သမိုင်း

မိန္းမတစ္ေယာက္ရဲ့ ဖ်ားေယာင္းမႈကို ဓားမျဖင့္ မိမိကိုယ္ကိုလွီး ၊ ဓားမကို ေရကူးေစကာ ေျဖရွင္းျပခဲ့တဲ့ ဆရာေတာ္

အေနာက္ဘက္လြန္မင္း ျပည္ၿမိဳ႕ကိုသိမ္းသည့္အခါ ရွင္တစ္ဆူ ႏွင့္ လူတစ္ေယာက္သာရခဲ့တယ္ ဆိုတဲ့အေၾကာင္းသိၾကမွာပါ။ လူတစ္ေယာက္ ဆိုသည္မွာ သခင္အတြက္ေနာက္ဆုံးအခ်ိန္အထိ သတၱိရွိစြာကာကြယ္ တိုက္ခိုက္ခဲ့ေသာ ငထင္ငယ္ ျဖစ္ပါတယ္။ ရွင္တစ္ဆူကေတာ့ ထိုေခတ္ထိုအခါက သီလသမာဓိဂုဏ္ႏွင့္ ျပည့္စုံတဲ့ ေတာင္ဖီလာ ဆရာေတာ္ပဲ ျဖစ္ပါတယ္။ အခုေျပာမွာေတာင္ဖီလာ ဆရာေတာ္အေၾကာင္းပါ။

ျပည္ရန္နိုင္စား ၊ အေနာက္ဘက္လြန္မင္း ၊ ညီေတာ္စလင္းစား မင္းရဲေက်ာ္စြာ မွစ၍ သာလြန္မင္း ၊ ပင္းတလဲမင္းတို႔တိုင္ေအာင္ ကိုးကြယ္ျခင္းခံခဲ့ရေသာ ဆရာေတာ္ျဖစ္သည္။ စာေပက်မ္းဂန္ေျမာက္မ်ားစြာကို ျပဳစုခဲ့သူလည္းျဖစ္သည္။ ဆရာေတာ္သည္ သကၠရာဇ္ ၁၀ဝ၀ ျပည့္ႏွစ္တြင္ မင္းအနီးမွဖယ္ခြာ၍ ေတာင္ဖီလာအရပ္တြင္ ေတာ္ရေဆာက္တည္ခဲ့သည္။ ဘုရင္ျဖစ္သူက ျပန္လည္ႂကြရန္ ပင့္ေသာ္လည္း မလိုက္ေတာ့။ ေတာင္ဖီလာအရပ္တြင္ ေတာရေဆာက္တည္သျဖင့္ ေတာင္ဖီလာ ဆရာေတာ္ဟု ေခၚၾကသည္။

တစ္ခါေသာ္ ရင္း မိုးခ်ဳပ္စအခ်ိန္တြင္ ဆံပင္ဖားလ်ား အဝတ္အစားစုတ္ျပတ္ ႏွင့္ မိန္းမပ်ိဳတစ္ေယာက္သည္ ေတာင္ဖီလာ တစ္ကိုယ္တည္း သီတင္းသုံးရာေက်ာင္းသို႔ အေမာတေကာေျပးလႊားလာသည္။ ႐ုပ္ရည္မွာ ေခ်ာေမာသေလာက္ အဝတ္အစားႏွင့္ တျခားစီျဖစ္ေနသည္။ “ကယ္ေတာ္မူပါဘုရား” ဟူေသာ အသံျဖင့္ ဝတ္ျပဳေနေသာ ဆရာေတာ္ထံ ဖက္ေတာ့မေယာင္ ေျပးဝင္လာသည္။
“တပည့္ေတာ္မ လမ္းမွာဒုကၡေတြ႕လာ၍ ဆရာေတာ္ေက်ာင္းမွာ တစ္ညတည္းပါရေစ”

“ဘုန္းႀကီးေက်ာင္းမွာ ဒကာမေနလို႔ ဘယ္ျဖစ္မလဲ” ဟု ဆရာေတာ္က ဆိုေသာ္လည္း “တစ္ညတည္းပါ “ ဟုေသာ မိန္းမငယ္အသံေၾကာင့္ “အင္း..ဒုကၡပါတကား” ဟု ဆရာေတာ္ၿငီးတြားမိသည္။ ႏွင္လို႔လည္းမျဖစ္ ၊ တည္းခိုင္းျပန္၍လည္း မျဖစ္ စဥ္းစားရခက္ေနၿပီး ေနာက္ဆုံး ေက်ာင္းေရွ႕စၾကၤန္တြင္ အိပ္ခိုင္းၿပီး အတြင္း၌ မင္းတုံးခ်ကာ ဘဝနာပြားေနေလသည္။ ဒီတစ္ညေတာ့ မအိပ္ေတာ့ဟု ဆရာေတာ္ဆုံးျဖတ္လိုက္သည္။ ခဏၾကာေသာ္ အမ်ိဳးသမီးသည္ တံခါးကို တဒိုင္းဒိုင္းထုၿပီး “တပည့္ေတာ္ ခ်မ္းလြန္းေၾကာက္လြန္းလို႔ အတြင္းမွာဝင္အိပ္ပါရေစ” ဟု ခိုက္ခိုက္တုန္ေနေသာ အသံျဖင့္ ေလၽွာက္သည္။ သို႔ျဖင့္ က႐ုဏာစိတ္ႀကီးမားေသာ ဆရာေတာ္သည္ ခြင့္ျပဳလိုက္ၿပီး ေက်ာင္းအျပင္ထြက္ကာ တရားထိုင္ေနသည္။ မၾကာမီပင္ အတြင္းမွအမ်ိဳးသမီးငယ္မွာ မအိပ္ဝံဟု ဆိုသျဖင့္ ဆရာေတာ္ေက်ာင္းအတြင္းသို႔ ဝင္လာရျပန္သည္။ စုတ္ျပဲေနေသာ အကၤ်ီ ရင္ကြဲထဘီႏွင့္ အမ်ိဳးသမီးမွာ ဆရာေတာ္အားဆြဲေဆာင္ဖို႔ ႀကိဳးစားေနသည္။

သို႔ျဖင့္ တျဖည္းျဖည္းမိုးလင္းခါနီး၍ ဆရာေတာ္အားတက္လာသည္။ ထိုစဥ္
“အမေလး ကယ္ေတာ္မူပါ ဆရာေတာ္ဘုရား ၊ တပည့္ေတာ္မ ေသရပါလိမ့္မယ္”
အသံေၾကာင့္ ဆရာေတာ္ကၾကည့္သည့္အခါ အမ်ိဳးသမီးမွာ တဟီးဟီးတုန္ခိုက္ေနသည္ကို ေတြ႕ရာ “ငါ့တြင္ဘာေဆးမွ မရွိ ၊ မိုးလင္းေတာ့မည္ ၊ သည္းခံၿပီး ဘုရားအာ႐ုံျပဳပါ” ဟု မိန္႔သည္။ သို႔ေသာ္ မိန္းမပ်ိဳမွာ ဆရာေတာ္အား ေပြ႕ဖက္ေတာ့မေယာင္ ႀကိဳးစားလာရာ ဆရာေတာ္သည္ ႐ုတ္တရက္ထ၍ ေက်ာင္းနံရံ၌ ထိုးစိုက္ထားေသာ ဓားမအားယူလၽွက္ မိမိေျခသားလုံးအား မႊမ္းရာ ေသြးစိမ္းစိမ္းက်လာေလသည္။ မိန္းမပ်ိဳမွာ ဆရာေတာ္ေျခေထာက္မွ ေသြးေတြကိုျမင္လၽွင္ ေၾကာက္လန္႔လၽွက္ “တပည့္ေတာ္ မွားပါၿပီဘုရား ၊ တပည့္ေတာ္မအား ခြင့္လႊတ္ေတာ္မူပါ ဘုရား” ဟု ဆရာေတာ္အား ကန္ေတာ့၍ ေျပးထြက္သြားသည္။

တကယ္ေတာ့ ထိုအမ်ိဳးသမီးငယ္မွာ မင္းသမီးတစ္ပါးသာျဖစ္သည္။ ေတာင္ဖီလာဆရာေတာ္၏ အက်င့္သိကၡာကိုစမ္းသပ္ရန္ သာလြန္မင္းမွ လႊတ္လိုက္ျခင္းျဖစ္သည္။ မင္းသမီးလည္းမင္းမိန္႔ကိုေၾကာက္လန္႔သျဖင့္ ဆရာေတာ္အား ဖ်က္စီးခဲ့ပါၿပီဟု လိမ္ညာ၍ ေလၽွာက္တင္ေလသည္။ တမုဟုတ္ခ်င္းပင္ ထိုသတင္းသည္ ျပန္႔ႏွံသြားေတာ့သည္။ ယုံသူကလည္း ယုံ ၊မယုံသူကလည္း မယုံ ။ ထိုအခါ အလႉအတန္းျပဳလုပ္ရန္ လာေသာ မင္းႏွင့္ ပရိသတ္တို႔အား ဆရာေတာ္သည္ ေျခေထာက္မွ သကၤန္းစည္းထားသည့္ ဒါဏ္ရာကို ျပၿပီး “ငါ၏ သီလပ်က္စီးပါမူ ဤဓားေမာက္သည္ ခ်ေသာခဏ ေရ၌ ျမဳပ္ပါေစသား။ စင္ၾကယ္ပါမူ ေရဝယ္ ကူးေစသား”ဟု ေတာင္ဖီလာကန္၌ပင္ သစၥာအဓိ႒ာန္၍ ျပေတာ္မူေလသည္။

ဓားမသည္ ေရတြင္မျမဳပ္ပဲ ေရ၌ ကူးခတ္သြားသည္။ ဆန္းၾကယ္ေသာျဖစ္ရပ္ေၾကာင့္ မင္းႏွင့္ ပရိသတ္အေပါင္း ဆရာေတာ္၏ သီလသမာဓိက အံခ်ီးမကုန္ျဖစ္သြားၾကသည္။ ထိုအခ်ိန္မွစ၍ ဓားမ ေရကူးဆရာေတာ္ဟူ၍ လည္း ထပ္ဆင့္ ေက်ာ္ၾကားသြားခဲ့ေလေတာ့သည္။

Ref;
ဓမၼာစရိယ ဦးေ႒းလွိုင္ (ရဟႏၲာႏွင့္ ပုဂၢိဳလ္ထူးမ်ား)
ေမာင္ၾကည္သန္႔ (ျမန္မာ့သမိုင္းထဲက အထင္ကရမ်ား)

———————–

မိန်းမတစ်ယောက်ရဲ့ ဖျားယောင်းမှုကို ဓားမဖြင့် မိမိကိုယ်ကိုလှီး ၊ ဓားမကို ရေကူးစေကာ ဖြေရှင်းပြခဲ့တဲ့ ဆရာတော် (unicode)

အနောက်ဘက်လွန်မင်း ပြည်မြို့ကိုသိမ်းသည့်အခါ ရှင်တစ်ဆူ နှင့် လူတစ်ယောက်သာရခဲ့တယ် ဆိုတဲ့အကြောင်းသိကြမှာပါ။ လူတစ်ယောက် ဆိုသည်မှာ သခင်အတွက်နောက်ဆုံးအချိန်အထိ သတ္တိရှိစွာကာကွယ် တိုက်ခိုက်ခဲ့သော ငထင်ငယ် ဖြစ်ပါတယ်။ ရှင်တစ်ဆူကတော့ ထိုခေတ်ထိုအခါက သီလသမာဓိဂုဏ်နှင့် ပြည့်စုံတဲ့ တောင်ဖီလာ ဆရာတော်ပဲ ဖြစ်ပါတယ်။ အခုပြောမှာတောင်ဖီလာ ဆရာတော်အကြောင်းပါ။

ပြည်ရန်နိုင်စား ၊ အနောက်ဘက်လွန်မင်း ၊ ညီတော်စလင်းစား မင်းရဲကျော်စွာ မှစ၍ သာလွန်မင်း ၊ ပင်းတလဲမင်းတို့တိုင်အောင် ကိုးကွယ်ခြင်းခံခဲ့ရသော ဆရာတော်ဖြစ်သည်။ စာပေကျမ်းဂန်မြောက်များစွာကို ပြုစုခဲ့သူလည်းဖြစ်သည်။ ဆရာတော်သည် သက္ကရာဇ် ၁၀ဝဝ ပြည့်နှစ်တွင် မင်းအနီးမှဖယ်ခွာ၍ တောင်ဖီလာအရပ်တွင် တော်ရဆောက်တည်ခဲ့သည်။ ဘုရင်ဖြစ်သူက ပြန်လည်ကြွရန် ပင့်သော်လည်း မလိုက်တော့။ တောင်ဖီလာအရပ်တွင် တောရဆောက်တည်သဖြင့် တောင်ဖီလာ ဆရာတော်ဟု ခေါ်ကြသည်။

တစ်ခါသော် ရင်း မိုးချုပ်စအချိန်တွင် ဆံပင်ဖားလျား အဝတ်အစားစုတ်ပြတ် နှင့် မိန်းမပျိုတစ်ယောက်သည် တောင်ဖီလာ တစ်ကိုယ်တည်း သီတင်းသုံးရာကျောင်းသို့ အမောတကောပြေးလွှားလာသည်။ ရုပ်ရည်မှာ ချောမောသလောက် အဝတ်အစားနှင့် တခြားစီဖြစ်နေသည်။ “ကယ်တော်မူပါဘုရား” ဟူသော အသံဖြင့် ဝတ်ပြုနေသော ဆရာတော်ထံ ဖက်တော့မယောင် ပြေးဝင်လာသည်။
“တပည့်တော်မ လမ်းမှာဒုက္ခတွေ့လာ၍ ဆရာတော်ကျောင်းမှာ တစ်ညတည်းပါရစေ”

“ဘုန်းကြီးကျောင်းမှာ ဒကာမနေလို့ ဘယ်ဖြစ်မလဲ” ဟု ဆရာတော်က ဆိုသော်လည်း “တစ်ညတည်းပါ “ ဟုသော မိန်းမငယ်အသံကြောင့် “အင်း..ဒုက္ခပါတကား” ဟု ဆရာတော်ငြီးတွားမိသည်။ နှင်လို့လည်းမဖြစ် ၊ တည်းခိုင်းပြန်၍လည်း မဖြစ် စဉ်းစားရခက်နေပြီး နောက်ဆုံး ကျောင်းရှေ့စင်္ကြန်တွင် အိပ်ခိုင်းပြီး အတွင်း၌ မင်းတုံးချကာ ဘဝနာပွားနေလေသည်။ ဒီတစ်ညတော့ မအိပ်တော့ဟု ဆရာတော်ဆုံးဖြတ်လိုက်သည်။ ခဏကြာသော် အမျိုးသမီးသည် တံခါးကို တဒိုင်းဒိုင်းထုပြီး “တပည့်တော် ချမ်းလွန်းကြောက်လွန်းလို့ အတွင်းမှာဝင်အိပ်ပါရစေ” ဟု ခိုက်ခိုက်တုန်နေသော အသံဖြင့် လျှောက်သည်။ သို့ဖြင့် ကရုဏာစိတ်ကြီးမားသော ဆရာတော်သည် ခွင့်ပြုလိုက်ပြီး ကျောင်းအပြင်ထွက်ကာ တရားထိုင်နေသည်။ မကြာမီပင် အတွင်းမှအမျိုးသမီးငယ်မှာ မအိပ်ဝံဟု ဆိုသဖြင့် ဆရာတော်ကျောင်းအတွင်းသို့ ဝင်လာရပြန်သည်။ စုတ်ပြဲနေသော အင်္ကျီ ရင်ကွဲထဘီနှင့် အမျိုးသမီးမှာ ဆရာတော်အားဆွဲဆောင်ဖို့ ကြိုးစားနေသည်။

သို့ဖြင့် တဖြည်းဖြည်းမိုးလင်းခါနီး၍ ဆရာတော်အားတက်လာသည်။ ထိုစဉ်
“အမလေး ကယ်တော်မူပါ ဆရာတော်ဘုရား ၊ တပည့်တော်မ သေရပါလိမ့်မယ်”
အသံကြောင့် ဆရာတော်ကကြည့်သည့်အခါ အမျိုးသမီးမှာ တဟီးဟီးတုန်ခိုက်နေသည်ကို တွေ့ရာ “ငါ့တွင်ဘာဆေးမှ မရှိ ၊ မိုးလင်းတော့မည် ၊ သည်းခံပြီး ဘုရားအာရုံပြုပါ” ဟု မိန့်သည်။ သို့သော် မိန်းမပျိုမှာ ဆရာတော်အား ပွေ့ဖက်တော့မယောင် ကြိုးစားလာရာ ဆရာတော်သည် ရုတ်တရက်ထ၍ ကျောင်းနံရံ၌ ထိုးစိုက်ထားသော ဓားမအားယူလျှက် မိမိခြေသားလုံးအား မွှမ်းရာ သွေးစိမ်းစိမ်းကျလာလေသည်။ မိန်းမပျိုမှာ ဆရာတော်ခြေထောက်မှ သွေးတွေကိုမြင်လျှင် ကြောက်လန့်လျှက် “တပည့်တော် မှားပါပြီဘုရား ၊ တပည့်တော်မအား ခွင့်လွှတ်တော်မူပါ ဘုရား” ဟု ဆရာတော်အား ကန်တော့၍ ပြေးထွက်သွားသည်။

တကယ်တော့ ထိုအမျိုးသမီးငယ်မှာ မင်းသမီးတစ်ပါးသာဖြစ်သည်။ တောင်ဖီလာဆရာတော်၏ အကျင့်သိက္ခာကိုစမ်းသပ်ရန် သာလွန်မင်းမှ လွှတ်လိုက်ခြင်းဖြစ်သည်။ မင်းသမီးလည်းမင်းမိန့်ကိုကြောက်လန့်သဖြင့် ဆရာတော်အား ဖျက်စီးခဲ့ပါပြီဟု လိမ်ညာ၍ လျှောက်တင်လေသည်။ တမုဟုတ်ချင်းပင် ထိုသတင်းသည် ပြန့်နှံသွားတော့သည်။ ယုံသူကလည်း ယုံ ၊မယုံသူကလည်း မယုံ ။ ထိုအခါ အလှူအတန်းပြုလုပ်ရန် လာသော မင်းနှင့် ပရိသတ်တို့အား ဆရာတော်သည် ခြေထောက်မှ သင်္ကန်းစည်းထားသည့် ဒါဏ်ရာကို ပြပြီး “ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေဝယ် ကူးစေသား”ဟု တောင်ဖီလာကန်၌ပင် သစ္စာအဓိဋ္ဌာန်၍ ပြတော်မူလေသည်။

ဓားမသည် ရေတွင်မမြုပ်ပဲ ရေ၌ ကူးခတ်သွားသည်။ ဆန်းကြယ်သောဖြစ်ရပ်ကြောင့် မင်းနှင့် ပရိသတ်အပေါင်း ဆရာတော်၏ သီလသမာဓိက အံချီးမကုန်ဖြစ်သွားကြသည်။ ထိုအချိန်မှစ၍ ဓားမ ရေကူးဆရာတော်ဟူ၍ လည်း ထပ်ဆင့် ကျော်ကြားသွားခဲ့လေတော့သည်။

Ref;
ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ)
မောင်ကြည်သန့် (မြန်မာ့သမိုင်းထဲက အထင်ကရများ)

#AyeSay
www.ayesay.com.mm

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top