ဗဟုသုတ

ဗုိလ္ျမတ္ထြန္း ဆိုသည္မွာ

ဗုိလ္ျမတ္ထြန္း နာမည္ကုိေတာ့ အားလုံးၾကားဖူးၾကမွာပါ။ လမ္း ၊ တံတား ၊ အေဆာက္အဦ အခ်ဳိ႕ကုိ ဗုိလ္ျမတ္ထြန္းနာမည္ ေပးထားတာေၾကာင့္ပါ။ သူ႔ကုိ ဒီလုိဂုဏ္ျပဳရျခင္းအေၾကာင္းကေတာ့ သူဟာ လက္ရုံးရည္ ႏွလုံးရည္ နဲ႔ျပည့္စုံကာ စိတ္ဓာတ္ႀကံခုိင္ၿပီး ေနာက္ဆုံးအခ်ိန္အထိ ၿဗိတိသွ်တပ္မ်ားႏွင့္ ယွဥ္ၿပဳိင္တုိက္ခုိက္ရင္း အသက္ေပးသြားခဲ့တဲ့ သူရဲေကာင္းတစ္ဦး ျဖစ္ခဲ့တာေၾကာင့္ပါ။

ဗုိလ္ျမတ္ထြန္းသည္ ဧရာ၀တီတုိင္း ၊ ဓႏုျဖဴၿမဳိ႕နယ္ ၊ သျပဴရြာသားျဖစ္သည္။ အရပ္ပု၍ အသားမည္းကာ ႀကံခုိင္ေတာင့္တင္းေသာ ကုိယ္ခႏၶာရွိသည္။ ဓားခုတ္ ၊ လွံထုိး ႏွင့္ ျမင္းစီးျခင္းတုိ႔ကုိ ငယ္စဥ္ကလည္းက ၀ါသနာထုံ၍ အခ်ိန္ရတုိင္းေလ့က်င့္သည္ ။ အရြယ္ေရာက္ေသာအခါ သာယာ၀တီမင္း ၊ ၿပီးေနာက္ပုဂံမင္းထံတြင္ အမႈထမ္းခဲ့သည္။ ဘုရင့္ေလွတပ္မေတာ္တြင္ ပဲ႔နင္းႀကီးအျဖစ္ တာ၀န္ယူခဲ့သည္။ သူသည္ ႏုိင္ငံစစ္ေရး ၊ စက္မႈေရး ႏွင့္ ကာကြယ္ေရးတုိ႔တြင္ အထူးအားကုိးရသူ ျဖစ္သည္။

ဦးျမတ္ထြန္းသည္ ပုဂံမင္းလက္ထက္ တုိင္းျပည္ေရး ရႈပ္ေထြးစအခ်ိန္တြင္ ဓႏုျဖဴသုိ႔ျပန္ကာ မြန္ ၊ ျမန္မာ ၊ ကရင္ တုိင္းရင္းသား မ်ဳိးခ်စ္မ်ားကုိ စုေဆာင္းကာ “ေလးၿမဳိ႕၀န္” ဘြဲ႔ကုိခံယူသည္။ အိမ္ေထာင္ရွင္တစ္ဦးျဖစ္ၿပီး သား ၃ ေယာက္ရွိသူျဖစ္သည္။

အဂၤလိပ္-ျမန္မာ စစ္ပြဲကာလ ၁၈၅၃ ၊ ဇန္န၀ါရီ ၁၇ ရက္ေန႔တြင္ ဗုိလ္ျမတ္ထြန္းဦးေဆာင္ေသာ ေတာ္လွန္ေရး အင္အားစုမ်ားႏွင့္ ၿဗိတိသွ်စစ္ဗုိလ္ ၀ီလ်ံအိပ္ေလာ္ဘီ ဦးေဆာင္ေသာ အင္အား ၁၈၀ ခန္႔ ရွိ တပ္တုိ႔သည္ ဓႏုျဖဴအနီးတြင္ ပထမအႀကိမ္တုိက္ပြဲ ျဖစ္ပြားခဲ့သည္။ ထုိတုိက္ပြဲတြင္ ျဗိတိသွ် တုိက္ေရယာဥ္မ်ား အသည္းအသန္ဆုတ္ခြာသြားခဲ့ရကာ လက္ဖတင္နင္ မက္ခ်ီစင္လည္း အျပင္းအထန္ဒဏ္ရာရသြားခဲ့သည္။ ဗုိလ္ျမတ္ထြန္း၏ ပထမဆုံးေအာင္ပြဲ ပင္ျဖစ္သည္။

ဆုတ္ခြာသြားခဲ့ရသည္ကုိ မေက်နပ္ေသာ အဂၤလိပ္တုိ႔က ၁၈၅၃ ေဖေဖာ္၀ါရီလတြင္ ေနာက္တစ္ႀကိမ္ ထပ္မံစစ္ခ်ီခဲ့ျပန္သည္။ အင္အား ၆၀၀ နီးပါးရွိေသာ ႀကည္းေရ တပ္စုႀကီးျဖင့္ ဓႏုျဖဴမွ တစ္ဆင့္ ဗုိလ္ျမတ္ထြန္းတပ္စခန္းသုိ႔ ေခ်မႈန္းရန္လာခဲ့သည္။ သုိ႔ေသာ္ ဗုိလ္ျမတ္ထြန္းတို႔၏ ဆီးႀကဳိတုိက္ခုိက္မႈကိုသာ ခံလုိက္ရၿပီး ကစင့္ကလ်ား ဆုတ္ခြာခဲ့ရျပန္သည္။ တုိက္ပြဲဦးေဆာင္သူ အဂၤလိပ္စစ္ဗုိလ္ ကပၸတိန္လုပ္ခ်္ အျပင္ အျခား ၁၁ ေယာက္လည္းက်ဆုံးသြားခဲ့ၿပီး ၇၁ ေယာက္ဒဏ္ရာရသြားခဲ့သည္။ စစ္သေဘၤာတစ္စီးလည္း မီးေလာင္ဆုံးရႈံးခဲ့သည့္အျပင္ အေျမွာက္ႀကီးႏွစ္လက္ ႏွင့္ က်ည္ဆန္အမ်ားအျပားကိုလည္း ဗုိလ္ျမတ္ထြန္းတုိ႔ ရရွိခဲ့ၾကသည္။ ထုိအခ်ိန္မွ စ၍ ဗုိလ္ျမတ္ထြန္း၏ အမည္ေက်ာ္ၾကားလာခဲ့သည္။ ဗုိလ္ျမတ္ထြန္းအား အဂၤလိပ္ဗုိလ္ခ်ဳပ္ ေကာ္မုိဒိုလင္းဘတ္က ဆုေငြ ၂၀၀၀ က်ပ္ ၊ ၀န္ရွင္ေတာ္မင္းႀကီး ဆာအာသာဖယ္ယာကလည္း ဆုေတာ္ေငြ ၂၀၀၀ က်ပ္ ထုတ္ျပန္ခဲ့ၾကသည္။

ႏွစ္ႀကိမ္တုိင္တုိင္ ရႈံးခဲ့ေသာ အဂၤလိပ္တုိ႔မွာ ဗုိလ္ျမတ္ထြန္းအား အထင္မေသးရဲေတာ့ေပ။ သုိ႔ျဖစ္၍ တတိယအႀကိမ္တြင္ တုိက္ခုိက္မႈစြမ္းရည္ ျပည့္၀ေသာ ဗုိလ္မွဴးခ်ဳပ္ ဆာဂြ်န္ခ်ိပ္သည္ နံပါတ္(၁၈) အုိင္းရစ္တပ္မွ တပ္သား(၂၀၀) ၊ နံပါတ္(၅)တပ္မွ တပ္သား(၂၀၀) ၊ နံပါတ္(၆၇) တပ္မွ တပ္သား(၂၀၀) ၊ ဆပၸါမုိင္းနားတပ္မွ တပ္သား (၇၀) တုိ႔ကုိ စုစည္းကာ လက္နက္အင္အား အျပည့္အစုံျဖင့္ ၁၈၅၃ခုႏွစ္ မတ္လ ၁၉ ရက္ေန႔တြင္ ဗုိလ္ျမတ္ထြန္း၏ ဓႏုျဖဴခံတပ္ကုိ သြားေရာက္ တုိက္ခုိက္ၾကျပန္ပါတယ္။ ဒီတစ္ပြဲမွာလည္း အဂၤလိပ္တုိ႔ပဲ အထိနာခဲ့ရျပန္ပါတယ္။ ထုိတုိက္ပြဲမွာ ဗုိလ္ျမတ္ထြန္း၏ သားႏွစ္ေယာက္ဒဏ္ရာရ၍ အဖမ္းခံခဲ့ရသလုိ အဂၤလိပ္တုိ႔ဘက္မွလည္း အရာရွိ ၊ တပ္သား ၂၅၀ က်ဆုံးကာ ၊ အေယာက္ ၁၀၀ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။ ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲ အၿပီး အဂၤလိပ္တုိ႔ရဲ႕ အက်အဆုံးအမ်ားဆုံးတုိက္ပြဲျဖစ္ပါတယ္။

ထုိအခ်ိန္မွစ၍ တစ္ေနရာတည္းတြင္ မေနသင့္မွန္းသိေသာ ဗိုလ္ျမတ္ထြန္းသည္ ဓႏုျဖဴခံတပ္မွခြာကာ သာယာ၀တီ ၊ မုိးညဳိ ၊ ကေနာင္ ၊ အုတ္ဖုိၿမဳိ႕နယ္ တစ္၀ုိက္မွေန၍ ၿဗိတိသွ်တုိ႔ကုိ နည္းေပါင္းစုံႏွင့္တိုက္ခုိက္ခဲ့သည္။ ထုိ႔ေနာက္ ဗုိလ္ေခါင္းႀကီး ၊ ဗုိလ္ေခါင္းကေလး ညီအစ္ကုိတုိ႔ႏွင့္ ပူးေပါင္းကာ အဂၤလိပ္တုိ႔အား ဆက္လက္တုိက္ခုိက္ခဲ့ ျပန္သည္။ ကရင္တုိင္းရင္းသားေခါင္းေဆာင္ ဖူကံကေလး ဆုိသူႏွင့္ ပူေပါင္းၿပီး ဟသၤာတၿမဳိ႕နယ္ ၊ ဒူးယားေက်းရြာအနီးတြင္ ၿဗိတိသွ်တပ္မ်ားႏွင့္တုိက္ခုိက္ရင္း တုိင္းျပည္အတြက္ အသက္ေပးလွဴသြားခဲ့ရပါတယ္။

ဗုိလ္ျမတ္ထြန္းႏွင့္ ပတ္သတ္၍ အဂၤလိပ္အရာရွိမ်ားက “မဟာဗႏၶဳလ ၀ိညာဥ္ ၀င္ေရာက္ပူးကပ္ေနေသာ ထက္ျမက္သည့္ စစ္ဗ်ဴဟာ ကြ်မ္းက်င္သူ” ဟု တေလးတစား အသိအမွတ္ျပဳခဲ့ရသည္။ ဗုိလ္ျမတ္ထြန္းသည္ လူေသေသာ္လည္း နာမည္မေသေသာ လူ တစ္ေယာက္ပင္ ျဖစ္ပါေတာ့သည္။

Ref:
သိသင့္သိစရာ သမုိင္း၀င္ျဖစ္ရပ္မ်ားစြာ – နႏၵာမုိးၾကယ္
ဓႏုျဖဴနယ္ေျမမွ နယ္ခ်ဲ႕ေတာ္လွန္ေရးေခါင္းေဆာင္ႀကီး ဗုိလ္ျမတ္ထြန္း – ေမာင္ယင္းမာ
ျမန္မာ့စြယ္စုံက်မ္း

 


ဗိုလ်မြတ်ထွန်း ဆိုသည်မှာ (unicode)

ဗိုလ်မြတ်ထွန်း နာမည်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ လမ်း ၊ တံတား ၊ အဆောက်အဦ အချို့ကို ဗိုလ်မြတ်ထွန်းနာမည် ပေးထားတာကြောင့်ပါ။ သူ့ကို ဒီလိုဂုဏ်ပြုရခြင်းအကြောင်းကတော့ သူဟာ လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံကာ စိတ်ဓာတ်ကြံခိုင်ပြီး နောက်ဆုံးအချိန်အထိ ဗြိတိသျှတပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တာကြောင့်ပါ။

ဗိုလ်မြတ်ထွန်းသည် ဧရာဝတီတိုင်း ၊ ဓနုဖြူမြို့နယ် ၊ သပြူရွာသားဖြစ်သည်။ အရပ်ပု၍ အသားမည်းကာ ကြံခိုင်တောင့်တင်းသော ကိုယ်ခန္ဓာရှိသည်။ ဓားခုတ် ၊ လှံထိုး နှင့် မြင်းစီးခြင်းတို့ကို ငယ်စဉ်ကလည်းက ဝါသနာထုံ၍ အချိန်ရတိုင်းလေ့ကျင့်သည် ။ အရွယ်ရောက်သောအခါ သာယာဝတီမင်း ၊ ပြီးနောက်ပုဂံမင်းထံတွင် အမှုထမ်းခဲ့သည်။ ဘုရင့်လှေတပ်မတော်တွင် ပဲ့နင်းကြီးအဖြစ် တာဝန်ယူခဲ့သည်။ သူသည် နိုင်ငံစစ်ရေး ၊ စက်မှုရေး နှင့် ကာကွယ်ရေးတို့တွင် အထူးအားကိုးရသူ ဖြစ်သည်။

ဦးမြတ်ထွန်းသည် ပုဂံမင်းလက်ထက် တိုင်းပြည်ရေး ရှုပ်ထွေးစအချိန်တွင် ဓနုဖြူသို့ပြန်ကာ မွန် ၊ မြန်မာ ၊ ကရင် တိုင်းရင်းသား မျိုးချစ်များကို စုဆောင်းကာ “လေးမြို့ဝန်” ဘွဲ့ကိုခံယူသည်။ အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သား ၃ ယောက်ရှိသူဖြစ်သည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲကာလ ၁၈၅၃ ၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ဗိုလ်မြတ်ထွန်းဦးဆောင်သော တော်လှန်ရေး အင်အားစုများနှင့် ဗြိတိသျှစစ်ဗိုလ် ဝီလျံအိပ်လော်ဘီ ဦးဆောင်သော အင်အား ၁၈၀ ခန့် ရှိ တပ်တို့သည် ဓနုဖြူအနီးတွင် ပထမအကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဗြိတိသျှ တိုက်ရေယာဉ်များ အသည်းအသန်ဆုတ်ခွာသွားခဲ့ရကာ လက်ဖတင်နင် မက်ချီစင်လည်း အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။ ဗိုလ်မြတ်ထွန်း၏ ပထမဆုံးအောင်ပွဲ ပင်ဖြစ်သည်။

ဆုတ်ခွာသွားခဲ့ရသည်ကို မကျေနပ်သော အင်္ဂလိပ်တို့က ၁၈၅၃ ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် ထပ်မံစစ်ချီခဲ့ပြန်သည်။ အင်အား ၆၀ဝ နီးပါးရှိသော ကြည်းရေ တပ်စုကြီးဖြင့် ဓနုဖြူမှ တစ်ဆင့် ဗိုလ်မြတ်ထွန်းတပ်စခန်းသို့ ချေမှုန်းရန်လာခဲ့သည်။ သို့သော် ဗိုလ်မြတ်ထွန်းတို့၏ ဆီးကြိုတိုက်ခိုက်မှုကိုသာ ခံလိုက်ရပြီး ကစင့်ကလျား ဆုတ်ခွာခဲ့ရပြန်သည်။ တိုက်ပွဲဦးဆောင်သူ အင်္ဂလိပ်စစ်ဗိုလ် ကပ္ပတိန်လုပ်ချ် အပြင် အခြား ၁၁ ယောက်လည်းကျဆုံးသွားခဲ့ပြီး ၇၁ ယောက်ဒဏ်ရာရသွားခဲ့သည်။ စစ်သင်္ဘောတစ်စီးလည်း မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် အမြှောက်ကြီးနှစ်လက် နှင့် ကျည်ဆန်အများအပြားကိုလည်း ဗိုလ်မြတ်ထွန်းတို့ ရရှိခဲ့ကြသည်။ ထိုအချိန်မှ စ၍ ဗိုလ်မြတ်ထွန်း၏ အမည်ကျော်ကြားလာခဲ့သည်။ ဗိုလ်မြတ်ထွန်းအား အင်္ဂလိပ်ဗိုလ်ချုပ် ကော်မိုဒိုလင်းဘတ်က ဆုငွေ ၂၀ဝ၀ ကျပ် ၊ ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ယာကလည်း ဆုတော်ငွေ ၂၀ဝ၀ ကျပ် ထုတ်ပြန်ခဲ့ကြသည်။

နှစ်ကြိမ်တိုင်တိုင် ရှုံးခဲ့သော အင်္ဂလိပ်တို့မှာ ဗိုလ်မြတ်ထွန်းအား အထင်မသေးရဲတော့ပေ။ သို့ဖြစ်၍ တတိယအကြိမ်တွင် တိုက်ခိုက်မှုစွမ်းရည် ပြည့်ဝသော ဗိုလ်မှူးချုပ် ဆာဂျွန်ချိပ်သည် နံပါတ်(၁၈) အိုင်းရစ်တပ်မှ တပ်သား(၂၀ဝ) ၊ နံပါတ်(၅)တပ်မှ တပ်သား(၂၀ဝ) ၊ နံပါတ်(၆၇) တပ်မှ တပ်သား(၂၀ဝ) ၊ ဆပ္ပါမိုင်းနားတပ်မှ တပ်သား (၇၀) တို့ကို စုစည်းကာ လက်နက်အင်အား အပြည့်အစုံဖြင့် ၁၈၅၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ဗိုလ်မြတ်ထွန်း၏ ဓနုဖြူခံတပ်ကို သွားရောက် တိုက်ခိုက်ကြပြန်ပါတယ်။ ဒီတစ်ပွဲမှာလည်း အင်္ဂလိပ်တို့ပဲ အထိနာခဲ့ရပြန်ပါတယ်။ ထိုတိုက်ပွဲမှာ ဗိုလ်မြတ်ထွန်း၏ သားနှစ်ယောက်ဒဏ်ရာရ၍ အဖမ်းခံခဲ့ရသလို အင်္ဂလိပ်တို့ဘက်မှလည်း အရာရှိ ၊ တပ်သား ၂၅၀ ကျဆုံးကာ ၊ အယောက် ၁၀ဝကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး အင်္ဂလိပ်တို့ရဲ့ အကျအဆုံးအများဆုံးတိုက်ပွဲဖြစ်ပါတယ်။

ထိုအချိန်မှစ၍ တစ်နေရာတည်းတွင် မနေသင့်မှန်းသိသော ဗိုလ်မြတ်ထွန်းသည် ဓနုဖြူခံတပ်မှခွာကာ သာယာဝတီ ၊ မိုးညို ၊ ကနောင် ၊ အုတ်ဖိုမြို့နယ် တစ်ဝိုက်မှနေ၍ ဗြိတိသျှတို့ကို နည်းပေါင်းစုံနှင့်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ဗိုလ်ခေါင်းကြီး ၊ ဗိုလ်ခေါင်းကလေး ညီအစ်ကိုတို့နှင့် ပူးပေါင်းကာ အင်္ဂလိပ်တို့အား ဆက်လက်တိုက်ခိုက်ခဲ့ ပြန်သည်။ ကရင်တိုင်းရင်းသားခေါင်းဆောင် ဖူကံကလေး ဆိုသူနှင့် ပူပေါင်းပြီး ဟင်္သာတမြို့နယ် ၊ ဒူးယားကျေးရွာအနီးတွင် ဗြိတိသျှတပ်များနှင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ရပါတယ်။

ဗိုလ်မြတ်ထွန်းနှင့် ပတ်သတ်၍ အင်္ဂလိပ်အရာရှိများက “မဟာဗန္ဓုလ ဝိညာဉ် ဝင်ရောက်ပူးကပ်နေသော ထက်မြက်သည့် စစ်ဗျူဟာ ကျွမ်းကျင်သူ” ဟု တလေးတစား အသိအမှတ်ပြုခဲ့ရသည်။ ဗိုလ်မြတ်ထွန်းသည် လူသေသော်လည်း နာမည်မသေသော လူ တစ်ယောက်ပင် ဖြစ်ပါတော့သည်။

Ref:
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်
ဓနုဖြူနယ်မြေမှ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်မြတ်ထွန်း – မောင်ယင်းမာ
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top