ဗဟုသုတ

ကုိေမာင္ကေလး ကေန စိန္ေဗဒါ အမည္ေၿပာင္းခဲ့ပုံ

စိန္ေဗဒါ ဟု ဆုိလုိက္လွ်င္ ယေန႔အခ်ိန္ထိ ၿမန္မာ့ဆုိင္းေလာက၌ ေနာက္တစ္ေယာက္မရွိႏုိင္သည့္ ပညာရွင္အၿဖစ္လက္ခံထားႀကသည္။ ယေန႔ထိတုိင္ အလွဴမဂၤလာ ဘာသာေရးပြဲမ်ားတြင္ႀကားေနရဆဲၿဖစ္သည့္
“အေရွ႕ကုိေလွ်ာက္ပါလုိ႔… အေနာက္ကုိတဲ့ေမွ်ာ္လုိက္လွ်င္… တံခြန္တုိင္ေရြကုကၠားနဲ႔ ”
သီခ်င္းသည္ ေရွးေၿဗာသီခ်င္းကုိ အေၿခၿပဳ၍ စိန္ေဗဒါ တီထြင္ထားခဲ့ေသာ အလွဴေတးသီခ်င္း ၿဖစ္သည္။ ထုိသီခ်င္းကုိ သူကုိယ္တုိင္တီးကာ ကုိယ္တုိင္ဆုိေလ့ရွိၿပီး “ေၿဗာညြန္႔” သီခ်င္း ဟူ၍ နာမည္ႀကီးခဲ့သည္။ လူသာမရွိေတာ့ေသာ္လည္း သူ႔ဂီတက ရွိေနဆဲၿဖစ္သည္။

စိန္ေဗဒါ၏ အမည္ရင္းမွာ ကုိေမာင္ကေလးၿဖစ္သည္။ ဆုိင္းဆရာႀကီး ဆရာေဖ ႏွင့္ နန္းတြင္းသူ ေဒၚမမေလးတုိ႔က သီေပါမင္း ပါေတာ္မမူမီ သုံးႏွစ္အလုိက မႏၱေလးၿမဳိ႕တြင္ ဖြားၿမင္သည္။

ဖခင္ၿဖစ္သူမွာ သီေပါမင္း၏ အထူးေၿမွာက္စားၿခင္းကုိ ခံရေသာ ဆုိင္းဆရာႀကီးၿဖစ္ကာ ေနမ်ဳိးေက်ာ္ေခါင္ဘြဲ႔ေပးၿခင္းခံရၿပီး ဆီဆုံရြာကုိ စားခဲ့ရပါသည္။ စိန္ဆုိင္း၀ုိင္း တစ္စုံခ်ီးၿမွင့္ၿခင္းခံရသူလည္း ၿဖစ္သည္။

ကုိေမာင္ကေလးသည္ ဂီတပါရမီပါလာသည့္အေလွ်ာက္ ကေလးဘ၀ကပင္ ၁၂ လုံး ဒိုးေခၚ နရီကုိ တီးႏုိင္ခဲ့သည္။ ဖခင္ထံသာမက ဆရာေပ၊ ဦးေက်ာ္ဇံ အစရွိေသာ ဆုိင္းဆရာႀကီးမ်ားထံမွ ပညာကုိ ေလ့လာဆည္းပူးခဲ့ရသၿဖင့္ ၁၆ ႏွစ္ အရြယ္တြင္ ဆုိင္းေခါင္းေဆာင္ၿဖစ္လာသည္။

ရန္ကုန္သုိ႔ ဆင္းလာၿပီး မႀကာမီ ဇာတ္သဘင္ေလာက သရဖူၿဖစ္လာမည့္ မင္းသားကိုဘုိးစိန္ ႏွင့္ တြဲဖက္မိသြားကာ ကုိေမာင္ကေလးကတီး ကိုဘုိးစိန္က ဆုိကၿဖင့္ လူအမ်ားအားေပးၿခင္းကုိခံရသည့္ အတြဲၿဖစ္လာသည္။ သူတုိ႔ႏွစ္ဦးမွာ သက္တူရြယ္မွ်ၿဖစ္ၿပီး တြဲကေလ့ရွိသည့္ ဇာတ္မွာ စူဌာသမာၻ၀ မဟာသမာၻ၀ ဇာတ္ၿဖစ္သည္။ ထုိဇာတ္ကေလတုိင္း ကိုေမာင္ကေလးက ပတ္သြားေပၚ လက္ကြက္စိပ္စိပ္တီးရင္း…
“ေဗဒါ..ေဗဒါ..နင့္ဘူးကို ဘယ္သူခ်ဲ႕တယ္။ ေၿပာဟဲ့ ေဗဒါ.. မိေဗဒါ အစရွိေသာသီခ်င္းကုိ တီးရသည္။ သူ႔လက္သံမွာ အလြန္ေကာင္းလွသၿဖင့္ ရန္ကုန္ပရိသတ္အေပါင္းတုိ႔ အထူးႀကဳိက္ႏွစ္သက္ခဲ့ႀကၿပီး ကုိေမာင္ကေလးမွ ေဗဒါေမာင္ကေလး ဟု အမည္ေပးႀကေလေတာ့သည္။

ကုိေဗဒါ မႏၱေလးသုိ႔ ၿပန္သြားသည့္အခါ မႏၱေလးပရိသတ္အေပါင္းက ဖခင္ၿဖစ္သူ စိန္ဆုိင္းအမႈထမ္း ဆရာေဖ၏ သားၿဖစ္သည္ကုိ အစြဲၿပဳ၍ ေဗဒါေရွ႕တြင္ စိန္ တစ္လုံး ထပ္မံၿဖည့္စြက္ကာ ခ်ီးက်ဴးေခၚေ၀ၚႀကေလသည္။ သုိ႔ၿဖစ္၍ ကိုေမာင္ကေလး မွ စိန္ေဗဒါ ၿဖစ္လာကာ ကိုေမာင္ကေလး ဟူေသာအမည္လည္းေပ်ာက္ကြယ္သြားေတာ့သည္။

Ref
ပထမၿမန္မာမ်ား-မင္းယုေ၀
သိမွတ္ဖြယ္ရာ ၿမန္မာ့လ်ဳိ႕၀ွက္ခ်က္ ၁၀၀ – နႏၵာမုိးႀကယ္

 


ကိုမောင်ကလေး ကနေ စိန်ဗေဒါ အမည်ပြောင်းခဲ့ပုံ (unicode)

စိန်ဗေဒါ ဟု ဆိုလိုက်လျှင် ယနေ့အချိန်ထိ မြန်မာ့ဆိုင်းလောက၌ နောက်တစ်ယောက်မရှိနိုင်သည့် ပညာရှင်အဖြစ်လက်ခံထားကြသည်။ ယနေ့ထိတိုင် အလှူမင်္ဂလာ ဘာသာရေးပွဲများတွင်ကြားနေရဆဲဖြစ်သည့်
“အရှေ့ကိုလျှောက်ပါလို့… အနောက်ကိုတဲ့မျှော်လိုက်လျှင်… တံခွန်တိုင်ရွေကုက္ကားနဲ့ ”
သီချင်းသည် ရှေးဗြောသီချင်းကို အခြေပြု၍ စိန်ဗေဒါ တီထွင်ထားခဲ့သော အလှူတေးသီချင်း ဖြစ်သည်။ ထိုသီချင်းကို သူကိုယ်တိုင်တီးကာ ကိုယ်တိုင်ဆိုလေ့ရှိပြီး “ဗြောညွန့်” သီချင်း ဟူ၍ နာမည်ကြီးခဲ့သည်။ လူသာမရှိတော့သော်လည်း သူ့ဂီတက ရှိနေဆဲဖြစ်သည်။

စိန်ဗေဒါ၏ အမည်ရင်းမှာ ကိုမောင်ကလေးဖြစ်သည်။ ဆိုင်းဆရာကြီး ဆရာဖေ နှင့် နန်းတွင်းသူ ဒေါ်မမလေးတို့က သီပေါမင်း ပါတော်မမူမီ သုံးနှစ်အလိုက မန္တလေးမြို့တွင် ဖွားမြင်သည်။

ဖခင်ဖြစ်သူမှာ သီပေါမင်း၏ အထူးမြှောက်စားခြင်းကို ခံရသော ဆိုင်းဆရာကြီးဖြစ်ကာ နေမျိုးကျော်ခေါင်ဘွဲ့ပေးခြင်းခံရပြီး ဆီဆုံရွာကို စားခဲ့ရပါသည်။ စိန်ဆိုင်းဝိုင်း တစ်စုံချီးမြှင့်ခြင်းခံရသူလည်း ဖြစ်သည်။

ကိုမောင်ကလေးသည် ဂီတပါရမီပါလာသည့်အလျှောက် ကလေးဘဝကပင် ၁၂ လုံး ဒိုးခေါ် နရီကို တီးနိုင်ခဲ့သည်။ ဖခင်ထံသာမက ဆရာပေ၊ ဦးကျော်ဇံ အစရှိသော ဆိုင်းဆရာကြီးများထံမှ ပညာကို လေ့လာဆည်းပူးခဲ့ရသဖြင့် ၁၆ နှစ် အရွယ်တွင် ဆိုင်းခေါင်းဆောင်ဖြစ်လာသည်။

ရန်ကုန်သို့ ဆင်းလာပြီး မကြာမီ ဇာတ်သဘင်လောက သရဖူဖြစ်လာမည့် မင်းသားကိုဘိုးစိန် နှင့် တွဲဖက်မိသွားကာ ကိုမောင်ကလေးကတီး ကိုဘိုးစိန်က ဆိုကဖြင့် လူအများအားပေးခြင်းကိုခံရသည့် အတွဲဖြစ်လာသည်။ သူတို့နှစ်ဦးမှာ သက်တူရွယ်မျှဖြစ်ပြီး တွဲကလေ့ရှိသည့် ဇာတ်မှာ စူဌာသမ္ဘာဝ မဟာသမ္ဘာဝ ဇာတ်ဖြစ်သည်။ ထိုဇာတ်ကလေတိုင်း ကိုမောင်ကလေးက ပတ်သွားပေါ် လက်ကွက်စိပ်စိပ်တီးရင်း…
“ဗေဒါ..ဗေဒါ..နင့်ဘူးကို ဘယ်သူချဲ့တယ်။ ပြောဟဲ့ ဗေဒါ.. မိဗေဒါ အစရှိသောသီချင်းကို တီးရသည်။ သူ့လက်သံမှာ အလွန်ကောင်းလှသဖြင့် ရန်ကုန်ပရိသတ်အပေါင်းတို့ အထူးကြိုက်နှစ်သက်ခဲ့ကြပြီး ကိုမောင်ကလေးမှ ဗေဒါမောင်ကလေး ဟု အမည်ပေးကြလေတော့သည်။

ကိုဗေဒါ မန္တလေးသို့ ပြန်သွားသည့်အခါ မန္တလေးပရိသတ်အပေါင်းက ဖခင်ဖြစ်သူ စိန်ဆိုင်းအမှုထမ်း ဆရာဖေ၏ သားဖြစ်သည်ကို အစွဲပြု၍ ဗေဒါရှေ့တွင် စိန် တစ်လုံး ထပ်မံဖြည့်စွက်ကာ ချီးကျူးခေါ်ဝေါ်ကြလေသည်။ သို့ဖြစ်၍ ကိုမောင်ကလေး မှ စိန်ဗေဒါ ဖြစ်လာကာ ကိုမောင်ကလေး ဟူသောအမည်လည်းပျောက်ကွယ်သွားတော့သည်။

Ref
ပထမမြန်မာများ-မင်းယုဝေ
သိမှတ်ဖွယ်ရာ မြန်မာ့လျို့ဝှက်ချက် ၁၀ဝ – နန္ဒာမိုးကြယ်

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top