ဗဟုသုတ





သိသင့်တဲ့ ပလတ်စတစ် တွေ အကြောင်း (unicode)

ပလတ်စတစ် ပုလင်းတွေကို polyethylene terephthalate (PET) ဒါမှ မဟုတ် ထုထည်စွမ်းအား မြင့်တဲ့ polyethlyne (HDPE) ဒြပ်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီ ဒြပ်ပေါင်းနှစ်ခု လုံးဟာ ဖြိုခွဲ ဖို့မလွယ်ကူတဲ့ ဒြပ်တွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဖြိုခွဲနိုင်လောက်တဲ့ အလင်း၊ အောက်စီဂျင် အပူ၊ ဖိအား စတာ တွေနဲ့ ပလတ်စတစ်ကို ဖျက်ဆီးနိုင်ပါတယ်။ ပလတ်စတစ်ဟာ ပျက်စီးသွားတဲ့ အချိန်မှာတော့ ရေ၊ ကာဗွန်ဒိုင်အောက် ဆိုဒ်၊ ဓာတု အကြွင်းအကျန်တွေ အဖြစ်ပြိုကွဲသွားပါတယ်။ ဒါပေမဲ့ ဒီလို ဖြိုခွဲနိုင်ဖို့အတွက် ဆိုရင်တောင် နှစ်ရာပေါင်းများစွာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ပုံမှန် အားဖြင့် ဆိုရင် ပလတ်စတစ်တွေ ဟာ လုံးဝ ပျက်စီးသွားဖို့အတွက် နှစ် ၅၀ဝ ကနေ ၁၀ဝ၀ အထိ ကြာမြင့်ပါတယ်။ ဒီ ပလတ်စတစ်တွေက မြေဆီလွှာကို ဖျက်ဆီးလိုက်တဲ့ အပြင် ပင်လယ်ထဲမှာ ဆိုရင် ရေနေသတ္တဝါတွေကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရေနေ သတ္တဝါ ၁ သိန်းခန့်နဲ့ ငှက်ကောင်ရေ ၁ သန်းလောက်ဟာ ပလတ်စတစ်တွေကြောင့် သေဆုံးကြရပါတယ်။ ပလတ်စတစ်မှာပါဝင်တဲ့ ဓာတ်တွေကို လူ့ကိုယ်က စုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ပလတ်စတစ် ရေပုလင်းတွေကို အခေါက်ခေါက်အခါခါ အသုံးပြုတာ ကို ရှောင်ကြည်သင့်ပါတယ်။

ပလတ်စတစ်ပုလင်း တွေဆီကနေ မှန်လုံအိမ် ဓာတ်ငွေ့ (greenhouse gas ) ကို ထုတ်ပေးနိုင်ပါတယ်။ ပလတ်စတစ်ပုလင်း တစ်ပုလင်းဟာ ၆၀ ဝပ်ရှိတဲ့ မီးသီး တစ်လုံးကို ၃ နာရီလောက်ကြာအောင် စွမ်းအင်ပေးနိုင်မဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်နိုင်ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top