ဗဟုသုတ

လႊတ္ေတာ္ရဲ႕အစ (သုိ႔) ထီးလုိမင္းလုိ

ပုဂံ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေၿမသုိ႔ ေရာက္ဖူးသူ (သုိ႔) ပုဂံကုိ စိတ္၀င္စားသူတုိင္း ထီးလုိမင္းလုိဟူေသာ ခပ္ဆန္းဆန္းနာမည္ တစ္ခုကုိ ႀကားဖူးႀကပါလိမ့္မည္။ ထီးလိုမင္းလုိဘုရားသည္ ပုဂံ၏ အထင္ကရေစတီမ်ားထဲတြင္ ပါ၀င္သည္။ ထုိဘုရားကုိတည္သူမွာ ထီးလုိမင္းလုိမင္း ၿဖစ္၏။ ထီးလုိမင္းလုိမင္းကား ယေန႔ၿမင္ေတြ႔ေနရေသာ လႊတ္ေတာ္စနစ္ကုိစတင္ခဲ့သူ ေပတည္း။

ပုဂံေခတ္ ေအဒီ ၁၂၁၁ ခုႏွစ္တြင္ ထီးလုိမင္းလုိမင္း နန္းတက္၏။ သူ႔တြင္ နားေတာင္မ်ား ၊ ေဇယ်သိခၤ ၊ ဥဇနာ စသည့္အၿခားအမည္ သုံးမ်ဳိးလည္း ရွိေသးသည္။ နားေတာင္းမ်ား ဟုေခၚရၿခင္းမွာ သူ႔ရဲ႕မိခင္ၿဖစ္သူဟာ ဖခင္ထံမွထီးနန္းကို သူ႔အတြက္ေတာင္းေပးခဲ့တာေႀကာင့္ ၿဖစ္သည္။ ဖခင္ၿဖစ္သူ နရပတိစည္သူမင္းတြင္ မိဖုရားမ်ားစြာ ရွိ၏။ ထုိမိဖုရားတုိ ႔ထဲတြင္ ေဇယ်သိခၤ၏ မိခင္ၿဖစ္သူမွာ အလြန္ႀကင္နာတတ္၏။ တစ္ခါ မင္းႀကီးလက္၌ ခူနာစြဲကပ္ေလသည္။ သမားေတာ္တုိ႔ကုစားေသာ္လည္း မသက္သာခဲ့။ အနာရင္းၿပီး ေသြးၿပည္မ်ားကုိက္ခဲမႈေႀကာင့္ အိပ္လုိ႔မေပ်ာ္ပဲ ရွိေနသည္။ မင္းႀကီး၏ ေ၀ဒနာကုိ မရႈရက္ႏုိင္ေသာ ေဇယ်သိခၤမိခင္မွာ ခူနာေပါက္သည့္လက္ကုိ ပါးစပ္ၿဖင့္ငုံခဲ့သည္။ အနာသည္ အာအပႈေႀကာင့္ အနည္းငယ္ သက္သာလာခဲ့သည္။ မိဖုရားအနာကုိ ငုံထားခ်ိန္မွာ မင္းႀကီး လည္း အိပ္ေပ်ာ္သြားခဲ့သည္။ ထုိစဥ္အနာသည္ ပါးစပ္ထဲမွာ ပင္ေပါက္ ထြက္ၿပီး ၿပည္မ်ားထြက္လာသည္။ မင္းႀကီးႏုိးသြားမွာစုိးသည့္အတြက္ မိဖုရားသည္ ေသြးၿပည္မ်ားကုိ ၀မ္းထဲမ်ဳိခ်လုိက္ေလသည္။ မင္းႀကီးႏုိးေသာ္ ပါးစပ္ထဲမွလက္ကုိ ဆြဲႏႈတ္ၿပီး အနာၿပည္ေပါက္သြားေႀကာင့္ သိသြားသည္။” ၿပည္မ်ားကုိ မ်ဳိခ်လုိက္သေလာ” ဟုေမးေသာအခါ “မွန္ပါအရွင္ မင္းႀကီး၊မင္းႀကီးအိပ္ရာမွႏုိးသြားမည္စိုး၍ မ်ဳိခ်လိုက္ျခင္းပါ ” ။ မင္းႀကီးလဲအလြန္ခ်စ္ၿမတ္ႏုိးေတာ္မူၿပီး လုိရာဆုကိုေတာင္းေစေသာအခါ မိဖုရားသည္ ေဇယ်သိခၤကုိ ထီးနန္းေပးရန္ ေတာင္းခဲ့သည္။ နန္းကိုေတာင္းတဲ့အတြက္ နန္းေတာင္းမ်ားမင္းဟု ၿဖစ္လာသည္။
( ရာဇ၀င္တခ်ဳိ႕ကမူ မင္းသားငယ္စဥ္က နားေတာင္းကုိ စိန္စေသာ ရတာမ်ဳိးစုံၿဖင့္ အမ်ားအၿပား၀တ္ဆင္ေသာေႀကာင့္ နားေထာင္းမ်ား မင္းဟု ေခၚသည္ဟု ဆုိ၏ )

ေဇယ်သိခၤသည္ ညီအစ္ကုိငါးေယာက္တြင္ အငယ္ဆုံးၿဖစ္သည္။ မင္းႀကီးက ထီးနန္းလႊဲအပ္ရန္ အခ်ိန္ေရာက္ေသာအခါ ညီအစ္ကုိ ငါးေယာက္စလုံးသည္ ထီးနန္းႏွင့္သင့္ေတာ္သူခ်ည္းသာ ၿဖစ္၍ ေပးရခက္ေနခဲ့သည္။ ေဇယ်သိခၤကုိေပးခ်င္ေသာ္လည္း မမွ်တဟုစိတ္ထင္တာေႀကာင့္ ထီးၿဖဴကို ဆုံးၿဖတ္ေစပါတယ္။ ခစားေနေသာ သားေတာ္ငါးပါး အလယ္တြင္ ထီးေတာ္ကိုေထာင္ထားလုိက္သည္။ မင္းၿပဳထုိက္သူကို ထီးေတာ္ ညႊတ္ေစေသာ္ ဟု အဓိဌာန္ၿပဳလုိက္ရာ ထီးေတာ္သည္ အငယ္ဆုံးသား ၿဖစ္သူေဇယ်သိခၤထံ ညႊတ္ေလသည္။ မင္းကလည္းလုိ ထီးကလည္းလုိ တာေႀကာင့္ ထီးလုိမင္းလုိ ဟူေသာ အမည္ၿဖစ္လာသည္။ ခမည္းေတာ္၏ ဆုံးၿဖတ္ခ်က္ကုိ သားေတာ္အႀကီး ေလးပါးကလည္း နာခံသည္။ ညီေတာ္အေပၚ အေကာက္မႀကံႀက။ ေဇယ်သိခၤကလည္း ထီးနန္းကုိရေသာ္လည္း ငါဘုရင္ဟု အတၱမႀကီးပဲ ေနာင္ေတာ္ေလးပါးႏွင့္ အတူတုိင္းၿပည္ကုိ ညီညြတ္စြာအုပ္ခ်ဳပ္သည္။

ကမာၻသမုိင္း ၿမန္မာ့ သမုိင္းမ်ားတြင္ အာဏာအတြက္ သားသတ္အေဖသတ္ၿဖစ္ရပ္မ်ားထဲမွ ဒီညီအစ္ကုိမ်ား၏ ဆက္ဆံေရးမွာေႏြးေထြးလွသည္။ ေဇယ်သိခၤသည္ ထီးနန္းကိုရယူထား၍ ဘုရင္ၿဖစ္ေသာ္လည္း တုိင္းၿပည္အာဏာသည္ သူတစ္ေယာက္တည္းအေပၚတြင္မရွိ။ ေနာင္ေတာ္ေလးဦး စုရုံးၿခင္း ၿပဳႀကေသာ လႊတ္ေတာ္တြင္သာ ရွိသည္။ လႊတ္ေတာ္တြင္ ၀န္ႀကီးေလးပါး ခန္႔၍ အုပ္ခ်ဳပ္ေသာ စနစ္သည္ နရပတိစည္သူမင္းလက္ထက္တြင္ အုပ္ၿမစ္ခ်ခဲ့ၿပီး ေဇယ်သိခၤလက္ထက္တြင္ တရား၀င္က်င့္သုံးခဲ့သည္။ လႊတ္ေတာ္(တရားစီရင္ရာေနရာ)အစ ထီးလုိမင္းလုိကဟု ဆုိႏုိင္သည္။ ညီအစ္ကုိငါးေယာက္တုိ႔ ညီညြတ္မွန္ကန္စြာ မင္းက်င့္တရားႏွင့္ အညီအုပ္ခ်ဳပ္ေသာေႀကာင့္ ထုိမင္းလက္ထက္တြင္ ႏုိင္ငံေတာ္သည္ေအးခ်မ္းသာယာၿခင္းအတိႏွင့္ တုိးတက္ခဲ့သည္။ ေၿမာက္အရပ္ရွိ တေကာင္းကုိ ၿပန္လည္သိမ္းပိုက္ႏုိင္ခဲ့သလုိ တရုတ္ႏုိင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာငါးေဆာင္ခ်မ္း(ယခုဗန္းေမာ္ၿမဳိ႕အနီး)ေကာင္းစင္တုိ႔တြင္ နယ္ၿခား၀န္မ်ားခန္႔ထားကာ အုပ္ခ်ဳပ္ေစႏုိင္ခဲ့သည္။

ေဇယ်သိခၤမင္းတည္ခဲ့ေသာ ဘုရားသုံးဆူတြင္ တစ္ဆူသည္ ထီးလို မင္းလုိဘုရား ဟူေသာအမည္ႏွင့္ ထင္ရွားသည္။ က်န္ႏွစ္ဆူမွာ နရ ပတိစည္သူမင္းႀကီး ၿပီးဆုံးေအာင္မတည္ခဲ့သည့္ ကန္ေတာ့ပလႅင္ဘုရားႏွင့္ မဟာေဗာဓိေစတီ တုိ႔ၿဖစ္သည္။ ႏုိင္ငံတုိးတက္ေရးသာ မက သာသနာတုိးတက္ေရးပါေဆာင္ရြက္ခဲ့ေသာ ေဇယ်သိခၤမင္းသည္ ေအဒီ ၁၂၃၁ ခုႏွစ္(သက္ေတာ္ ၄၂ ႏွစ္ ) တြင္ နတ္ရြာစံကံေတာ္ ကုန္ခဲ့ပါသည္။

Ref
အံ့ဘြယ္ႏွလံုးသား ႏွင့္ ထီးလိုမင္းလိုဘုရား – ပ႒ာန္းအလင္းေရာင္ဆရာေတာ္
သိသင့္သိစရာ သမုိင္း၀င္ၿဖစ္ရပ္မ်ားစြာ – နႏၵာမုိးႀကယ္
ၿမန္မာ့စြယ္စုံက်မ္း


 

လွှတ်တော်ရဲ့အစ (သို့) ထီးလိုမင်းလို

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်ဖူးသူ (သို့) ပုဂံကို စိတ်ဝင်စားသူတိုင်း ထီးလိုမင်းလိုဟူသော ခပ်ဆန်းဆန်းနာမည် တစ်ခုကို ကြားဖူးကြပါလိမ့်မည်။ ထီးလိုမင်းလိုဘုရားသည် ပုဂံ၏ အထင်ကရစေတီများထဲတွင် ပါဝင်သည်။ ထိုဘုရားကိုတည်သူမှာ ထီးလိုမင်းလိုမင်း ဖြစ်၏။ ထီးလိုမင်းလိုမင်းကား ယနေ့မြင်တွေ့နေရသော လွှတ်တော်စနစ်ကိုစတင်ခဲ့သူ ပေတည်း။

ပုဂံခေတ် အေဒီ ၁၂၁၁ ခုနှစ်တွင် ထီးလိုမင်းလိုမင်း နန်းတက်၏။ သူ့တွင် နားတောင်များ ၊ ဇေယျသိင်္ခ ၊ ဥဇနာ စသည့်အခြားအမည် သုံးမျိုးလည်း ရှိသေးသည်။ နားတောင်းများ ဟုခေါ်ရခြင်းမှာ သူ့ရဲ့မိခင်ဖြစ်သူဟာ ဖခင်ထံမှထီးနန်းကို သူ့အတွက်တောင်းပေးခဲ့တာကြောင့် ဖြစ်သည်။ ဖခင်ဖြစ်သူ နရပတိစည်သူမင်းတွင် မိဖုရားများစွာ ရှိ၏။ ထိုမိဖုရားတို ့ထဲတွင် ဇေယျသိင်္ခ၏ မိခင်ဖြစ်သူမှာ အလွန်ကြင်နာတတ်၏။ တစ်ခါ မင်းကြီးလက်၌ ခူနာစွဲကပ်လေသည်။ သမားတော်တို့ကုစားသော်လည်း မသက်သာခဲ့။ အနာရင်းပြီး သွေးပြည်များကိုက်ခဲမှုကြောင့် အိပ်လို့မပျော်ပဲ ရှိနေသည်။ မင်းကြီး၏ ဝေဒနာကို မရှုရက်နိုင်သော ဇေယျသိင်္ခမိခင်မှာ ခူနာပေါက်သည့်လက်ကို ပါးစပ်ဖြင့်ငုံခဲ့သည်။ အနာသည် အာအပှုကြောင့် အနည်းငယ် သက်သာလာခဲ့သည်။ မိဖုရားအနာကို ငုံထားချိန်မှာ မင်းကြီး လည်း အိပ်ပျော်သွားခဲ့သည်။ ထိုစဉ်အနာသည် ပါးစပ်ထဲမှာ ပင်ပေါက် ထွက်ပြီး ပြည်များထွက်လာသည်။ မင်းကြီးနိုးသွားမှာစိုးသည့်အတွက် မိဖုရားသည် သွေးပြည်များကို ဝမ်းထဲမျိုချလိုက်လေသည်။ မင်းကြီးနိုးသော် ပါးစပ်ထဲမှလက်ကို ဆွဲနှုတ်ပြီး အနာပြည်ပေါက်သွားကြောင့် သိသွားသည်။” ပြည်များကို မျိုချလိုက်သလော” ဟုမေးသောအခါ “မှန်ပါအရှင် မင်းကြီး၊မင်းကြီးအိပ်ရာမှနိုးသွားမည်စိုး၍ မျိုချလိုက်ခြင်းပါ ” ။ မင်းကြီးလဲအလွန်ချစ်မြတ်နိုးတော်မူပြီး လိုရာဆုကိုတောင်းစေသောအခါ မိဖုရားသည် ဇေယျသိင်္ခကို ထီးနန်းပေးရန် တောင်းခဲ့သည်။ နန်းကိုတောင်းတဲ့အတွက် နန်းတောင်းများမင်းဟု ဖြစ်လာသည်။
( ရာဇဝင်တချို့ကမူ မင်းသားငယ်စဉ်က နားတောင်းကို စိန်စသော ရတာမျိုးစုံဖြင့် အများအပြားဝတ်ဆင်သောကြောင့် နားထောင်းများ မင်းဟု ခေါ်သည်ဟု ဆို၏ )

ဇေယျသိင်္ခသည် ညီအစ်ကိုငါးယောက်တွင် အငယ်ဆုံးဖြစ်သည်။ မင်းကြီးက ထီးနန်းလွှဲအပ်ရန် အချိန်ရောက်သောအခါ ညီအစ်ကို ငါးယောက်စလုံးသည် ထီးနန်းနှင့်သင့်တော်သူချည်းသာ ဖြစ်၍ ပေးရခက်နေခဲ့သည်။ ဇေယျသိင်္ခကိုပေးချင်သော်လည်း မမျှတဟုစိတ်ထင်တာကြောင့် ထီးဖြူကို ဆုံးဖြတ်စေပါတယ်။ ခစားနေသော သားတော်ငါးပါး အလယ်တွင် ထီးတော်ကိုထောင်ထားလိုက်သည်။ မင်းပြုထိုက်သူကို ထီးတော် ညွှတ်စေသော် ဟု အဓိဌာန်ပြုလိုက်ရာ ထီးတော်သည် အငယ်ဆုံးသား ဖြစ်သူဇေယျသိင်္ခထံ ညွှတ်လေသည်။ မင်းကလည်းလို ထီးကလည်းလို တာကြောင့် ထီးလိုမင်းလို ဟူသော အမည်ဖြစ်လာသည်။ ခမည်းတော်၏ ဆုံးဖြတ်ချက်ကို သားတော်အကြီး လေးပါးကလည်း နာခံသည်။ ညီတော်အပေါ် အကောက်မကြံကြ။ ဇေယျသိင်္ခကလည်း ထီးနန်းကိုရသော်လည်း ငါဘုရင်ဟု အတ္တမကြီးပဲ နောင်တော်လေးပါးနှင့် အတူတိုင်းပြည်ကို ညီညွတ်စွာအုပ်ချုပ်သည်။

ကမ္ဘာသမိုင်း မြန်မာ့ သမိုင်းများတွင် အာဏာအတွက် သားသတ်အဖေသတ်ဖြစ်ရပ်များထဲမှ ဒီညီအစ်ကိုများ၏ ဆက်ဆံရေးမှာနွေးထွေးလှသည်။ ဇေယျသိင်္ခသည် ထီးနန်းကိုရယူထား၍ ဘုရင်ဖြစ်သော်လည်း တိုင်းပြည်အာဏာသည် သူတစ်ယောက်တည်းအပေါ်တွင်မရှိ။ နောင်တော်လေးဦး စုရုံးခြင်း ပြုကြသော လွှတ်တော်တွင်သာ ရှိသည်။ လွှတ်တော်တွင် ဝန်ကြီးလေးပါး ခန့်၍ အုပ်ချုပ်သော စနစ်သည် နရပတိစည်သူမင်းလက်ထက်တွင် အုပ်မြစ်ချခဲ့ပြီး ဇေယျသိင်္ခလက်ထက်တွင် တရားဝင်ကျင့်သုံးခဲ့သည်။ လွှတ်တော်(တရားစီရင်ရာနေရာ)အစ ထီးလိုမင်းလိုကဟု ဆိုနိုင်သည်။ ညီအစ်ကိုငါးယောက်တို့ ညီညွတ်မှန်ကန်စွာ မင်းကျင့်တရားနှင့် အညီအုပ်ချုပ်သောကြောင့် ထိုမင်းလက်ထက်တွင် နိုင်ငံတော်သည်အေးချမ်းသာယာခြင်းအတိနှင့် တိုးတက်ခဲ့သည်။ မြောက်အရပ်ရှိ တကောင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသောငါးဆောင်ချမ်း(ယခုဗန်းမော်မြို့အနီး)ကောင်းစင်တို့တွင် နယ်ခြားဝန်များခန့်ထားကာ အုပ်ချုပ်စေနိုင်ခဲ့သည်။

ဇေယျသိင်္ခမင်းတည်ခဲ့သော ဘုရားသုံးဆူတွင် တစ်ဆူသည် ထီးလို မင်းလိုဘုရား ဟူသောအမည်နှင့် ထင်ရှားသည်။ ကျန်နှစ်ဆူမှာ နရ ပတိစည်သူမင်းကြီး ပြီးဆုံးအောင်မတည်ခဲ့သည့် ကန်တော့ပလ္လင်ဘုရားနှင့် မဟာဗောဓိစေတီ တို့ဖြစ်သည်။ နိုင်ငံတိုးတက်ရေးသာ မက သာသနာတိုးတက်ရေးပါဆောင်ရွက်ခဲ့သော ဇေယျသိင်္ခမင်းသည် အေဒီ ၁၂၃၁ ခုနှစ်(သက်တော် ၄၂ နှစ် ) တွင် နတ်ရွာစံကံတော် ကုန်ခဲ့ပါသည်။

Ref
အံ့ဘွယ်နှလုံးသား နှင့် ထီးလိုမင်းလိုဘုရား – ပဋ္ဌာန်းအလင်းရောင်ဆရာတော်
သိသင့်သိစရာ သမိုင်းဝင်ဖြစ်ရပ်များစွာ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top