ဗဟုသုတ

ဘီလူး ႏွင့္ ဘီလူးကြ်န္း

ဘီလူးဟု ဆုိလုိက္လွ်င္ ရာဇ၀င္ဇာတ္လမ္း ပုံၿပင္မ်ားထဲမွ အလြန္ေႀကာက္ မက္ဖြယ္ေကာင္းသည့္ အစြယ္ပါ သတၱ၀ါႀကီးမ်ားအၿဖစ္ သိထားႀကပါတယ္။ေခါင္းဆယ္လုံးရွိ ဒႆဂီရိဘီးလူးကုိလည္း စာေပမ်ားထဲတြင္ အထင္အရွားၿမင္ေနရတုန္းပါ။ ပုံၿပင္ ဇာတ္လမ္းမ်ားထဲတြင္ ဘီးလူးမ်ားအၿမဲပါေနေလ့ရွိသည့္မွာ မိမိတုိ႔တစ္ႏုိင္ငံတည္းမဟုတ္ပါ ႏုိင္ငံတုိင္း သူ႔ရုိးရာႏွင့္သူ ဘီးလူးမ်ဳိးစုံရွိႀကပါတယ္။

ၿမန္မာႏုိင္ငံမွာလည္း သံလြင္ၿမစ္၀မွာ ဘီးလူးကြ်န္း အမည္နဲ႔ကြ်န္းတစ္ကြ်န္း ရွိတာ အားလုံးအသိပါ။ အဲဒီေတာ့ ဘီလူးနဲ႔ ဘီလူးကြ်န္းတကယ္ပဲ ဆက္စပ္ေနပါသလား…

အမ်ားအားၿဖင့္ေတာ့ ရာဇ၀င္ထဲမွာပါေလ့ရွိတဲ့ ဘီလူးေတြဟာ ကုိယ္ခႏၶာ ထြားက်ဳိင္းသူေတြ ၿဖစ္ဟန္တူပါတယ္။ လူခ်င္းအတူတူေတာင္မွ ကုိယ္ခႏၶာႀကီးမားတဲ့သူေတြကုိ လူ႔ဘီလူးဟု ေခၚတာပဲေလ။ သမုိင္းအရဆုိရင္ေတာ့ သံလြင္ၿမစ္၀က ဘီလူးကြ်န္းမွာ ေရွးအခါက နီဂရြဳိက္(နီဂရစ္တုိ) လုိ႔ေခၚတဲ့ ကုိယ္ခႏၶာထြားက်ဳိင္း ၊ အသားမည္း ကပၸလီလူမ်ဳိးတစ္မ်ဳိးေနထုိင္ပါသတဲ့။ ဘီလူးကြ်န္းတစ္ခုတည္းမွာ တင္မဟုတ္ပါဘူး။ အခုမြန္ၿပည္နယ္ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီလူမ်ဳိးေတြၿပန္႔ႀကဲေနထုိင္ႀကပါတယ္။ သူတုိ႔ကုိေတာ့ သမုိင္းပညာရွင္ေတြက စမင္ လုိိ႔ေခၚႀကပါတယ္။ မြန္တုိင္းရင္းသားေတြကေတာ့ စေမာင္းလုိ႔ေခၚတယ္။ အခု မေလးရွားနဲ႔ အင္ဒုိနီးရွားမွာ semang လုိ႔သိႀကတဲ့ ေရွးေဟာင္း လူသားေတြရဲ႕ အဆက္အႏြယ္ေတြပါ။

ဘီလူးကြ်န္းေနရာဟာ စေမာင္းလူမ်ဳိးေတြေနာက္ဆုံးေနထုိင္ခဲ့တဲ့ေနရာၿဖစ္ဟန္တူပါတယ္။ ေဒါက္တာ ဂ်ီေအဂရီအာဆင္ကေတာ့ သူၿပဳစုတဲ့ အိႏၵိယႏုိင္ငံ ဘာသႏၱရေလ့လာမႈစစ္တမ္းမွာ ဘီစီ ၂၅၀ အထက္က ဘီလူးကြ်န္းမွာ နီဂရုိးအႏြယ္၀င္ စမင္လူမ်ဳိးေတြေနထုိင္ခဲ့ႀကတယ္။ သူတုိ႔ဟာ ကုိယ္ခႏၶာထြားက်ဳိင္းကာ ေရကူးအလြန္ကြ်မ္းတဲ့ ရက္စက္ႀကမ္းႀကဳတ္တဲ့ အသားစားဘီလူးေတြၿဖစ္တယ္လုိ႔ ေဖာ္ၿပထားပါတယ္။ စမင္ေတြဟာ မြန္တုိင္းရင္းသားေတြရဲ႕ တုိက္ခုိက္မႈေႀကာင့္ ေတာင္ဘက္ကုိ တၿဖည္းၿဖည္းေရႊ႕ေၿပာင္းသြားႀကပါတယ္။

ဂရိပထ၀ီပညာရွင္ ေတာ္လမီ ရြက္လြင့္သြားလာရာမွာ မုတၱမပင္လယ္ေကြ႔မွာ အသားစားတဲ့ လူရုိင္းေတြနဲ႔ ေတြ႔ခဲ့ဖူးတယ္လုိ႔ သူ႔ရဲ႕မွတ္တမ္းမွာ
ေဖာ္ၿပထားတာ ဒီစမင္လူမ်ဳိးေတြပဲ ၿဖစ္ပါတယ္။ သူတုိ႔က အၿခားလူမ်ဳိးေတြကုိ တုိက္ခုိက္တဲ့အၿပင္ သူတုိ႔အခ်င္းခ်င္းလည္း အုပ္စုလုိက္ၿပန္တုိက္ခုိက္ေလ့ ရွိတဲ့ လူမ်ဳိးေတြလုိ႔ ဆုိပါတယ္။ သထုံေက်ာက္စာမွာ ေရွးတုန္းကသထုံနယ္ဟာ ဘီလူးႏုိင္ငံၿဖစ္ခဲ့ဖူးတယ္ လုိ႔ပါရွိရာ စမင္ေတြကုိပဲ ရည္ညြန္းေၿပာဆုိဟန္ရွိပါတယ္။ သထုံကုိ မြန္ေတြ၀င္ေရာက္လာစဥ္တုနး္က ဘီလူးေတြနဲ႔ တုိက္ခုိက္ခဲ့ရတဲ့အေႀကာင္း သီဟုိဠ္ဒီပ၀င္ (ေအဒီ ၆ရာစု) နဲ႔ ကလ်ာဏီမြန္ေက်ာက္စာ (၁၅ ရာစု) တုိ႔မွာ ပါရွိပါတယ္။

မြန္စာေပ ပုံၿပင္ေတြထဲမွာ လည္းဘီလူးေတြအေႀကာင္းပါေလ့ရွိပါတယ္။ စမင္လုိ႔ေခၚတဲ့ ဒီဘီလူးေတြဟာ မြန္လူမ်ုိးေတြရဲ႕တုိက္ခုိက္မႈေႀကာင့္ေၿပာင္းေရႊ႕ထြက္ေၿပးသြားတဲ့အခါမွာ မြန္ၿမဳိ႕ၿပႏုိင္ငံေတြ စတင္ေပၚေပါက္လာခဲ့တာၿဖစ္ပါတယ္။

ref:
ရာဇ၀င္ထဲက အၿငင္းပြားစရာမ်ား – တင္ႏုိင္တုိး
ၿမန္မာ့စြယ္စုံက်မ္း

 


 

ဘီလူး နှင့် ဘီလူးကျွန်း (unicode)

ဘီလူးဟု ဆိုလိုက်လျှင် ရာဇဝင်ဇာတ်လမ်း ပုံပြင်များထဲမှ အလွန်ကြောက် မက်ဖွယ်ကောင်းသည့် အစွယ်ပါ သတ္တဝါကြီးများအဖြစ် သိထားကြပါတယ်။ခေါင်းဆယ်လုံးရှိ ဒဿဂီရိဘီးလူးကိုလည်း စာပေများထဲတွင် အထင်အရှားမြင်နေရတုန်းပါ။ ပုံပြင် ဇာတ်လမ်းများထဲတွင် ဘီးလူးများအမြဲပါနေလေ့ရှိသည့်မှာ မိမိတို့တစ်နိုင်ငံတည်းမဟုတ်ပါ နိုင်ငံတိုင်း သူ့ရိုးရာနှင့်သူ ဘီးလူးမျိုးစုံရှိကြပါတယ်။

မြန်မာနိုင်ငံမှာလည်း သံလွင်မြစ်ဝမှာ ဘီးလူးကျွန်း အမည်နဲ့ကျွန်းတစ်ကျွန်း ရှိတာ အားလုံးအသိပါ။ အဲဒီတော့ ဘီလူးနဲ့ ဘီလူးကျွန်းတကယ်ပဲ ဆက်စပ်နေပါသလား…

အများအားဖြင့်တော့ ရာဇဝင်ထဲမှာပါလေ့ရှိတဲ့ ဘီလူးတွေဟာ ကိုယ်ခန္ဓာ ထွားကျိုင်းသူတွေ ဖြစ်ဟန်တူပါတယ်။ လူချင်းအတူတူတောင်မှ ကိုယ်ခန္ဓာကြီးမားတဲ့သူတွေကို လူ့ဘီလူးဟု ခေါ်တာပဲလေ။ သမိုင်းအရဆိုရင်တော့ သံလွင်မြစ်ဝက ဘီလူးကျွန်းမှာ ရှေးအခါက နီဂရွိုက်(နီဂရစ်တို) လို့ခေါ်တဲ့ ကိုယ်ခန္ဓာထွားကျိုင်း ၊ အသားမည်း ကပ္ပလီလူမျိုးတစ်မျိုးနေထိုင်ပါသတဲ့။ ဘီလူးကျွန်းတစ်ခုတည်းမှာ တင်မဟုတ်ပါဘူး။ အခုမွန်ပြည်နယ်နေရာတော်တော်များများမှာ ဒီလူမျိုးတွေပြန့်ကြဲနေထိုင်ကြပါတယ်။ သူတို့ကိုတော့ သမိုင်းပညာရှင်တွေက စမင် လို့ခေါ်ကြပါတယ်။ မွန်တိုင်းရင်းသားတွေကတော့ စမောင်းလို့ခေါ်တယ်။ အခု မလေးရှားနဲ့ အင်ဒိုနီးရှားမှာ semang လို့သိကြတဲ့ ရှေးဟောင်း လူသားတွေရဲ့ အဆက်အနွယ်တွေပါ။

ဘီလူးကျွန်းနေရာဟာ စမောင်းလူမျိုးတွေနောက်ဆုံးနေထိုင်ခဲ့တဲ့နေရာဖြစ်ဟန်တူပါတယ်။ ဒေါက်တာ ဂျီအေဂရီအာဆင်ကတော့ သူပြုစုတဲ့ အိန္ဒိယနိုင်ငံ ဘာသန္တရလေ့လာမှုစစ်တမ်းမှာ ဘီစီ ၂၅၀ အထက်က ဘီလူးကျွန်းမှာ နီဂရိုးအနွယ်ဝင် စမင်လူမျိုးတွေနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ကိုယ်ခန္ဓာထွားကျိုင်းကာ ရေကူးအလွန်ကျွမ်းတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အသားစားဘီလူးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စမင်တွေဟာ မွန်တိုင်းရင်းသားတွေရဲ့ တိုက်ခိုက်မှုကြောင့် တောင်ဘက်ကို တဖြည်းဖြည်းရွှေ့ပြောင်းသွားကြပါတယ်။

ဂရိပထဝီပညာရှင် တော်လမီ ရွက်လွင့်သွားလာရာမှာ မုတ္တမပင်လယ်ကွေ့မှာ အသားစားတဲ့ လူရိုင်းတွေနဲ့ တွေ့ခဲ့ဖူးတယ်လို့ သူ့ရဲ့မှတ်တမ်းမှာ
ဖော်ပြထားတာ ဒီစမင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ သူတို့က အခြားလူမျိုးတွေကို တိုက်ခိုက်တဲ့အပြင် သူတို့အချင်းချင်းလည်း အုပ်စုလိုက်ပြန်တိုက်ခိုက်လေ့ ရှိတဲ့ လူမျိုးတွေလို့ ဆိုပါတယ်။ သထုံကျောက်စာမှာ ရှေးတုန်းကသထုံနယ်ဟာ ဘီလူးနိုင်ငံဖြစ်ခဲ့ဖူးတယ် လို့ပါရှိရာ စမင်တွေကိုပဲ ရည်ညွန်းပြောဆိုဟန်ရှိပါတယ်။ သထုံကို မွန်တွေဝင်ရောက်လာစဉ်တုနး်က ဘီလူးတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့အကြောင်း သီဟိုဠ်ဒီပဝင် (အေဒီ ၆ရာစု) နဲ့ ကလျာဏီမွန်ကျောက်စာ (၁၅ ရာစု) တို့မှာ ပါရှိပါတယ်။

မွန်စာပေ ပုံပြင်တွေထဲမှာ လည်းဘီလူးတွေအကြောင်းပါလေ့ရှိပါတယ်။ စမင်လို့ခေါ်တဲ့ ဒီဘီလူးတွေဟာ မွန်လူမျိုးတွေရဲ့တိုက်ခိုက်မှုကြောင့်ပြောင်းရွှေ့ထွက်ပြေးသွားတဲ့အခါမှာ မွန်မြို့ပြနိုင်ငံတွေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ref:
ရာဇဝင်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top