ဗဟုသုတ

Vincent Van Gogh နွင့္ သူ၏ ေဒၚလာ ၆၆.၃ သန္းတန္ပန္းခ်ီ

The Alyscamps အမည္ရွိ Gallo-Roman သခ်ၤဳိင္းသည္ လြန္ခဲ့ေသာ နွစ္ေပါင္းမ်ားစြာကပင္တည္ရွိခဲ့သည္။ ဥေရာပ၏ ထင္ရွားေသာ ရာစုမ်ား ထဲမွတစ္ခုတြင္ Vincent van Gogh သည္ ျမင္ကြင္းအမ်ိုးမ်ိုးကိုေရးဆြဲခဲ့ေသာေနရာလည္းျဖစ္သည္။ ေရာမျမိဳ႕တြင္ေနထိုင္ေသာသူမ်ားသည္ မိတ္ေဆြ မ်ားနွင့္ ခ်စ္ခင္သူမ်ားအား ျမိဳ႕ေတာ္နယ္နိမိတ္ထဲတြင္ ျမဳပ္နွံျခင္းအား တားျမစ္ခဲ့သည္။ ရလဒ္အေနျဖင့္အၿခား ျမိဳ႕မ်ားသို႕
သြားေရာက္ေသာ လမ္းမ်ား၏ ေဘးဘက္တြင္ အုတ္ဂူမ်ားနွင့္ ျပည့္ေနခဲ့သည္။ ၂၅၀ BC ခန့္တြင္ Arles (ယေန့ ျပင္သစ္နိုင္ငံ) ျမိဳ႕နွင့္ ၄င္းျမိဳ႕အနီးအနားရွိ လူမ်ားသည္ ျမုပ္နွံသည့္ေနရာအျဖစ္ Aurelian လမ္းေျကာင္းကိုေနာက္ဆံုးအေနနွင့္ အသံုးျပဳခဲ့ျကသည္။

The Alyscamps တြင္ အလြန္ခ်ဲ့ကားျပင္ဆင္ထားေသာ အထိမ္းအမွတ္အုတ္ဂူမ်ားနွင့္ရိုးရွင္းေသာေက်ာက္ေခါင္းတလား မ်ားကို ေတြ႕ရွိနိုင္သည္။ Arles ၿမဳိ႕၏ပထမဆံုး သင္းအုပ္ဆရာေတာ္ St.Trophime ကို ထိုေနရာတြင္ျမႈပ္နွံခဲ့သည္။ ၄ ရာစုမတိုင္မီအထိ လူအေတာ္မ်ားမ်ားကို ျမဳပ္နွံခဲ့သည္။ ထိုေနရာတြင္ လူေထာင္ေပါင္းမ်ားစြာကိုျမႈပ္နွံထားရွိသည္။ ထို့ေနာက္ နွစ္ေပါင္း ၁၅၀ဝ အျကာကိုေက်ာ္လြန္ျပီးေနာက္တြင္ The Alyscamps ကိုမျပင္ဆင္ဘဲ ထားရွိခဲ့ျကသည္။ ၁၂ ရာစုတြင္ St.Trophime ၏ အေလာင္းကို အျခားတစ္ေနရာသို့ေျပာင္းေရြ႕ေၿပာင္းၿပီးေနာက္ သခ်ၤဳိင္းသည္ ႀကြယ္ဝေသာ ဥေရာပလူမ်ိုးမ်ား ထာဝရ အိပ္စက္အနားယူလိုသည့္ေနရာတစ္ခုျဖစ္လာခဲ့သည္။


ရီေနးဆင့္စ္ (renaissance) ေခတ္တြင္ လူမ်ားသည္ သခၤ်ဳိင္းမွ ပစၥည္း မ်ားကို အိမ္နွင့္ ဆိုင္မ်ားအတြက္ ထုတ္ယူသံုးစြဲခဲ့ျကသည္။ ယေန႔ခတ္တြင္ St.Honorat ဘုရားေက်ာင္းအပ်က္သို့သြားေရာက္သည့္ သစ္ပင္ တန္းမ်ား အုပ္ဆိုင္းေနေသာ လမ္းက်ယ္တစ္ခုသာက်န္ရွိေတာ့သည္။ အုတ္ဂူမ်ားသည္ကားလမ္းတစ္ဖက္တစ္ခ်က္စီတြင္ က်န္ရွိေနဆဲျဖစ္သည္။ ဤေနရာတြင္ Vincent ပန္းခ်ီေရးဆြဲခဲ့ေသာအခ်ိန္က သူသည္ တစ္ေယာက္ တည္းမဟုတ္ေပ။ ၁၈၈၈ ခုနွစ္ ေႏြဦးတြင္ သူနွင့္အတူ ရွိေနခဲ့ေသာသူမွာ Paul Gauguin ျဖစ္သည္။ Vincent သည္ သူျမင္သည္မ်ားကိုပန္းခ်ီအျဖစ္ေရးဆြဲခဲ့သည္။ Vincent သည္ Les Alyscamps သို့မဟုတ္ Elysian Fields ေခၚေသာ အျခား ဆီေဆးပန္းခ်ီနွစ္ခုကိုလည္းေရးဆြဲခဲ့သည္။ ထိုနွစ္ခုထဲမွ တစ္ခုမွာ L’Allee Des Alyscamps ေခၚပန္းခ်ီကားျဖစ္ျပီး ၄င္းကို ကိုယ္ပိုင္အျဖစ္ သိမ္းဆည္းထားခဲ့သည္။

၄င္းပန္းခ်ီကားကို Avenue in Arles သို့မဟုတ္ Lovers’ Lane ျမင္ကြင္းအျဖစ္လူသိမ်ားသည္။ ေမ ၅ ရက္ ၂၀၁၅ တြင္ ေဒၚလာ ၆၆.၃ သန္းနွင့္ေရာင္းခ်ခဲ့သည္။ ထူးဆန္းသည္မွာ Vincent အသက္ရွိစဉ္အခ်ိန္က သူ့ပန္းခ်ီမ်ားကို ေရာင္းခ်ခဲ့ျခင္းမရွိေခ်။ Vincent သည္ ဤပန္းခ်ီကားကို ေနာင္အခါ ပန္းခ်ီဆရာနွင့္ သူငယ္ခ်င္း မ်ားျဖစ္လာမည့္ Marie နွင့္ Joseph Ginoux ေခၚ Arles မွ လင္မယား စံုတြဲကိုေပးအပ္ခဲ့သည္။ ဇနီးသည္ Marie သည္ Arles ျမိဳ႕တြင္ Café dela Gare ေကာ္ဖီဆိုင္ပိုင္ရွင္ျဖစ္သည္။ ၄င္းေကာ္ဖီဆိုင္တြင္ Vincent သည္ ၁၈၈၈ ခုနွစ္ ေမလ မွ စက္တင္ဘာလအထိ ေနထိုင္ခဲ့သည္။ အေပၚဆံုးတြင္ေဖာ္ျပထားေသာ ပန္းခ်ီကားသည္ ၄င္းပန္းခ်ီကားပင္ျဖစ္သည္။

 


Vincent Van Gogh နှင့် သူ၏ ဒေါ်လာ ၆၆.၃ သန်းတန်ပန်းချီ (unicode)

The Alyscamps အမည်ရှိ Gallo-Roman သင်္ချိုင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင်တည်ရှိခဲ့သည်။ ဥရောပ၏ ထင်ရှားသော ရာစုများ ထဲမှတစ်ခုတွင် Vincent van Gogh သည် မြင်ကွင်းအမျိုးမျိုးကိုရေးဆွဲခဲ့သောနေရာလည်းဖြစ်သည်။ ရောမမြို့တွင်နေထိုင်သောသူများသည် မိတ်ဆွေ များနှင့် ချစ်ခင်သူများအား မြို့တော်နယ်နိမိတ်ထဲတွင် မြုပ်နှံခြင်းအား တားမြစ်ခဲ့သည်။ ရလဒ်အနေဖြင့်အခြား မြို့များသို့
သွားရောက်သော လမ်းများ၏ ဘေးဘက်တွင် အုတ်ဂူများနှင့် ပြည့်နေခဲ့သည်။ ၂၅၀ BC ခန့်တွင် Arles (ယနေ့ ပြင်သစ်နိုင်ငံ) မြို့နှင့် ၄င်းမြို့အနီးအနားရှိ လူများသည် မြုပ်နှံသည့်နေရာအဖြစ် Aurelian လမ်းကြောင်းကိုနောက်ဆုံးအနေနှင့် အသုံးပြုခဲ့ကြသည်။

The Alyscamps တွင် အလွန်ချဲ့ကားပြင်ဆင်ထားသော အထိမ်းအမှတ်အုတ်ဂူများနှင့်ရိုးရှင်းသောကျောက်ခေါင်းတလား များကို တွေ့ရှိနိုင်သည်။ Arles မြို့၏ပထမဆုံး သင်းအုပ်ဆရာတော် St.Trophime ကို ထိုနေရာတွင်မြှုပ်နှံခဲ့သည်။ ၄ ရာစုမတိုင်မီအထိ လူအတော်များများကို မြုပ်နှံခဲ့သည်။ ထိုနေရာတွင် လူထောင်ပေါင်းများစွာကိုမြှုပ်နှံထားရှိသည်။ ထို့နောက် နှစ်ပေါင်း ၁၅၀ဝ အကြာကိုကျော်လွန်ပြီးနောက်တွင် The Alyscamps ကိုမပြင်ဆင်ဘဲ ထားရှိခဲ့ကြသည်။ ၁၂ ရာစုတွင် St.Trophime ၏ အလောင်းကို အခြားတစ်နေရာသို့ပြောင်းရွေ့ပြောင်းပြီးနောက် သင်္ချိုင်းသည် ကြွယ်ဝသော ဥရောပလူမျိုးများ ထာဝရ အိပ်စက်အနားယူလိုသည့်နေရာတစ်ခုဖြစ်လာခဲ့သည်။

ရီနေးဆင့်စ် (renaissance) ခေတ်တွင် လူများသည် သင်္ချိုင်းမှ ပစ္စည်း များကို အိမ်နှင့် ဆိုင်များအတွက် ထုတ်ယူသုံးစွဲခဲ့ကြသည်။ ယနေ့ခတ်တွင် St.Honorat ဘုရားကျောင်းအပျက်သို့သွားရောက်သည့် သစ်ပင် တန်းများ အုပ်ဆိုင်းနေသော လမ်းကျယ်တစ်ခုသာကျန်ရှိတော့သည်။ အုတ်ဂူများသည်ကားလမ်းတစ်ဖက်တစ်ချက်စီတွင် ကျန်ရှိနေဆဲဖြစ်သည်။ ဤနေရာတွင် Vincent ပန်းချီရေးဆွဲခဲ့သောအချိန်က သူသည် တစ်
ယောက် တည်းမဟုတ်ပေ။ ၁၈၈၈ ခုနှစ် နွေဦးတွင် သူနှင့်အတူ ရှိနေခဲ့သောသူမှာ Paul Gauguin ဖြစ်သည်။ Vincent သည် သူမြင်သည်များကိုပန်းချီအဖြစ်ရေးဆွဲခဲ့သည်။ Vincent သည် Les Alyscamps သို့မဟုတ် Elysian Fields ခေါ်သော အခြား ဆီဆေးပန်းချီနှစ်ခုကိုလည်းရေးဆွဲခဲ့သည်။ ထိုနှစ်ခုထဲမှ တစ်ခုမှာ L’Allee Des Alyscamps ခေါ်ပန်းချီကားဖြစ်ပြီး ၄င်းကို ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားခဲ့သည်။

၄င်းပန်းချီကားကို Avenue in Arles သို့မဟုတ် Lovers’ Lane မြင်ကွင်းအဖြစ်လူသိများသည်။ မေ ၅ ရက် ၂၀၁၅ တွင် ဒေါ်လာ ၆၆.၃ သန်းနှင့်ရောင်းချခဲ့သည်။ ထူးဆန်းသည်မှာ Vincent အသက်ရှိစဉ်အချိန်က သူ့ပန်းချီများကို ရောင်းချခဲ့ခြင်းမရှိချေ။ Vincent သည် ဤပန်းချီကားကို နောင်အခါ ပန်းချီဆရာနှင့် သူငယ်ချင်း များဖြစ်လာမည့် Marie နှင့် Joseph Ginoux ခေါ် Arles မှ လင်မယား စုံတွဲကိုပေးအပ်ခဲ့သည်။ ဇနီးသည် Marie သည် Arles မြို့တွင် Café dela Gare ကော်ဖီဆိုင်ပိုင်ရှင်ဖြစ်သည်။ ၄င်းကော်ဖီဆိုင်တွင် Vincent သည် ၁၈၈၈ ခုနှစ် မေလ မှ စက်တင်ဘာလအထိ နေထိုင်ခဲ့သည်။ အပေါ်ဆုံးတွင်ဖော်ပြထားသော ပန်းချီကားသည် ၄င်းပန်းချီကားပင်ဖြစ်သည်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top