ဗဟုသုတ

ဗိုလ္ခ်ဳပ္ ႏွင့္ ရဲေဘာ္ေလးေယာက္

ဆိုင္းသံ ဗုံသံတုိ႕ဆူညံေနေသာ သီတင္းကၽြတ္ပြဲေတာ္ တစ္ခုမွာ ဗိုလ္တာရာ ၊ ဗိုလ္ရဲထြဋ္ ၊ ဗုိလ္ဇင္ေယာ္ ၊ ဗိုလ္မင္းေရာင္ အစ ရွိတဲ့ ရဲေဘာ္မ်ား စုျပီး ၀ါကြ်တ္သီတင္းကၽြတ္ပြဲလ ကန္ေတာ့စရာ လက္ေဆာင္မ်ား နဲ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ႕ ေနအိမ္ ကို သြားခဲ ့ၾကပါတယ္။

ဗိုလ္ခ်ဳပ္က ဆိုဖာေပၚမွာ စာအုပ္တစ္အုပ္ကို အခံ့သားဖတ္ေနတယ္။ သူတို ့အားလုံး ဗိုလ္ခ်ဳပ္ကို တန္းစီအေလးျပဳလိုက္ၾကတယ္။ ဗိုလ္ခ်ဳပ္က သူက ဖတ္ေနတဲ့ စာအုပ္ကို အသာေဘးဖယ္လိုက္ျပီး မ်က္ႏွာထားတင္းတင္းနဲ႕
`ေဟ့ေကာင္ေတြ မင္းတုိ႕ကိုယ္မင္းတုိ႕ ျပန္ၾကည့္စမး္“ လို ့ ေငါက္လို္က္တယ္။ (အားလုံး ပိုးလုံျခည္ တုိက္ပုံအက်ၤ ီနဲ႕ စတိုင္ထုတ္ျပီး မွ လာကန္ေတာ့ ၾကျခင္းပါ။)
ျပီးမွ “ထြီ“ဟု ေဆာင့္ၾကီး ေအာင့္ၾကီးႏွင့္ တံေတြးေထြးလုိက္ျပီး “မင္းတုိ႕ တပ္မႈးၾကီးေတြ လုပ္ေနတယ္ ဘာမွမစဥ္းစားဘူး — ရဲေဘာ္ေလးေတြမွာေတာ့ ယူနီေဖာင္းအစုတ္စုတ္ ၊ မင္းတုိ႕ကေတာ့ ပိုးလုံးျခည္တေျပာင္ေျပာင္ သူတို႕စိတ္ထဲ ဘယ္လုိေနၾကမလဲ စဥ္းစားၾကည့္စမ္း “
ေလးေယာက္သား မွာ ကိုယ့္ခ်ိဳ႕ယြင္းခ်က္ အမွားကို သိရသျဖင့္ မ်က္ႏွာမထားတတ္ေအာင္ ျဖစ္သြားၾကတယ္။

“ခု သြား ငါ့အိမ္ခန္းထဲမွာ -ငါ့ယူနီေဖာင္းေတြ သြားဝတ္ျပီးမွ ငါ့ကို လာကန္ေတာ့ ကိုင္း——အခုသြားလဲၾက။ မင္းတုိ႔ လုံခ်ည္ အက်ၤ ီေတြ အကုန္ခၽြတ္ျပစ္ခဲ့–“
ဗိုလ္ခ်ဳပ္အမိန္႕ေၾကာင့္ အခန္းထဲသို႕ အျမန္လစ္ျပီး သူရဲ ႕ ဘီရိုေသတၱာကို အျမန္ဖြင့္ ေနတဲ့ ဗိုလ္မင္းေရာင္က ႏွာေခါင္းတရႈံႈ႕ရႈံ႕ ျဖစ္ေနျပီး “ေဟ့ ခ်ဥ္ေစာ္ၾကီး နံေနတယ္ကြ“လို ့ေျပာရင္း ဘီရိုထဲမွ စုပုံထားတဲ့ ျဖစ္ကတတ္ဆန္း မေလွ်ာ္မဖြတ္ဘဲ ဂရုမစိုက္ထားတဲ႕ ခ်ဥ္ေစာ္နံ“ယူနီေဖာင္းမ်ားကို မတန္႕တတန္ ဝတ္ကာ ဗိုလ္ခ်ဳပ္ေရွ႕သို႕ တန္းစီခဲ့ၾကတယ္။

မ်က္ေမွာင္ကုတ္ေနတဲ့ဗုိလ္ခ်ဳပ္ ခပ္ျပဳံးျပဳံးၾကီးျဖစ္လာျပီး “ေအး ကန္ေတာ့ၾက ကန္ေတာ့ၾက ျပီးရင္ ဒီအတုိင္းျပန္ မင္းတုိ႕ေသာက္သုံးမက်တဲ့ လုံျခည္ေတြ တခုမွျပန္မယူနဲ႕ ၾကားလား–“

ကန္ေတာ့ေကာင္းလြန္း တဲ့ ရဲေဘာ္ တုိ႕ ပိုးလုံျခည္ အက်ၤ ီေတြ ဆုံးခဲ့ရျပီ။ အခ်ိဳးမက်ဂြတတ မတန္႕တတန္ ယူနီေဖာင္းေတြေၾကာင့္ ရဲေဘာ္ေလးေယာက္ ကိုယ့္အိမ္အေရာက္ ေလရဲ ့လွ်င္ျမန္ႏႈံးႏွႈင့္အတူ သုတ္ေျခတင္ခဲ့ရပါေတာ့တယ္။

လူမွာ အဝတ္ေတာင္းမွာအကြပ္” ဆုိေသာ ျမန္မာဆုိ႐ုိး စကားတစ္ခုရွိ ေသာ္လည္း အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗုိလ္ခ်ဳပ္ေအာင္ဆန္း ကေတာ့ ထုိစကားရပ္ကုိ အမႈမထားခဲ့သူ ျဖစ္ပါတယ္။ ဝတ္စားပလႊားျခင္းဟာ အပုိအလုပ္လို ့ သူကမွတ္ယူထားပါတယ္။ အဝတ္အစားနဲ႕ ပတ္သက္ျပီး ဟန္ေရးျပဂုဏ္တု ဂုဏ္ၿပဳိင္လုပ္ျခင္းမ်ား ကုိလည္း အလြန္စက္ဆုပ္သူ ျဖစ္ေၾကာင္း ရဲေဘာ္ ေလးေယာက္ ရဲ ့အျဖစ္ က သက္ေသျပေနပါေတာ့တယ္။ ။

ကိုးကား
ဗုိလ္ခ်ဳပ္ႏွင့္ ကၽြန္ေတာ္ (ဗိုလ္တာရာ)


ဗိုလ်ချုပ် နှင့် ရဲဘော်လေးယောက် (unicode)

ဆိုင်းသံ ဗုံသံတို့ဆူညံနေသော သီတင်းကျွတ်ပွဲတော် တစ်ခုမှာ ဗိုလ်တာရာ ၊ ဗိုလ်ရဲထွဋ် ၊ ဗိုလ်ဇင်ယော် ၊ ဗိုလ်မင်းရောင် အစ ရှိတဲ့ ရဲဘော်များ စုပြီး ဝါကျွတ်သီတင်းကျွတ်ပွဲလ ကန်တော့စရာ လက်ဆောင်များ နဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နေအိမ် ကို သွားခဲ ့ကြပါတယ်။

ဗိုလ်ချုပ်က ဆိုဖာပေါ်မှာ စာအုပ်တစ်အုပ်ကို အခံ့သားဖတ်နေတယ်။ သူတို ့အားလုံး ဗိုလ်ချုပ်ကို တန်းစီအလေးပြုလိုက်ကြတယ်။ ဗိုလ်ချုပ်က သူက ဖတ်နေတဲ့ စာအုပ်ကို အသာဘေးဖယ်လိုက်ပြီး မျက်နှာထားတင်းတင်းနဲ့
`ဟေ့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမး်“ လို ့ ငေါက်လိ်ုက်တယ်။ (အားလုံး ပိုးလုံခြည် တိုက်ပုံအင်္ကျ ီနဲ့ စတိုင်ထုတ်ပြီး မှ လာကန်တော့ ကြခြင်းပါ။)
ပြီးမှ “ထွီ“ဟု ဆောင့်ကြီး အောင့်ကြီးနှင့် တံတွေးထွေးလိုက်ပြီး “မင်းတို့ တပ်မှုးကြီးတွေ လုပ်နေတယ် ဘာမှမစဉ်းစားဘူး — ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ် ၊ မင်းတို့ကတော့ ပိုးလုံးခြည်တပြောင်ပြောင် သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း “
လေးယောက်သား မှာ ကိုယ့်ချို့ယွင်းချက် အမှားကို သိရသဖြင့် မျက်နှာမထားတတ်အောင် ဖြစ်သွားကြတယ်။

“ခု သွား ငါ့အိမ်ခန်းထဲမှာ -ငါ့ယူနီဖောင်းတွေ သွားဝတ်ပြီးမှ ငါ့ကို လာကန်တော့ ကိုင်း——အခုသွားလဲကြ။ မင်းတို့ လုံချည် အင်္ကျ ီတွေ အကုန်ချွတ်ပြစ်ခဲ့–“
ဗိုလ်ချုပ်အမိန့်ကြောင့် အခန်းထဲသို့ အမြန်လစ်ပြီး သူရဲ ့ ဘီရိုသေတ္တာကို အမြန်ဖွင့် နေတဲ့ ဗိုလ်မင်းရောင်က နှာခေါင်းတရှှုုံ့ရှုံ့ ဖြစ်နေပြီး “ဟေ့ ချဉ်စော်ကြီး နံနေတယ်ကွ“လို ့ပြောရင်း ဘီရိုထဲမှ စုပုံထားတဲ့ ဖြစ်ကတတ်ဆန်း မလျှော်မဖွတ်ဘဲ ဂရုမစိုက်ထားတဲ့ ချဉ်စော်နံ“ယူနီဖောင်းများကို မတန့်တတန် ဝတ်ကာ ဗိုလ်ချုပ်ရှေ့သို့ တန်းစီခဲ့ကြတယ်။

မျက်မှောင်ကုတ်နေတဲ့ဗိုလ်ချုပ် ခပ်ပြုံးပြုံးကြီးဖြစ်လာပြီး “အေး ကန်တော့ကြ ကန်တော့ကြ ပြီးရင် ဒီအတိုင်းပြန် မင်းတို့သောက်သုံးမကျတဲ့ လုံခြည်တွေ တခုမှပြန်မယူနဲ့ ကြားလား–“

ကန်တော့ကောင်းလွန်း တဲ့ ရဲဘော် တို့ ပိုးလုံခြည် အင်္ကျ ီတွေ ဆုံးခဲ့ရပြီ။ အချိုးမကျဂွတတ မတန့်တတန် ယူနီဖောင်းတွေကြောင့် ရဲဘော်လေးယောက် ကိုယ့်အိမ်အရောက် လေရဲ ့လျှင်မြန်နှုံးနှုင့်အတူ သုတ်ခြေတင်ခဲ့ရပါတော့တယ်။

လူမှာ အဝတ်တောင်းမှာအကွပ်” ဆိုသော မြန်မာဆိုရိုး စကားတစ်ခုရှိ သော်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ ထိုစကားရပ်ကို အမှုမထားခဲ့သူ ဖြစ်ပါတယ်။ ဝတ်စားပလွှားခြင်းဟာ အပိုအလုပ်လို ့ သူကမှတ်ယူထားပါတယ်။ အဝတ်အစားနဲ့ ပတ်သက်ပြီး ဟန်ရေးပြဂုဏ်တု ဂုဏ်ပြိုင်လုပ်ခြင်းများ ကိုလည်း အလွန်စက်ဆုပ်သူ ဖြစ်ကြောင်း ရဲဘော် လေးယောက် ရဲ ့အဖြစ် က သက်သေပြနေပါတော့တယ်။ ။

ကိုးကား
ဗိုလ်ချုပ်နှင့် ကျွန်တော် (ဗိုလ်တာရာ)

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top