ဗဟုသုတ

ဒုတိယ သမိန္ဗရမ္း (သုိ႔) မင္းညီတုံး

အင္း၀ဘုရင္ မင္းေခါင္ ႏွင့္ မြန္ဘုရင္ရာဇာဓိရာဇ္လက္ထက္ တရုတ္သူရဲေကာင္း ဂါမဏိႏွင့္ စီးခ်င္းထုိးခဲ့ေသာ မြန္သူရဲေကာင္း သမိန္ဗရမ္းကုိေတာ့ အားလုံးသိၿပီး ၿဖစ္မွာပါ။ အခု သမိန္ဗရမ္းကေတာ့ အင္း၀မင္း သီဟသူ ႏွင့္ မြန္မင္း ဓမၼေစတီတုိ႔လက္ထက္မွာေပၚေပါက္ခဲ့တာ ၿဖစ္ပါတယ္။ နာမည္ရင္းက မင္းညီတုံးၿဖစ္ပါတယ္။

မင္းညီတုံးဟာ မြန္မင္းလက္ေအာက္ခံ မာလာရြာ နဲ႔ ေမာညပ္ရြာကုိ အုပ္ခ်ဳပ္ရတဲ့ သူႀကီးေလာက္ကပုိက္ရဲ႕ သားၿဖစ္ပါတယ္။ အေဖေရာ သားၿဖစ္သူပါ ဓားခုတ္ ၊ လွံထုိး ၊ ေလးပစ္ ၊ ၿမင္းစီး ၊ နပန္း ႏွင့္ သုိင္းအတတ္မ်ားကို ၀ါသနာပါသည့္အၿပင္ အၿမဲမၿပတ္ေလ့က်င့္ေလ့ရွိတာေႀကာင့္ သန္စြမ္းကြ်မ္းက်င္ႀကပါတယ္။ လက္ဖ်ံတစ္လုံးတည္းရွိသူ မင္းညီတုံးမွာ ဒီနယ္တ၀ုိက္တြင္ အသန္စြမ္းဆုံးသူအၿဖစ္ ထင္ရွားပါတယ္။

မင္းညီတုံးသည္ မဟုတ္မခံစိတ္ရွိသူ ၊ အားနည္းသူ ဆင္းရဲသားတုိ႔အား အၿမဲညွာတာ ကူညီတတ္သူ ၿဖစ္သည္။ သူေရွ႕တြင္ရန္ၿဖစ္ေနသည္ ၿဖစ္ေစ ၊ မိဘတုိ႔ကသားသမီးကုိ ရုိက္ႏွက္ေနသည္ၿဖစ္ေစ မင္းညီတုန္းေတြ႔လွ်င္ ႏွစ္ဦးစလုံးကုိ က်ဳံးရုိက္ေလ့ရွိသည္။ ေနာက္ဆုံးေခြးႏွစ္ေကာင္ကုိက္လွ်င္ေတာင္ ႏွစ္ေကာင္စလုံးကုိရုိက္၍ ၿဖန္တတ္သည္။ ဒါေႀကာင့္လည္း မင္းညီတုံးရြာထဲလာၿပီဆုိလွ်င္ မီးကုိေရႏွင့္ သတ္သကဲ့သုိ႔ မည္သူမွ် မလႈပ္၀ံ႔ပါ။

တခါေသာ္ သူႀကီး ေလာက္ကပုိက္သည္ မိမိ၀ါသနာအေလွ်ာက္ နပန္းပြဲ၊ ေလးပစ္ပြဲမ်ားကို မႀကာခဏၿပဳလုပ္ေလ့ရွိရာ မြန္ဘုရင္မ ရွင္ေစာႏွစ္က မယုံႀကည္၍ ပုိက္ညည့္ဆုိသူ ကို ႀကီးမွဴးေစကာ တပ္သားဆယ္ေယာက္လႊတ္ကာ သူႀကီးကုိ ဖမ္းခုိင္းလုိက္ပါတယ္။ လူစုကုိ ဖမ္းရာတြင္ ရုိးရုိးမဖမ္းပဲ အႏုိင့္အထက္ ၿမင္းႏွင့္၀င္တုိက္ကာဖမ္းသၿဖင့္ ရြာသားမ်ားဒါဏ္ရာရကာ ထြက္ေၿပးႀကပါတယ္။ မင္းညီတုံးႀကား၍ ရြာသားမ်ားကိုစုၿပီး ၿပန္တုိက္ေသာ္ ပုိက္ညည့္တုိ႔အား လက္ရဖမ္းဆီးမိသည္။ ထုိ႔ေနာက္မင္းတုိ႔ကုိ ဟံသာ၀တီၿပန္ပုိ႔မည္ဆုိကာ လူတစ္ေယာက္စီကုိ ၿမင္းတစ္ေကာင္စီေပၚတြင္ႀကဳိးႏွင့္တုပ္ကာ ၿမင္းၿမွီးတြင္ ေပထုပ္၊ ယမ္းထုတ္ကို မီးရႈိ႕လႊတ္လုိက္ရာ လမ္းတြင္ သစ္ပင္ခ်ဳံႏြယ္တို႔ႏွင့္ တုိက္မိသၿဖင့္ ေလးေယာက္သာ အသက္ပါသြားပါတယ္။

ၿပီးေနာက္ ရွင္ေစာပု လက္ေအာက္သုိ႔ ၀င္ေရာက္ခုိလႈံရာ ရွင္ေစာပုက အားတက္၍ ေလာက္ကပုိက္ကုိ တပ္မွဴး ၊ မင္းညီတုံးကုိ မင္းဓႏုဘြဲ႔ေပးကာ စစ္ကဲမ်ားခန္႔အပ္ကာ ဟံသာ၀တီကုိတုိက္ေစပါတယ္။ (ထုိစဥ္က ရွင္ေစာပုမွာ ဘုရင္မ မၿဖစ္ေသး ၊ ထီးနန္းကုိယူထားတဲ့ ညီမၿဖစ္သူ ရွင္ေစာႏွစ္ကုိ တုိက္ခုိက္ဖုိ႔ လူစုေနတဲ့အခ်ိန္ပါ)။ မင္းညီတုံးတုိ႔အစြမ္း နဲ႔ အင္အားႀကီးလာတဲ့ ရွင္ေစာပုရဲ႕ အင္အားကုိ မခုခံႏုိင္ေတာ့တဲ့ ညီမၿဖစ္သူ ရွင္ေစာႏွစ္ဟာ ထီးနန္းကုိစြန္႔လႊတ္ခဲ့ရပါတယ္။ ဤသုိ႔ၿဖင့္ ၿမန္မာသကၠရာဇ္ ၈၁၄ခုႏွစ္ တြင္ ရွင္ေစာပုသည္ ဟံသာ၀တီ ထီးနန္းကို တက္ပါေတာ့တယ္။ မင္းညီတုံးသည္လည္း စကၠ၀ါေဒ ၊ ဗရမ္းဟူေသာ ဘြဲ႔မ်ားကိုခ်ီးၿမွင့္ခံရၿပီး လဂြန္းပိုင္ၿမဳိ႕ႏွင့္ က်စ္ေပါၿမဳိ႕မ်ားကို စားခဲ့ရပါတယ္။

တစ္ခါေသာ္ သေဘၤာသားကုလားကုန္သည္တုိ႔သည္ ဒဂုန္ၿမဳိ႕သုိ႔လာကာ “မြန္တုိ႔ၿပည္သည္ ၀ေၿပာသည္၊ မင္းဘုန္းႀကီးသည္ ၊ သူရဲေကာင္းေပါသည္ ႀကား၍ လာပါသည္။ သူရဲေကာင္းခ်င္း တုိက္လုိပါသည္။ ကြ်န္ေတာ္တုိ႔ရႈံးလွ်င္ ကုန္အၿပည့္ႏွင့္ သေဘၤာခုႏွစ္စင္းကုိေပးမည္။ ႏုိင္လွ်င္ သေဘၤာႏွင့္ ကုန္၏ တန္ဖုိးကုိေပးပါ” ဟူ၍ေလွ်ာက္သည္။ ထုိအခါဗရမ္းက တုိက္မည္ဆုိကာ ဓားတစ္လက္ကိုဆြဲၿပီး ခုန္ဆင္းလာခဲ့ပါတယ္။ ကုလားကုန္သည္တုိ႔၏ သူရဲေကာင္းကား လူမဟုတ္ပါ။ အလြန္ႀကီးမား၍ ရက္စက္ႀကမ္းႀကဳတ္ ၀က္၀ံႀကီးတစ္ေကာင္ၿဖစ္ပါတယ္။ ကုလားကုန္သည္တုိ႔က ဗရမ္းတြင္ ဓါးပါ၍ သူတုိ႔သူရဲေကာင္းတြင္ ဓါးမပါဟု ဆုိသည့္အတြက္ ဗရမ္းက ဓါးကုိပစ္ခ်ၿပီး လက္ခ်ည္းတုိက္ခုိက္ပါတယ္။

ဝင္လ်ွင္ဝင္ခ်င္ ဝက္ဝံေျပးခ်ည္း လာသည္ကို ဗရမ္းက လက္ဝဲလက္ကို လွမ္းေပးလိုက္ၿပီး ဝက္ဝံ မကိုက္မိခင္ လက္ယာလက္ျဖင့္ ေအာက္ေမးစပ္ကို ဆြဲငင္လ်က္ လႊဲ၍ ပစ္လိုက္ပါတယ္။ ဝက္ဝံ လဲေသာအခါမွ ဝက္ဝံ၏ ရင္ဘတ္ၾကားကို ေျခႏွင့္ တအားေက်ာက္ကန္ လိုက္ရာ ဝက္ဝံ ေသသြားပါေတာ့တယ္။ ကုလားတို႔ကလည္း ” အၿမိဳ႕ၿမိဳ႕ကို တိုက္လာခဲ့သည္မွာ ေအာင္သည္ ခ်ည္းတည္း။ ဤၿမိဳ႕တြင္မွ ရွံဳးရပေလသည္ ” ဟု ခ်ီးမြမ္းလ်က္ သေဘၤာႏွင့္ ကုန္မ်ားကို ဆက္သပါတယ္။ ဘုရင္မႀကီးက သေဘၤာေလးစင္းအား ဗရမ္းအားေပးကာ က်န္သုံးစင္းကို ကုလားတုိ႔ၿပန္စရာမရွိ၍ ၿပန္လည္ေပးသနားခဲ့ပါတယ္။

ရွင္ေစာပု သမက္ေတာ္ ဓမၼေစတီမင္းလက္ထက္ေရာက္တဲ့အခါ သမိန္ ဟူေသာ ဘြဲ႔ကုိတုိးကာ ‘သမိန္ဗရမ္း’ ဟူေသာအမည္ႏွင့္ စစ္ေတာင္းၿမဳိ႕ကိုစားေစပါတယ္။ တရုတ္နယ္စပ္ ခႏၱီးၿမဳိ႕တြင္ နယ္ၿခားသံတုိင္စုိက္ၿပီးၿပန္အလာ ၿမန္မာမင္းသီဟသူရဲ႕ ဖမ္းဆီးၿခင္းကုိခံလုိက္ရပါတယ္။

တရုတ္တုိ႔က နယ္ၿခားသံတုိင္ကို ၿမန္မာတုိ႔စုိက္သည္ထင္ကာ အင္း၀တြင္ ပ႑ာေတာင္းရာ သီဟသူက ၿငင္းတဲ့အတြက္ သူရဲေကာင္းခ်င္း စီးခ်င္းထုိးဖုိ႔ စိန္ေခၚပါတယ္။ အင္း၀တြင္ တရုတ္သူရဲေကာင္းႏွင့္ ယွဥ္ဖုိ႔သူရဲေကာင္း အဆင္သင့္မရွိဘဲၿဖစ္ေနရာ သမိန္ဗရမ္းက သူထုိးမည္ဆုိ၍ ထုိးေစခဲ့ပါတယ္။ စီးခ်င္းတုိက္ပြဲတြင္ သမိန္ဗရမ္းက တရုတ္သူရဲေကာင္း ဆလုံေက်ာ္ေခါင္ကုိ လွံၿဖင့္ထုိးကာ အက်၌ ေခါင္းၿဖတ္ယူလုိက္တဲ့အခါ တရုတ္စစ္တပ္လည္း သူတုိ႔ကတိအတုိင္း ၿပန္လည္တပ္ဆုတ္သြားပါတယ္။ ဘုရင္သီဟသူကလည္း အလြန္သေဘာက်ကာ သမိန္ဗရမ္းအလုိရွိသည့္အတုိင္း ဟံသ၀တီသုိ႔ အခမ္းအနားႏွင့္ၿပန္လည္ပို႔ေဆာင္ေစပါတယ္။

သမိန္ဗရမ္းသည္ လက္ရုံးရည္သာ မက ပညာရည္၊ ႏႈတ္ရည္လည္းေကာင္းလွသူ ၿဖစ္ပါတယ္။ တစ္ခါေသာ္ ဓမၼေစတီမင္းက သမိန္ဗရမ္းအား မင္းတမန္အၿဖစ္ႏွင့္ ပိဋကတ္သံုးပံုဝယ္ ခက္ခဲနက္နဲေသာ အႏွစ္သာရတို႔ကို ေပါင္း၍ က်မ္းတစ္က်မ္း ျပဳၿပီးလ်ွင္ လက္ေဆာင္အမ်ားႏွင့္တကြ ေစလႊတ္ခဲ့ပါတယ္။ သီဟုိဠ္မင္းေမးေသာ ခဲရာခဲဆစ္ေမးခြန္းမ်ားကုိ အလြယ္တကူေၿဖဆုိႏုိင္ခဲ့ပါတယ္။ မင္းဘုရင္ ႏွင့္ ငါ ဘယ္သူႀကီးၿမတ္သလဲ ဟူေသာေမးခြန္းကို သမိန္ဗရမ္းက အရွင္မင္းႀကီးက ေနမင္းႀကီးႏွင့္ တူ၍ ကြ်ႏု္ပ္အရွင္က လႏွင့္ တူပါတယ္ ဟူေလွ်ာက္ရာ သီဟုိဠ္ဘုရင္က သူ႔အားပုိႀကီးၿမတ္သည္ဟု ေၿပာသည္ အထင္ႏွင့္ ဆုလာဘ္မ်ားခ်ီးၿမွင့္ခဲ့ပါတယ္။

ပဲခူးၿပန္ေရာက္၍ ထုိအေႀကာင္းကုိ ဓမၼေစတီမင္းႀကားေသာ္ ဘာေႀကာင့္ သူ႔အားေနႏွင့္ ႏႈိင္းကာ ငါ့အားလႏွင့္ႏႈိင္းရသလဲ၊ သူ႔ကုိပုိႀကီးၿမတ္တယ္လုိ႔
ေၿပာတာမဟုတ္ဘူးလား လုိ႔ေမးရာ သမိန္ဗရမ္းက ” ေနတို႔သည္ အျခံအရံမရွိ ၊ တစ္ခုတည္းသာ ထြန္းပါသည္။ ထို႔အတူ သီဟိုဠ္ (သီရိလကၤာ) မင္းမွာ ပညာရွိမႉးမတ္ အျခံအရံ မရွိ ၊ ပရိသတ္ နည္းပါးသည္ဟု ေလ်ွာက္ ခဲ့ျခင္း ျဖစ္ပါသည္ ”
” လမွာကား ၾကယ္တာရာ အေပါင္းတို႔ျဖင့္ ျခံရံတင့္တယ္လ်က္ ေကာင္းကင္ အလံုးကို တန္ဆာဆင္ေလ သကဲ့သို႔ အရွင္မင္းႀကီးလည္း ပညာရွိ မႉးမတ္ ပရိသတ္ အေျခြအရံ မ်ားျပားျပည့္စံု တင့္တယ္ျခင္းမ်ား ရွိေၾကာင္းကို
ေလ်ွာက္ခဲ့ျခင္း ျဖစ္ပါသည္ ” ေလွ်ာက္ရာ ဓမၼေစတီမင္းလည္း လြန္စြာ
သေဘာက်ကာ ဆုလာဘ္မ်ားထပ္ၿပီး ခ်ီးၿမွင့္ပါေတာ့တယ္။ ဤသုိ႔ၿဖင့္ လက္ရုံးရည္ ႏွလုံးရည္ႏွင့္ ၿပည့္စုံေသာ သမိန္ဗရမ္းေနာက္တစ္ေယာက္အေႀကာင္းကုိ ဗဟုသုတအၿဖစ္ ေရးသားလုိက္ပါတယ္။

Ref:
ၿမန္မာ႔ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ – အမ်ိဳးသားပညာ၀န္ ဦးဖုိးက်ား
ၿမန္မာ့စြယ္စုံက်မ္း

 


 

ဒုတိယ သမိန်ဗရမ်း (သို့) မင်းညီတုံး (unicode)

အင်းဝဘုရင် မင်းခေါင် နှင့် မွန်ဘုရင်ရာဇာဓိရာဇ်လက်ထက် တရုတ်သူရဲကောင်း ဂါမဏိနှင့် စီးချင်းထိုးခဲ့သော မွန်သူရဲကောင်း သမိန်ဗရမ်းကိုတော့ အားလုံးသိပြီး ဖြစ်မှာပါ။ အခု သမိန်ဗရမ်းကတော့ အင်းဝမင်း သီဟသူ နှင့် မွန်မင်း ဓမ္မစေတီတို့လက်ထက်မှာပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ရင်းက မင်းညီတုံးဖြစ်ပါတယ်။

မင်းညီတုံးဟာ မွန်မင်းလက်အောက်ခံ မာလာရွာ နဲ့ မောညပ်ရွာကို အုပ်ချုပ်ရတဲ့ သူကြီးလောက်ကပိုက်ရဲ့ သားဖြစ်ပါတယ်။ အဖေရော သားဖြစ်သူပါ ဓားခုတ် ၊ လှံထိုး ၊ လေးပစ် ၊ မြင်းစီး ၊ နပန်း နှင့် သိုင်းအတတ်များကို ဝါသနာပါသည့်အပြင် အမြဲမပြတ်လေ့ကျင့်လေ့ရှိတာကြောင့် သန်စွမ်းကျွမ်းကျင်ကြပါတယ်။ လက်ဖျံတစ်လုံးတည်းရှိသူ မင်းညီတုံးမှာ ဒီနယ်တဝိုက်တွင် အသန်စွမ်းဆုံးသူအဖြစ် ထင်ရှားပါတယ်။

မင်းညီတုံးသည် မဟုတ်မခံစိတ်ရှိသူ ၊ အားနည်းသူ ဆင်းရဲသားတို့အား အမြဲညှာတာ ကူညီတတ်သူ ဖြစ်သည်။ သူရှေ့တွင်ရန်ဖြစ်နေသည် ဖြစ်စေ ၊ မိဘတို့ကသားသမီးကို ရိုက်နှက်နေသည်ဖြစ်စေ မင်းညီတုန်းတွေ့လျှင် နှစ်ဦးစလုံးကို ကျုံးရိုက်လေ့ရှိသည်။ နောက်ဆုံးခွေးနှစ်ကောင်ကိုက်လျှင်တောင် နှစ်ကောင်စလုံးကိုရိုက်၍ ဖြန်တတ်သည်။ ဒါကြောင့်လည်း မင်းညီတုံးရွာထဲလာပြီဆိုလျှင် မီးကိုရေနှင့် သတ်သကဲ့သို့ မည်သူမျှ မလှုပ်ဝံ့ပါ။

တခါသော် သူကြီး လောက်ကပိုက်သည် မိမိဝါသနာအလျှောက် နပန်းပွဲ၊ လေးပစ်ပွဲများကို မကြာခဏပြုလုပ်လေ့ရှိရာ မွန်ဘုရင်မ ရှင်စောနှစ်က မယုံကြည်၍ ပိုက်ညည့်ဆိုသူ ကို ကြီးမှူးစေကာ တပ်သားဆယ်ယောက်လွှတ်ကာ သူကြီးကို ဖမ်းခိုင်းလိုက်ပါတယ်။ လူစုကို ဖမ်းရာတွင် ရိုးရိုးမဖမ်းပဲ အနိုင့်အထက် မြင်းနှင့်ဝင်တိုက်ကာဖမ်းသဖြင့် ရွာသားများဒါဏ်ရာရကာ ထွက်ပြေးကြပါတယ်။ မင်းညီတုံးကြား၍ ရွာသားများကိုစုပြီး ပြန်တိုက်သော် ပိုက်ညည့်တို့အား လက်ရဖမ်းဆီးမိသည်။ ထို့နောက်မင်းတို့ကို ဟံသာဝတီပြန်ပို့မည်ဆိုကာ လူတစ်ယောက်စီကို မြင်းတစ်ကောင်စီပေါ်တွင်ကြိုးနှင့်တုပ်ကာ မြင်းမြှီးတွင် ပေထုပ်၊ ယမ်းထုတ်ကို မီးရှို့လွှတ်လိုက်ရာ လမ်းတွင် သစ်ပင်ချုံနွယ်တို့နှင့် တိုက်မိသဖြင့် လေးယောက်သာ အသက်ပါသွားပါတယ်။

ပြီးနောက် ရှင်စောပု လက်အောက်သို့ ဝင်ရောက်ခိုလှုံရာ ရှင်စောပုက အားတက်၍ လောက်ကပိုက်ကို တပ်မှူး ၊ မင်းညီတုံးကို မင်းဓနုဘွဲ့ပေးကာ စစ်ကဲများခန့်အပ်ကာ ဟံသာဝတီကိုတိုက်စေပါတယ်။ (ထိုစဉ်က ရှင်စောပုမှာ ဘုရင်မ မဖြစ်သေး ၊ ထီးနန်းကိုယူထားတဲ့ ညီမဖြစ်သူ ရှင်စောနှစ်ကို တိုက်ခိုက်ဖို့ လူစုနေတဲ့အချိန်ပါ)။ မင်းညီတုံးတို့အစွမ်း နဲ့ အင်အားကြီးလာတဲ့ ရှင်စောပုရဲ့ အင်အားကို မခုခံနိုင်တော့တဲ့ ညီမဖြစ်သူ ရှင်စောနှစ်ဟာ ထီးနန်းကိုစွန့်လွှတ်ခဲ့ရပါတယ်။ ဤသို့ဖြင့် မြန်မာသက္ကရာဇ် ၈၁၄ခုနှစ် တွင် ရှင်စောပုသည် ဟံသာဝတီ ထီးနန်းကို တက်ပါတော့တယ်။ မင်းညီတုံးသည်လည်း စက္ကဝါဒေ ၊ ဗရမ်းဟူသော ဘွဲ့များကိုချီးမြှင့်ခံရပြီး လဂွန်းပိုင်မြို့နှင့် ကျစ်ပေါမြို့များကို စားခဲ့ရပါတယ်။

တစ်ခါသော် သင်္ဘောသားကုလားကုန်သည်တို့သည် ဒဂုန်မြို့သို့လာကာ “မွန်တို့ပြည်သည် ဝပြောသည်၊ မင်းဘုန်းကြီးသည် ၊ သူရဲကောင်းပေါသည် ကြား၍ လာပါသည်။ သူရဲကောင်းချင်း တိုက်လိုပါသည်။ ကျွန်တော်တို့ရှုံးလျှင် ကုန်အပြည့်နှင့် သင်္ဘောခုနှစ်စင်းကိုပေးမည်။ နိုင်လျှင် သင်္ဘောနှင့် ကုန်၏ တန်ဖိုးကိုပေးပါ” ဟူ၍လျှောက်သည်။ ထိုအခါဗရမ်းက တိုက်မည်ဆိုကာ ဓားတစ်လက်ကိုဆွဲပြီး ခုန်ဆင်းလာခဲ့ပါတယ်။ ကုလားကုန်သည်တို့၏ သူရဲကောင်းကား လူမဟုတ်ပါ။ အလွန်ကြီးမား၍ ရက်စက်ကြမ်းကြုတ် ဝက်ဝံကြီးတစ်ကောင်ဖြစ်ပါတယ်။ ကုလားကုန်သည်တို့က ဗရမ်းတွင် ဓါးပါ၍ သူတို့သူရဲကောင်းတွင် ဓါးမပါဟု ဆိုသည့်အတွက် ဗရမ်းက ဓါးကိုပစ်ချပြီး လက်ချည်းတိုက်ခိုက်ပါတယ်။

ဝင်လျှင်ဝင်ချင် ဝက်ဝံပြေးချည်း လာသည်ကို ဗရမ်းက လက်ဝဲလက်ကို လှမ်းပေးလိုက်ပြီး ဝက်ဝံ မကိုက်မိခင် လက်ယာလက်ဖြင့် အောက်မေးစပ်ကို ဆွဲငင်လျက် လွှဲ၍ ပစ်လိုက်ပါတယ်။ ဝက်ဝံ လဲသောအခါမှ ဝက်ဝံ၏ ရင်ဘတ်ကြားကို ခြေနှင့် တအားကျောက်ကန် လိုက်ရာ ဝက်ဝံ သေသွားပါတော့တယ်။ ကုလားတို့ကလည်း ” အမြို့မြို့ကို တိုက်လာခဲ့သည်မှာ အောင်သည် ချည်းတည်း။ ဤမြို့တွင်မှ ရှုံးရပလေသည် ” ဟု ချီးမွမ်းလျက် သင်္ဘောနှင့် ကုန်များကို ဆက်သပါတယ်။ ဘုရင်မကြီးက သင်္ဘောလေးစင်းအား ဗရမ်းအားပေးကာ ကျန်သုံးစင်းကို ကုလားတို့ပြန်စရာမရှိ၍ ပြန်လည်ပေးသနားခဲ့ပါတယ်။

ရှင်စောပု သမက်တော် ဓမ္မစေတီမင်းလက်ထက်ရောက်တဲ့အခါ သမိန် ဟူသော ဘွဲ့ကိုတိုးကာ ‘သမိန်ဗရမ်း’ ဟူသောအမည်နှင့် စစ်တောင်းမြို့ကိုစားစေပါတယ်။ တရုတ်နယ်စပ် ခန္တီးမြို့တွင် နယ်ခြားသံတိုင်စိုက်ပြီးပြန်အလာ မြန်မာမင်းသီဟသူရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။

တရုတ်တို့က နယ်ခြားသံတိုင်ကို မြန်မာတို့စိုက်သည်ထင်ကာ အင်းဝတွင် ပဏ္ဍာတောင်းရာ သီဟသူက ငြင်းတဲ့အတွက် သူရဲကောင်းချင်း စီးချင်းထိုးဖို့ စိန်ခေါ်ပါတယ်။ အင်းဝတွင် တရုတ်သူရဲကောင်းနှင့် ယှဉ်ဖို့သူရဲကောင်း အဆင်သင့်မရှိဘဲဖြစ်နေရာ သမိန်ဗရမ်းက သူထိုးမည်ဆို၍ ထိုးစေခဲ့ပါတယ်။ စီးချင်းတိုက်ပွဲတွင် သမိန်ဗရမ်းက တရုတ်သူရဲကောင်း ဆလုံကျော်ခေါင်ကို လှံဖြင့်ထိုးကာ အကျ၌ ခေါင်းဖြတ်ယူလိုက်တဲ့အခါ တရုတ်စစ်တပ်လည်း သူတို့ကတိအတိုင်း ပြန်လည်တပ်ဆုတ်သွားပါတယ်။ ဘုရင်သီဟသူကလည်း အလွန်သဘောကျကာ သမိန်ဗရမ်းအလိုရှိသည့်အတိုင်း ဟံသဝတီသို့ အခမ်းအနားနှင့်ပြန်လည်ပို့ဆောင်စေပါတယ်။

သမိန်ဗရမ်းသည် လက်ရုံးရည်သာ မက ပညာရည်၊ နှုတ်ရည်လည်းကောင်းလှသူ ဖြစ်ပါတယ်။ တစ်ခါသော် ဓမ္မစေတီမင်းက သမိန်ဗရမ်းအား မင်းတမန်အဖြစ်နှင့် ပိဋကတ်သုံးပုံဝယ် ခက်ခဲနက်နဲသော အနှစ်သာရတို့ကို ပေါင်း၍ ကျမ်းတစ်ကျမ်း ပြုပြီးလျှင် လက်ဆောင်အများနှင့်တကွ စေလွှတ်ခဲ့ပါတယ်။ သီဟိုဠ်မင်းမေးသော ခဲရာခဲဆစ်မေးခွန်းများကို အလွယ်တကူဖြေဆိုနိုင်ခဲ့ပါတယ်။ မင်းဘုရင် နှင့် ငါ ဘယ်သူကြီးမြတ်သလဲ ဟူသောမေးခွန်းကို သမိန်ဗရမ်းက အရှင်မင်းကြီးက နေမင်းကြီးနှင့် တူ၍ ကျွန်ုပ်အရှင်က လနှင့် တူပါတယ် ဟူလျှောက်ရာ သီဟိုဠ်ဘုရင်က သူ့အားပိုကြီးမြတ်သည်ဟု ပြောသည် အထင်နှင့် ဆုလာဘ်များချီးမြှင့်ခဲ့ပါတယ်။

ပဲခူးပြန်ရောက်၍ ထိုအကြောင်းကို ဓမ္မစေတီမင်းကြားသော် ဘာကြောင့် သူ့အားနေနှင့် နှိုင်းကာ ငါ့အားလနှင့်နှိုင်းရသလဲ၊ သူ့ကိုပိုကြီးမြတ်တယ်လို့
ပြောတာမဟုတ်ဘူးလား လို့မေးရာ သမိန်ဗရမ်းက ” နေတို့သည် အခြံအရံမရှိ ၊ တစ်ခုတည်းသာ ထွန်းပါသည်။ ထို့အတူ သီဟိုဠ် (သီရိလင်္ကာ) မင်းမှာ ပညာရှိမှူးမတ် အခြံအရံ မရှိ ၊ ပရိသတ် နည်းပါးသည်ဟု လျှောက် ခဲ့ခြင်း ဖြစ်ပါသည် ”
” လမှာကား ကြယ်တာရာ အပေါင်းတို့ဖြင့် ခြံရံတင့်တယ်လျက် ကောင်းကင် အလုံးကို တန်ဆာဆင်လေ သကဲ့သို့ အရှင်မင်းကြီးလည်း ပညာရှိ မှူးမတ် ပရိသတ် အခြွေအရံ များပြားပြည့်စုံ တင့်တယ်ခြင်းများ ရှိကြောင်းကို
လျှောက်ခဲ့ခြင်း ဖြစ်ပါသည် ” လျှောက်ရာ ဓမ္မစေတီမင်းလည်း လွန်စွာ
သဘောကျကာ ဆုလာဘ်များထပ်ပြီး ချီးမြှင့်ပါတော့တယ်။ ဤသို့ဖြင့် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော သမိန်ဗရမ်းနောက်တစ်ယောက်အကြောင်းကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါတယ်။

Ref:
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – အမျိုးသားပညာဝန် ဦးဖိုးကျား
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top