ဗဟုသုတ

ဗိုလ္ခ်ဳပ္ ႏွင့္ စစ္၀တ္စုံ

တစ္ေန႔ညေန..
အၿခားအရာရွိမ်ား ရုံးဆင္းသြားႀကေသာ္လည္း ဗုိလ္ခ်ဳပ္ေအာင္ဆန္းမွာ မူရုံးမဆင္းေသးပဲ သူ႔ရုံးခန္းထဲ၌ တကုပ္ကုပ္ႏွင့္ အလုပ္ရႈပ္ေနခဲ့သည္။ ထုိစဥ္ စစ္၀တ္စုံ ယူနီေဖာင္း လာခ်ေပးေသာ ရဲေဘာ္မ်ားႏွင့္ လက္ခံသူ ရဲေဘာ္အရာရွိမ်ား၏ ညံဖ်င္းေသာစစ္၀တ္စုံအေပၚ ေ၀ဖန္သံ ၊ ကဲ့ရဲ႕သံ ၊ ဟားတုိက္ရယ္ေမာ ပ်က္လုံးထုတ္သံမ်ားကုိ ဗုိလ္ခ်ဳပ္ႀကားလုိက္ရ၏။ အစပထမသည္းခံေနေသးေသာ္လည္း အဆက္မၿပတ္အသံမ်ားေႀကာင့္ တၿဖည္းၿဖည္းေဒါသထြက္လာၿပီး ေနာက္ဆုံးအႀကီးအက်ယ္ေပါက္ကြဲခဲ့ရသည္။

သုိ႔ၿဖင့္ အနီး၌ရွိေနေသာ ဗုိလ္တာရာအား ထုိရဲေဘာ္အရာရွိမ်ားကို သြားေခၚေစခဲ့သည္။ ဗုိလ္ခ်ဳပ္ရွိေနမွန္းမသိ၍ ေၿပာမိေသာ ရဲေဘာ္အရာရွိမ်ား၏ မ်က္ႏွာမွာ ဗုိလ္ခ်ဳပ္ေရွ႕တြင္ ေသြးမရွိေတာ့။
“မင္းတုိ႔ဘာေကာင္ေတြတုန္းကြ..ဟင္ ၊ ေဟ့ ငါေမးတာ မႀကားဖူးလား” စူးစူး၀ါး၀ါးေမးလုိက္ေသာ ဗိုလ္ခ်ဳပ္အသံသည္ ဘီအုိင္ေအဌာနခ်ဳပ္တစ္ခုလုံး လႊမ္းမုိးသြားေတာ့သည္။
“ကြ်န္ေတာ္တုိ႔ စစ္၀တ္စုံေတြ ညံ့တယ္လုိ႔ေ၀ဖန္မိပါတယ္ဗိုလ္ခ်ဳပ္”
ဗုိလ္အဆင့္ရွိသူ တာ၀န္ခံက အရဲစြန္႔၍ ေၿဖသည္။
“ဘာကြ…စစ္၀တ္စုံ ညံ့တယ္ ၊ ႀကမ္းတယ္ ၊ လက္ေတာင္မသုတ္ခ်င္ဘူး.. ဟုတ္လား။ မင္းတုိ႔ ငါအုပ္ခ်ဳပ္ေနတဲ့ တပ္ထဲက အခုထြက္။ ခုထြက္ ။ အလကား ေကာင္ေတြ ။ ႏြားေတြ ။ တုိ႔ရဲေဘာ္ေတြ ယုိးဒယားကေန ဒီအထိ ရန္သူကုိ ရင္ဆုိင္တုိက္ခုိက္ခဲ့ႀကတာ မွတ္မွတ္ရရဘယ္၀တ္စုံေတြ ၀တ္ၿပီး တုိက္ပြဲ၀င္ခဲ့ႀကသလဲ ၊ ေၿပာႀကစမ္း”
“မင္းတုိ႔က အခုမွ ယူနီေဖာင္းေလး ဘာေလး ၊ စစ္၀တ္စုံေလးနဲ႔ ႀကီးႀကီးက်ယ္က်ယ္လုပ္လုိ႔ကြာ ၊ ေဟ့ တုိင္းၿပည္နဲ႔ လူမ်ဳိးအတြက္ စစ္၀တ္စုံမရွိလုိ႔ ခါးေတာင္းက်ဳိက္တုိက္ရေရာ ဘာၿဖစ္ေသးလဲ။ စစ္တုိက္ႏုိင္ဖုိ႔က အဓိကကြ။ ခုေတာ့ တုိက္ပြဲမွာက်ခဲ့တဲ့ ရဲေဘာ္ရဲဘက္ေတြရဲ႕ မ်က္ႏွာကိုေတာင္ မေထာက္ပဲ သစၥာေဖာက္တဲ့ေကာင္ေတြ မင္းတုိ႔ကုိ ငါ့တပ္ကထုတ္ပစ္ရမယ္”
အႀကိမ္းခံရသူ ဗုိလ္ ၊ အႀကပ္ ၊ စစ္သားမ်ားမွာ မ်က္ရည္က်သူက် ၊ ဒူးခ်င္းရုိက္သူရုိက္ကာ အေတာ္စိတ္ထိခုိက္ေနႀကသည္။

“ေအး..မင္းတုိ႔မွတ္ထား ၊ ငါတုိ႔တပ္မေတာ္ဟာ ၿပည္သူလူထုရဲ႕ သားသမီးေတြဆုိတာ ႀကည့္လုိက္စမ္း ။ တုိ႔ၿပည္သူေတြဟာ စစ္ေဘးဒဏ္သင့္ၿပီး တစ္ဖက္မွာ ငပု(ဂ်ပန္) ေတြက ေတြ႔ကရာဆြဲယူ ၊ အႏုိင္က်င့္ခ်င္တုိင္း အက်င့္ခံေနရတဲ့ ဘ၀မွာ မင္းတုိ႔လုိအေကာင္ေတြက ယူနီေဖာင္းအသစ္နဲ႔ ဇိမ္ခံခ်င္ႀကတယ္။ လူထုဟာ ၀တ္စရာ ပုဆုိး ၊ အကၤ်ီပုဆုိး မရွိတဲ့ဘ၀မွာ မင္းတုိ႔လုိ အလုိက္ကမ္းဆုိးမသိတဲ့ အေကာင္မုိက္ေတြက စစ္၀တ္စုံ အေကာင္းေတြ ၀တ္ခ်င္ႀကတယ္။
မွတ္ထား… ဒီလုိစိတ္မ်ဳိး ၊ အၿမင္မ်ဳိး ၊ အက်င့္မ်ဳိးေတြ ရွိေနသမွ် ငါေမွ်ာ္မွန္းထားတဲ့ ၿပည္သူ႔တပ္မေတာ္ နဲ႔ေတာ့ ေ၀းပါေသးတယ္ကြာ ။ ရွက္စရာသိပ္ေကာင္းတယ္။ မင္းတုိ႔ၿပည္သူလူထုအတြက္ စစ္တုိက္ေန
တယ္ ဆုိတာ အလကားပဲ”

“မွားပါၿပီ ဗုိလ္ခ်ဳပ္ ၊ ေနာင္တရပါၿပီ” အရာရွိႏွစ္ေယာက္ ငုိသံမ်ားၿဖင့္ ေတာင္းပန္ႀကသည္။
“ငါဘယ္လုိ၀တ္ထားသလဲ ႀကည့္စမ္း။ မင္းတုိ႔ နဲ႔ ဘာၿခားလုိ႔လဲ။ မင္းတုိ႔ကမွ ႀကီးႀကီးက်ယ္က်ယ္ေတြ လုပ္လုိ႔ကြာ” ဗုိလ္ခ်ဳပ္က ေဟာင္ႏြမ္းေနေသာ သူအကၤ်ီကုိ တဘုန္းဘုန္းပုတ္ကာ ဆုိသည္။ အကၤ်ီမွာ ရာသီဥတုဒဏ္ေႀကာင့္ အေရာင္လြင့္ကာ အၿဖဴဘက္သုိ႔ေရာက္ေနေပၿပီ။
“မွတ္ထား ငါ့တပ္ထဲမွာ အခြင့္အေရးယူခ်င္တဲ့အေကာင္ တစ္ေကာင္မွ မရွိရဘူး၊ မပါေစရဘူး။ လူထုငတ္ရင္ အားလုံးငတ္ရမယ္။ လူထုဆင္းရဲရင္ အားလုံး ဆင္းရဲရင္ တုိ႔ရဲေဘာ္ေတြအားလုံးလည္း ဆင္းရဲမယ္။ ငါတုိ႔တစ္ေတြ တည္ေထာင္ခဲ့တဲ့ တပ္မေတာ္ႀကီးဟာ ဒီ၀ါဒ ၊ ဒီလုိအမိန္႔ေတြနဲ႔ ခ်ီတက္ဖုိ႔ သိပ္အေရးႀကီးတယ္ ၊ ခုေတာ့..မင္းတုိ႔အေကာင္ေတြကြာ.. ငါလုိက္ၿပီးကန္လုိက္ရရင္ေတာ့ကြာ” ဟူ၍ ႀကိမ္းေမာင္းခဲ့ပါေတာ့သည္။

Ref
သိသင့္သိစရာ သမုိင္း၀င္ၿဖစ္ရပ္မ်ားစြာ – နႏၵာမုိးႀကယ္

 


 

ဗိုလ်ချုပ် နှင့် စစ်ဝတ်စုံ (unicode)

တစ်နေ့ညနေ..
အခြားအရာရှိများ ရုံးဆင်းသွားကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းမှာ မူရုံးမဆင်းသေးပဲ သူ့ရုံးခန်းထဲ၌ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေခဲ့သည်။ ထိုစဉ် စစ်ဝတ်စုံ ယူနီဖောင်း လာချပေးသော ရဲဘော်များနှင့် လက်ခံသူ ရဲဘော်အရာရှိများ၏ ညံဖျင်းသောစစ်ဝတ်စုံအပေါ် ဝေဖန်သံ ၊ ကဲ့ရဲ့သံ ၊ ဟားတိုက်ရယ်မော ပျက်လုံးထုတ်သံများကို ဗိုလ်ချုပ်ကြားလိုက်ရ၏။ အစပထမသည်းခံနေသေးသော်လည်း အဆက်မပြတ်အသံများကြောင့် တဖြည်းဖြည်းဒေါသထွက်လာပြီး နောက်ဆုံးအကြီးအကျယ်ပေါက်ကွဲခဲ့ရသည်။

သို့ဖြင့် အနီး၌ရှိနေသော ဗိုလ်တာရာအား ထိုရဲဘော်အရာရှိများကို သွားခေါ်စေခဲ့သည်။ ဗိုလ်ချုပ်ရှိနေမှန်းမသိ၍ ပြောမိသော ရဲဘော်အရာရှိများ၏ မျက်နှာမှာ ဗိုလ်ချုပ်ရှေ့တွင် သွေးမရှိတော့။
“မင်းတို့ဘာကောင်တွေတုန်းကွ..ဟင် ၊ ဟေ့ ငါမေးတာ မကြားဖူးလား” စူးစူးဝါးဝါးမေးလိုက်သော ဗိုလ်ချုပ်အသံသည် ဘီအိုင်အေဌာနချုပ်တစ်ခုလုံး လွှမ်းမိုးသွားတော့သည်။
“ကျွန်တော်တို့ စစ်ဝတ်စုံတွေ ညံ့တယ်လို့ဝေဖန်မိပါတယ်ဗိုလ်ချုပ်”
ဗိုလ်အဆင့်ရှိသူ တာဝန်ခံက အရဲစွန့်၍ ဖြေသည်။
“ဘာကွ…စစ်ဝတ်စုံ ညံ့တယ် ၊ ကြမ်းတယ် ၊ လက်တောင်မသုတ်ချင်ဘူး.. ဟုတ်လား။ မင်းတို့ ငါအုပ်ချုပ်နေတဲ့ တပ်ထဲက အခုထွက်။ ခုထွက် ။ အလကား ကောင်တွေ ။ နွားတွေ ။ တို့ရဲဘော်တွေ ယိုးဒယားကနေ ဒီအထိ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာ မှတ်မှတ်ရရဘယ်ဝတ်စုံတွေ ဝတ်ပြီး တိုက်ပွဲဝင်ခဲ့ကြသလဲ ၊ ပြောကြစမ်း”
“မင်းတို့က အခုမှ ယူနီဖောင်းလေး ဘာလေး ၊ စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ ၊ ဟေ့ တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်ဝတ်စုံမရှိလို့ ခါးတောင်းကျိုက်တိုက်ရရော ဘာဖြစ်သေးလဲ။ စစ်တိုက်နိုင်ဖို့က အဓိကကွ။ ခုတော့ တိုက်ပွဲမှာကျခဲ့တဲ့ ရဲဘော်ရဲဘက်တွေရဲ့ မျက်နှာကိုတောင် မထောက်ပဲ သစ္စာဖောက်တဲ့ကောင်တွေ မင်းတို့ကို ငါ့တပ်ကထုတ်ပစ်ရမယ်”
အကြိမ်းခံရသူ ဗိုလ် ၊ အကြပ် ၊ စစ်သားများမှာ မျက်ရည်ကျသူကျ ၊ ဒူးချင်းရိုက်သူရိုက်ကာ အတော်စိတ်ထိခိုက်နေကြသည်။

“အေး..မင်းတို့မှတ်ထား ၊ ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ သားသမီးတွေဆိုတာ ကြည့်လိုက်စမ်း ။ တို့ပြည်သူတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်မှာ ငပု(ဂျပန်) တွေက တွေ့ကရာဆွဲယူ ၊ အနိုင်ကျင့်ချင်တိုင်း အကျင့်ခံနေရတဲ့ ဘဝမှာ မင်းတို့လိုအကောင်တွေက ယူနီဖောင်းအသစ်နဲ့ ဇိမ်ခံချင်ကြတယ်။ လူထုဟာ ဝတ်စရာ ပုဆိုး ၊ အင်္ကျီပုဆိုး မရှိတဲ့ဘဝမှာ မင်းတို့လို အလိုက်ကမ်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံ အကောင်းတွေ ဝတ်ချင်ကြတယ်။
မှတ်ထား… ဒီလိုစိတ်မျိုး ၊ အမြင်မျိုး ၊ အကျင့်မျိုးတွေ ရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော် နဲ့တော့ ဝေးပါသေးတယ်ကွာ ။ ရှက်စရာသိပ်ကောင်းတယ်။ မင်းတို့ပြည်သူလူထုအတွက် စစ်တိုက်နေ
တယ် ဆိုတာ အလကားပဲ”

“မှားပါပြီ ဗိုလ်ချုပ် ၊ နောင်တရပါပြီ” အရာရှိနှစ်ယောက် ငိုသံများဖြင့် တောင်းပန်ကြသည်။
“ငါဘယ်လိုဝတ်ထားသလဲ ကြည့်စမ်း။ မင်းတို့ နဲ့ ဘာခြားလို့လဲ။ မင်းတို့ကမှ ကြီးကြီးကျယ်ကျယ်တွေ လုပ်လို့ကွာ” ဗိုလ်ချုပ်က ဟောင်နွမ်းနေသော သူအင်္ကျီကို တဘုန်းဘုန်းပုတ်ကာ ဆိုသည်။ အင်္ကျီမှာ ရာသီဥတုဒဏ်ကြောင့် အရောင်လွင့်ကာ အဖြူဘက်သို့ရောက်နေပေပြီ။
“မှတ်ထား ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင် တစ်ကောင်မှ မရှိရဘူး၊ မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်ရမယ်။ လူထုဆင်းရဲရင် အားလုံး ဆင်းရဲရင် တို့ရဲဘော်တွေအားလုံးလည်း ဆင်းရဲမယ်။ ငါတို့တစ်တွေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒ ၊ ဒီလိုအမိန့်တွေနဲ့ ချီတက်ဖို့ သိပ်အရေးကြီးတယ် ၊ ခုတော့..မင်းတို့အကောင်တွေကွာ.. ငါလိုက်ပြီးကန်လိုက်ရရင်တော့ကွာ” ဟူ၍ ကြိမ်းမောင်းခဲ့ပါတော့သည်။

Ref
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top