ဗဟုသုတ

ျမန္မာ့ ပထမဆုံး ဖေလာ္ရင့္နိုက္တင္ေဂးဆုရ ဗိုလ္မွူး ေဒၚခင္အုန္းျမင့္

 

“ ဗိုလ္ခင္အုန္းျမင့္ ကို ဒီဖေလာရင့္ နိုင္တင္ေဂးတံဆိပ္ ခ်ီးျမႇင့္ျခင္းျဖင့္ ျပည္ေထာင္စု အတြင္းရွိ သူနာျပဳေလာက တစ္ခုလုံးကို ဂုဏ္ျပဳလိုက္ပါတယ္ ။ ၁၉၄၄ ခုႏွစ္က ဗိုလ္ေဒၚခင္အုန္းျမင့္ ဟာ ပဲခူးမွာ စခန္းခ်ထားတဲ့ ျမန္မာ့တပ္မေတာ္ စစ္ေဆး႐ုံမွာ အမွုထမ္းေနပါတယ္ ။ ဒီအခ်ိန္ က ကၽြန္ေတာ္တို႔ ရဲေဘာ္ေတြအေပၚမွာ ေစတနာ သဒၵါတရားေကာင္းေကာင္းနဲ႔ ျပဳစုေစာင့္ေရွာက္ခဲ့တာကို ေတြ႕ရပါတယ္ ။ ဂ်ပန္ေတာ္လွန္ေရးမွာလည္း ပုန္းေအာင္းေနရင္း ေတာ္လွန္ေရး ရဲေဘာ္ေတြကို ျပဳစုေပးခဲ့တယ္ ။ ျမန္မာမ်ိဳးခ်စ္ တပ္မေတာ္ ေဆး႐ုံျပန္ဖြင့္တာနဲ႔ ဗိုလ္ခင္အုန္းၿမ ဟာ လာေရာက္ သတင္းပို႔ၿပီး တာဝန္ကို ျပန္လည္ ထမ္းေဆာင္ ျပန္ပါတယ္ ။ ၁၉၄၇ ခုႏွစ္ အင္းစိန္ တိုက္ပြဲ အခ်ိန္က စစ္ေျမျပင္ ေဆး႐ုံမွာလည္း သူနာျပဳဆရာမမ်ား အလြန္ရွားပါးေနခ်ိန္ ေစတနာ့ဝန္ထမ္း လာေရာက္ ကူညီပါတယ္ ။ ဒီလို လြတ္လပ္ေရး တိုက္ပြဲမွာ လြတ္လပ္ေရး တည္ျမဲေအာင္ တိုက္တဲ့ တိုက္ပြဲေတြမွာ သူနာျပဳပညာနဲ႔ ကူညီခဲ့တဲ့ အတြက္ ဗိုလ္ခင္အုန္းၿမ ဟာ ဖေလာ္ရင့္ နိုက္တင္ေဂးလ္ တံဆိပ္ကို ရသင့္ ရထိုက္ တယ္လို႔ ယုံၾကည္ပါတယ္ ” ဆိုၿပီး ဗိုလ္မွူးႀကီး လွဟန္ က ၁၉၆၃ ခုႏွစ္ ၾသဂုတ္လ ၁၂ ရက္ေန႔ က ဆြတ္ဇာလန္ နိုင္ငံ ၊ ဂ်နီဗာၿမိဳ႕ ကမၻာ့ၾကက္ေျခနီအဖြဲ႕ ခ်ဳပ္က ဗိုလ္ခင္အုန္းျမင့္ကို ဖေလာ့ရင့္ နိုင္တင္ေဂးလ္ ဆု ခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ ေျပာၾကားခဲ့တာပါ ။

ျမန္မာ နိုင္ငံရဲ့ ပထမဆုံး ဖေလာ့ရင့္ နိုင္တင္ေဂးဆု ကို ရရွိခဲ့တဲ့ သူကေတာ့ မအုန္းၿမ (ေဒၚခင္အုန္းျမ) ပါ ။ ၁၉၁၇ ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ ရွမ္းျပည္နယ္ နမၼတူၿမိဳ႕မွာ ေရွ႕ေနႀကီး ဦးအုန္းေဖ နဲ႔ ေဒၚခင္တို႔ရဲ့ သားသမီး ၄ ေယာက္ မွာ အငယ္ဆုံးသမီးပါ ။ ဖခင္ ျဖစ္သူက ေရွ႕ေန မလုပ္ခင္ မင္းဘူးေဆး႐ုံအုပ္ႀကီး လုပ္ခဲ့ဖူးလို႔ ေဆးဘက္ဆိုင္ရာ ဗဟုသုတေတြကို ေဒၚခင္အုန္းျမင့္ ငယ္တည္းက ရင္းႏွီးေနခဲ့ ပါေတာ့တယ္ ။ ငယ္စဥ္က ေမာ္လၿမိဳင္ ေမာ္တင္လိန္း နဲ႔ ျမစ္ႀကီးနားၿမိဳ႕ အထက္တန္း ေက်ာင္းမွာ ေက်ာင္းတက္ခဲ့ပါတယ္ ။ ေက်ာင္းသြား ေက်ာင္းျပန္ ေဆး႐ုံဝင္းကို ျဖတ္သြားတိုင္း ဆရာဝန္ ၊ ဆရာမ ေတြကို အားက်ၿပီး သူနာျပဳ လုပ္ငန္း ကို ငယ္တည္း က စိတ္ဝင္စားခဲ့ပါတယ္ ။

ေဒၚခင္အုန္းၿမ က ဝါသနာအရ သူနာျပဳ ဆိုင္ရာ စာအုပ္ေတြ ကို ဖတ္ၿပီး အခက္အခဲ အမ်ိဳးမ်ိဳး ၾကားက ၁၉၃၈ခုႏွစ္တြင္ ၾကက္ေျခနီ သူနာျပဳ တပ္ဖြဲ႕ ကို ဖြဲ႕စည္းခဲ့ပါတယ္ ။ ပဲခူး ကို ဆင္းလာၿပီး သူနာျပဳ တပ္ရဲ့ စည္းမ်ဥ္း ေတြကို ေလ့လာၿပီး မိုးေကာင္း သူနာျပဳ တပ္ဖြဲ႕ရဲ့ သူနာျပဳခ်ဳပ္ အျဖစ္လည္း တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္ ။၁၉၄၀ မွာ ၿမိဳ႕လူထုရဲ့ ေငြအား ၊ လူအား အကူအညီ ရၿပီး အဖြဲ႕ႀကီး ေတာင့္တင္း လာခဲ့ပါတယ္ ။ ဒုတိယ ကမၻာစစ္ ျဖစ္လာတဲ့ အခ်ိန္မွာေတာ့ ေဒၚခင္အုန္းၿမ ဖြဲ႕စည္းထားတဲ့ သူနာျပဳတပ္ေလးက အလြန္ အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္ ။ စစ္ေဘး ဒုကၡသည္ေတြ ကို ဗုံး ၊ စက္ေသနတ္ေတြ ၾကားကေန သူနာျပဳတပ္ဖြဲ႕ ေလး က အစြမ္းကုန္ ျပဳစုေပးခဲ့ ပါတယ္ ။

ျမန္မာ့ ကာကြယ္ေရး တပ္မေတာ္ ဝင္ေရာက္လာတဲ့ အခ်ိန္မွာ ေဒၚခင္အုန္းၿမ က စစ္သား စုေဆာင္းေရး တရားပြဲမွာလည္း ပါဝင္ခဲ့ပါတယ္ ။ အဲ့အခ်ိန္မွာ သူနာျပဳ တပ္ဖြဲ႕ ေလးက ေဆးဝါးလည္း မရွိေတာ့လို႔ လူစုကြဲ သြားတာကို ခက္ခက္ ခဲခဲ တပ္သား ၃၆ ေယာက္နဲ႔ျပန္လည္ ဖြဲ႕စည္းခဲ့ရ ျပန္တယ္ ။ ျမန္မာ့ တပ္မေတာ္မွာ အမ်ိဳးသမီး ပါဝင္ ထမ္းေဆာင္ခြင့္ မရလို႔ ဂ်ပန္ စစ္ေဆး႐ုံမွာ သြားေရာက္ တာဝန္ထမ္းေဆာင္ ေနရတုန္းကလည္း ဒဏ္ရာရၿပီး မထနိုင္တဲ့ သူေတြကို ဝါးကပ္နဲ႔ တင္ၿပီး လိုဏ္ေခါင္းေတြ ထဲေရြ႕ေျပာင္းရသလို ၊ ဗုံးဒဏ္ ၊ သားရဲေကာင္ေတြကို မေၾကာက္ မရြံ့ဘဲ လူနာေတြကို သယ္ပို႔ ေပးရပါတယ္ ။

၁၉၄၃ ၾသဂုတ္လမွာ ေဒၚခင္အုန္းၿမ ဆီကို ျမန္မာ့ တပ္မေတာ္ က သူနာျပဳ အျဖစ္ ခန္႔ အပ္စာ ေရာက္လာပါေတာ့တယ္ ။ ဒါေပမယ့္ လမ္းပန္း ဆက္သြယ္ေရး ခက္ခဲ လြန္းလို႔ အလုပ္ မဝင္နိုင္ဘဲ ေျပးရင္းလႊားရင္းနဲ႔ စစ္ေဘးဒဏ္သင့္ လူနာေတြကို လိုက္လံ ျပဳစုေနခဲ့ ရပါတယ္ ။ ဂ်ပန္ ေတာ္လွန္ခါနီးခ်ိန္တြင္လည္း စံျပေဆး႐ုံသို႔ ဗိုလ္ႀကီး ယုတ္ထရံ ေရာက္လာၿပီး ဆရာမ အားလုံးကို ေခၚကာ စစ္ထြက္လၽွင္ ဘယ္သူလိုက္မလဲ ဟု ေခၚရာ ေဒၚခင္အုန္းၿမ က လိုက္ပါမယ္ ဟု ကတိေပးခဲ့ပါတယ္ ။ စစ္ဒုကၡမ်ိဳးစုံ ခံစားခဲ့ဖူးေသာ္လည္း စစ္တိုက္ စစ္ဆင္နည္း ပရိယာယ္ ကိုမူ နားလည္၍ မဟုတ္ဘဲ စြန္႔စားျခင္း တစ္ရပ္သာ ျဖစ္သည္ဟု ေျပာျပခဲ့ ပါတယ္ ။ ေတာ္လွန္ေရး ကာလေတြမွာ ျမန္မာ့ တပ္မေတာ္နဲ႔ တူတူ က်ရာေနရာမွာ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့တဲ့ ေဒၚခင္အုန္းျမကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း က ဂုဏ္ထူးေဆာင္ လက္မွတ္ကို ခ်ီးျမႇင့္ခဲ့ပါေသးတယ္ ။

ျမန္မာ အမ်ိဳးသမီး ေတြထဲမွာ ပထမဆုံး ဖေလာ့ရင့္ နိုင္တင္ေဂးလ္ဆု ရရွိခဲ့တဲ့ ေဒၚခင္အုန္းျမက ၁၉၅၈ မွစၿပီး ဒုဗိုလ္ ရာထူးမွ ဗိုလ္မွူး အဆင့္ထိ အဆင့္ဆင့္ တာဝန္ ထမ္းေဆာင္ၿပီး ၁၉၈၃ မွာအၿငိမ္းစားယူခဲ့ ပါတယ္ ။


မြန်မာ့ ပထမဆုံး ဖလော်ရင့်နိုက်တင်ဂေးဆုရ ဗိုလ်မှူး ဒေါ်ခင်အုန်းမြင့် (unicode)

“ ဗိုလ်ခင်အုန်းမြင့် ကို ဒီဖလောရင့် နိုင်တင်ဂေးတံဆိပ် ချီးမြှင့်ခြင်းဖြင့် ပြည်ထောင်စု အတွင်းရှိ သူနာပြုလောက တစ်ခုလုံးကို ဂုဏ်ပြုလိုက်ပါတယ် ။ ၁၉၄၄ ခုနှစ်က ဗိုလ်ဒေါ်ခင်အုန်းမြင့် ဟာ ပဲခူးမှာ စခန်းချထားတဲ့ မြန်မာ့တပ်မတော် စစ်ဆေးရုံမှာ အမှုထမ်းနေပါတယ် ။ ဒီအချိန် က ကျွန်တော်တို့ ရဲဘော်တွေအပေါ်မှာ စေတနာ သဒ္ဒါတရားကောင်းကောင်းနဲ့ ပြုစုစောင့်ရှောက်ခဲ့တာကို တွေ့ရပါတယ် ။ ဂျပန်တော်လှန်ရေးမှာလည်း ပုန်းအောင်းနေရင်း တော်လှန်ရေး ရဲဘော်တွေကို ပြုစုပေးခဲ့တယ် ။ မြန်မာမျိုးချစ် တပ်မတော် ဆေးရုံပြန်ဖွင့်တာနဲ့ ဗိုလ်ခင်အုန်းမြ ဟာ လာရောက် သတင်းပို့ပြီး တာဝန်ကို ပြန်လည် ထမ်းဆောင် ပြန်ပါတယ် ။ ၁၉၄၇ ခုနှစ် အင်းစိန် တိုက်ပွဲ အချိန်က စစ်မြေပြင် ဆေးရုံမှာလည်း သူနာပြုဆရာမများ အလွန်ရှားပါးနေချိန် စေတနာ့ဝန်ထမ်း လာရောက် ကူညီပါတယ် ။ ဒီလို လွတ်လပ်ရေး တိုက်ပွဲမှာ လွတ်လပ်ရေး တည်မြဲအောင် တိုက်တဲ့ တိုက်ပွဲတွေမှာ သူနာပြုပညာနဲ့ ကူညီခဲ့တဲ့ အတွက် ဗိုလ်ခင်အုန်းမြ ဟာ ဖလော်ရင့် နိုက်တင်ဂေးလ် တံဆိပ်ကို ရသင့် ရထိုက် တယ်လို့ ယုံကြည်ပါတယ် ” ဆိုပြီး ဗိုလ်မှူးကြီး လှဟန် က ၁၉၆၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ က ဆွတ်ဇာလန် နိုင်ငံ ၊ ဂျနီဗာမြို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ချုပ်က ဗိုလ်ခင်အုန်းမြင့်ကို ဖလော့ရင့် နိုင်တင်ဂေးလ် ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ ။

မြန်မာ နိုင်ငံရဲ့ ပထမဆုံး ဖလော့ရင့် နိုင်တင်ဂေးဆု ကို ရရှိခဲ့တဲ့ သူကတော့ မအုန်းမြ (ဒေါ်ခင်အုန်းမြ) ပါ ။ ၁၉၁၇ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရှမ်းပြည်နယ် နမ္မတူမြို့မှာ ရှေ့နေကြီး ဦးအုန်းဖေ နဲ့ ဒေါ်ခင်တို့ရဲ့ သားသမီး ၄ ယောက် မှာ အငယ်ဆုံးသမီးပါ ။ ဖခင် ဖြစ်သူက ရှေ့နေ မလုပ်ခင် မင်းဘူးဆေးရုံအုပ်ကြီး လုပ်ခဲ့ဖူးလို့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကို ဒေါ်ခင်အုန်းမြင့် ငယ်တည်းက ရင်းနှီးနေခဲ့ ပါတော့တယ် ။ ငယ်စဉ်က မော်လမြိုင် မော်တင်လိန်း နဲ့ မြစ်ကြီးနားမြို့ အထက်တန်း ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ် ။ ကျောင်းသွား ကျောင်းပြန် ဆေးရုံဝင်းကို ဖြတ်သွားတိုင်း ဆရာဝန် ၊ ဆရာမ တွေကို အားကျပြီး သူနာပြု လုပ်ငန်း ကို ငယ်တည်း က စိတ်ဝင်စားခဲ့ပါတယ် ။

ဒေါ်ခင်အုန်းမြ က ဝါသနာအရ သူနာပြု ဆိုင်ရာ စာအုပ်တွေ ကို ဖတ်ပြီး အခက်အခဲ အမျိုးမျိုး ကြားက ၁၉၃၈ခုနှစ်တွင် ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ပါတယ် ။ ပဲခူး ကို ဆင်းလာပြီး သူနာပြု တပ်ရဲ့ စည်းမျဉ်း တွေကို လေ့လာပြီး မိုးကောင်း သူနာပြု တပ်ဖွဲ့ရဲ့ သူနာပြုချုပ် အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါတယ် ။၁၉၄၀ မှာ မြို့လူထုရဲ့ ငွေအား ၊ လူအား အကူအညီ ရပြီး အဖွဲ့ကြီး တောင့်တင်း လာခဲ့ပါတယ် ။ ဒုတိယ ကမ္ဘာစစ် ဖြစ်လာတဲ့ အချိန်မှာတော့ ဒေါ်ခင်အုန်းမြ ဖွဲ့စည်းထားတဲ့ သူနာပြုတပ်လေးက အလွန် အထောက်အကူ ဖြစ်စေခဲ့ပါတယ် ။ စစ်ဘေး ဒုက္ခသည်တွေ ကို ဗုံး ၊ စက်သေနတ်တွေ ကြားကနေ သူနာပြုတပ်ဖွဲ့ လေး က အစွမ်းကုန် ပြုစုပေးခဲ့ ပါတယ် ။

မြန်မာ့ ကာကွယ်ရေး တပ်မတော် ဝင်ရောက်လာတဲ့ အချိန်မှာ ဒေါ်ခင်အုန်းမြ က စစ်သား စုဆောင်းရေး တရားပွဲမှာလည်း ပါဝင်ခဲ့ပါတယ် ။ အဲ့အချိန်မှာ သူနာပြု တပ်ဖွဲ့ လေးက ဆေးဝါးလည်း မရှိတော့လို့ လူစုကွဲ သွားတာကို ခက်ခက် ခဲခဲ တပ်သား ၃၆ ယောက်နဲ့ပြန်လည် ဖွဲ့စည်းခဲ့ရ ပြန်တယ် ။ မြန်မာ့ တပ်မတော်မှာ အမျိုးသမီး ပါဝင် ထမ်းဆောင်ခွင့် မရလို့ ဂျပန် စစ်ဆေးရုံမှာ သွားရောက် တာဝန်ထမ်းဆောင် နေရတုန်းကလည်း ဒဏ်ရာရပြီး မထနိုင်တဲ့ သူတွေကို ဝါးကပ်နဲ့ တင်ပြီး လိုဏ်ခေါင်းတွေ ထဲရွေ့ပြောင်းရသလို ၊ ဗုံးဒဏ် ၊ သားရဲကောင်တွေကို မကြောက် မရွံ့ဘဲ လူနာတွေကို သယ်ပို့ ပေးရပါတယ် ။

၁၉၄၃ သြဂုတ်လမှာ ဒေါ်ခင်အုန်းမြ ဆီကို မြန်မာ့ တပ်မတော် က သူနာပြု အဖြစ် ခန့် အပ်စာ ရောက်လာပါတော့တယ် ။ ဒါပေမယ့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ လွန်းလို့ အလုပ် မဝင်နိုင်ဘဲ ပြေးရင်းလွှားရင်းနဲ့ စစ်ဘေးဒဏ်သင့် လူနာတွေကို လိုက်လံ ပြုစုနေခဲ့ ရပါတယ် ။ ဂျပန် တော်လှန်ခါနီးချိန်တွင်လည်း စံပြဆေးရုံသို့ ဗိုလ်ကြီး ယုတ်ထရံ ရောက်လာပြီး ဆရာမ အားလုံးကို ခေါ်ကာ စစ်ထွက်လျှင် ဘယ်သူလိုက်မလဲ ဟု ခေါ်ရာ ဒေါ်ခင်အုန်းမြ က လိုက်ပါမယ် ဟု ကတိပေးခဲ့ပါတယ် ။ စစ်ဒုက္ခမျိုးစုံ ခံစားခဲ့ဖူးသော်လည်း စစ်တိုက် စစ်ဆင်နည်း ပရိယာယ် ကိုမူ နားလည်၍ မဟုတ်ဘဲ စွန့်စားခြင်း တစ်ရပ်သာ ဖြစ်သည်ဟု ပြောပြခဲ့ ပါတယ် ။ တော်လှန်ရေး ကာလတွေမှာ မြန်မာ့ တပ်မတော်နဲ့ တူတူ ကျရာနေရာမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ဒေါ်ခင်အုန်းမြကို ဗိုလ်ချုပ်အောင်ဆန်း က ဂုဏ်ထူးဆောင် လက်မှတ်ကို ချီးမြှင့်ခဲ့ပါသေးတယ် ။

မြန်မာ အမျိုးသမီး တွေထဲမှာ ပထမဆုံး ဖလော့ရင့် နိုင်တင်ဂေးလ်ဆု ရရှိခဲ့တဲ့ ဒေါ်ခင်အုန်းမြက ၁၉၅၈ မှစပြီး ဒုဗိုလ် ရာထူးမှ ဗိုလ်မှူး အဆင့်ထိ အဆင့်ဆင့် တာဝန် ထမ်းဆောင်ပြီး ၁၉၈၃ မှာအငြိမ်းစားယူခဲ့ ပါတယ် ။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top