလ်ာက္ လက္ခံလုိက္ေလသည္။
သုိ႔ၿဖင့္ ၁၉၄၂ခုႏွစ္ စက္တင္ဘာလ ၂ရက္ေန႔ ေန႔လည္ ၂နာရီတြင္ ဗုိလ္ခ်ဳပ္ႏွင့္ ေဒၚခင္ႀကည္တုိ႔မဂၤလာပြဲကုိ အလံၿပဘုရားလမ္းရွိ ေဆးရုံမဂၤလာခန္းမ၌ က်င္းပေလေတာ့သည္။

ref:
ဗုိလ္ခ်ဳပ္ေအာင္ဆန္းအထၳပၸဳတၱိ
မဟာသီရိသုဓမၼ ေဒၚခင္ႀကည္ – ေဇယ်ေဇာ္
ၿမန္မာ့စြယ္စုံက်မ္း

 


 

ဆန်း နှင့် ကြည် ရဲ့ဖူးစာ (unicode)

ဂျပန်ခေတ်၌ တစ်ခုတည်းသော ဆေးရုံကြီးတွင် စက်သေနတ် ဗုံးဆံများကြောင့် သူနာပြုအလွန်ရှားခဲ့သည်။ ရန်သူ့ကျည်ဆံ များ ဗုံးကြဲလေယာဉ်များက အချိန်အခါမရွေး လာတတ်သည် ဖြစ်၍ ဆရာဝန် နှင့် သူနာပြုအနည်းငယ်သာရှိသည်။ ထိုလက်ချိုးရေတွက်၍ ရသော သူနာပြုဆရာမ အနည်းငယ်တွင် မခင်ကြည်လည်း အပါအဝင် ဖြစ်သည်။ လူနာမှန်သမျှကို မငြိုမငြင်စေတနာထား၍ စိတ်ရှည်ရှည် ဖြင့် ပြုစုသဖြင့် မခင်ကြည်အား လူတိုင်းက ချစ်ခင်ကြသည်။

ထိုအချိန်တွင် ဗိုလ်ချုပ်သည် အလံပြဘုရားလမ်းရှိ တိုက်တွင် အသည်းအသန် ဖျားနာနေလေသည်။ အသည်းအသန်ဖျားနာရခြင်းမှာ ဖျားနာရလောက်အောင် ပင်ပန်းထားခြင်းကြောင့်ဖြစ်လေသည်။ ၁၉၄၂ ဇန်နဝါရီလဆန်းမှ စ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ခရီးပြင်းနှင်ခဲ့ရာ မတ်လအတွင်းမှ ရန်ကုန်သို့ ရောက်၏။ သို့သော် တစ်ချက်ကလေး မနားအား ၊ အထက်မြန်မာပြည်သို့ ဆက်လက်ခရီးထွက်သွားသည်မှာ မေလအထိကြာလေသည်။ ငါးလ ဆက်တိုက် အအိပ် အစား မမှန်၊ ကြမ်းတမ်းသောရာသီဥတုဒဏ် စသည့် အခြေအနေ အရပ်ရပ်ကြောင့် အပြင်းဖျားရသည့် အဖြစ်သို့ ကြုံရလေသည်။

ဗိုလ်ချုပ်အောင်ဆန်း ထံ ဆရာအခေါ် အပင့်လာသဖြင့် ဆရာကြီး ဦးဘသန်းသည် မခင်ကြည်နှင့် အတူသွားပြီး ဗိုလ်ချုပ် ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ရှုကြသည်။ ဤသည်ကား ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကတော် ဖြစ်လာမည့် မခင်ကြည်တို့၏ ပထမဆုံး တွေ့ဆုံခြင်းပင်။ ပထမ ဗိုလ်ချုပ်အိမ်သို့ သွားရောက် ပြုစုကုသ ပေးခဲ့ကြသော်လည်း ဗိုလ်ချုပ်ကျန်းမာရေး မတိုးတက်သည့်အပြင် ဆေးရုံကဲ့သို့ လိုအပ်သည့်ပစ္စည်းများ မပြည့်စုံသဖြင့် နောက်ဆုံး ဆေးရုံကြီးဆီသို့ ရွေ့ပြောင်းတင် ပေးလိုက်သည်။
ဗိုလ်ချုပ်ကို ပြုစုပေးသော သူနာပြုများသည် ဗိုလ်ချုပ်၏ သုန်မှုန်သောမျက်နှာထားနှင့် အလိုမကျလျှင် အော်ဟစ်တတ်မှုများကြောင့် ဗိုလ်ချုပ်အနားကို မကပ်ချင်ကြ။ သို့ဖြင့် အကြီးတန်းသူနာပြု ဖြစ်သူ မခင်ကြည်ကိုယ်တိုင် ဗိုလ်ချုပ်ကို ပြုစုရလေသည်။ အစတော့ မခင်ကြည်ကိုလည်း အခြားသူနာပြုများကဲ့သို့ အော်ငေါက်တတ်လေသည်။ သို့သော် ဒေါ်ခင်ကြည်၏ အပြုံးမပျက်သည်းခံမှု၊ ဂရုစိုက်မှု ၊ စိတ်ရှည်မှု တို့က စိတ်ကြမ်းလူကြမ်း ဗိုလ်ချုပ်၏ စိတ်ကို ပျော့ပြောင်းသွားစေဟန် တူသည်။ စိတ်ချမ်းသာမှုကြောင့် ကျန်းမာရေးလည်း သိသိသာသာ တိုးတက်သွားလေသည်။

နောက်ပိုင်း ဒေါ်ခင်ကြည် မအားသဖြင့် အခြားသူနာပြုများဆေးလာတိုက်သည့် အခါ၊ ထမင်းလာကျွေးသည့်အခါများတွင် ဗိုလ်ချုပ်သည် အတင်းငြင်းကာ မခင်ကြည်တိုက်မှသောက်မယ် ၊ မခင်ကြည်ကျွေးမှ စားမယ် ဟုပြောသည်အထိ ဒေါ်ခင်ကြည်အပေါ် စွဲလန်းသွားတော့သည်။
ဗိုလ်ချုပ်သည် အဖျားသက်သာလာသည့် တစ်နေ့တွင် တပည့်ဖြစ်သူအား
“ဟေ့ တင်ဦး ၊ငါ့ကို လက်စွပ်လဲဖို့ စိန်လက်စွပ် တစ်ကွင်း ဝယ်ပေးစမ်းကွာ” ဟုဆိုရာ တပည့်ဖြစ်သူက ပြုံးပြီး “ဘာလုပ်ဖို့လဲ” ဟုမေးသည်။ “ငါမိန်းမယူတော့ မလို့ကွ ပြီးတော့ အင်္ကျီနဲ့လုံချည်ပါ ဝယ်ပေးဦး” ဟုပြောရာ တပည့်ဖြစ်သူလည်း မိန်းမအကြောင်း တစ်ခါမှမပြောဖူးသူကဒီလိုပြောသည့်အတွက် ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။
“ဟေ့ကောင် ရယ်မနေနဲ့ကွ ၊ ငါအတည်ပြောနေတာ”
တပည့်ဖြစ်သူက ပြုံးပြီး “ဘယ်သူနဲ့လဲ” ဟု မေးရာ “မခင်ကြည်” နဲ့ဟုပြောကာ ပြုံးရွှင်နေလေတော့သည်။

ထိုသို့ မကြာခဏ ဆုံဆည်းပြီးနောက် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည့်အပေါ် စွဲလန်းစိတ်ကို မဖျောက်နိုင်တော့။ တစ်ညတွင် ရွှေပေါက်ပင် ဦးဘသိန်း ဆိုသူအား ခေါ်ကာ ဒေါက်တာ မြင့်ဆွေ အခန်းသို့ရောက်လာသည်။ ရောက်ရောက်ချင်းပင် ဆိုင်းမဆင့် ဗုံမဆင့် “ဗျို့ ဒေါက်တာမြင့်ဆွေ .. လာပါဦးဗျ ၊ မိန်းမသွားတောင်းမလို့” ဟု ဆိုရာ ဒေါက်တာ မြင့်ဆွေ ခင်ဗျာ ဦးဘသိန်းက တောင်းမှာလား ဗိုလ်ချုပ်ကိုယ်တိုင်တောင်းမှာလား ဘုမသိ ဘမသိဖြင့် ထလိုက်လာလေသည်။ ဗိုလ်ချုပ် တစိုက်မတ်မတ် သွားသည့် နေရာကား ဒေါ်ခင်ကြည်၏ အခန်းဝပင်ဖြစ်သည်။ အခန်းဝ ရောက်လျှင်ပင် “မိန်းမတောင်းရအောင် လာတယ်” ဟု အော်ဟစ်လေတော့သည်။ စိတ်ထဲရှိသမျှ ဟန်မဆောင်တတ်သော ဗိုလ်ချုပ်ပင်။

ဒေါ်ခင်ကြည် ခမြာ ရှက်ရှက်နှင့် အိမ်ထဲပြေးဝင်ပုန်းသွားသည်။ နောက်မှ အထက်အရာရှိ ဒေါက်တာမြင့်ဆွေတို့ကိုရော ဗိုလ်ချုပ်ကိုပါ အားနာသဖြင့် ပြန်ထွက်ပြီး ဧည့်ခံလေသည်။ ပြန်ထွက်ထွက်ချင်းပင် ဣန္ဒြေ မဆောင်နိုင်သော ဗိုလ်ချုပ်က “အခြားကိစ္စမဟုတ်ဘူးဗျ မိန်းမတောင်းရအောင်လာတာ” ဟု ထပ်ပြောပြန်သဖြင့် ဒေါ်ခင်ကြည် ပြုံး၍သာနေရလေသည်။ ထို့နောက်တွင်တော့ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်ကို အတွေ့မခံတော့ပေ။ ဆေးရုံက ဆင်းလို့ရပြီဖြစ်၍ ဗိုလ်ချုပ်သည်လည်း ဆေးရုံမှဆင်းကာ လွတ်လပ်ရေးတာဝန်များနှင့် မအားလပ်တော့ပေ။ ဒေါ်ခင်ကြည်နှင့်လည်း မဆုံဖြစ်တော့။

အချိန်အတော်ကြာပြီး တစ်နေ့ ညနေ ၅ နာရီခန့်တွင် ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်အား မိမိအိမ်သို့ ညစာစားရန် ထမင်းစားဖိတ်လေသည်။ ထိုည ထမင်းစားပွဲမှာ ဗိုလ်ချုပ်သည် ဒေါ်ခင်ကြည်အား လက်ထပ်ခွင့်တောင်းသည့် ပွဲပင်ဖြစ်သည်။ ဗိုလ်ချုပ်က အသက် ၂၇ နှစ် ဒေါ်ခင်ကြည်က ၃၁ နှစ်ဖြစ်နေပြီဖြစ်ရာ မငယ်ကြတော့။ ဒေါ်ခင်ကြည်သည်လည်း ဗိုလ်ချုပ်၏ သဘောထားကို ကောင်းစွာနားလည်သည့်အပြင် အခြေအနေအရပ်ရပ်ကို သဘောပေါက်ပြီးဖြစ်သည့်အလျောက် လက်ခံလိုက်လေသည်။
သို့ဖြင့် ၁၉၄၂ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ နေ့လည် ၂နာရီတွင် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့မင်္ဂလာပွဲကို အလံပြဘုရားလမ်းရှိ ဆေးရုံမင်္ဂလာခန်းမ၌ ကျင်းပလေတော့သည်။

ref:
ဗိုလ်ချုပ်အောင်ဆန်းအထ္ထပ္ပုတ္တိ
မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် – ဇေယျဇော်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top