ဗဟုသုတ

မႏၱေလးေတာင္ေပၚမွ ေျမြႀကီးႏွစ္ေကာင္သမုိင္း

မႏၱေလးေတာင္လို႔ ဆိုလိုက္တာနဲ႕ ေႁမြႀကီးႏွစ္ေကာင္ ဆိုတာကို ေရာက္ဖူးသူေရာ မေရာက္ဖူးသူမ်ားပါ တန္းသိၾကမွာပါ။ မႏၱေလးနဲ႕ ပတ္သတ္တဲ့သီခ်င္းေတြမွာ ဒီေႁမြႀကီးႏွစ္ေကာင္ အေၾကာင္းက မပါမျဖစ္ ပါေလ့ရွိတဲ့အတြက္ေၾကာင့္ပါ။ ဒီေႁမြႀကီးႏွစ္ေကာင္ရဲ႕ အေၾကာင္းကို ဗဟုသုတ အျဖစ္ေဖာ္ျပလိုက္ပါတယ္။

တခ်ိဳ႕ကေတာ့ ဒီေႁမြႀကီးေတြကို ရေသ့ႀကီး ဦးခႏၱီ ေတာရွင္းေတာ့ေတြ႕တာ လို႔ေျပာေလ့ရွိပါတယ္။ ဒါဟာ မဟုတ္ပါဘူး။ ေႁမြႀကီးေတြရွိတုန္းက ဦးခႏၱီမေရာက္ေသးပါ။ ျမန္မာသကၠရာဇ္ ၁၂၆၆ ခုႏွစ္က မႏၱေလးေတာင္မွာ ဘုန္းေတာ္ႀကီး ဦးနႏၵိယ ႀကီးမႉးၿပီး ဗ်ာဒိတ္ၫႊန္းဘုရား႐ုပ္တုေတာ္ ထုလုပ္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္ေလာ က္က မႏၱေလး ေျမာက္ျပင္လင္ဇင္းရပ္ထဲက ပန္းပဲဆရာလည္း ဟုတ္ ၊ ေဆးဆရာဆိုလည္းဟုတ္တဲ့ ဦးေဘရဲ႕ အိမ္ဝင္းထဲကို ညတစ္ညမွာ စပါးအုံးေႁမြႀကီးႏွစ္ေကာင္ ဟာ ဘယ္ကမွန္းမသိပဲ ေရာက္ေနခဲ့ပါတယ္။ မနက္လင္းမွေတြ႕ၾကေတာ့ ေမာင္းထုတ္ေပမယ့္ မသြားၾကတဲ့အတြက္ ဦးေဘဟာ ေႁမြဆရာ ဦးလုံးကိုေခၚျပပါတယ္။

ဦးလုံးက ဆရာေဘရယ္ ဒီေႁမြႀကီးေတြကရန္မျပဳတတ္ပါဘူး ၊ ေႁမြေကာင္းႀကီးေတြပါ ၊ ကြၽန္ေတာ္ပဲ ယူသြားမယ္ လို႔ဆိုၿပီး ယူသြားပါတယ္။ အဲဒီေနာက္ ဦးလုံးဟာေႁမြႀကီးေတြကို ျပစားပါေတာ့တယ္။ လူစည္တဲ့ေဈးလိုေနရာေတြ နဲ႕ ဘုရားေတြပြဲေတြမွာ လွည့္လည္ျပေလ့ရွိပါတယ္။ အခ်ိန္အေတာ္ၾကာၿပီးတစ္ေန႕မွာ ဒီေႁမြႀကီးႏွစ္ေကာင္ရဲ႕သတင္းကို ဘုန္းေတာ္ႀကီး ဦးနႏၵိယက ၾကားသြားတဲ့အတြက္ ဦးလုံးကို ဒီ”ေႁမြႀကီးေတြနဲ႕ ပိုက္ဆံအေတာ္အသင့္ ရေလာက္ပါၿပီ။ ေႁမြႀကီးေတြကို ဘုန္းႀကီးလႉပါ။ ဘုရား႐ုပ္ထု ထုသူ ေတြေရာ ၊ ဘုရားဖူးလာသူေတြရာ အပန္းေျပ အပ်င္းေျပေအာင္ မႏၱေလးေတာင္ေျခမွာထားခ်င္တယ္” လို႔ေျပာၿပီး ဦးလုံးဆီကအလႉခံသတဲ့။
ဦးလုံးကလည္း ေငြ ၂၀ဝ ၊ ၃၀ဝ က်ပ္ေလာက္ ရေနၿပီဆိုေတာ့ ဘုန္းေတာ္ႀကီးကို ေႁမြႀကီးႏွစ္ေကာင္ လႉလိုက္ပါတယ္။(အဲဒီတုန္းက ေငြ ၂၀ဝ ဆိုတာနည္းမွမနည္းပဲကို)

အဲဒီေနာက္ မႏၱေလးေတာင္အတက္က ျခေသၤ့ႀကီးႏွစ္ေကာင္ အနားမွာ ေႁမြႀကီးႏွစ္ေကာင္ကို ထားလိုက္ပါတယ္။ ခ်က္ခ်င္းနာမည္ႀကီးသြားၿပီး လူစည္ကားသြား ပါေတာ့တယ္။ ေႁမြႀကီးႏွစ္ေကာင္ေၾကာင့္လူစည္ကားမွန္းသိေပမယ့္ ဘုန္းႀကီး ဦးနႏၵိယက ၁ႏွစ္ နဲ႕ ၈လ အၾကာမွာ “႐ုပ္ထုလည္း ထုၿပီးသြားပါၿပီ ၊ ဘုရားအစ္မတို႔ သြားလိုရာသြားၾကပါေတာ့” လို႔ေျပာၿပီး ရန္ကင္းေတာင္ဘက္ကေတာထဲမွာ လႊတ္ေပးလိုက္ပါတယ္။ ေႁမြႀကီးေတြဟာ တြင္းႀကီးတစ္တြင္းထဲဝင္သြားၿပီးတဲ့ေနာက္ သူတို႔ရဲ႕သတင္းကိုလုံးဝမၾကားရေတာ့ပါဘူး။

ေႁမြႀကီးေတြ မရွိေတာ့ေပမယ့္ “စခန္းမေဝးေပါင္ မႏၱေလးေတာင္ ေႁမြႀကီး ၂ ေကာင္ သြားလို႔ၾကည့္ရေအာင္” ဆိုတဲ့ သီခ်င္းကေတာ့ က်န္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ရေသ့ႀကီး ဦးခႏၱီက မႏၱေလးေတာင္ေပၚမွာ သံေႁမြေဟာက္အ႐ုပ္ႀကီးႏွစ္ေကာင္ကို သြန္းလုပ္ေစၿပီး တင္ထားလိုက္ပါတယ္။ အစတုန္းက ေႁမြ႐ုပ္ႀကီးႏွစ္႐ုပ္ကို ေရွ႕ဆင့္ေနာက္ ဆင့္ထားခဲ့ေပမယ့္ အခုေတာ့ ေဆးေတြသုတ္ကာ ႏွစ္ေကာင္ယွဥ္ထားၿပီး သံဆန္ခါနဲ႕ ကာထားလိုက္ပါတယ္။

Ref:
ကြၽန္မတို႔ မႏၱေလးက မႏၱေလးေတာင္ – လူထုေဒၚအမာ
ျမန္မာ့ျဖစ္ရပ္ ၁၀ဝ – ေမာင္ၾကည္သန့္

 


 

မန္တလေးတောင်ပေါ်မှ မြွေကြီးနှစ်ကောင်သမိုင်း (unicode)

မန္တလေးတောင်လို့ ဆိုလိုက်တာနဲ့ မြွေကြီးနှစ်ကောင် ဆိုတာကို ရောက်ဖူးသူရော မရောက်ဖူးသူများပါ တန်းသိကြမှာပါ။ မန္တလေးနဲ့ ပတ်သတ်တဲ့သီချင်းတွေမှာ ဒီမြွေကြီးနှစ်ကောင် အကြောင်းက မပါမဖြစ် ပါလေ့ရှိတဲ့အတွက်ကြောင့်ပါ။ ဒီမြွေကြီးနှစ်ကောင်ရဲ့ အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။

တချို့ကတော့ ဒီမြွေကြီးတွေကို ရသေ့ကြီး ဦးခန္တီ တောရှင်းတော့တွေ့တာ လို့ပြောလေ့ရှိပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ မြွေကြီးတွေရှိတုန်းက ဦးခန္တီမရောက်သေးပါ။ မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်က မန္တလေးတောင်မှာ ဘုန်းတော်ကြီး ဦးနန္ဒိယ ကြီးမှူးပြီး ဗျာဒိတ်ညွှန်းဘုရားရုပ်တုတော် ထုလုပ်နေခဲ့ပါတယ်။ အဲဒီအချိန်လော က်က မန္တလေး မြောက်ပြင်လင်ဇင်းရပ်ထဲက ပန်းပဲဆရာလည်း ဟုတ် ၊ ဆေးဆရာဆိုလည်းဟုတ်တဲ့ ဦးဘေရဲ့ အိမ်ဝင်းထဲကို ညတစ်ညမှာ စပါးအုံးမြွေကြီးနှစ်ကောင် ဟာ ဘယ်ကမှန်းမသိပဲ ရောက်နေခဲ့ပါတယ်။ မနက်လင်းမှတွေ့ကြတော့ မောင်းထုတ်ပေမယ့် မသွားကြတဲ့အတွက် ဦးဘေဟာ မြွေဆရာ ဦးလုံးကိုခေါ်ပြပါတယ်။

ဦးလုံးက ဆရာဘေရယ် ဒီမြွေကြီးတွေကရန်မပြုတတ်ပါဘူး ၊ မြွေကောင်းကြီးတွေပါ ၊ ကျွန်တော်ပဲ ယူသွားမယ် လို့ဆိုပြီး ယူသွားပါတယ်။ အဲဒီနောက် ဦးလုံးဟာမြွေကြီးတွေကို ပြစားပါတော့တယ်။ လူစည်တဲ့ဈေးလိုနေရာတွေ နဲ့ ဘုရားတွေပွဲတွေမှာ လှည့်လည်ပြလေ့ရှိပါတယ်။ အချိန်အတော်ကြာပြီးတစ်နေ့မှာ ဒီမြွေကြီးနှစ်ကောင်ရဲ့သတင်းကို ဘုန်းတော်ကြီး ဦးနန္ဒိယက ကြားသွားတဲ့အတွက် ဦးလုံးကို ဒီ”မြွေကြီးတွေနဲ့ ပိုက်ဆံအတော်အသင့် ရလောက်ပါပြီ။ မြွေကြီးတွေကို ဘုန်းကြီးလှူပါ။ ဘုရားရုပ်ထု ထုသူ တွေရော ၊ ဘုရားဖူးလာသူတွေရာ အပန်းပြေ အပျင်းပြေအောင် မန္တလေးတောင်ခြေမှာထားချင်တယ်” လို့ပြောပြီး ဦးလုံးဆီကအလှူခံသတဲ့။
ဦးလုံးကလည်း ငွေ ၂၀ဝ ၊ ၃၀ဝ ကျပ်လောက် ရနေပြီဆိုတော့ ဘုန်းတော်ကြီးကို မြွေကြီးနှစ်ကောင် လှူလိုက်ပါတယ်။(အဲဒီတုန်းက ငွေ ၂၀ဝ ဆိုတာနည်းမှမနည်းပဲကို)

အဲဒီနောက် မန္တလေးတောင်အတက်က ခြင်္သေ့ကြီးနှစ်ကောင် အနားမှာ မြွေကြီးနှစ်ကောင်ကို ထားလိုက်ပါတယ်။ ချက်ချင်းနာမည်ကြီးသွားပြီး လူစည်ကားသွား ပါတော့တယ်။ မြွေကြီးနှစ်ကောင်ကြောင့်လူစည်ကားမှန်းသိပေမယ့် ဘုန်းကြီး ဦးနန္ဒိယက ၁နှစ် နဲ့ ၈လ အကြာမှာ “ရုပ်ထုလည်း ထုပြီးသွားပါပြီ ၊ ဘုရားအစ်မတို့ သွားလိုရာသွားကြပါတော့” လို့ပြောပြီး ရန်ကင်းတောင်ဘက်ကတောထဲမှာ လွှတ်ပေးလိုက်ပါတယ်။ မြွေကြီးတွေဟာ တွင်းကြီးတစ်တွင်းထဲဝင်သွားပြီးတဲ့နောက် သူတို့ရဲ့သတင်းကိုလုံးဝမကြားရတော့ပါဘူး။

မြွေကြီးတွေ မရှိတော့ပေမယ့် “စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီး ၂ ကောင် သွားလို့ကြည့်ရအောင်” ဆိုတဲ့ သီချင်းကတော့ ကျန်နေခဲ့ပါတယ်။ ဒါကြောင့် ရသေ့ကြီး ဦးခန္တီက မန္တလေးတောင်ပေါ်မှာ သံမြွေဟောက်အရုပ်ကြီးနှစ်ကောင်ကို သွန်းလုပ်စေပြီး တင်ထားလိုက်ပါတယ်။ အစတုန်းက မြွေရုပ်ကြီးနှစ်ရုပ်ကို ရှေ့ဆင့်နောက် ဆင့်ထားခဲ့ပေမယ့် အခုတော့ ဆေးတွေသုတ်ကာ နှစ်ကောင်ယှဉ်ထားပြီး သံဆန်ခါနဲ့ ကာထားလိုက်ပါတယ်။

Ref:
ကျွန်မတို့ မန္တလေးက မန္တလေးတောင် – လူထုဒေါ်အမာ
မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top