ဗဟုသုတ

စစ္သူႀကီးမဟာဗႏၶဳလကို အဂၤလိပ္တုိ႔ ဘာေႀကာင့္ေလးစားခဲ့သလဲ

စစ္သူႀကီး မဟာဗႏၶဳလ ဟု ဆုိလုိက္လွ်င္ ၿမန္မာတၿပည္လုံး မသိသူမရွိ။ ယေန႔ထိတုိင္ ခ်ီးက်ဴးဂုဏ္ၿပဳခံရသူၿဖစ္သည္။ၿမန္မာၿပည္၏ ထင္ရွားေသာေနရာအခ်ဳိ႕တြင္ သူ႔အား အစြဲၿပဳ၍ အမည္ေပးထားသည္။
စစ္သူႀကီး မဟာဗႏၶဳလ၏ ရဲ၀ံ႔ထက္ၿမက္လွေသာ လက္ရုံးရည္ ႏွလုံးရည္ အစြမ္းေႀကာင့္ အဂၤလိပ္တုိ႔ ေလးစားၿခင္းကုိ ခံခဲ့ရသည္။ အဓိကအေလးစားဆုံး ၿဖစ္ရပ္မွာ စစ္သူႀကီး မဟာဗႏၶဳလက အဂၤလိပ္တုိ႔အား ၿပန္ႀကားလုိက္သည့္ စာတစ္ေစာင္ေႀကာင့္ပင္ၿဖစ္သည္။

ထုိစဥ္က အဂၤလိပ္နယ္ခ်ဲ႕တုိ႔၏ အင္အား ႀကီးမားလွေသာ ႀကည္းေႀကာင္း ၊ ေရေႀကာင္း တပ္မ်ားသည္ မဟာဗႏၶဳလဦးေဆာင္ေသာ ဓႏုၿဖဴခံတပ္ကုိ တုိက္ခုိက္ဖ်က္စီးရန္ ၊ ၿပည္ၿမဳိ႕တြင္တပ္စြဲထားေသာ ၿမန္မာ့တပ္မေတာ္ အား ႀကည္းေႀကာင္း ေရေႀကာင္း ႏွစ္ညွပ္တုိက္ရန္ ၊ ၿပည္ၿမဳိ႕ကုိသိမ္းပုိက္ ၿပီးေနာက္ ၿမန္မာဘုရင္ ထီးနန္းစိုက္ရာ အင္း၀ေနၿပည္ေတာ္ကုိ ခ်ီတက္ တုိက္ခုိက္ရန္ စသည္ၿဖင့္ အစီအစဥ္မ်ားေရးဆြဲကာ ဧရာ၀တီၿမစ္ ၿမစ္ေႀကာင္းတစ္ေလွ်ာက္ခ်ီတက္လာခဲ့သည္။ ပထမဆုံး အဂၤလိပ္ဗုိလ္မွဴးခ်ဳပ္ ေကာ့တြန္း ဦးစီးေသာ ေရေႀကာင္းခ်ီ တပ္မႀကီးသည္ ဓႏုၿဖဴၿမဳိ႕အနီး ၂မုိင္အကြာ ဧရာ၀တီၿမစ္ကမ္းပါးေဒသသုိ႔ ေရာက္လာသည္။ ဗုိလ္မွဴးခ်ဳပ္ေကာ့တြန္းတုိ႔ဘက္မွ စစ္သူႀကီး မဟာဗႏၶဳလ၏ ဓႏုၿဖဴခံတပ္ကုိ ၿမင္ေနၿပီၿဖစ္သလုိ မဟာဗႏၶဳလတုိ႔ကလည္း အဂၤလိပ္တုိ႔၏ ေရတပ္သေဘၤာမ်ားကို ၿမင္ေနရၿပီၿဖစ္သည္။ မိမိတုိ႔ အင္အားမွာလြန္စြာမ်ားသၿဖင့္ ဓႏုၿဖဴခံတပ္ရွိ မဟာဗႏၶဳလအား လက္နက္ခ်ရန္ ႏွင့္ လက္နက္မခ်ပါက ၿပင္းထန္စြာတုိက္ခုိက္မည္ၿဖစ္ေႀကာင္း အေႀကာင္းႀကားစာပုိ႔လုိက္ေလသည္။

သုိ႔ေသာ္ စစ္သူႀကီး မဟာဗႏၶဳလဆီမွ ၿပန္လာေသာစာတစ္ေစာင္ေႀကာင့္ ၿမန္မာတုိ႔၏မ်ဳိးခ်စ္စိတ္ဓာတ္ကုိ ေလွ်ာ့တြက္ထားခဲ့ေသာ အဂၤလိပ္တုိ႔မွာ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကုိက္ၿဖစ္ခဲ့သည္။ မဟာဗႏၶဳလအေပၚမွာလည္း မေလးစားပဲ မေနႏုိင္ေအာင္ၿဖစ္ခဲ့ရသည္ ဟုဆုိသည္။ၿမန္မာစစ္သူႀကီး မဟာဗႏၶဳလ၏စာမွာ ယဥ္ေက်းသိမ္ေမြ႔ၿပီး ရဲ၀ံ႔ၿပတ္သားေသာႀကာင့္ ထုိသုိ႔ၿဖစ္ခဲ့ရၿခင္းၿဖစ္သည္။
စစ္သူႀကီး မဟာဗႏၶဳလ၏ ၿပန္စာမွာကား-
“သင္ႏွင့္ ကြ်ႏု္ပ္တုိ႔သည္ မိမိတုိင္းၿပည္အတြက္ အသီးသီးစစ္တုိက္ေနႀကသည္။ ကြ်ႏု္ပ္၏ မယိမ္းမယုိင္ ခုခံတြန္းလွန္မႈကုိ သင္ေတြ႔ၿမင္ေန ရၿပီၿဖစ္သည္။ ကြ်ႏု္ပ္အား တြန္းလွန္ႏုိင္လွ်င္ သင္၏ ဂုဏ္သိကၡာကုိ ထိန္းထားႏုိင္ေပလိမ့္မည္။ မိတ္ေဆြတစ္ဦး အေနၿဖင့္ ဓႏုၿဖဴခံတပ္သုိ႔ လာေရာက္ႀကည့္လုိပါက သင့္ကုိ ကြ်ႏု္ပ္လုိက္လံၿပသပါမည္။ရန္သူ အေနၿဖင့္ လာလုိမူလည္း ကမ္းသုိ႔တက္ၿပီး တပ္ခ်င္း ရင္ဆုိင္ႏုိင္ပါသည္”
ဟူ၍ပင္ၿဖစ္သည္။

Ref;
ေၿခေၿခၿမစ္ၿမစ္ ႏွစ္ႏွစ္ကာကာ ၿမန္မာ့ဗဟုသု ၁၀၀ – နႏၵာမုိးႀကယ္
ၿမန္မာ့စြယ္စုံက်မ္း


စစ်သူကြီးမဟာဗန္ဓုလကို အင်္ဂလိပ်တို့ ဘာကြောင့်လေးစားခဲ့သလဲ (unicode)

စစ်သူကြီး မဟာဗန္ဓုလ ဟု ဆိုလိုက်လျှင် မြန်မာတပြည်လုံး မသိသူမရှိ။ ယနေ့ထိတိုင် ချီးကျူးဂုဏ်ပြုခံရသူဖြစ်သည်။မြန်မာပြည်၏ ထင်ရှားသောနေရာအချို့တွင် သူ့အား အစွဲပြု၍ အမည်ပေးထားသည်။
စစ်သူကြီး မဟာဗန္ဓုလ၏ ရဲဝံ့ထက်မြက်လှသော လက်ရုံးရည် နှလုံးရည် အစွမ်းကြောင့် အင်္ဂလိပ်တို့ လေးစားခြင်းကို ခံခဲ့ရသည်။ အဓိကအလေးစားဆုံး ဖြစ်ရပ်မှာ စစ်သူကြီး မဟာဗန္ဓုလက အင်္ဂလိပ်တို့အား ပြန်ကြားလိုက်သည့် စာတစ်စောင်ကြောင့်ပင်ဖြစ်သည်။

ထိုစဉ်က အင်္ဂလိပ်နယ်ချဲ့တို့၏ အင်အား ကြီးမားလှသော ကြည်းကြောင်း ၊ ရေကြောင်း တပ်များသည် မဟာဗန္ဓုလဦးဆောင်သော ဓနုဖြူခံတပ်ကို တိုက်ခိုက်ဖျက်စီးရန် ၊ ပြည်မြို့တွင်တပ်စွဲထားသော မြန်မာ့တပ်မတော် အား ကြည်းကြောင်း ရေကြောင်း နှစ်ညှပ်တိုက်ရန် ၊ ပြည်မြို့ကိုသိမ်းပိုက် ပြီးနောက် မြန်မာဘုရင် ထီးနန်းစိုက်ရာ အင်းဝနေပြည်တော်ကို ချီတက် တိုက်ခိုက်ရန် စသည်ဖြင့် အစီအစဉ်များရေးဆွဲကာ ဧရာဝတီမြစ် မြစ်ကြောင်းတစ်လျှောက်ချီတက်လာခဲ့သည်။ ပထမဆုံး အင်္ဂလိပ်ဗိုလ်မှူးချုပ် ကော့တွန်း ဦးစီးသော ရေကြောင်းချီ တပ်မကြီးသည် ဓနုဖြူမြို့အနီး ၂မိုင်အကွာ ဧရာဝတီမြစ်ကမ်းပါးဒေသသို့ ရောက်လာသည်။ ဗိုလ်မှူးချုပ်ကော့တွန်းတို့ဘက်မှ စစ်သူကြီး မဟာဗန္ဓုလ၏ ဓနုဖြူခံတပ်ကို မြင်နေပြီဖြစ်သလို မဟာဗန္ဓုလတို့ကလည်း အင်္ဂလိပ်တို့၏ ရေတပ်သင်္ဘောများကို မြင်နေရပြီဖြစ်သည်။ မိမိတို့ အင်အားမှာလွန်စွာများသဖြင့် ဓနုဖြူခံတပ်ရှိ မဟာဗန္ဓုလအား လက်နက်ချရန် နှင့် လက်နက်မချပါက ပြင်းထန်စွာတိုက်ခိုက်မည်ဖြစ်ကြောင်း အကြောင်းကြားစာပို့လိုက်လေသည်။

သို့သော် စစ်သူကြီး မဟာဗန္ဓုလဆီမှ ပြန်လာသောစာတစ်စောင်ကြောင့် မြန်မာတို့၏မျိုးချစ်စိတ်ဓာတ်ကို လျှော့တွက်ထားခဲ့သော အင်္ဂလိပ်တို့မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ခဲ့သည်။ မဟာဗန္ဓုလအပေါ်မှာလည်း မလေးစားပဲ မနေနိုင်အောင်ဖြစ်ခဲ့ရသည် ဟုဆိုသည်။မြန်မာစစ်သူကြီး မဟာဗန္ဓုလ၏စာမှာ ယဉ်ကျေးသိမ်မွေ့ပြီး ရဲဝံ့ပြတ်သားသောကြာင့် ထိုသို့ဖြစ်ခဲ့ရခြင်းဖြစ်သည်။
စစ်သူကြီး မဟာဗန္ဓုလ၏ ပြန်စာမှာကား-
“သင်နှင့် ကျွန်ုပ်တို့သည် မိမိတိုင်းပြည်အတွက် အသီးသီးစစ်တိုက်နေကြသည်။ ကျွန်ုပ်၏ မယိမ်းမယိုင် ခုခံတွန်းလှန်မှုကို သင်တွေ့မြင်နေ ရပြီဖြစ်သည်။ ကျွန်ုပ်အား တွန်းလှန်နိုင်လျှင် သင်၏ ဂုဏ်သိက္ခာကို ထိန်းထားနိုင်ပေလိမ့်မည်။ မိတ်ဆွေတစ်ဦး အနေဖြင့် ဓနုဖြူခံတပ်သို့ လာရောက်ကြည့်လိုပါက သင့်ကို ကျွန်ုပ်လိုက်လံပြသပါမည်။ရန်သူ အနေဖြင့် လာလိုမူလည်း ကမ်းသို့တက်ပြီး တပ်ချင်း ရင်ဆိုင်နိုင်ပါသည်”
ဟူ၍ပင်ဖြစ်သည်။

Ref;
ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသု ၁၀ဝ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top