ဗဟုသုတ

ကာနယ္စေလဒင္ ၾကဳံေတြ႕ခဲ့ရေသာ မႏၲေလးနန္းတြင္းလုပ္ႀကံမွုႀကီး ျမင္ကြင္း


ကေနာင္မင္းသားႀကီး ဟု ဆိုလိုက္လၽွင္ ျမန္မာတို႔အား ေခတ္မီေစရန္ႀကိဳးပမ္းခဲ့သူ၊ စက္မွုလက္မွု ထြန္းကားေစရန္ ေဆာင္ရြက္ခဲ့သူ ေနာက္ဆုံး အာဏာလုခ်င္သူ ျမင္ကြန္း ၊ ျမင္းခုံတိုင္မင္းသားတို႔ရဲ့လုပ္ႀကံမွုေၾကာင့္ အသက္ဆုံးရွုံးခဲ့ရသူဟု အားလုံးသိၾကမွာပါ။ ၁၈၆၆ ၾသဂုတ္လ ၂ ရက္ေန႔မွာ မႏၲေလးနန္းတြင္းလုပ္ႀကံမွုႀကီးေၾကာင့္ ျမန္မာတို႔ ႏွေျမာတသခဲ့ရတဲ့ ကေနာင္မင္းသားႀကီး က်ဆုံးခဲ့ပါတယ္။ နန္းတြင္းလုပ္ႀကံမွု ျမင္ကြင္းကို မ်က္ျမင္ကိုယ္ေတြ႕ၾကဳံလိုက္ရတဲ့ အဂၤလိပ္စစ္ဗိုလ္ ကာနယ္စေလဒင္က သူ႔ရဲ့ အစီရင္ခံစာ တြင္ ေရးခဲ့တဲ့အေၾကာင္းကို ဗဟုသုတ ရေစရန္ ေဖာ္ျပလိုက္ပါတယ္။

ၾသဂုတ္လ ၂၂ ရက္ ၿဗိတိသၽွ ျမန္မာနိုင္ငံဆိုင္ရာ မဟာဝန္ရွင္ေတာ္မင္းႀကီး၏ အတြင္းဝန္သို႔ေပးပို႔ေသာ ကာနယ္စေလဒင္၏ အစီရင္ခံစာတြင္
-ထိုေန႔ မြန္းလြဲ (၂) နာရီခန႔္တြင္ ျမင္ကြန္း ျမင္းခုံတိုင္ မင္းသားတို႔သည္ ေနာက္လိုက္ေနာက္ပါ သုံးဆယ္ႏွင့္အတူ နန္းေတာ္တြင္းသို႔ ၀င္ေရာက္လာၾကသည္။
– နန္းတြင္းသို႔ေရာက္လၽွင္ ဓားမ်ားထုတ္ၿပီး ၀န္ႀကီးမ်ား အစည္းအေဝးက်င္းပရာ လႊတ္ေတာ္အတြင္းသို႔ တရွိန္ထိုး ၀င္ေရာက္ သတ္ျဖတ္ၾကသည္။ ျမေတာင္ဝန္ႀကီး ႏွင့္ ေလာင္းရွည္ ၀န္ႀကီးတို႔ ဦးစြာ အသတ္ခံရသည္။
– ပုခန္းမင္းႀကီးသည္ နန္းတြင္းသို႔ ထြက္ေျပးလြတ္ေျမာက္သြားသည္။
– နန္းတြင္းလုပ္ႀကံမွု ျဖစ္ပြားခ်ိန္တြင္ စေလဒင္သည္ မင္းတုန္းမင္းႏွင့္ အတူရွိေနသည္။ လူအမ်ားေအာ္ဟစ္ေျပးလႊားေနသံမ်ား ၾကားရသည္။ ေျမာက္နန္းမေတာ္ မိဖုရားသည္ မင္းတုန္းမင္းထံ အေျပးအလႊား သတင္းလာပို႔သည္။
– မင္းတုန္းမင္းသည္ ထိုင္ရာမွထကာ အတြင္းေဆာင္အတြင္းသို႔ ၀င္ေရာက္သြားသည္။ စေလဒင္၊ ေဒါက္တာဝီလီယံတို႔သည္ မွူးမတ္အခ်ိဳ႕ႏွင့္ က်န္ရစ္သည္။
– မင္းတုန္းမင္းသည္ မိဖုရား ႏွစ္ပါး သုံးပါး ေနာက္ပါအခ်ိဳ႕ႏွင့္အတူ ေျခလ်င္ေလၽွာက္လ်က္ ၿမိဳ႕တံတိုင္းအတြင္း ရွိ နန္းမေဆာင္သို႔ ထြက္ခြာသြားသည္ဟု သိရသည္။
– မင္းတုန္းမင္းလြတ္ေျမာက္သြားေၾကာင္း သူပုန္တို႔သိၿပီးေနာက္ နန္းၿမိဳ႕ရိုးဘက္သို႔ အေျပးလိုက္သြားၾက၏။
– ထိုအခ်ိန္တြင္ ဘုရင့္တပ္သားမ်ား စုစည္းမိၿပီး နန္းေတာ္တံခါးမႀကီးကို ပိတ္ဆို႔ထားလိုက္သည္။ ဘုရင္တပ္ဖြဲ႕ႏွင့္ သူပုန္တို႔သည္ သန္းေခါင္ယံအခ်ိန္အထိ တိုက္ခိုက္ၾကသည္။
– နန္းေတာ္အတြင္းဝယ္ သူပုန္မ်ားႏွင့္ ျပည့္ႏွက္ေန၏။ စေလဒင္ႏွင့္ အဖြဲ႕ နာရီဝက္ခန႔္ ဖမ္းဆီးခံရသည္။ ျမင္ကြန္းမင္းသား၏ အရာရွိက စေလဒင္ကို မွတ္မိသြားၿပီး အျမန္ထြက္သြားခိုင္း၏။
– စေလဒင္ လႊတ္ေတာ္သို႔ေရာက္ေသာအခါ ကေနာင္မင္းသား၏ ဦးေခါင္းမဲ့ ႐ုပ္ကလပ္ကို ေတြ႕ရသည္။ နန္းေတာ္အျပင္ဘက္တြင္လည္း မင္းတုန္းမင္း၏ သားေတာ္သုံးပါး(မလြန္မင္းသား) အေလာင္းမ်ားကို ေတြ႕ရသည္။
– စေလဒင္တို႔သည္ လက္နက္ကိုင္မ်ားၾကားမွပင္ နန္းေတာ္မွ ထြက္ခဲ့သည္။

စေလဒင္၏ အစီရင္ခံစာတြင္ အသတ္ခံရသူ ၉ ဦး ဒါဏ္ရာရသူ ၂ ဦး ႏွင့္ ေပ်ာက္ဆုံးသူ ၁ ဦး တို႔၏ အမည္စာရင္းကို ေဖာ္ျပခဲ့သည္။
ဆိုရေသာ္ ျပည္သူအက်ိဳး တိုင္းျပည္အက်ိဳးကို တစ္စက္ကေလးမွ မေတြးပဲ ထင္ရာစိုင္း ထင္တိုင္းၾကဲခဲ့ေသာ အဏာ႐ူးတို႔၏ လက္ခ်က္ေၾကာင့္ တိုင္းျပည္ဗိသုကာမ်ား ဆုံးရွုံးခဲ့သည္မွာ ေခါင္းေဆာင္တစ္ဦးတည္း လုပ္ႀကံခံရျခင္းမဟုတ္ပဲ တိုင္းျပည္ႏွင့္ ျပည္သူကို လုပ္ႀကံျခင္းလည္းျဖစ္ရာ စက္မွုနိုင္ငံ တည္ေထာင္ကာစမွာပင္ တိုင္းျပည္တိုးတက္မွုလည္း တစ္စခန္းရပ္ခဲ့ရပါေတာ့သည္။

Ref:
ျမန္မာ့ျဖစ္ရပ္ ေနာက္ထပ္ ၁၀၀ –
ျမန္မာ့စြယ္စုံက်မ္း

 


ကာနယ်စလေဒင် ကြုံတွေ့ခဲ့ရသော မန္တလေးနန်းတွင်းလုပ်ကြံမှုကြီး မြင်ကွင်း (unicode)

ကနောင်မင်းသားကြီး ဟု ဆိုလိုက်လျှင် မြန်မာတို့အား ခေတ်မီစေရန်ကြိုးပမ်းခဲ့သူ၊ စက်မှုလက်မှု ထွန်းကားစေရန် ဆောင်ရွက်ခဲ့သူ နောက်ဆုံး အာဏာလုချင်သူ မြင်ကွန်း ၊ မြင်းခုံတိုင်မင်းသားတို့ရဲ့လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူဟု အားလုံးသိကြမှာပါ။ ၁၈၆၆ သြဂုတ်လ ၂ ရက်နေ့မှာ မန္တလေးနန်းတွင်းလုပ်ကြံမှုကြီးကြောင့် မြန်မာတို့ နှမြောတသခဲ့ရတဲ့ ကနောင်မင်းသားကြီး ကျဆုံးခဲ့ပါတယ်။ နန်းတွင်းလုပ်ကြံမှု မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့ အင်္ဂလိပ်စစ်ဗိုလ် ကာနယ်စလေဒင်က သူ့ရဲ့ အစီရင်ခံစာ တွင် ရေးခဲ့တဲ့အကြောင်းကို ဗဟုသုတ ရစေရန် ဖော်ပြလိုက်ပါတယ်။

သြဂုတ်လ ၂၂ ရက် ဗြိတိသျှ မြန်မာနိုင်ငံဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီး၏ အတွင်းဝန်သို့ပေးပို့သော ကာနယ်စလေဒင်၏ အစီရင်ခံစာတွင်
-ထိုနေ့ မွန်းလွဲ (၂) နာရီခန့်တွင် မြင်ကွန်း မြင်းခုံတိုင် မင်းသားတို့သည် နောက်လိုက်နောက်ပါ သုံးဆယ်နှင့်အတူ နန်းတော်တွင်းသို့ ဝင်ရောက်လာကြသည်။
– နန်းတွင်းသို့ရောက်လျှင် ဓားများထုတ်ပြီး ဝန်ကြီးများ အစည်းအဝေးကျင်းပရာ လွှတ်တော်အတွင်းသို့ တရှိန်ထိုး ဝင်ရောက် သတ်ဖြတ်ကြသည်။ မြတောင်ဝန်ကြီး နှင့် လောင်းရှည် ဝန်ကြီးတို့ ဦးစွာ အသတ်ခံရသည်။
– ပုခန်းမင်းကြီးသည် နန်းတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားသည်။
– နန်းတွင်းလုပ်ကြံမှု ဖြစ်ပွားချိန်တွင် စလေဒင်သည် မင်းတုန်းမင်းနှင့် အတူရှိနေသည်။ လူအများအော်ဟစ်ပြေးလွှားနေသံများ ကြားရသည်။ မြောက်နန်းမတော် မိဖုရားသည် မင်းတုန်းမင်းထံ အပြေးအလွှား သတင်းလာပို့သည်။
– မင်းတုန်းမင်းသည် ထိုင်ရာမှထကာ အတွင်းဆောင်အတွင်းသို့ ဝင်ရောက်သွားသည်။ စလေဒင်၊ ဒေါက်တာဝီလီယံတို့သည် မှူးမတ်အချို့နှင့် ကျန်ရစ်သည်။
– မင်းတုန်းမင်းသည် မိဖုရား နှစ်ပါး သုံးပါး နောက်ပါအချို့နှင့်အတူ ခြေလျင်လျှောက်လျက် မြို့တံတိုင်းအတွင်း ရှိ နန်းမဆောင်သို့ ထွက်ခွာသွားသည်ဟု သိရသည်။
– မင်းတုန်းမင်းလွတ်မြောက်သွားကြောင်း သူပုန်တို့သိပြီးနောက် နန်းမြို့ရိုးဘက်သို့ အပြေးလိုက်သွားကြ၏။
– ထိုအချိန်တွင် ဘုရင့်တပ်သားများ စုစည်းမိပြီး နန်းတော်တံခါးမကြီးကို ပိတ်ဆို့ထားလိုက်သည်။ ဘုရင်တပ်ဖွဲ့နှင့် သူပုန်တို့သည် သန်းခေါင်ယံအချိန်အထိ တိုက်ခိုက်ကြသည်။
– နန်းတော်အတွင်းဝယ် သူပုန်များနှင့် ပြည့်နှက်နေ၏။ စလေဒင်နှင့် အဖွဲ့ နာရီဝက်ခန့် ဖမ်းဆီးခံရသည်။ မြင်ကွန်းမင်းသား၏ အရာရှိက စလေဒင်ကို မှတ်မိသွားပြီး အမြန်ထွက်သွားခိုင်း၏။
– စလေဒင် လွှတ်တော်သို့ရောက်သောအခါ ကနောင်မင်းသား၏ ဦးခေါင်းမဲ့ ရုပ်ကလပ်ကို တွေ့ရသည်။ နန်းတော်အပြင်ဘက်တွင်လည်း မင်းတုန်းမင်း၏ သားတော်သုံးပါး(မလွန်မင်းသား) အလောင်းများကို တွေ့ရသည်။
– စလေဒင်တို့သည် လက်နက်ကိုင်များကြားမှပင် နန်းတော်မှ ထွက်ခဲ့သည်။

စလေဒင်၏ အစီရင်ခံစာတွင် အသတ်ခံရသူ ၉ ဦး ဒါဏ်ရာရသူ ၂ ဦး နှင့် ပျောက်ဆုံးသူ ၁ ဦး တို့၏ အမည်စာရင်းကို ဖော်ပြခဲ့သည်။
ဆိုရသော် ပြည်သူအကျိုး တိုင်းပြည်အကျိုးကို တစ်စက်ကလေးမှ မတွေးပဲ ထင်ရာစိုင်း ထင်တိုင်းကြဲခဲ့သော အဏာရူးတို့၏ လက်ချက်ကြောင့် တိုင်းပြည်ဗိသုကာများ ဆုံးရှုံးခဲ့သည်မှာ ခေါင်းဆောင်တစ်ဦးတည်း လုပ်ကြံခံရခြင်းမဟုတ်ပဲ တိုင်းပြည်နှင့် ပြည်သူကို လုပ်ကြံခြင်းလည်းဖြစ်ရာ စက်မှုနိုင်ငံ တည်ထောင်ကာစမှာပင် တိုင်းပြည်တိုးတက်မှုလည်း တစ်စခန်းရပ်ခဲ့ရပါတော့သည်။
Ref:
မြန်မာ့ဖြစ်ရပ် နောက်ထပ် ၁၀ဝ –
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top