ဗဟုသုတ

သမိုင္းဝင္ ေသမင္းတမန္မီးရထားလမ္း

 

မြန္ျပည္နယ္၊သံျဖဴဇရပ္ၿမိဳ႕နယ္ကေန ေရးဘက္ကိုထြက္လိုက္တဲ့အခါ ေရွးေခတ္ေက်ာက္မီးေသြးသုံးမီးရထားစက္ေခါင္းႀကီးတစ္ခုကို ျမင္ၾကရမွာပဲျဖစ္ပါတယ္။ ဒီေနရာဟာ ေသမင္းတမန္လို႔နာမည္ႀကီးတဲ့ရထားလမ္းရဲ့အစပဲျဖစ္ပါတယ္။ ဒီရထားလမ္းဟာ သံျဖဴဇရပ္ၿမိဳ႕မွစတင္ၿပီး ဘုရားသုံးဆူေတာင္ၾကားကိုျဖတ္ကာ ထိုင္းနိုင္ငံဘန္ေပါင္(Ban Pong)ၿမိဳ႕မွာ အဆုံးသတ္တာျဖစ္ပါတယ္။ မိုင္ ၂၅၀ေက်ာ္ရွည္လ်ားပါတယ္။ ေသမင္းတမန္လို႔ေခၚရျခင္းအေၾကာင္းကေတာ့ ဒီရထားလမ္းေဖာက္လုပ္စဥ္က လူ႔အသက္ေပါင္းမ်ားစြာ ဆုံးရႈံးခဲ့လို႔ပဲျဖစ္ပါတယ္။

ေသမင္းတမန္ရထားလမ္းကို ၁၉၄၂ခုႏွစ္ ၊နိုဝင္ဘာလမွစတင္ကာ ဂ်ပန္ေတြကေဖာက္လုပ္တာျဖစ္ၿပီး ေဖာက္လုပ္ရတဲ့ရည္ရြယ္ခ်က္ကေတာ့ လက္နက္ခဲယမ္းေတြ၊ ကုန္ပစၥည္းေတြလြယ္ကူစြာ သယ္ေဆာင္နိုင္ဖို႔နဲ႔ အျခားနိုင္ငံမ်ားနဲ႔ မဟာမိတ္ျပဳလုပ္နိုင္ဖို႔အတြက္ပဲျဖစ္ပါတယ္။ ၁၉၄၃ခုႏွစ္ အာက္တိုဘာလကုန္ပိုင္းမွာ ၿပီးစီးခဲ့ၿပီး ၿပီးစီးခဲ့တဲ့အခ်ိန္မွာေတာ့ အစာဟာရမလုံေလာက္မႈ ၊ ရာသီဥတုနဲ႔ေရာဂါမ်ားရဲ့ႏွိပ္စက္မႈ ၊ ဂ်ပန္စစ္တပ္ရဲ့ညႇင္းပန္းႏွိပ္စက္မႈ႔ေတြေၾကာင့္ ျမန္မာတိုင္းရင္းသားေခၽြးတပ္သားေပါင္း ၈ ေသာင္းေက်ာ္ ၊ နိုင္ငံတကာသုံ႔ပန္း မဟာမိတ္တပ္သား ၁ေသာင္းေက်ာ္တို႔ေသဆုံးခဲ့ရပါတယ္။ (အဲဒီတုန္းက ဗမာ့ကာကြယ္ေရးတပ္ကို ေသြးတပ္(Blood Army)လို႔အမည္ေပးထားသျဖင့္ ရထားလမ္းအလုပ္သမားတပ္ကိုလည္းေခၽြးတပ္ (Sweat Army) လို႔ေခၚရျခင္းျဖစ္ပါတယ္။) ဒါေၾကာင့္လည္း ေသမင္းတမန္ရထားလမ္းဆိုၿပီး သမိုင္းဝင္ေနရာတစ္ခုအျဖစ္ ထင္ရွားလာခဲ့ျခင္းျဖစ္ပါတယ္။

အထိန္းအမွတ္အျဖစ္ေသမင္းတမန္ျပတိုက္ကို ၁၉၉၄ခုႏွစ္တည္းကတည္ေဆာက္ ခဲ့ပါတယ္။စေဆာက္ခဲ့စဥ္ကသမိုင္းနဲ႔ပတ္သတ္တဲ့အေထာက္အထားေတြ၊ဂ်ပန္စစ္သား႐ုပ္ေတြ၊ေခၽြးတပ္သားေတြရဲ့နမႈနာ႐ုပ္ေတြထည့္ေဆာက္ခဲ့ေပမယ့္ အခ်ိန္ၾကာထိန္းသိမ္းမႈ႔မရွိခဲ့တဲ့ေနာက္ ျပတိုက္ဟာပ်က္စီးေပ်ာက္ဆုံးခဲ့ရပါတယ္။ ဒီျပတိုက္ကို ျပန္လည္တည္ေဆာက္ၿပီး ၂၀၁၆ခုႏွစ္ ဇန္နဝါရီလ ၄ရက္ေန႔မွာ ဖြင့္လွစ္နိုင္ခဲ့ပါတယ္။ ဒုတိယကမၻာစစ္အတြင္း သမိုင္းဝင္ျဖစ္ခဲ့သည့္ ေသမင္းတမန္မီးရထား လမ္းႏွင့္ပတ္သက္၍ ကမၻာလွည့္ခရီးသည္မ်ားက အထူးစိတ္ဝင္တစား လာေရာက္လည္ပတ္လ်က္ရွိပါတယ္။ ဒီေနရာမွာ သမိုင္းဝင္ျဖစ္ရပ္မ်ား၊ ဓာတ္ပုံမွတ္တမ္းမ်ား၊ သရီးဒီ႐ုပ္ပုံမ်ား၊ ႐ုပ္တုမ်ားျဖင့္ ျပသထားမည့္ ရထားလမ္းျပတိုက္ကို ေလ့လာနိုင္မွာျဖစ္ပါတယ္။


သမိုင်းဝင် သေမင်းတမန်မီးရထားလမ်း (unicode)

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်ကနေ ရေးဘက်ကိုထွက်လိုက်တဲ့အခါ ရှေးခေတ်ကျောက်မီးသွေးသုံးမီးရထားစက်ခေါင်းကြီးတစ်ခုကို မြင်ကြရမှာပဲဖြစ်ပါတယ်။ ဒီနေရာဟာ သေမင်းတမန်လို့နာမည်ကြီးတဲ့ရထားလမ်းရဲ့အစပဲဖြစ်ပါတယ်။ ဒီရထားလမ်းဟာ သံဖြူဇရပ်မြို့မှစတင်ပြီး ဘုရားသုံးဆူတောင်ကြားကိုဖြတ်ကာ ထိုင်းနိုင်ငံဘန်ပေါင်(Ban Pong)မြို့မှာ အဆုံးသတ်တာဖြစ်ပါတယ်။ မိုင် ၂၅၀ကျော်ရှည်လျားပါတယ်။ သေမင်းတမန်လို့ခေါ်ရခြင်းအကြောင်းကတော့ ဒီရထားလမ်းဖောက်လုပ်စဉ်က လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့လို့ပဲဖြစ်ပါတယ်။

သေမင်းတမန်ရထားလမ်းကို ၁၉၄၂ခုနှစ် ၊နိုဝင်ဘာလမှစတင်ကာ ဂျပန်တွေကဖောက်လုပ်တာဖြစ်ပြီး ဖောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ လက်နက်ခဲယမ်းတွေ၊ ကုန်ပစ္စည်းတွေလွယ်ကူစွာ သယ်ဆောင်နိုင်ဖို့နဲ့ အခြားနိုင်ငံများနဲ့ မဟာမိတ်ပြုလုပ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ၁၉၄၃ခုနှစ် အာက်တိုဘာလကုန်ပိုင်းမှာ ပြီးစီးခဲ့ပြီး ပြီးစီးခဲ့တဲ့အချိန်မှာတော့ အစာဟာရမလုံလောက်မှု ၊ ရာသီဥတုနဲ့ရောဂါများရဲ့နှိပ်စက်မှု ၊ ဂျပန်စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်မှု့တွေကြောင့် မြန်မာတိုင်းရင်းသားချွေးတပ်သားေပါင်း ၈ သောင်းကျော် ၊ နိုင်ငံတကာသုံ့ပန်း မဟာမိတ်တပ်သား ၁သောင်းကျော်တို့သေဆုံးခဲ့ရပါတယ်။ (အဲဒီတုန်းက ဗမာ့ကာကွယ်ရေးတပ်ကို သွေးတပ်(Blood Army)လို့အမည်ပေးထားသဖြင့် ရထားလမ်းအလုပ်သမားတပ်ကိုလည်းချွေးတပ် (Sweat Army) လို့ခေါ်ရခြင်းဖြစ်ပါတယ်။) ဒါကြောင့်လည်း သေမင်းတမန်ရထားလမ်းဆိုပြီး သမိုင်းဝင်နေရာတစ်ခုအဖြစ် ထင်ရှားလာခဲ့ခြင်းဖြစ်ပါတယ်။

အထိန်းအမှတ်အဖြစ်သေမင်းတမန်ပြတိုက်ကို ၁၉၉၄ခုနှစ်တည်းကတည်ဆောက် ခဲ့ပါတယ်။စဆောက်ခဲ့စဉ်ကသမိုင်းနဲ့ပတ်သတ်တဲ့အထောက်အထားတွေ၊ဂျပန်စစ်သားရုပ်တွေ၊ချွေးတပ်သားေတွရဲ့နမှုနာရုပ်တွေထည့်ဆောက်ခဲ့ေပမယ့် အချိန်ကြာထိန်းသိမ်းမှု့မရှိခဲ့တဲ့နောက် ပြတိုက်ဟာပျက်စီးပျောက်ဆုံးခဲ့ရပါတယ်။ ဒီပြတိုက်ကို ပြန်လည်တည်ဆောက်ပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင်ဖြစ်ခဲ့သည့် သေမင်းတမန်မီးရထား လမ်းနှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသည်များက အထူးစိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိပါတယ်။ ဒီနေရာမှာ သမိုင်းဝင်ဖြစ်ရပ်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ သရီးဒီရုပ်ပုံများ၊ ရုပ်တုများဖြင့် ပြသထားမည့် ရထားလမ်းပြတိုက်ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top