ဗဟုသုတ

မရည္ရြယ္ပဲ ေၿပာလုိက္တဲ့ စကားတစ္ခြန္းေႀကာင့္ လုပ္ႀကံခံခဲ့ရတဲ့ဘုရင္

 

ဆင္ၿဖဴမ်ားရွင္ ဘုရင့္ေနာင္မင္းတရားႀကီး စည္းရုံးတည္ေထာင္ခဲ့တဲ့ ၿမန္မာႏုိင္ငံဟာ သားေတာ္ ငါးဆူဒါယကာနႏၵဘုရင္ လက္ထက္မွာ အစိတ္စိတ္ၿပဳိကြဲခဲ့ရပါတယ္။ ဒါကိုၿပန္လည္ စုစည္းဖုိ႔ႀကဳိးစားသူက ေညာင္ရမ္းမင္းဆက္ကုိ တည္ေထာင္သူ ေညာင္ရမ္းမင္းတရား ၿဖစ္ပါတယ္။ စုစည္းေနတုန္းမွာပဲ ေညာင္ရမ္းမင္းတရား နတ္ရြာစံခဲ့တဲ့ေနာက္ သားၿဖစ္သူ မဟာဓမၼရာဇာမင္း ဘြဲ႔ခံ အေနာက္ဘက္လြန္မင္းလက္ထက္မွာေတာ့ ေအာင္ၿမင္စြာၿပန္လည္စုစည္းႏုိင္ခဲ့ပါတယ္။

ၿပည္ ၊ ေတာင္ငူ တုိ႔ကုိ ေအာင္ၿမင္စြာသိမ္းပုိက္ႏုိင္ၿခင္း ၊ ၿမန္မာႏုိင္ငံ၏ ပင္လယ္ရပ္ၿခားကုန္သြယ္မႈကို လက္၀ါးႀကီးအုပ္ထားေသာ သံလွ်င္စား ငဇင္ကာကုိ အၿပီးသတ္ေခ်မႈန္းႏုိင္ၿခင္း ၊ ထား၀ယ္ႏွင့္ ဇင္းမယ္တုိ႔ကို သိမ္းႏုိင္ၿခင္း ႏွင့္ ယုိးဒယားတုိ႔၏ တုိက္ခုိက္မႈမ်ားကို ေအာင္ၿမင္စြာ တြန္းလွန္ႏုိင္ၿခင္းတုိ႔မွာ အေနာက္ဘက္လြန္မင္း၏ ထင္ရွားေသာေဆာင္ရြက္ခ်က္မ်ားပင္ ၿဖစ္ပါတယ္။ အေနာက္ဘက္လြန္မင္းဟာ ၿမန္မာႏုိင္ငံကုိ ေအးခ်မ္းသာယာေအာင္ အုပ္ခ်ဳပ္ႏုိင္ခဲ့တဲ့အၿပင္ အၿခားတုိင္းၿပည္မ်ားက လက္ေဆာင္မ်ားဆက္သခဲ့ရတဲ့အထိ ဘုန္းတန္ခုိးႀကီးမားသူလည္း ၿဖစ္ခဲ့ပါတယ္။

အေနာက္ဘက္လြန္မင္းဟာ နန္းသက္ ၂၂ႏွစ္ သက္ေတာ္ ၅၀ အရြယ္ေကာင္းမွာပဲ သားၿဖစ္သူရဲ႕ လုပ္ႀကံမႈကို ခံခဲ့ရၿပီး နတ္ရြာစံခဲ့ရပါတယ္။ မရည္ရြယ္ပဲ ေၿပာလုိက္တဲ့စကား တစ္ခြန္းကုိ သားၿဖစ္သူက အဟုတ္မွတ္ၿပီး လုပ္ႀကံလုိက္ၿခင္းပါ။ ၿဖစ္ပုံက သားေတာ္ၿဖစ္သူ မင္းရဲဒိဗၺ ဟာ ကုိယ္လုပ္ေတာ္ ႏွင္းခမ္းေပါနဲ႔ ရည္ငံတာကို မင္းႀကီးသိသြားတဲ့ေနာက္ သားေတာ္ကုိ သံအုိးကင္းႏွင့္ ေႀကာ္ၿပီး အၿပစ္ေပးမယ္လုိ႔ ၿခိမ္းေၿခာက္စကား ဆုိခဲ့ပါတယ္။ ၿခိမ္းေၿခာက္ရုံ ဆုိလုိက္တဲ့စကားကုိ သားၿဖစ္သူက တကယ္အၿပစ္ေပးခံရေတာ့မယ္ ထင္မွတ္ၿပီး ေႀကာက္လန္႔ကာ ခမည္းေတာ္မင္းႀကီးကုိ လုပ္ႀကံသတ္ၿဖတ္ပစ္လိုက္တာပဲ ၿဖစ္ပါတယ္။ ဟံသာ၀တီရဲ႕အေနာက္ဘက္မွာနတ္ရြာစံတာၿဖစ္တဲ့အတြက္ အေနာက္ဘက္လြန္မင္း လုိ႔ေခၚႀကၿခင္းၿဖစ္ပါတယ္။

ref:
ၿပည္ေထာင္စု ၿမန္မာႏုိင္ငံသမုိင္း – ေဒါက္တာေက်ာ္သက္
မင္းဆယ္ပါးရာဇ၀င္ – ေဒါက္တာမတင္၀င္း
မသိမၿဖစ္ ၿမန္မာ့ဗဟုသုတ ၁၀၀ – ေနဘုန္းေ၀

 


 

 

မရည်ရွယ်ပဲ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လုပ်ကြံခံခဲ့ရတဲ့ဘုရင်

ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ သားတော် ငါးဆူဒါယကာနန္ဒဘုရင် လက်ထက်မှာ အစိတ်စိတ်ပြိုကွဲခဲ့ရပါတယ်။ ဒါကိုပြန်လည် စုစည်းဖို့ကြိုးစားသူက ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရား ဖြစ်ပါတယ်။ စုစည်းနေတုန်းမှာပဲ ညောင်ရမ်းမင်းတရား နတ်ရွာစံခဲ့တဲ့နောက် သားဖြစ်သူ မဟာဓမ္မရာဇာမင်း ဘွဲ့ခံ အနောက်ဘက်လွန်မင်းလက်ထက်မှာတော့ အောင်မြင်စွာပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။

ပြည် ၊ တောင်ငူ တို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခြင်း ၊ မြန်မာနိုင်ငံ၏ ပင်လယ်ရပ်ခြားကုန်သွယ်မှုကို လက်ဝါးကြီးအုပ်ထားသော သံလျှင်စား ငဇင်ကာကို အပြီးသတ်ချေမှုန်းနိုင်ခြင်း ၊ ထားဝယ်နှင့် ဇင်းမယ်တို့ကို သိမ်းနိုင်ခြင်း နှင့် ယိုးဒယားတို့၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ တွန်းလှန်နိုင်ခြင်းတို့မှာ အနောက်ဘက်လွန်မင်း၏ ထင်ရှားသောဆောင်ရွက်ချက်များပင် ဖြစ်ပါတယ်။ အနောက်ဘက်လွန်မင်းဟာ မြန်မာနိုင်ငံကို အေးချမ်းသာယာအောင် အုပ်ချုပ်နိုင်ခဲ့တဲ့အပြင် အခြားတိုင်းပြည်များက လက်ဆောင်များဆက်သခဲ့ရတဲ့အထိ ဘုန်းတန်ခိုးကြီးမားသူလည်း ဖြစ်ခဲ့ပါတယ်။

အနောက်ဘက်လွန်မင်းဟာ နန်းသက် ၂၂နှစ် သက်တော် ၅၀ အရွယ်ကောင်းမှာပဲ သားဖြစ်သူရဲ့ လုပ်ကြံမှုကို ခံခဲ့ရပြီး နတ်ရွာစံခဲ့ရပါတယ်။ မရည်ရွယ်ပဲ ပြောလိုက်တဲ့စကား တစ်ခွန်းကို သားဖြစ်သူက အဟုတ်မှတ်ပြီး လုပ်ကြံလိုက်ခြင်းပါ။ ဖြစ်ပုံက သားတော်ဖြစ်သူ မင်းရဲဒိဗ္ဗ ဟာ ကိုယ်လုပ်တော် နှင်းခမ်းပေါနဲ့ ရည်ငံတာကို မင်းကြီးသိသွားတဲ့နောက် သားတော်ကို သံအိုးကင်းနှင့် ကြော်ပြီး အပြစ်ပေးမယ်လို့ ခြိမ်းခြောက်စကား ဆိုခဲ့ပါတယ်။ ခြိမ်းခြောက်ရုံ ဆိုလိုက်တဲ့စကားကို သားဖြစ်သူက တကယ်အပြစ်ပေးခံရတော့မယ် ထင်မှတ်ပြီး ကြောက်လန့်ကာ ခမည်းတော်မင်းကြီးကို လုပ်ကြံသတ်ဖြတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ဟံသာဝတီရဲ့အနောက်ဘက်မှာနတ်ရွာစံတာဖြစ်တဲ့အတွက် အနောက်ဘက်လွန်မင်း လို့ခေါ်ကြခြင်းဖြစ်ပါတယ်။

ref:
ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း – ဒေါက်တာကျော်သက်
မင်းဆယ်ပါးရာဇဝင် – ဒေါက်တာမတင်ဝင်း
မသိမဖြစ် မြန်မာ့ဗဟုသုတ ၁၀ဝ – နေဘုန်းဝေ

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top