ဗဟုသုတ

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ အတူက်ဆုံးခဲ့ေသာ စံပယ္

 

လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာက “ေဘြသီဟာ” ဟူေသာ ဝထၳဳသည္ နာမည္ႀကီးခဲ့သည္။ ဒီးဒုတ္ဂ်ာနယ္မွ အခန္းဆက္ေရးခဲ့ၿပီး ေနာက္မွ စာအုပ္ျဖစ္လာသည္။ နန္းတြင္းအခ်စ္ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ၿပီး ဟံသာဝတီဘုရင္မ ရွင္ေစာပုေခတ္ကို ေနာက္ခံထားထားသည္။ သမိုင္းသုေတသီမ်ားက သမိုင္းေၾကာင္းကို လုံးဝမၾကည့္ပဲ လြတ္လြတ္ကၽြတ္ကၽြတ္စိတ္ကူးယဥ္ ေရးဖြဲ႕ထားေသာ သမိုင္းေနာက္ခံ ျမန္မာဝထၳဳျဖစ္သည္ ဟု မွတ္ခ်က္ေပးၾကသည္။ အထုံးအဖြဲ႕မ်ား အရႈပ္အေထြးမ်ားကို တစ္ခုခ်င္းေျဖရွင္းျပသြားေသာ ထိုဝထၳဳကို ေရးသားသူမွာ ‘စံပါယ္’ အမည္ခံစာေရးဆရာျဖစ္သည္။ ထိုဝထၳဳကို ဝင္းဦးက ႐ုပ္ရွင္အျဖစ္ရိုက္ကူးခဲ့ေသာ္လည္း ဇာတ္ကားေပၚထြက္လာျခင္းမရွိခဲ့ေပ။

စံပါယ္ သည္ တျခားသူမဟုတ္။ အာဇာနည္ေခါင္းေဆာင္ႀကီး ဒီးဒုတ္ဦးဘခ်ိဳပင္ျဖစ္သည္။ ဦးဘခ်ိဳအား စာေရးဆရာဟု ေခါင္းစဥ္တပ္ၾကေသာ္လည္း သူသည္စြယ္စုံရပညာရွင္ျဖစ္သည္။ ကမၻာ့ၿငိမ္းခ်မ္းေရးဗိသုကာ ဦးသန္႔ သည္ ဦးဘခ်ိဳ၏ စာအုပ္မ်ားကို မလြတ္တမ္းဖတ္ေလ့ရွိေသာ ဦးဘခ်ိဳ၏ ပရိသတ္ျဖစ္သည္။ ဦးသန္႔က ဦးဘခ်ိဳႏွင့္ပတ္သတ္၍-
“အဂၤလိပ္လူမ်ိဳး အဲ့လ္ဒစ္ဟတ္စေလ ဆိုသူဟာ ဘယ္ဘက္က စမ္းစမ္းရတဲ့သူျဖစ္တယ္။ ဒါေပမယ့္ သူဟာ ဦးဘခ်ိဳေလာက္ေတာ့ စုံမွာမဟုတ္ဘူးလို႔ ကၽြန္ေတာ္ေျပာရဲတယ္” လို႔ေျပာဖူးသည္။
စြယ္စုံရဟု ဆိုရေအာင္ပင္ ဦးဘခ်ိဳသည္ စာေရးျခင္းတြင္သာ မက ကဗ်ာ ၊ ဂီတတို႔ဘက္တြင္လည္း ပိုင္နိုင္သူျဖစ္သည္။ ။ ထိုေခတ္က ျမန္မာ့ဂီတတိုးတက္ေရးအတြက္ ဦးေဆာင္ခဲ့၍ ဂီတဖခင္လို႔လည္း ဦးဘခ်ိဳကိုေခၚၾကသည္။

စာေရးရာတြင္ အေၾကာင္းအရာတစ္ခုတည္းမဟုတ္ပဲ နိုင္ငံေရး ၊ လူမႈေရး ၊ ဂီတ ၊ နကၡတ္ ၊ ေလာကီပညာရပ္မ်ိဳးစုံကို ပိုင္နိုင္စြာေရးနိုင္သူျဖစ္သည္။ ဒါတင္မကေသး ေဆးက်မ္း ၊ အဂၢိရတ္ ၊ ရာဇဝင္သမိုင္း စတဲ့ ေရွးပညာေတြအျပင္ ႐ုပ္ရွင္လုပ္ငန္း ၊ ပန္းခ်ီ ၊ ဓာတ္ပုံ စသည့္ ေခတ္ပညာေတြကိုတည္း တတ္ကၽြမ္းသူျဖစ္သည္။ ထိုစဥ္က ဦးဘခ်ိဳ၏ ဒီးဒုတ္ဂ်ာနယ္မွာ ေရာင္းအားအေကာင္းဆုံး ဂ်ာနယ္ျဖစ္ၿပီး အျမတ္ေငြမ်ားစြာရရွိေသာ္လည္း ဦးဘခ်ိဳမွာ ဘယ္ေတာ့မွေလာက္သည္မရွိ။ ရသမၽွကို ေပးကမ္းပစ္ျခင္းေၾကာင့္ ဝန္ႀကီးျဖစ္သည္အထိ သူ႔မွာ ေျပလည္သည္ဆိုတာမရွိခဲ့ေပ။

အမ်ိဳးသားေရး စိတ္ဓာတ္လည္း ျပင္းထန္သူျဖစ္သည္။ ကိုလိုနီေခတ္တစ္ေလၽွာက္လုံး ရာထူးမ်ားစြာကမ္းလွမ္းခဲ့ေသာ္လည္း ဦးဘခ်ိဳဘယ္ေတာ့မွ လက္မခံပဲ။ အမ်ိဳးသားေရးအတြက္သာ လုပ္ေဆာင္သူျဖစ္သည္။ ကိုယ္တိုင္က အားနာတတ္ေသာ္လည္း မွားလၽွင္မွားေၾကာင္း မွန္လၽွင္မွန္ေၾကာင္း ဆိုရဲသူျဖစ္သည္။ ထိုအခ်ိန္က ၾသဇာအႀကီးမားဆုံးဟု ဆိုရမည့္ သခင္ကိုယ္ေတာ္မွိုင္း၏ မေတာ္တဆအမွားမ်ားကို ေထာက္ျပေလ့ရွိသူမွာ ဦးဘခ်ိဳပင္ျဖစ္သည္။ ကိုယ္က ေရွးလူႀကီး တစ္ဦးျဖစ္ေသာ္လည္း ဗိုလ္ခ်ဳပ္တို႔လိုလူငယ္ေတြႏွင့္ တန္းတူလုပ္ကိုင္နိုင္သည္။

“ဒီးဒုတ္ ဦးဘခ်ိဳသည္ လူေပါင္းလူသင္း အားနာတတ္၍၊ အခ်ိဳ႕ဝါဒသေဘာမ်ားတြင္ (ဥပမာ အင္းအိုင္မႏၲ့ရားလိုက္စားျခင္း) ကၽြန္ေတာ္တို႔ လူငယ္ပိုင္းမ်ားက သေဘာမတူနိုင္ေသာ္လည္း၊ အေခ်ာင္သမားလည္း မဟုတ္၊ သာယာစီးလည္း မဟုတ္၊ ေစ့စပ္ေရးသမားလည္း မဟုတ္၊ မေဖာက္ျပန္ခဲ့ေသာ ေရမေရာသည့္ ဝံသာႏုတဦးျဖစ္တယ္” လို႔ ဗိုလ္ခ်ဳပ္က ဆိုဖူးသည္။

အတိုင္ပင္ခံလႊတ္ေတာ္အမတ္ ၊ ျမန္မာနိုင္ငံဖြဲ႕စည္းပုံ အေျခခံဥပေဒေရးဆြဲေရး ေကာ္မတီဝင္ ၊ ျပန္ၾကားေရးဝန္ႀကီး စသည့္ရာထူးမ်ားကို နိုင္ငံအတြက္ထမ္းေဆာင္ခဲ့ေသာ အာဇာနည္ေခါင္းေဆာင္ႀကီးဦးဘခ်ိဳသည္ ၁၉၄၇ ဇူလိုင္ ၁၉ အသက္ ၅၄ ႏွစ္အရြယ္တြင္ ဗိုလ္ခ်ဳပ္တို႔ႏွင့္အတူ က်ည္ဆန္ ၅ ခ်က္ ထိမွန္ကာ က်ဆုံးသြားခဲ့ရေလသည္။

ကုိးကား-
အမွတ္မွားဆဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀ဝ – ေမာင္ၾကည္သန္႔
သမိုင္းတေကြ႕မွ အာဇာနည္ေခါင္းေဆာင္ႀကီး ဦးဘခ်ိဳ – သန္းဝင္းလွိုင္
ျမန္မာ့စြယ္စုံက်မ္း

 


 

ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူကျဆုံးခဲ့သော စံပယ် (unicode)

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဘွေသီဟာ” ဟူသော ဝထ္ထုသည် နာမည်ကြီးခဲ့သည်။ ဒီးဒုတ်ဂျာနယ်မှ အခန်းဆက်ရေးခဲ့ပြီး နောက်မှ စာအုပ်ဖြစ်လာသည်။ နန်းတွင်းအချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး ဟံသာဝတီဘုရင်မ ရှင်စောပုခေတ်ကို နောက်ခံထားထားသည်။ သမိုင်းသုတေသီများက သမိုင်းကြောင်းကို လုံးဝမကြည့်ပဲ လွတ်လွတ်ကျွတ်ကျွတ်စိတ်ကူးယဉ် ရေးဖွဲ့ထားသော သမိုင်းနောက်ခံ မြန်မာဝထ္ထုဖြစ်သည် ဟု မှတ်ချက်ပေးကြသည်။ အထုံးအဖွဲ့များ အရှုပ်အထွေးများကို တစ်ခုချင်းဖြေရှင်းပြသွားသော ထိုဝထ္ထုကို ရေးသားသူမှာ ‘စံပါယ်’ အမည်ခံစာရေးဆရာဖြစ်သည်။ ထိုဝထ္ထုကို ဝင်းဦးက ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့သော်လည်း ဇာတ်ကားပေါ်ထွက်လာခြင်းမရှိခဲ့ပေ။

စံပါယ် သည် တခြားသူမဟုတ်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုပင်ဖြစ်သည်။ ဦးဘချိုအား စာရေးဆရာဟု ခေါင်းစဉ်တပ်ကြသော်လည်း သူသည်စွယ်စုံရပညာရှင်ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် သည် ဦးဘချို၏ စာအုပ်များကို မလွတ်တမ်းဖတ်လေ့ရှိသော ဦးဘချို၏ ပရိသတ်ဖြစ်သည်။ ဦးသန့်က ဦးဘချိုနှင့်ပတ်သတ်၍-
“အင်္ဂလိပ်လူမျိုး အဲ့လ်ဒစ်ဟတ်စလေ ဆိုသူဟာ ဘယ်ဘက်က စမ်းစမ်းရတဲ့သူဖြစ်တယ်။ ဒါပေမယ့် သူဟာ ဦးဘချိုလောက်တော့ စုံမှာမဟုတ်ဘူးလို့ ကျွန်တော်ပြောရဲတယ်” လို့ပြောဖူးသည်။
စွယ်စုံရဟု ဆိုရအောင်ပင် ဦးဘချိုသည် စာရေးခြင်းတွင်သာ မက ကဗျာ ၊ ဂီတတို့ဘက်တွင်လည်း ပိုင်နိုင်သူဖြစ်သည်။ ။ ထိုခေတ်က မြန်မာ့ဂီတတိုးတက်ရေးအတွက် ဦးဆောင်ခဲ့၍ ဂီတဖခင်လို့လည်း ဦးဘချိုကိုခေါ်ကြသည်။

စာရေးရာတွင် အကြောင်းအရာတစ်ခုတည်းမဟုတ်ပဲ နိုင်ငံရေး ၊ လူမှုရေး ၊ ဂီတ ၊ နက္ခတ် ၊ လောကီပညာရပ်မျိုးစုံကို ပိုင်နိုင်စွာရေးနိုင်သူဖြစ်သည်။ ဒါတင်မကသေး ဆေးကျမ်း ၊ အဂ္ဂိရတ် ၊ ရာဇဝင်သမိုင်း စတဲ့ ရှေးပညာတွေအပြင် ရုပ်ရှင်လုပ်ငန်း ၊ ပန်းချီ ၊ ဓာတ်ပုံ စသည့် ခေတ်ပညာတွေကိုတည်း တတ်ကျွမ်းသူဖြစ်သည်။ ထိုစဉ်က ဦးဘချို၏ ဒီးဒုတ်ဂျာနယ်မှာ ရောင်းအားအကောင်းဆုံး ဂျာနယ်ဖြစ်ပြီး အမြတ်ငွေများစွာရရှိသော်လည်း ဦးဘချိုမှာ ဘယ်တော့မှလောက်သည်မရှိ။ ရသမျှကို ပေးကမ်းပစ်ခြင်းကြောင့် ဝန်ကြီးဖြစ်သည်အထိ သူ့မှာ ပြေလည်သည်ဆိုတာမရှိခဲ့ပေ။

အမျိုးသားရေး စိတ်ဓာတ်လည်း ပြင်းထန်သူဖြစ်သည်။ ကိုလိုနီခေတ်တစ်လျှောက်လုံး ရာထူးများစွာကမ်းလှမ်းခဲ့သော်လည်း ဦးဘချိုဘယ်တော့မှ လက်မခံပဲ။ အမျိုးသားရေးအတွက်သာ လုပ်ဆောင်သူဖြစ်သည်။ ကိုယ်တိုင်က အားနာတတ်သော်လည်း မှားလျှင်မှားကြောင်း မှန်လျှင်မှန်ကြောင်း ဆိုရဲသူဖြစ်သည်။ ထိုအချိန်က သြဇာအကြီးမားဆုံးဟု ဆိုရမည့် သခင်ကိုယ်တော်မှိုင်း၏ မတော်တဆအမှားများကို ထောက်ပြလေ့ရှိသူမှာ ဦးဘချိုပင်ဖြစ်သည်။ ကိုယ်က ရှေးလူကြီး တစ်ဦးဖြစ်သော်လည်း ဗိုလ်ချုပ်တို့လိုလူငယ်တွေနှင့် တန်းတူလုပ်ကိုင်နိုင်သည်။

“ဒီးဒုတ် ဦးဘချိုသည် လူပေါင်းလူသင်း အားနာတတ်၍၊ အချို့ဝါဒသဘောများတွင် (ဥပမာ အင်းအိုင်မန္တ့ရားလိုက်စားခြင်း) ကျွန်တော်တို့ လူငယ်ပိုင်းများက သဘောမတူနိုင်သော်လည်း၊ အချောင်သမားလည်း မဟုတ်၊ သာယာစီးလည်း မဟုတ်၊ စေ့စပ်ရေးသမားလည်း မဟုတ်၊ မဖောက်ပြန်ခဲ့သော ရေမရောသည့် ဝံသာနုတဦးဖြစ်တယ်” လို့ ဗိုလ်ချုပ်က ဆိုဖူးသည်။

အတိုင်ပင်ခံလွှတ်တော်အမတ် ၊ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင် ၊ ပြန်ကြားရေးဝန်ကြီး စသည့်ရာထူးများကို နိုင်ငံအတွက်ထမ်းဆောင်ခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးဦးဘချိုသည် ၁၉၄၇ ဇူလိုင် ၁၉ အသက် ၅၄ နှစ်အရွယ်တွင် ဗိုလ်ချုပ်တို့နှင့်အတူ ကျည်ဆန် ၅ ချက် ထိမှန်ကာ ကျဆုံးသွားခဲ့ရလေသည်။

ကိုးကား-
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
သမိုင်းတကွေ့မှ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘချို – သန်းဝင်းလှိုင်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top