ဗဟုသုတ

အင္ဂ်င္နီယာပညာမတတ္ပဲ အိမ္ယာမဲ့ေတြအတြက္ ဆုိလာစြမ္းအင္တဲ ေတြကုိ တီထြင္ခဲ့တဲ့ေကာင္မေလး အဖြဲ႔

ေလာ့အင္ဂ်လိမ်ာ အိမ္ယာမဲ့အေရအတြက္မ်ားတုိးပြားလွ်က္ရွိတာကို တာ၀န္ရွိသူေတြနဲ႔ အတူ အၿမဲေနထုိင္သူေတြကပါ နည္းလမ္းအမ်ဳိးမ်ဳိးနဲ႔ ကူညီေျဖရွင္းေပးဖုိ႔ ႀကဳိးစားေနၾကပါတယ္။ ဆန္ဖရန္စစၥကုိ အထက္တန္းေက်ာင္းက ေကာင္မေလးအဖြဲ႔တစ္ဖြဲ႔ဟာ လည္း ဒီျပသနာကုိ နည္းလမ္းတစ္မ်ဳိးနဲ႔ ကူညီေျဖရွင္းခဲ့ပါတယ္။

Image may contain: 3 people

သူတုိ႔ရဲ႕နည္းလမ္းကေတာ့ အလြယ္တကူေခါက္သိမ္းလုိ႔ သုံးလုိ႔ ရတဲ့ တဲေတြကို ဆုိလာပါ၀ါနဲ႔ အတူထုတ္လုပ္တာပဲျဖစ္ပါတယ္။ သူတုိ႔ရဲ႕တဲေတြဟာ ထူးျခားၿပီး အသုံးမလုိတဲ့အခါ ေက်ာပိုးအိတ္တစ္အိတ္လုိ အလြယ္တကူ သယ္သြားႏုိင္မွာပဲ ျဖစ္ပါတယ္။ အိမ္ယာမဲ့ေတြအတြက္ အလြန္အဆင္ေျပေစမယ့္ အရာျဖစ္ပါတယ္။

သူတုိ႔ေတြဟာ နည္းပညာ ကြ်မ္းက်င္သူ အေတြ႔အႀကဳံရွိသူေတြမဟုတ္ပဲ ဒီတဲေတြကို တီထြင္ႏုိင္ခဲ့တာပါ။ သူတုိ႔ရဲ႕အဖြဲ႔မွာ ေကာင္မေလး ၁၂ ေယာက္နဲ႔ ဖြဲ႔စည္းထားၿပီး DIY Girls လုိ႔ အမည္ေပးထားတဲ့ အက်ဳိးအျမတ္မယူေသာ အဖြဲ႔အစည္းတစ္ခုျဖစ္ပါတယ္။ သူတုိ႔ဟာ ဒီတီထြင္မႈကို လုပ္ႏုိင္ဖုိ႔အတြက္ ယူက်ဴ႕ကဗီဒီယုိေတြ ၊ ဂုိဂဲလ္က က်ဴတုိရီယယ္ေတြကို ရယူကာ နည္းမ်ဳိးစုံနဲ႔ စမ္းသပ္မႈေတြ အေျဖရွာမႈေတြလုပ္ခဲ့ၿပီး အခ်ိန္ ၁ႏွစ္ေက်ာ္ ယူခဲ့ရတယ္လုိ႔ အဖြဲ႔ရဲ႕ဒါရုိက္တာ Evelyn Gomez က ဆုိပါတယ္။ စက္ခ်ဳပ္ပညာရဲ႕ေပါင္းစပ္မႈ နဲ႔ 3D ပရင္တာရဲ႕ အကူအညီနဲ႔ တည္ေဆာက္ခဲ့ျခင္းျဖစ္ပါတယ္။

Image may contain: one or more people, people sitting and laptop

သူတုိ႔အဖြဲ႔၀င္အားလုံးဟာ မျပည့္စုံတဲ့မိသားစုက လာခဲ့ၾကသူေတြျဖစ္တာေၾကာင့္ သူတုိ႔လုိမျပည့္စုံသူေတြကုိ အကူအညီေပးႏုိင္ဖုိ႔ ဒီအဖြဲ႔ကို ဖြဲ႔ခဲ့ျခင္းျဖစ္ပါတယ္။ ေစတနာသက္သက္နဲ႔ ကုိယ့္အိတ္ကုိယ္စုိက္ကာ တီထြင္ခဲ့တဲ့ ဆုိလာပါ၀ါအသြင္ေျပာင္းေက်ာပိုးအိတ္ေတြကို ေငြေၾကးအက်ဳိးအျမတ္အတြက္ တီထြင္ခဲ့ျခင္း မဟုတ္ေပမယ့္ ေစတနာေရာင္ျပန္ဟပ္တယ္လုိ႔ ဆုိရပါမယ္။ သူတုိ႔ရဲ႕တီထြင္မႈမွာ ဇြန္လ ၁၆ ရက္တုန္းက ကမာၻေက်ာ္နည္းပညာ တကၠသိုလ္တစ္ခုျဖစ္တဲ့ မန္ဆာခ်ဴးဆက္ စက္မႈ တကၠသုိလ္ရဲ႕ EurekaFest ပြဲမွာ ပါ၀င္ျပသခံခဲ့ရၿပီး ဆုေငြ ေဒၚလာ ၁ေသာင္း အႏုိင္ရခဲ့တဲ့အတြက္ ေၾကာင့္ျဖစ္ပါတယ္။ ဒါအျပင္ အြန္လုိင္းေပၚမွ ကမာၻအရပ္ရပ္က ပံ့ပုိးလွဴဒါန္းေငြ ေဒၚလာ ၁သိန္း၈ေသာင္းကုိ ရရွိခဲ့ပါေသးတယ္။ သူတုိ႔ဟာ ဆက္လက္ၿပီး မျပည့္စုံသူေတြကုိ ကူညီႏုိင္မယ့္ နည္းလမ္းေတြကို ရွာေဖြသြားဦးမယ္ လုိ႔ ဆုိပါတယ္။

Image may contain: 1 person, sitting and shoes

အင်ဂျင်နီယာပညာ မတတ်ပဲ အိမ်ယာမဲ့တွေအတွက် ဆိုလာစွမ်းအင်တဲ တွေကို တီထွင်ခဲ့တဲ့ကောင်မလေး အဖွဲ့ (unicode)

လော့အင်ဂျလိမျာ အိမ်ယာမဲ့အရေအတွက်များတိုးပွားလျှက်ရှိတာကို တာဝန်ရှိသူတွေနဲ့ အတူ အမြဲနေထိုင်သူတွေကပါ နည်းလမ်းအမျိုးမျိုးနဲ့ ကူညီဖြေရှင်းပေးဖို့ ကြိုးစားနေကြပါတယ်။ ဆန်ဖရန်စစ္စကို အထက်တန်းကျောင်းက ကောင်မလေးအဖွဲ့တစ်ဖွဲ့ဟာ လည်း ဒီပြသနာကို နည်းလမ်းတစ်မျိုးနဲ့ ကူညီဖြေရှင်းခဲ့ပါတယ်။

Image may contain: 1 person, standing and outdoor

သူတို့ရဲ့နည်းလမ်းကတော့ အလွယ်တကူခေါက်သိမ်းလို့ သုံးလို့ ရတဲ့ တဲတွေကို ဆိုလာပါဝါနဲ့ အတူထုတ်လုပ်တာပဲဖြစ်ပါတယ်။ သူတို့ရဲ့တဲတွေဟာ ထူးခြားပြီး အသုံးမလိုတဲ့အခါ ကျောပိုးအိတ်တစ်အိတ်လို အလွယ်တကူ သယ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ အိမ်ယာမဲ့တွေအတွက် အလွန်အဆင်ပြေစေမယ့် အရာဖြစ်ပါတယ်။

Image may contain: 1 person, sitting

သူတို့တွေဟာ နည်းပညာ ကျွမ်းကျင်သူ အတွေ့အကြုံရှိသူတွေမဟုတ်ပဲ ဒီတဲတွေကို တီထွင်နိုင်ခဲ့တာပါ။ သူတို့ရဲ့အဖွဲ့မှာ ကောင်မလေး ၁၂ ယောက်နဲ့ ဖွဲ့စည်းထားပြီး DIY Girls လို့ အမည်ပေးထားတဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့ဟာ ဒီတီထွင်မှုကို လုပ်နိုင်ဖို့အတွက် ယူကျူ့ကဗီဒီယိုတွေ ၊ ဂိုဂဲလ်က ကျူတိုရီယယ်တွေကို ရယူကာ နည်းမျိုးစုံနဲ့ စမ်းသပ်မှုတွေ အဖြေရှာမှုတွေလုပ်ခဲ့ပြီး အချိန် ၁နှစ်ကျော် ယူခဲ့ရတယ်လို့ အဖွဲ့ရဲ့ဒါရိုက်တာ Evelyn Gomez က ဆိုပါတယ်။ စက်ချုပ်ပညာရဲ့ပေါင်းစပ်မှု နဲ့ 3D ပရင်တာရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

Image may contain: one or more people and people sitting

သူတို့အဖွဲ့ဝင်အားလုံးဟာ မပြည့်စုံတဲ့မိသားစုက လာခဲ့ကြသူတွေဖြစ်တာကြောင့် သူတို့လိုမပြည့်စုံသူတွေကို အကူအညီပေးနိုင်ဖို့ ဒီအဖွဲ့ကို ဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။ စေတနာသက်သက်နဲ့ ကိုယ့်အိတ်ကိုယ်စိုက်ကာ တီထွင်ခဲ့တဲ့ ဆိုလာပါဝါအသွင်ပြောင်းကျောပိုးအိတ်တွေကို ငွေကြေးအကျိုးအမြတ်အတွက် တီထွင်ခဲ့ခြင်း မဟုတ်ပေမယ့် စေတနာရောင်ပြန်ဟပ်တယ်လို့ ဆိုရပါမယ်။ သူတို့ရဲ့တီထွင်မှုမှာ ဇွန်လ ၁၆ ရက်တုန်းက ကမ္ဘာကျော်နည်းပညာ တက္ကသိုလ်တစ်ခုဖြစ်တဲ့ မန်ဆာချူးဆက် စက်မှု တက္ကသိုလ်ရဲ့ EurekaFest ပွဲမှာ ပါဝင်ပြသခံခဲ့ရပြီး ဆုငွေ ဒေါ်လာ ၁သောင်း အနိုင်ရခဲ့တဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ ဒါအပြင် အွန်လိုင်းပေါ်မှ ကမ္ဘာအရပ်ရပ်က ပံ့ပိုးလှူဒါန်းငွေ ဒေါ်လာ ၁သိန်း၈သောင်းကို ရရှိခဲ့ပါသေးတယ်။ သူတို့ဟာ ဆက်လက်ပြီး မပြည့်စုံသူတွေကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားဦးမယ် လို့ ဆိုပါတယ်။

#AyeSay
www.ayesay.com.mm

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top