ဗဟုသုတ

ရန္ကုန္ၿမဳိ႕ရဲ႕ ၿမဳိ႕နယ္အမည္ေတြ ဘယ္လုိၿဖစ္လာသလဲ

ဟုိးတုန္းကေတာ့ ရန္ကုန္ဟာ ေရႊတိဂုံဘုရားကုိ ဗဟုိၿပဳထားတဲ့ ငါးဖမ္းရြာေလးတစ္ရြာသာ ၿဖစ္ပါတယ္။ ေအဒီ ၆ ရာစုက စလုိ႔ မြန္လူမ်ဳိးမ်ားက ဒဂုံ အၿဖစ္ေၿပာင္းလဲ တည္ေထာင္ခဲ့ႀကပါတယ္။ ဒဂုံ ဆုိသည္မွာ ဒဂုင္လြဳင္ ဟူေသာ ေရႊတိဂုံေစတီေတာ္ႀကီး၏ ဘြဲ႔အမည္မွ ဆင္းသက္လာခဲ့ေႀကာင္း သိရပါတယ္။ မြန္ေ၀ါဟာရ အရ ကုန္းၿမင့္ေပၚက ေစတီ လို႔ အဓိပၸါယ္ရပါတယ္။ ၁၇၅၅ ခုႏွစ္မွာ အေလာင္းဘုရားဟာ ဒဂုံကုိ ေအာင္ႏုိင္ၿပီး ရန္ကုန္ ဟူ၍ စတင္ေၿပာင္းလဲခဲ့ပါတယ္။ အဲဒီေနာက္ ကုန္းေဘာင္ေခတ္ ၊ ကုိလုိနီေခတ္မ်ားကုိ ေက်ာ္ၿဖတ္ခဲ့ၿပီး ယေန႔အခ်ိန္မွာေတာ့ ရန္ကုန္ဟာ ၿမန္မာႏုိင္ငံရဲ႕ အစည္ကားဆုံး နဲ႔ အဓိကအက်ဆုံး ၿမဳိ႕အၿဖစ္ရပ္တည္ေနပါတယ္။

ရန္ကုန္ၿမဳိ႕ဟာ ကမာရြတ္၊ တာေမြ ၊ စမ္းေခ်ာင္း စတဲ့ ၿမဳိ႕နယ္ခြဲေပါင္းမ်ားစြာနဲ႔ ဖြဲ႔စည္းထားတဲ့ၿမဳိ႕တစ္ၿမဳိ႕ၿဖစ္ပါတယ္။ ထုိၿမဳိ႕ေတြရဲ႕အမည္ ဟာ ဘယ္ကေန ၿဖစ္ေပၚလာပါသလဲ။ အမ်ားစုကေတာ့ မြန္နာမည္ အေခၚအေ၀ၚကေန ဆင္းသက္လာခဲ့ပါတယ္။ မသိေသးသူမ်ား သိေစဖုိ႔ ဗဟုသုတအၿဖစ္ AyeSay က ေန တင္ဆက္လုိက္ပါတယ္။

ကမာရြတ္- မြန္ဘာသာ အမည္ ကမာရြတ္မွာ ‘ကမာ’ဆုိတာ ေရကန္ ၊ ‘ရြတ္’ ဆုိတာ ရတာ ၿဖစ္ပါတယ္။ ရတနာကန္ ဆုိတဲ့ အဓိပၸါယ္ေပါ့။ အင္းလ်ားကန္ကုိ ေရွးတုန္းက ေခၚတဲ့နာမည္ေပါ့။

ေက်ာက္တံတား- ကုန္းေဘာင္ေခတ္ဦးတုန္းက ဆူးေလတစ္၀ုိက္ဟာေရပတ္လည္၀ိုင္းေနတဲ့ ေနရာပါ။ အဲဒီအနီးအနားမွာ ဘုရားဘက္ကုိ ကူးသြားႏုိင္တဲ့ ေက်ာက္တံတားႀကီး တစ္ခု ရွိခဲ့ဖူးရာကေန ဒီနာမည္ ၿဖစ္လာပါသတဲ့။

ႀကည့္ၿမင္တုိင္ – မြန္ဘာသာအမည္ ကမန္ဋ္ဳင္က ဆင္းသက္လာတာပါ။ ၿမဳိ႕ရုိးရွိတဲ့ ၿမဳိ႕လုိ႔ အဓိပၸါယ္ရပါတယ္။

ကံဘဲ့ – မြန္ဘာသာအမည္ ခပင္း(ခေပင္) ကုိ ၿမန္မာဘာသာနဲ႔ ေခၚရာ ကေန ကန္ဘဲ့ ဆုိၿပီးၿဖစ္လာတာပါ။ အဓိပၸါယ္က ကသစ္ပင္ ၿဖစ္ပါတယ္။ (ပုံၿပင္ေတြထဲမွာေတာ့ မြန္လူစြမ္းေကာင္း ေမာင္ကံ ကန္ကုိခုန္ရာမွာ ကန္နဖူးပဲ့သြားရာကေန ကံပဲ့(ကံဘဲ့) လုိ႔ဆုိပါတယ္ )

ကုကၠဳိင္း – မြန္ဘာသာ “ေကာ့ေကာင္း” က ဆင္းသက္လာတာ ၿဖစ္ပါ တယ္။ ေကာ့ဆုိတာ ကုန္း၊ ေကာင္းဆုိတာက မေရြးပင္ကုိေခၚတာမုိ႕ အစကေတာ့ မေရြးပင္ကုန္းလုိ႔ ေခၚတဲ့ေနရာပါ။

စမ္းေခ်ာင္း – စတင္တည္ေထာင္စအခ်ိန္မွာ ေတာင္ကုန္းၿဖစ္ခဲ့ၿပီး အဲဒီေတာင္ကုန္းေတြႀကားမွာ စမ္းေခ်ာင္းကေလးတစ္ခု စီးဆင္းေန ပါသတဲ့။ အဲဒီစမ္းေခ်ာင္းကို အစြဲၿပဳၿပီး ေခၚခဲ့ၿခင္း ၿဖစ္ပါတယ္။

ဆင္မလုိက္ – ေရွးအခါက ႏြံထူတဲ့အရပ္ၿဖစ္တာေႀကာင့္ ဆင္ေတြဟာ အဲဒီေနရာေရာက္ရင္ ဆက္မသြား ၊ ဆက္မလုိက္ေတာ့ပဲ ရပ္တန္႔ သြားတတ္ရာကေန ဆင္မလုိက္ ဆုိၿပီး ၿဖစ္လာပါသတဲ့။

တာေမြ – မြန္အမည္ တာေမြ ကေန တုိက္ရုိက္ဆင္းသက္လာပါတယ္။ ထန္းပင္တစ္ပင္ ဆုိတဲ့အဓိပၸါယ္ၿဖစ္ပါတယ္။

ပုဇြန္ေတာင္ – မြန္ဘာသာ “ပုဇြန္ေဒ” ကလာတာပါ။ ေတာင္ကုန္းငါးခု လုိ႔ အဓိပၸါယ္ရပါတယ္။ အဲဒီကုန္းေတြက မလႊကုန္း ၊ မအူကုန္း ၊ သစ္ဆိမ့္ကုန္း ၊ ခ်စ္တီးကုန္း နဲ႔ ပုရြက္ဆိတ္ကုန္း တုိ႔ၿဖစ္ပါတယ္။

ဗဟန္း – ဗဟန္းဆုိတာကလည္း မြန္ဘာသာကေနဆင္းသက္လာၿပီး အ၀ါေရာင္ရွိတဲ့ေၿမလုိ႔ အဓိပၸါယ္ရပါတယ္။ ေရွးအခါက ကန္႔ထြက္တဲ့ အရပ္ေဒသ ၿဖစ္ခဲ့ဟန္ တူပါတယ္။

ေဘာက္ေထာ္ – မြန္ဘာသာ ေပါက္ေထာကေနလာၿပီး ေရႊဟသၤာလို႔ အဓိပၸါယ္ရပါတယ္။

မဂၤလာဒုံ – မြန္အမည္ “ဍဳံဒရုိင္မေင” ကေန ဆင္းသက္လာပါတယ္။ အဓိပၸါယ္က မဂၤလာသမင္ၿမိဳ႕ ၿဖစ္ပါတယ္။ အဲဒီကေန ၿမန္မာဘာသာ တုိက္ရုိက္ယူ သုံးရာကေန မဂၤလာဒုံၿမဳိ႕ ဆုိၿပီး ၿဖစ္လာပါတယ္။

ေၿမနီကုန္း – ၁၈၄၁ခုႏွစ္ သာယာ၀တီမင္းလက္ထက္ အခုၿမဳိ႕မေက်ာင္းနား က ကြင္းၿပင္မွာ ေအာင္ေၿမရန္ႏွင္ နန္းၿမဳိ႕တည္ေဆာက္စဥ္ ၿမဳိ႕ေတာ္တံခါးေတြထဲမွာ ေၿမနီကုန္းတံခါး ဆုိတာပါပါတယ္။ အဲဒီတံခါးကေန ထြက္ လုိက္ရင္ အနီေရာင္ေတာင္ကုန္းငယ္ကေလးကုိ ေတြ႔ရွိႏုိင္လုိ႔ပဲ ၿဖစ္ပါတယ္။

လသာ – ရန္ကုန္ကုိ အဂၤလိပ္ေတြသိမ္းၿပီး ၿမဳိ႕ကြက္ရုိက္ရာမွာ လမ္းနာမည္ကုိ သူတုိ႔အရာရွိေတြရဲ႕အမည္ေတြေပးခဲ့ပါတယ္။ အဂၤလိပ္-ၿမန္မာ ဒုတိယစစ္ပြဲမွာပါ၀င္ခဲ့တဲ့ ကတ္ပတိန္လတၱာ(Capt.Lattar) ကုိ ဂုဏ္ၿပဳ တဲ့အေနနဲ႔ေပးခဲ့တာၿဖစ္ပါတယ္။ လတၱာလမ္းကို ၿမန္မာလုိေခၚခဲ့ႀကရာမွာ လသာလမ္း ဆုိၿပီးၿဖစ္လာပါတယ္။ အဲဒီနားတ၀ုိက္ကိလည္း လသာရပ္ ဆုိၿပီးေခၚခဲ့ႀကပါတယ္။

လမ္းမေတာ္ – သာယာ၀တီမင္း ရန္ကုန္ၿမဳိ႕ကုိႀကြလာစဥ္တုန္းက သေဘၤာဆိပ္ကေန ေအာင္ေၿမရန္ႏွင္နန္းၿမိဳ႕ကို သြားတဲ့လမ္းၿဖစ္ပါတယ္။ ဘုရင္သြားတဲ့လမ္းမ ၿဖစ္တာေႀကာင့္’ ေတာ္’တပ္ေခၚရာေန လမ္းမေတာ္ ဆုိၿပီးၿဖစ္လာပါတယ္။

အင္းစိန္ – မြန္ဘာသာ အန္းစိန္(အင္စိင္)ကေန ဆင္းသက္လာၿပီး ဆင္ေတြေရကစားရာအရပ္ လုိ႔ အဓိပၸါယ္ရပါတယ္။

ကဲ မိတ္ေဆြတုိ႔ သိထားတဲ့ၿမဳိ႕အမည္ အေႀကာင္းေလးေတြကုိ ကြန္မန္႔မွာေရးသြားႏုိင္ပါတယ္။
Ref:
ရာဇ၀င္ထဲက အၿငင္းပြားစရာမ်ား – တင္ႏုိင္တုိး
ၿမန္မာ့စြယ္စုံက်မ္း


ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ(unicode)

ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။ ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရ အရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။
၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို မောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။
ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။ မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် AyeSay က နေ တင်ဆက်လိုက်ပါတယ်။
ကမာရွတ်- မွန်ဘာသာ အမည် ကမာရွတ်မှာ ‘ကမာ’ဆိုတာ ရေကန် ၊ ‘ရွတ်’ ဆိုတာ ရတာ ဖြစ်ပါတယ်။ ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။
ကျောက်တံတား- ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာ
ရေပတ်လည်ဝိုင်းနေတဲ့ နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီး တစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။
ကြည့်မြင်တိုင် – မွန်ဘာသာအမည် ကမန်ဋ်ုင်က ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့ အဓိပ္ပါယ်ရပါတယ်။
ကံဘဲ့ – မွန်ဘာသာအမည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီးဖြစ်လာတာပါ။ အဓိပ္ပါယ်က ကသစ်ပင် ဖြစ်ပါတယ်။ (ပုံပြင်တွေထဲမှာတော့ မွန်လူစွမ်းကောင်း မောင်ကံ ကန်ကိုခုန်ရာမှာ ကန်နဖူးပဲ့သွားရာကနေ ကံပဲ့(ကံဘဲ့) လို့ဆိုပါတယ် )
ကုက္ကိုင်း – မွန်ဘာသာ “ကော့ကောင်း” က ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။
စမ်းချောင်း – စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဆင်မလိုက် – ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး ဖြစ်လာပါသတဲ့။
တာမွေ – မွန်အမည် တာမွေ ကနေ တိုက်ရိုက်ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
ပုဇွန်တောင် – မွန်ဘာသာ “ပုဇွန်ဒေ” ကလာတာပါ။ တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။
ဗဟန်း – ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။
ဘောက်ထော် – မွန်ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။
မင်္ဂလာဒုံ – မွန်အမည် “ဍုံဒရိုင်မငေ” ကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်ယူ သုံးရာကနေ မင်္ဂလာဒုံမြို့ ဆိုပြီး ဖြစ်လာပါတယ်။
မြေနီကုန်း – ၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါး
တွေထဲမှာ မြေနီကုန်းတံခါး ဆိုတာပါပါတယ်။ အဲဒီတံခါးကနေ ထွက် လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။
လသာ – ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာ
မည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ(Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ အဲဒီနားတဝိုက်ကိလည်း လသာရပ် ဆိုပြီးခေါ်ခဲ့ကြပါတယ်။
လမ်းမတော် – သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့်’ တော်’တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။
အင်းစိန် – မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ္ပါယ်ရပါတယ်။
ကဲ မိတ်ဆွေတို့ သိထားတဲ့မြို့အမည် အကြောင်းလေးတွေကို ကွန်မန့်မှာရေးသွားနိုင်ပါတယ်။
Ref:
ရာဇဝင်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top