သမိုင်း

ေသအံ့ဆဲဆဲမွာ ဆင္ျဖဴကၽြန္းဗိုလ္ဥတၱမ ေရးတဲ့ကဗ်ာ

အဂၤလိပ္တို႔အား ေတာ္လွန္ရန္ ရဲရဲေတာက္မိန္႔ခြန္းမ်ားေျပာသျဖင့္ ပထမဆုံးအဖမ္းခံရသူ ဆရာေတာ္ဦးဥတၱမ ႏွင့္ နာမည္တူ ဆင္ျဖဴကၽြန္း ဗိုလ္ဥတၱမသည္ သီေပါမင္းပါေတာ္မူၿပီးေနာက္ အဂၤလိပ္တို႔အား ရြပ္ရြပ္ခၽြံခၽြံတိုက္ပြဲဝင္ခဲ့သည့္ မ်ိဳးခ်စ္ေခါင္းေဆာင္မ်ားအနက္ တစ္ဦးအပါအဝင္ျဖစ္သည္။

ၿဗိတိသၽွတို႔က ဗိုလ္ဥတၱမအေၾကာင္းေဖာ္ျပရာတြင္ “ဦးဥတၱမသည္ တိုက္ရည္ခိုက္ရည္ တြင္သာ အလြန္ေတာ္ေသာပုဂၢိဳလ္ျဖစ္႐ုံမက စည္း႐ုံးေရးတြင္ အလြန္ေတာ္သည္”ဟု မွတ္တမ္းျပဳခဲ့ၾကသည္။ ဗိုလ္ဥတၱမတပ္မ်ား၏ ေတာ္လွန္မွုေၾကာင့္ အဂၤလိပ္တို႔အား အထိနာေစခဲ့သည္။ ဗိုလ္ဥတၱမသည္ ၎၏တပ္ကို မင္းဘူးၿမိဳ႕ေျမာက္ဘက္ ၅ မိုင္အကြာရွိ ၾကာဇံရြာမွ ဧရာဝတီျမစ္ကိုျဖတ္ကူးရန္ စီစဥ္သည္။ ထိုအစီအစဥ္ကို အဂၤလိပ္တို႔သိသြားသည့္အခါ ဗိုလ္ဥတၱမလည္း လယ္ကိုင္းေက်ာင္းေတာ္ရာ အေနာက္ဘက္ရွိေတာအ
တြင္းတြင္ ပုန္းေအာင္းလၽွက္ အႀကံယူေနခဲ့သည္။ ဤတြင္ အဂၤလိပ္တို႔က ဗိုလ္ဥတၱမအား ဖမ္းဆီးေပးနိုင္လၽွင္ ဆုေတာ္ေငြ က်ပ္ ၃၀ဝ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေၾကျငာခ်က္ ထုတ္ျပန္သည္။

ဗိုလ္ဥတၱမတြင္ ေမာင္ၾကာညိဳအမည္ရွိ ေမြးစားသားတစ္ေယာက္ရွိသည္။ တစ္ေန႔ ဖခင္ႏွင့္ သားတို႔ စိတ္အခန္႔မသင့္ျဖစ္ခဲ့ၾက၏။ ဤသည္ကိုအေၾကာင္းျပဳ၍ ေမာင္ၾကာညိဳသည္ ဆုေတာ္ေငြကိုမက္ေမာကာ ဖခင္ဗိုလ္ဥတၱမရွိမည့္ေနရာကို အဂၤလိပ္တို႔အား ညႊန္ျပလိုက္သည္။ အဂၤလိပ္တို႔သြားသည့္အခါ ဦးဥတၱမကို ဖမ္းမိ၏။ ေသဒဏ္အမိန္႔ခ်ျခင္းခံရသည္။ ပထမတြင္ အသနားခံခိုင္းခဲ့ေသးသည္။ သို႔ေသာ္ ဗိုလ္ဥတၱမက “လူမ်ိဳးျခားကို ေအာက္ႀကိဳ႕မခံလို ျမန္မာ့ရာဇဝင္ အပ်က္မခံနိုင္” ဟုဆိုကာ ေသဒဏ္ကိုပင္ယူခဲ့သည္။

ဤသို႔ျဖင့္ အဂၤလိပ္တို႔က ႀကိဳးေပးသတ္ျဖတ္ရန္ စီစဥ္ၿပီး ႀကိဳးမေပးမီ ဘာလိုအပ္ေသးသနည္း ေမးရာ ဗိုလ္ဥတၱမက စာေရးလိုသည့္အတြက္ စာရြက္ႏွင့္ခဲတံကို ေတာင္းသည္။ သို႔ျဖင့္ စာရြက္ႏွင့္ ခဲတံကို ရလာၿပီးေသအံဆဲဆဲတြင္ ေအာက္ပါ စာ(ဝါ)ေလးခ်ိဳး ကဗ်ာကို ေရးသားၿပီးေနာက္ ႀကိဳးစင္ထက္သို႔ရဲရဲဝံ့ဝံ့တက္သြားပါေတာ့သည္။

ဗိုလ္ဥတၱမေရးခဲ့ေသာ ကဗ်ာမွာကား-
“ဓနဂုဏ္ ေငြစုံမက္တာေၾကာင့္
ကုလားထံ အေဖကို ဆက္ပါတဲ့
အေနခက္ပါလိမ့္ ေမာင္ၾကာညိဳ ။

ဝမ္းနဲ႔ပင္ မလြယ္ျငားေသာ္လည္း
ရဟန္းရွင္ နယ္သမဏ
ငယ္စြခ်ိန္ခါက
သူ႔အိမ္မွာ ကိုယ္ေနေၾကးရယ္ႏွင့္
ဆပ္ေပးကာ ရွင္ေတာ္ျပဳပါလို႔
လူမွု ကဝိႏၵာပ
လိမၼာေအာင္ ေကာက္ယူေမြးသကြယ္
ေကၽြးတဲ့အေဖ ေက်းဇူးရွင္ကို ။

မျပဳျငားသင့္ပါဘူး ငၾကာညိဳရဲ့
ခုမ်ား ကံေတာ္မလို႔
ငါအေဖ လြတ္ေစေၾကာင္းနဲ႔
လႊတ္႐ုံးေတာ္ ေရွ႕ေနေကာင္းတို႔ႏွင့္
လြတ္ေၾကာင္း မူတကာပ
သူတကာ ခ်စ္ၾကည္ေရးကို
အသျပာေငြ တင္းခ်င္၍ ေပးေသာ္လည္း
ေသေဘးက မလြတ္လို
စေနျဂဳဟ္ရယ္က ေမႊတုန္း ။

ခံသူခြင္
စံျပဳကာ ေမေမခင္တို႔ရဲ့
ကိုယ့္သားကို ယုံၾကည္မွတ္ပါလို႔
ေတာရပ္မွာ အလံထူ၍
ခ်စ္သူမာန္ မူျဖတ္မလို
တကယ့္ဟန္ ႏွစ္ဘြဲ႕ခံ အရွင္ျမတ္မွာေလ
ဗိမၺိသာ ဇာတသတ္တို႔လို
အမ်ားမွတ္ဖို႔ ထုံးပါပဲ
(ကိ္ုယ္ေတာ့္မွာကြယ္)
သားသတ္လို႔ဆုံး။ ။

Ref
ျမန္မာ့သမိုင္းဝင္ သမိုင္းတင္ခဲ့ေသာ ျဖစ္ရပ္မ်ား ၁၀ဝ – နႏၵာမိုးၾကယ္
ျမန္မာ့စြယ္စုံက်မ္း


သေအံ့ဆဲဆဲမှာ ဆင်ဖြူကျွန်းဗိုလ်ဥတ္တမ ရေးတဲ့ကဗျာ (unicode)

အင်္ဂလိပ်တို့အား တော်လှန်ရန် ရဲရဲတောက်မိန့်ခွန်းများပြောသဖြင့် ပထမဆုံးအဖမ်းခံရသူ ဆရာတော်ဦးဥတ္တမ နှင့် နာမည်တူ ဆင်ဖြူကျွန်း ဗိုလ်ဥတ္တမသည် သီပေါမင်းပါတော်မူပြီးနောက် အင်္ဂလိပ်တို့အား ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သည့် မျိုးချစ်ခေါင်းဆောင်များအနက် တစ်ဦးအပါအဝင်ဖြစ်သည်။

ဗြိတိသျှတို့က ဗိုလ်ဥတ္တမအကြောင်းဖော်ပြရာတွင် “ဦးဥတ္တမသည် တိုက်ရည်ခိုက်ရည် တွင်သာ အလွန်တော်သောပုဂ္ဂိုလ်ဖြစ်ရုံမက စည်းရုံးရေးတွင် အလွန်တော်သည်”ဟု မှတ်တမ်းပြုခဲ့ကြသည်။ ဗိုလ်ဥတ္တမတပ်များ၏ တော်လှန်မှုကြောင့် အင်္ဂလိပ်တို့အား အထိနာစေခဲ့သည်။ ဗိုလ်ဥတ္တမသည် ၎င်း၏တပ်ကို မင်းဘူးမြို့မြောက်ဘက် ၅ မိုင်အကွာရှိ ကြာဇံရွာမှ ဧရာဝတီမြစ်ကိုဖြတ်ကူးရန် စီစဉ်သည်။ ထိုအစီအစဉ်ကို အင်္ဂလိပ်တို့သိသွားသည့်အခါ ဗိုလ်ဥတ္တမလည်း လယ်ကိုင်းကျောင်းတော်ရာ အနောက်ဘက်ရှိတောအ
တွင်းတွင် ပုန်းအောင်းလျှက် အကြံယူနေခဲ့သည်။ ဤတွင် အင်္ဂလိပ်တို့က ဗိုလ်ဥတ္တမအား ဖမ်းဆီးပေးနိုင်လျှင် ဆုတော်ငွေ ကျပ် ၃၀ဝ ချီးမြှင့်မည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်သည်။

ဗိုလ်ဥတ္တမတွင် မောင်ကြာညိုအမည်ရှိ မွေးစားသားတစ်ယောက်ရှိသည်။ တစ်နေ့ ဖခင်နှင့် သားတို့ စိတ်အခန့်မသင့်ဖြစ်ခဲ့ကြ၏။ ဤသည်ကိုအကြောင်းပြု၍ မောင်ကြာညိုသည် ဆုတော်ငွေကိုမက်မောကာ ဖခင်ဗိုလ်ဥတ္တမရှိမည့်နေရာကို အင်္ဂလိပ်တို့အား ညွှန်ပြလိုက်သည်။ အင်္ဂလိပ်တို့သွားသည့်အခါ ဦးဥတ္တမကို ဖမ်းမိ၏။ သေဒဏ်အမိန့်ချခြင်းခံရသည်။ ပထမတွင် အသနားခံခိုင်းခဲ့သေးသည်။ သို့သော် ဗိုလ်ဥတ္တမက “လူမျိုးခြားကို အောက်ကြို့မခံလို မြန်မာ့ရာဇဝင် အပျက်မခံနိုင်” ဟုဆိုကာ သေဒဏ်ကိုပင်ယူခဲ့သည်။

ဤသို့ဖြင့် အင်္ဂလိပ်တို့က ကြိုးပေးသတ်ဖြတ်ရန် စီစဉ်ပြီး ကြိုးမပေးမီ ဘာလိုအပ်သေးသနည်း မေးရာ ဗိုလ်ဥတ္တမက စာရေးလိုသည့်အတွက် စာရွက်နှင့်ခဲတံကို တောင်းသည်။ သို့ဖြင့် စာရွက်နှင့် ခဲတံကို ရလာပြီးသေအံဆဲဆဲတွင် အောက်ပါ စာ(ဝါ)လေးချိုး ကဗျာကို ရေးသားပြီးနောက် ကြိုးစင်ထက်သို့ရဲရဲဝံ့ဝံ့တက်သွားပါတော့သည်။

ဗိုလ်ဥတ္တမရေးခဲ့သော ကဗျာမှာကား-
“ဓနဂုဏ် ငွေစုံမက်တာကြောင့်
ကုလားထံ အဖေကို ဆက်ပါတဲ့
အနေခက်ပါလိမ့် မောင်ကြာညို ။

ဝမ်းနဲ့ပင် မလွယ်ငြားသော်လည်း
ရဟန်းရှင် နယ်သမဏ
ငယ်စွချိန်ခါက
သူ့အိမ်မှာ ကိုယ်နေကြေးရယ်နှင့်
ဆပ်ပေးကာ ရှင်တော်ပြုပါလို့
လူမှု ကဝိန္ဒာပ
လိမ္မာအောင် ကောက်ယူမွေးသကွယ်
ကျွေးတဲ့အဖေ ကျေးဇူးရှင်ကို ။

မပြုငြားသင့်ပါဘူး ငကြာညိုရဲ့
ခုများ ကံတော်မလို့
ငါအဖေ လွတ်စေကြောင်းနဲ့
လွှတ်ရုံးတော် ရှေ့နေကောင်းတို့နှင့်
လွတ်ကြောင်း မူတကာပ
သူတကာ ချစ်ကြည်ရေးကို
အသပြာငွေ တင်းချင်၍ ပေးသော်လည်း
သေဘေးက မလွတ်လို
စနေဂြုဟ်ရယ်က မွှေတုန်း ။

ခံသူခွင်
စံပြုကာ မေမေခင်တို့ရဲ့
ကိုယ့်သားကို ယုံကြည်မှတ်ပါလို့
တောရပ်မှာ အလံထူ၍
ချစ်သူမာန် မူဖြတ်မလို
တကယ့်ဟန် နှစ်ဘွဲ့ခံ အရှင်မြတ်မှာလေ
ဗိမ္ဗိသာ ဇာတသတ်တို့လို
အများမှတ်ဖို့ ထုံးပါပဲ
(ကိ်ုယ်တော့်မှာကွယ်)
သားသတ်လို့ဆုံး။ ။

Ref
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ ၁၀ဝ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top