ဗဟုသုတ

ေျမမွာ ပဲခူး


အင္း၀ မွာ..ေရ ၊ ေျမမွာ..ပဲခူး ဟူေသာ ဆုိရုိးစကားအရ အင္း၀ သည္ ေရဖ်က္၍ ပ်က္ခဲ့ရသလုိ ပဲခူးသည္လည္း ငလွ်င္ဒါဏ္ေၾကာင္ ၿမဳိ႕ပ်က္မတတ္ႀကဳံေတြ႔ခဲ့ရပါတယ္။ ျမန္မာႏုိင္ငံတြင္ ငလွ်င္ဒါဏ္အခံရဆုံးေနရာကို ျပပါဆုိလွ်င္ပဲခူးကုိပင္ ျပရမွာပါ။

ပဲခူးၿမဳိ႕ကုိ သကၠရာဇ္ ၁၈၇ ခုႏွစ္မွာ မဟာသမလမင္း က စတင္တည္ေထာင္ခဲ့ပါတယ္။ အဲဒီေနာက္ ညီေတာ္၀ိမလမင္း ၊ အသားမင္းသားေခၚ အႆကုမၼာတင္း ၊ အရိႏၵမမင္း ႏွင့္ မဟိႎသရာဇာမင္းထိ မင္း ၅ ဆက္ စုိးစံၿပီးခ်ိန္မွာ ငလွ်င္နဲ႔စတင္ႀကဳံရပါတယ္။ သမုိင္းမွတ္တမ္းမ်ားအရ မဟိ႔သရာဇာမင္းလက္ထက္မွာ ေတာ္လဲသံႀကီး ျမည္ဟီးစြာၾကားရျခင္း ၊ ဥကၠာပ်ံမ်ားက်ျခင္း ၊ ေလမုန္တုိင္းျပင္းထန္စြာ တုိက္ျခင္း ႏွင့္ ေျမငလွ်င္ႀကီးစြာလႈပ္ျခင္း စသည္တုိ႔ႏွင့္ ရင္ဆုိင္ေတြ႔ရတယ္လုိ႔ ဆုိပါတယ္။ အဆုိးဆုံးမွာ မင္းအဆက္ဆက္ကုိးကြယ္လာခဲ့တဲ့ ေရႊေမာ္ေဓာေစတီႀကီး ထီးေတာ္ေျမခခဲ့သည့္ အျပင္ရြဲလုံးေတာ္အထိ ၿပဳိက်ခဲ့တာပါပဲ။

ပဲခူးဟာ ငလွ်င္ႀကီးငယ္ဒါဏ္ကုိ ၃၂ႀကိမ္ခန္႔ အႀကိမ္ႀကိမ္ခံစားခဲ့ရေၾကာင္း ေရႊေမာ္ေဓာသမုိင္း ႏွင့္ သထုံရာဇ၀င္ အဆုိအရ သိရပါတယ္။ အႀကီးဆုံးငလွ်င္ ၅ ႀကိမ္ႀကဳံေတြ႔ခဲ့ပါတယ္။ သကၠရာဇ္ ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုႏွစ္ေတြမွာ လႈပ္ခဲ့တဲ့ ငလွ်င္ေတြပါပဲ။ ေနာက္ဆုံး ၁၂၉၂ (ေအဒီ ၁၉၃၀) မွာ လႈပ္ခဲ့တဲ့ ငလွ်င္ကေတာ့ ျမန္မာ့သမုိင္းမွာ အႀကီးမားဆုံးလုိ႔ ဆုိရမယ့္ ငလွ်င္ပါပဲ။ ငလွ်င္ျပင္းအား အဆင့္ ၁၀ ရွိၿပီး စတုရန္းမုိင္ ၂၂၀၀၀၀ ပတ္လည္ထိလႈပ္ခတ္ေစခဲ့ၿပီး လူေပါင္း ၅၀၀ ေက်ာ္ေသဆုံးကာ ပဲခူးတစ္ၿမဳိ႕လုံးနီးပါးပ်က္စီးခဲ့ရပါတယ္။ ထုိငလွ်င္ႀကီးေၾကာင့္ ႏွစ္ေပါင္း ၂၅၀၀ေက်ာ္ သက္တမ္းရွိတဲ့ ေရႊေမာ္ေဓာေစတီႀကီးမွာ ေအာက္ပထမ ပစၥယံအထိ အႀကီးအက်ယ္ပ်က္စီး ၿပီး ေျမခခဲ့ရျပန္ပါတယ္။ ငလွ်င္ေၾကာင့္ တစ္ၿမဳိ႕လုံးရွိ ပ်က္စီးခဲ့ရုံသာမက ငလွ်င္ၿပီးတဲ့ေနာက္မွာလည္း မီေလာင္မႈမ်ား ဆက္လက္ျဖစ္ပြားခဲ့ပါေသးတယ္။ ထုိငလွ်င္ေၾကာင့္ ပဲခူးသာမက ရန္ကုန္ၿမဳိ႕လည္း အေတာ္အတန္ ပ်က္စီးခဲ့ရပါတယ္။ ေရႊတိဂုံေစတီ စိန္ဖူးေတာ္ပင္ ေျမခေစခဲ့ရတဲ့ ငလွ်င္ပါ။

အင္း၀ သည္ ေရေၾကာင့္ပ်က္စီးခဲ့ရသလုိ ပဲခူးသည္လည္း ေျမေၾကာင့္ အႀကိမ္ႀကိမ္ပ်က္စီးခဲ့ရၿပီး အႀကိမ္ႀကိမ္ျပန္လည္ ထူေထာင္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ေရွးလူႀကီးေတြက “အင္း၀မွာေရ ၊ ေျမမွာပဲခူး” ဆုိေသာ စကားကုိ ဆုိရုိးျပဳသြားၾကျခင္း ျဖစ္ပါေတာ့တယ္။

Ref:
က်ိန္စာသင့္တဲ့ သမုိင္းပုံရိပ္မ်ား – သန္းထြန္း(လွည္းကူး)
ျမန္မာ့စြယ္စုံက်မ္း

 


မြေမှာ ပဲခူး (unicode)

အင်းဝ မှာ..ရေ ၊ မြေမှာ..ပဲခူး ဟူသော ဆိုရိုးစကားအရ အင်းဝ သည် ရေဖျက်၍ ပျက်ခဲ့ရသလို ပဲခူးသည်လည်း ငလျှင်ဒါဏ်ကြောင် မြို့ပျက်မတတ်ကြုံတွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံတွင် ငလျှင်ဒါဏ်အခံရဆုံးနေရာကို ပြပါဆိုလျှင်ပဲခူးကိုပင် ပြရမှာပါ။

ပဲခူးမြို့ကို သက္ကရာဇ် ၁၈၇ ခုနှစ်မှာ မဟာသမလမင်း က စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီနောက် ညီတော်ဝိမလမင်း ၊ အသားမင်းသားခေါ် အဿကုမ္မာတင်း ၊ အရိန္ဒမမင်း နှင့် မဟိံသရာဇာမင်းထိ မင်း ၅ ဆက် စိုးစံပြီးချိန်မှာ ငလျှင်နဲ့စတင်ကြုံရပါတယ်။ သမိုင်းမှတ်တမ်းများအရ မဟိ့သရာဇာမင်းလက်ထက်မှာ တော်လဲသံကြီး မြည်ဟီးစွာကြားရခြင်း ၊ ဥက္ကာပျံများကျခြင်း ၊ လေမုန်တိုင်းပြင်းထန်စွာ တိုက်ခြင်း နှင့် မြေငလျှင်ကြီးစွာလှုပ်ခြင်း စသည်တို့နှင့် ရင်ဆိုင်တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုးဆုံးမှာ မင်းအဆက်ဆက်ကိုးကွယ်လာခဲ့တဲ့ ရွှေမော်ဓောစေတီကြီး ထီးတော်မြေခခဲ့သည့် အပြင်ရွဲလုံးတော်အထိ ပြိုကျခဲ့တာပါပဲ။

ပဲခူးဟာ ငလျှင်ကြီးငယ်ဒါဏ်ကို ၃၂ကြိမ်ခန့် အကြိမ်ကြိမ်ခံစားခဲ့ရကြောင်း ရွှေမော်ဓောသမိုင်း နှင့် သထုံရာဇဝင် အဆိုအရ သိရပါတယ်။ အကြီးဆုံးငလျှင် ၅ ကြိမ်ကြုံတွေ့ခဲ့ပါတယ်။ သက္ကရာဇ် ၂၃၇ ၊ ၁၁၉၄ ၊ ၁၂၇၄ ၊ ၁၂၇၉ ၊ ၁၂၉၂ ခုနှစ်တွေမှာ လှုပ်ခဲ့တဲ့ ငလျှင်တွေပါပဲ။ နောက်ဆုံး ၁၂၉၂ (အေဒီ ၁၉၃၀) မှာ လှုပ်ခဲ့တဲ့ ငလျှင်ကတော့ မြန်မာ့သမိုင်းမှာ အကြီးမားဆုံးလို့ ဆိုရမယ့် ငလျှင်ပါပဲ။ ငလျှင်ပြင်းအား အဆင့် ၁၀ ရှိပြီး စတုရန်းမိုင် ၂၂၀ဝ၀ဝ ပတ်လည်ထိလှုပ်ခတ်စေခဲ့ပြီး လူပေါင်း ၅၀ဝ ကျော်သေဆုံးကာ ပဲခူးတစ်မြို့လုံးနီးပါးပျက်စီးခဲ့ရပါတယ်။ ထိုငလျှင်ကြီးကြောင့် နှစ်ပေါင်း ၂၅၀ဝကျော် သက်တမ်းရှိတဲ့ ရွှေမော်ဓောစေတီကြီးမှာ အောက်ပထမ ပစ္စယံအထိ အကြီးအကျယ်ပျက်စီး ပြီး မြေခခဲ့ရပြန်ပါတယ်။ ငလျှင်ကြောင့် တစ်မြို့လုံးရှိ ပျက်စီးခဲ့ရုံသာမက ငလျှင်ပြီးတဲ့နောက်မှာလည်း မီလောင်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပါသေးတယ်။ ထိုငလျှင်ကြောင့် ပဲခူးသာမက ရန်ကုန်မြို့လည်း အတော်အတန် ပျက်စီးခဲ့ရပါတယ်။ ရွှေတိဂုံစေတီ စိန်ဖူးတော်ပင် မြေခစေခဲ့ရတဲ့ ငလျှင်ပါ။

အင်းဝ သည် ရေကြောင့်ပျက်စီးခဲ့ရသလို ပဲခူးသည်လည်း မြေကြောင့် အကြိမ်ကြိမ်ပျက်စီးခဲ့ရပြီး အကြိမ်ကြိမ်ပြန်လည် ထူထောင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီးတွေက “အင်းဝမှာရေ ၊ မြေမှာပဲခူး” ဆိုသော စကားကို ဆိုရိုးပြုသွားကြခြင်း ဖြစ်ပါတော့တယ်။

Ref:
ကျိန်စာသင့်တဲ့ သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး)
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top