ဗဟုသုတ

မိသားစုထက္ တုိင္းျပည္ကုိပုိခ်စ္တဲ့ ဗုိလ္မွဴးႀကီးရဲ႕ ေနာက္ဆုံးစကား


ဗုိလ္မွဴးႀကီးဗထူးဆုိလွ်င္ ဂ်ပန္ဖက္ဆစ္ ဆန္႔က်င္ေတာ္လွန္ေရးကာလ ၊ မ်ဳိးခ်စ္ဗမာ့တပ္မေတာ္ ၊ အထက္ျမန္မာျပည္တုိင္း ၊ တုိင္းမွဴး အျဖစ္သိၾကၿပီးျဖစ္မွာပါ။ ရွမ္းျပည္နယ္ တယ္လူးစခန္း၌ ငွက္ဖ်ားေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ေၾကာင္းလည္း သိႀကမွာပါ။

ထား၀ယ္ခရုိင္ ေလးသြန္းခံရြာဇာတိျဖစ္သူ ဗုိလ္ဗထူးဟာ ခုႏွစ္တန္းအထိ ေက်ာင္းတက္ခဲ့ၿပီး ရွစ္တန္းအေရာင္မွာေတာ့ အလုပ္လုပ္ခ်င္တာေၾကာင့္ ေက်ာင္းထြက္ခဲ့ပါတယ္။ မိဘ သူငယ္ခ်င္းမ်ားက ေဖ်ာင္းဖ်ေသာ္လည္း မည္သုိ႔မွ်မရ၍ လက္ေလွ်ာ့ခဲ့ရပါတယ္။ ဟိန္းဒါးသတၱဳတြင္းမွာ အလုပ္၀င္ခဲ့ၿပီး ရုိးသားႀကဳိးစားျခင္း ၊ ေပါင္းသင္းဆက္ဆံမႈ ႏွင့္ ေခါင္းေဆာင္မႈေကာင္းျခင္းတုိ႔ေၾကာင့္ အလုပ္၀င္ၿပီး၍ မၾကာမီမွာ မန္ေနဂ်ာအျဖစ္လႊဲအပ္ျခင္း ခံခဲ့ရပါတယ္။ မန္ေနဂ်ာျဖစ္ခဲ့ေသာ္လည္း ဆင္းရဲသား အလုပ္သမားတုိ႔ႏွင့္ အရင္းရွင္တုိပ ျပႆနာျဖစ္တုိင္း အလုပ္သမားမ်ားဘက္မွ ရပ္တည္ခဲ့တာေၾကာင့္ ေနာက္ဆုံး အလုပ္မွ ထုတ္ပစ္ျခင္းခံခဲ့ရပါတယ္။

ထုိအခ်ိန္မွာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (ဘီအုိင္ေအ) ဟာ ဂ်ပန္တပ္မ်ားႏွင့္အတူ ျမန္မာႏုိင္ငံအတြင္းသုိ႔ ၀င္ေရာက္လာကာ ဗုိလ္မွဴးႀကီးလက်ာ္ဦးစီးေသာ တပ္မႀကီးက ထား၀ယ္ၿမဳိ႕ကုိ သိမ္းပိုက္လုိက္ပါတယ္။ ထိုအခ်ိန္မွစ၍ ဗုိလ္ဗထူးသည္ နဂုိရွိရင္းစြဲ မ်ဳိးခ်စ္စိတ္ေၾကာင့္ မိဘ ၊ဇနီး နဲ႔ သားသမီးေတြကုိ စြန္႔ခြာကာ တပ္မေတာ္ထဲသုိ႔ ၀င္ေရာက္သြားပါေတာ့တယ္။

၀င္စတုန္းက စစ္သား ၁၅ ေယာက္ကုိ အုပ္ခ်ဳပ္ရတဲ့ သာမန္တပ္ႀကပ္ကေလး ရာထူးနဲ႔ပါ။ ထုိမွ ဗုိလ္ႀကီး ၊ တပ္ခြဲမွဴး ၊ တပ္ရင္းမွဴး ၊ ဗုိလ္မွဴး ၊ မႏၱေလးစစ္တုိင္းမွဴး အဆင့္ထိ တုိးၿမွင့္ခံထားရပါတယ္။ ဗုိလ္ဗထူးသည္ ရုိးသားေျဖာင့္မတ္ကာ ၊ ဇြဲအလြန္ရွိသူျဖစ္သည္။ တပ္သားေတြအေပၚမွာလည္း ေခါင္းေဆာင္ပီသၿပီး ညွာတာသနားတတ္ပါတယ္။ စာလည္း အလြန္ဖတ္တယ္လို႔ သိရပါတယ္။ အထက္ဗမာျပည္ ဖက္ဆစ္ဆန္႔က်င္ေရး ေျမေအာက္စည္းရုံးမႈလုပ္ငန္းနဲ႔ မဟာမိတ္မ်ားႏွင့္ ဆက္သြယ္ေဆာင္ရြက္မႈလုပ္ငန္းေတြကို လုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ ၁၉၄၅ ခုႏွစ္ ဇြန္လ ၂ ရက္ေန႔မွာ ကြယ္လြန္ခဲ့တဲ့ ဗုိလ္မွဴးဗထူးဟာ ဖက္ဆက္ဂ်ပန္ေတာ္လွန္ေရးကို စတင္ခဲ့တဲ့ စစ္ေခါင္းေဆာင္တဦးျဖစ္ပါတယ္။ ဗိုလ္မွဴးဗထူး၏ ပရိယာယ္ႏွင့္ စစ္ေရးအျမင္ႀကြယ္၀မႈတုိ႔ေႀကာင့္ ဂ်ပန္တပ္မ်ားအေပၚ အျပတ္အသတ္ ေအာင္ႏုိင္ခဲ့ပါတယ္။ တုိက္ပြဲအဆင့္ဆင့္ကုိ ေအာင္ပြဲအလီလီရရွိခဲ့ေသာ္လည္း ၁၉၄၅ ခုႏွစ္၊ ဇြန္လ ၂ ရက္တြင္ တယ္လူးစခန္း၌ ငွက္ဖ်ားေရာဂါျဖင့္ အိပ္ရာထဲလဲေလ်ာင္းေနရာမွ သတိျပန္မလည္လာေတာ့ဘဲ ရုတ္တရက္ က်ဆံုးသြားရရွာပါတယ္။ ထိုအခ်ိန္ ဗိုလ္မွဴးဗထူးအသက္မွာ ၂၉ သာရွိပါေသးတယ္။

ကြယ္လြန္မည့္ေန႔ ေန႔လည္ ၂နာရီ ၁၀ မိနစ္ခန္႔တြင္ ဗုိလ္မွဴးဗထူးက “ကြ်န္ေတာ္ေတာ့ ေရတိမ္နစ္ၿပီ ၊ ခင္ဗ်ားတုိ႔မွာလည္း ေဆးမရွိလုိ႔ ကြ်န္ေတ္ာ့ကုိ ထုိင္ၾကည့္ေနၾကတာ ကြ်န္ေတာ္သိပါတယ္။ ကြ်န္ေတာ္မရွိရင္ စိတ္ပ်က္ၿပီး ျပန္မသြားၾကပါနဲ႔ ၊ စစ္ၿပီးတဲ့အခ်ိန္ထိ ဆက္တုိက္ၾကပါဗ်ာ” ဟု စကားတစ္လုံးခ်င္း အားယူေျပာပါတယ္။ ညေန ၈ နာရီအခ်ိန္တြင္ ဗုိလ္မွဴးဗထူးထံမွ “အာဠာ၀ကကုိေျပာ ဗုိလ္ခ်ဳပ္ဆီကိုလူလႊတ္” ဟူေသာ စကားႏွစ္ခြန္းကုိ ဗလုံးဗေထြး မသဲမကြဲေနာက္ဆုံးေျပာရင္း အသက္ပါသြားပါတယ္။ ကြယ္လြန္ခါနီးအခ်ိန္ထိ မိဘ၊ ဇနီး ႏွင့္ သားသမီးတုိ႔ အတြက္ ဘာမွ်မမွာပဲ တုိင္းျပည္လြတ္လပ္ေရးအတြက္ ဆက္လက္တုိက္ခုိက္ရန္သာ မွာၾကားခဲ့ပါတယ္။ စစ္ထဲသုိ႔စတင္၀င္ေရာက္ခ်ိန္ကတည္းက ေတာႀကဳိအုံႀကားမွာ သာ အခ်ိန္ကုန္ခဲ့ေသာ ဗုိလ္မွဴးဗထူးဟာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းက ဗုိလ္မွဴးႀကီးအဆင့္သို႔ တုိးျမွင့္ဂုဏ္ျပဳလုိက္ေသာ အမိန္႔စာကုိပင္ ဖတ္မသြားႏုိင္ခဲ့ပါ။

Ref:
ဖက္ဆစ္ဂ်ပန္ေတာ္လွန္ေရးသူရဲေကာင္း၊ ဗိုလ္မွဴးကီးဗထူး – သန္း၀င္းလႈိင္
ျမန္မာ့ျဖစ္ရပ္ ၁၀၀ – ေမာင္ၾကည္သန္႔
ျမန္မာ့စြယ္စုံက်မ္း

 


 

မိသားစုထက် တိုင်းပြည်ကိုပိုချစ်တဲ့ ဗိုလ်မှူးကြီးရဲ့ နောက်ဆုံးစကား (unicode)

ဗိုလ်မှူးကြီးဗထူးဆိုလျှင် ဂျပန်ဖက်ဆစ် ဆန့်ကျင်တော်လှန်ရေးကာလ ၊ မျိုးချစ်ဗမာ့တပ်မတော် ၊ အထက်မြန်မာပြည်တိုင်း ၊ တိုင်းမှူး အဖြစ်သိကြပြီးဖြစ်မှာပါ။ ရှမ်းပြည်နယ် တယ်လူးစခန်း၌ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်းလည်း သိကြမှာပါ။

ထားဝယ်ခရိုင် လေးသွန်းခံရွာဇာတိဖြစ်သူ ဗိုလ်ဗထူးဟာ ခုနှစ်တန်းအထိ ကျောင်းတက်ခဲ့ပြီး ရှစ်တန်းအရောင်မှာတော့ အလုပ်လုပ်ချင်တာကြောင့် ကျောင်းထွက်ခဲ့ပါတယ်။ မိဘ သူငယ်ချင်းများက ဖျောင်းဖျသော်လည်း မည်သို့မျှမရ၍ လက်လျှော့ခဲ့ရပါတယ်။ ဟိန်းဒါးသတ္တုတွင်းမှာ အလုပ်ဝင်ခဲ့ပြီး ရိုးသားကြိုးစားခြင်း ၊ ပေါင်းသင်းဆက်ဆံမှု နှင့် ခေါင်းဆောင်မှုကောင်းခြင်းတို့ကြောင့် အလုပ်ဝင်ပြီး၍ မကြာမီမှာ မန်နေဂျာအဖြစ်လွှဲအပ်ခြင်း ခံခဲ့ရပါတယ်။ မန်နေဂျာဖြစ်ခဲ့သော်လည်း ဆင်းရဲသား အလုပ်သမားတို့နှင့် အရင်းရှင်တိုပ ပြဿနာဖြစ်တိုင်း အလုပ်သမားများဘက်မှ ရပ်တည်ခဲ့တာကြောင့် နောက်ဆုံး အလုပ်မှ ထုတ်ပစ်ခြင်းခံခဲ့ရပါတယ်။

ထိုအချိန်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဟာ ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကာ ဗိုလ်မှူးကြီးလကျာ်ဦးစီးသော တပ်မကြီးက ထားဝယ်မြို့ကို သိမ်းပိုက်လိုက်ပါတယ်။ ထိုအချိန်မှစ၍ ဗိုလ်ဗထူးသည် နဂိုရှိရင်းစွဲ မျိုးချစ်စိတ်ကြောင့် မိဘ ၊ဇနီး နဲ့ သားသမီးတွေကို စွန့်ခွာကာ တပ်မတော်ထဲသို့ ဝင်ရောက်သွားပါတော့တယ်။

ဝင်စတုန်းက စစ်သား ၁၅ ယောက်ကို အုပ်ချုပ်ရတဲ့ သာမန်တပ်ကြပ်ကလေး ရာထူးနဲ့ပါ။ ထိုမှ ဗိုလ်ကြီး ၊ တပ်ခွဲမှူး ၊ တပ်ရင်းမှူး ၊ ဗိုလ်မှူး ၊ မန္တလေးစစ်တိုင်းမှူး အဆင့်ထိ တိုးမြှင့်ခံထားရပါတယ်။ ဗိုလ်ဗထူးသည် ရိုးသားဖြောင့်မတ်ကာ ၊ ဇွဲအလွန်ရှိသူဖြစ်သည်။ တပ်သားတွေအပေါ်မှာလည်း ခေါင်းဆောင်ပီသပြီး ညှာတာသနားတတ်ပါတယ်။ စာလည်း အလွန်ဖတ်တယ်လို့ သိရပါတယ်။ အထက်ဗမာပြည် ဖက်ဆစ်ဆန့်ကျင်ရေး မြေအောက်စည်းရုံးမှုလုပ်ငန်းနဲ့ မဟာမိတ်များနှင့် ဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဗိုလ်မှူးဗထူးဟာ ဖက်ဆက်ဂျပန်တော်လှန်ရေးကို စတင်ခဲ့တဲ့ စစ်ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ဗိုလ်မှူးဗထူး၏ ပရိယာယ်နှင့် စစ်ရေးအမြင်ကြွယ်ဝမှုတို့ကြောင့် ဂျပန်တပ်များအပေါ် အပြတ်အသတ် အောင်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအဆင့်ဆင့်ကို အောင်ပွဲအလီလီရရှိခဲ့သော်လည်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် တယ်လူးစခန်း၌ ငှက်ဖျားရောဂါဖြင့် အိပ်ရာထဲလဲလျောင်းနေရာမှ သတိပြန်မလည်လာတော့ဘဲ ရုတ်တရက် ကျဆုံးသွားရရှာပါတယ်။ ထိုအချိန် ဗိုလ်မှူးဗထူးအသက်မှာ ၂၉ သာရှိပါသေးတယ်။

ကွယ်လွန်မည့်နေ့ နေ့လည် ၂နာရီ ၁၀ မိနစ်ခန့်တွင် ဗိုလ်မှူးဗထူးက “ကျွန်တော်တော့ ရေတိမ်နစ်ပြီ ၊ ခင်ဗျားတို့မှာလည်း ဆေးမရှိလို့ ကျွန်တော့်ကို ထိုင်ကြည့်နေကြတာ ကျွန်တော်သိပါတယ်။ ကျွန်တော်မရှိရင် စိတ်ပျက်ပြီး ပြန်မသွားကြပါနဲ့ ၊ စစ်ပြီးတဲ့အချိန်ထိ ဆက်တိုက်ကြပါဗျာ” ဟု စကားတစ်လုံးချင်း အားယူပြောပါတယ်။ ညနေ ၈ နာရီအချိန်တွင် ဗိုလ်မှူးဗထူးထံမှ “အာဠာဝကကိုပြော ဗိုလ်ချုပ်ဆီကိုလူလွှတ်” ဟူသော စကားနှစ်ခွန်းကို ဗလုံးဗထွေး မသဲမကွဲနောက်ဆုံးပြောရင်း အသက်ပါသွားပါတယ်။ ကွယ်လွန်ခါနီးအချိန်ထိ မိဘ၊ ဇနီး နှင့် သားသမီးတို့ အတွက် ဘာမျှမမှာပဲ တိုင်းပြည်လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ခိုက်ရန်သာ မှာကြားခဲ့ပါတယ်။ စစ်ထဲသို့စတင်ဝင်ရောက်ချိန်ကတည်းက တောကြိုအုံကြားမှာ သာ အချိန်ကုန်ခဲ့သော ဗိုလ်မှူးဗထူးဟာ ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ဂုဏ်ပြုလိုက်သော အမိန့်စာကိုပင် ဖတ်မသွားနိုင်ခဲ့ပါ။

Ref:
ဖက်ဆစ်ဂျပန်တော်လှန်ရေးသူရဲကောင်း၊ ဗိုလ်မှူးကီးဗထူး – သန်းဝင်းလှိုင်
မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top