ဗဟုသုတ

ၿမန္မာ့ရုပ္ရွင္ကုိ ေငြတစ္ရာနဲ႔စတင္ခဲ့သူ (သုိ႔) ၿမန္မာ့ရုပ္ရွင္ရဲ႕ဖခင္

ယေန႔ရုပ္ရွင္ေလာကကုိ တခ်ိန္က ေငြတစ္ရာနဲ႔ စခဲ့ရတယ္ဆုိရင္ ယုံခ်င္မွယုံႀကမွာပါ။ တကယ္ပဲ ေငြတစ္ရာနဲ႔ စခဲ့ရတာပါ။ စတင္သူကေတာ့ ၿမန္မာပီမီေသွ်ာင္ထုံးအၿမဲ ထုံးထားတတ္သူ လန္ဒန္အတ္ဦးအုန္းေမာင္ ၿဖစ္သည္။ ဦးအုန္းေမာင္သည္ ေသွ်ာင္ထုံးႀကီးႏွင့္ ၿဖစ္ေသာ္လည္း အဂၤလိပ္စာတတ္သူ ၊ ပန္းခ်ီ ႏွင့္ ဓာတ္ပုံ အႏုပညာကုိ ၀ါသနာပါသူ ၿဖစ္သည္။ ဒီ ၊ ေအ ၊ အဟူဂ်ာ ဓာတ္ပုံတုိက္တြင္ လခစားဓာတ္ပုံဆရာလုပ္ခဲ့သူ ၿဖစ္သည္။ ယင္းသုိ႔လုပ္ကုိင္ရာမွ တစ္ေန႔တြင္ ဦးအုန္းေမာင္သည္ လခစားဓာတ္ပုံဆရာဘ၀ကုိ စြန္႔လႊတ္လုိက္သည္။ ေယာက္ဖၿဖစ္သူ ဓာတ္ပုံဆရာဦးေမာင္ေမာင္ ႏွင့္ တြဲကာ “လန္ဒန္အတ္ ဓာတ္ပုံကူးတုိက္” ကုိတည္ေထာင္လုိက္သည္။ ဓာတ္ပုံလုပ္ငန္းအ၀၀ကုိ စိတ္တုိင္းက်ေဆာင္ရြက္သည္။ ဦးအုန္းေမာင္သည္ ဓာတ္ပုံပညာကြ်မ္းက်င္သည့္အၿပင္ လုံ႔လ၀ီရိယရွိသူ ၊ ေပါင္းသင္းဆက္ဆံေရးေကာင္းသူ လည္းၿဖစ္တာေႀကာင့္ သူ႔လုန္ငန္းသည္ ေအာင္ၿမင္ေလသည္။

ယင္းသုိ႔ေအာင္ၿမင္ေနေသာ္လည္း ဦးအုန္းေမာင္ကား ရုပ္ေသဓာတ္ပုံမွ်ႏွင့္ မတင္းတိမ္ႏုိင္ ၊ ရုပ္ရွင္ရုိက္ကူးရန္ စိတ္ဆႏၵၿပင္းၿပေနသည္။ ထုိအခ်ိန္တြင္ ၿမန္မာၿပည္၌ အဂၤလိပ္ ၊ အေမရိကန္ ရုပ္ရွင္ကားမ်ားၿပသေနၿခင္းေႀကာင့္ ၿမန္မာ့ရုပ္ရွင္ကားမ်ား ရုိက္ကူးရန္ ဆႏၵၿပင္းၿပေနၿခင္းၿဖစ္သည္။ ဦးအုန္းေမာင္သည္ ယင္းရုပ္ရွင္ဇာတ္ကားမ်ားကုိ မလြတ္တမ္းႀကည့္ရႈေလ့လာသည္။ စာအုပ္စာတမ္းမ်ားလည္း ရွာေဖြဖတ္ရႈသည္။ ထုိ႔ေနာက္ ၿမန္မာ့ရုပ္ရွင္ကုိ စတင္ရုိက္ကူးရန္ ေၿခလွမ္းၿပင္လုိက္ေလသည္။

ထုိစဥ္ဦးအုန္းေမာင္သည္ သုံးမရ၍ ပစ္ထားေသာ(မွန္ဘီလူးပင္မပါရွိေသာ) ရုပ္ရွင္ကင္မရာတစ္လုံးကုိ E.m.desouza ေဆးတုိက္မွ ၀ယ္ယူရရွိလုိက္သည္။ မွန္ဘီလူးမပါ၍ မည္သို႔မွ်ရုိက္ကူး၍ မရၿဖစ္ေနစဥ္ Cinima De Paris ရုံပုိင္ရွင္ထံမွ ရုပ္ရွင္ရုိက္ကင္မရာ မွန္ဘီလူးတစ္ခုကို ရရွိသည္။ ၀ယ္ယူထားေသာ ကင္မရာတြင္ စြပ္ႀကည့္ရာ အံကုိက္ၿဖစ္ေနသည္။ ဤနည္းၿဖင့္ တတ္ေၿမာက္ထားေသာ ဓာတ္ပုံပညာႏွင့္ စုေပါင္းစပ္ေပါင္း ကင္မရာေဟာင္းကေလးတစ္လုံးၿဖင့္ ၿမန္မာ့ရုပ္ရွင္လုပ္ငန္း တံခါးကုိ စတင္ဖြင့္လွစ္ခဲ့သည္။
ထုိအေႀကာင္းကုိ ဦးအုန္းေမာင္က
“ဟုိတုန္းက လုပ္ခဲ့တာေတြ ၿပန္စဥ္းစားမိတဲ့အခါ ရယ္မိပါတယ္၊ ဘာၿပဳလုိ႔လဲဆုိေတာ့ ကင္မရာ ဆုိတာကလည္း ခုလုိဘယ္ဟုတ္မလဲ၊ ထင္းရွဴးေသတၱာငယ္ကေလးမွာ မွန္ဘီလူး တပ္ထားၿပီး လွည့္လုိ႔ရတာ တစ္ခုပဲ ရွိတယ္။ မွန္ဘီလူး ဆုိၿပန္ေတာ့လည္း ပုလင္းကြဲသာသာ ရွိေတာ့ လက္နဲ႔ လွည့္လုိက္တုိင္းလည္း အရုပ္ထင္ခ်င္မ် ထင္တာဗ်၊ ဒီအထဲ ရုိက္ရတဲ့ ဖလင္ကလည္း ခုေခတ္လုိ မေကာင္းၿပန္ဆုိေတာ့ အင္မတန္ အခက္အခဲေတြ႔ၿပီး အရုပ္ထင္ေအာင္ မနည္းႀကဳိးစားခဲ့ရပါတယ္”
ဟု ၿပန္ေၿပာင္းေၿပာဆုိခဲ့သည္။

ပထမဆုံး အေနႏွင့္ ရုိက္ကူးမည့္ကား မွာ “ေမတၱာ ႏွင့္ သူရာ” ၿဖစ္သည္။ ကားရုိက္ကူးေရးစစဥ္မွာပင္ ဘိလပ္သြားကုိယ္စားလွယ္ႀကီးတစ္ဦးၿဖစ္သူ ၀ံသာႏုေခါင္းေဆာင္ ဦးထြန္းရွိန္ ကြယ္လြန္သြားသည္။ အနယ္နယ္အရပ္ရပ္သုိ႔ ၀ံသာႏုတရားမ်ား လွည့္လည္ေဟာေၿပာစဥ္ ကြယ္လြန္သြားၿခင္း ၿဖစ္သည္။ ကြယ္လြန္ခ်ိန္ အသက္မွာ ၃၀ သာရွိေသးသၿဖင့္ တစ္တုိင္းၿပည္လုံး ၀မ္းနည္းႀကသည္။ ဤတြင္ ဦးအုန္းေမာင္သည္ ဦးထြန္းရွိစ်ာပနကုိ သတင္းကားအၿဖစ္ ႀကားၿဖတ္ရုိက္ကူးသည္။ ထုိသတင္းကားကုိ ယခုဗုိလ္ခ်ဳပ္ေစ်းေနရာ၌ ရွိခဲ့ဖူးေသာ စီနီမာဒီပဲရစ္ရုံ၌ ၿပသရာ သတင္းကားပင္ၿဖစ္လင့္ကစား ပထမဆုံးၿမန္မာကားၿဖစ္သၿဖင့္ ၿမန္မာပရိသတ္တုိ႔ ႀကိတ္ႀကိတ္တုိးအားေပးႀကည့္ရႈႀကသည္။

ထို႔ေနာက္ ၿမန္မာ့ရုပ္ရွင္သမုိင္း၏ ပထမဆုံးဇာတ္ကားၿဖစ္လာမည့္ ေမတၱာႏွင့္သူရာ ဇာတ္ကားကုိ ရုိက္ကူးသည္။ ၀ထၳဳမွာ ဆရာႀကီးပီမုိးနင္း ၀ထၳဳၿဖစ္ၿပီး မင္းသားမွာ ဦးဘညြန္႔၏သား ရုပ္ရွင္၀ါသနာအုိး ကုိညီပု ႏွင့္ မင္းသမီးမွာ ႀကည့္ၿမင္တုိင္သူ မရီ ၿဖစ္သည္။ ထုိကားႏွင့္ ပတ္သတ္၍ ဦးအုန္းေမာင္က
“ဇာတ္ကားကုိ အင္းလ်ားကန္ေစာင္းမွာ သြားရုိက္တာ ရုိက္တဲ့အခန္းက လူဆုိးတုတ္ႀကီးက မင္းသမီးကုိ ကားနဲ႔ ခုိးေၿပးလုိ႔ လုိက္ႀကတာ မိေရာဆုိပါေတာ့။ အဲလုိမိေတာ့ လမ္းေဘးကန္ေစာင္းထဲ ေထြးလုံးၿပီးလိမ့္က်ႀကပါေရာ။ တယ္ႀကည့္လုိ႔ေကာင္းေနသေပါ့ဗ်ာ။ ကြ်မ္းထုိးေမွာက္ခုံ က်လုိ႔ ေရထဲလည္းေရာက္ခါနီးေရာ “ဟုိးဟုိး ေနႀကဦး ၊ ေနႀကဦး ” ၊ ႀကည့္လုိက္ေတာ့ ကုိညီပုက သူရုိက္ေနတဲ့ ကင္မရာက မွန္ဘီလူးေရွ႕အစုိက္မွာ အၿပင္ကုိထြက္က်သြားသတဲ့ ၊ ၿပန္ရုိက္ပါ ဆုိေတာ့ အက်ဳိးကုိနည္းေရာ ၊ ကြဲသူလည္း ကြဲ ၊ ၿပဲသူလည္း ၿပဲေနႀကၿပီ ၊ ဒီလုိအခက္အခဲမ်ဳိးစုံကုိ ၂ ႏွစ္ေက်ာ္ေက်ာ္ ရုိက္ေတာ့မွပဲ အဲဒီ ေမတၱာသူရာ ဇာတ္ကားေလးၿပီးခဲ့တယ္”
ဟု ရင္ဖြင့္ေၿပာဆုိခဲ့ေလသည္။

ဒီဇာတ္ကားကုိ တစ္တုိင္းၿပည္လုံး အုန္းအုန္းႀကက္ႀကက္ အားေပးႀကသည္။ ထုိသုိ႔အားေပးေသာ္ၿငား ဦးအုန္းေမာင္အဖုိ႔မႈ ေငြေႀကးအေနၿဖင့္ အၿမတ္အစြန္းမရရွာေပ။ အရႈံးပင္ေပၚခဲ့ေလသည္။ မည္သုိ႔ပင္ၿဖစ္ေစ ဦးအုန္းေမာင္၏ ႀကဳိးစားမႈ မ်ားစြာထိေရာက္ခဲ့သည္။ ထုိမွစ၍ ၿမန္မာဇာတ္ကားမ်ား တစ္ကားၿပီး တစ္ကား ပုိမုိေကာင္းမြန္စြာထြက္လာခဲ့သည္။ ေမတၱာႏွင့္ သူရာ အၿပီးတြင္ ေက်းေတာသူ မႏု ၊ ေရႊေပးလုိ႔မရ၊ တိမ္တစ္လုံး ၊ ခင္ခင့္မွားေတာ္ပုံ စသည့္ဇာတ္ကားမ်ားကုိ ရုိက္ကူးခဲ့သည္။ ‘ခင္ခင့္မွားေတာ္ပုံ’ သည္ ဦးအုန္းေမာင္ ရုပ္ရွင္ပညာစြမ္း ၿပေသာဇာတ္ကားၿဖစ္သည္။ ကိရိယာ မစုံလင္ပဲ ႏွင့္ ႏွစ္ကုိယ္ခြဲခန္းမ်ား ပါ၀င္ခဲ့ေသာဇာတ္ကားၿဖစ္သည္။

အစပုိင္း အရႈံးခ်ည္းသာ ရင္ဆုိင္ခဲ့ရေသာ္လည္း အခက္အခဲမ်ားကို မာန္တင္းေက်ာ္ၿဖတ္ရင္း ေနာက္ပိုင္းတြင္ တစ္ေန႔တစ္ၿခားေအာင္ၿမင္လာခဲ့သည္။ မႀကာမီပင္ ရုပ္ရွင္ သူေဌး “လန္ဒန္အတ္ ဦးအုန္းေမာင္” ဘ၀ သုိ႔ေရာက္ခဲ့ေပသည္။ ထုိသုိ႔ စီးပြားၿဖစ္ထြန္းေသာ္လည္း ဦးအုန္းေမာင္သည္ ေငြေႀကး ဥစၥာ စုေဆာင္းရန္၀ါသနာမပါ။ ရုပ္ရွင္လုပ္ငန္းႏွင့္ ပတ္သတ္၍ ထူးသမွ် ဆန္းသမွ် ပစၥည္းမ်ား ကိရိယာမ်ားကို ႏုိင္ငံၿခားမွ မွာယူ အသုံးၿပဳေလသည္။ ႏုိင္ငံၿခားမွ ထုတ္ေ၀သမွ် ရုပ္ရွင္စာေစာင္ ၊ စာတမ္း ၊ စာအုပ္မ်ားကုိ မွာယူႀကည့္ရႈ႕သည္။ မိမိအတြက္လည္း အေကားင္းစား စီးကရက္ ၊ ရႈးဖိနပ္မ်ားကုိ အသုံးၿပဳၿပီး ေမာ္ေတာ္ကားအသစ္ေပၚတုိင္းလည္း လဲလွယ္ စီးခဲ့သည္။ ထုိအတြင္း ကမာၻစီးပြားပ်က္ကယက္ ဆုိက္ၿပီး ၿမန္မာႏုိင္ငံသုိ႔၀င္လာရာ ဦးအုန္းေမာင္၏ လန္ဒန္အတ္ ကုမၸဏီသည္ အထူးထိခုိက္သည္။ ေႀကြးၿမီမ်ားလည္း တင္လာရာ ေနာက္ဆုံး စိတ္ရႈပ္မခံႏုိင္ေတာ့သည့္အခါ ကုမၸဏီကုိ အဆမတန္ေစ်းေလွ်ာ့ကာ ေရာင္းခ်လုိက္ရေလေတာ့သည္။

ထုိမွတစ္ဖန္ ဇာတ္ကားမ်ားကုိ ၿပန္လည္ရုိက္ရာ ၁၅ ကားခန္႔ရုိက္ခဲ့ေသာ္လည္း အသက္အရြယ္ကလည္း ႀကီးလာ၊ ဖိဖိစီးစီးလည္း မလုပ္ႏုိင္ေတာ့သၿဖင့္ ယခင္ကဲ့သုိ႔ေအာင္ၿမင္ၿခင္းမရွိေတာ့ေခ်။ ကြယ္လြန္ခါနီးတြင္ ရုပ္ရွင္လုပ္ငန္းကုိ ကုိယ္တုိင္မလုပ္ေတာ့ ေနာက္လာေနာက္သား ရုပ္ရွင္ ပညာရွင္မ်ား အကူအညီေတာင္းလာသည့္အခါ အၿမဲကူညီခဲ့သည္။ၿမန္မာ့ ရုပ္ရွင္ေလာက၏ ဖခင္ႀကီး ဦးအုန္းေမာင္သည္ ၁၉၆၄ ခု ႀသဂုတ္လ ၁၅ ရက္ေန႔ ၊ အသက္ ၇၃ ႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

ဦးအုန္းေမာင္သည္ ရုပ္ရွင္သူေဌး ၿဖစ္ခဲ့ေသာ္လည္း စီးပြားေရးသမားမဟုတ္။ အႏုပညာရွင္ ၿဖစ္သည္။ ထုိ႔ေႀကာင့္လည္း ဦးအုန္းေမာင္က “အမွန္ေၿပာရရင္ ဒီရုပ္ရွင္နဲ႔ ကြ်န္ေတာ္တုိ႔ စီးပြားရွာ ခ်မ္းသာခ်င္လုိ႔ ႀကံစည္ႀကဳိးစားလာတာမဟုတ္ပါဘူး။ ၿမန္မာ့အစြမ္းကုိ ၿပခ်င္လုိ႔ စိတ္တင္းၿပီး မၿဖစ္ၿဖစ္ေအာင္ ဇြဲေကာင္းေကာင္းနဲ႔ ႀကဳိးစားခဲ့တာပါပဲ” ဟူ၍ မကြယ္လြန္မီ ဖြင့္ဟေၿပာဆုိခဲ့ေလသည္။ လူသည္ ဆင္းရဲဒဏ္ကုိ ခံႏုိင္ေသာ္လည္း ခ်မ္းသာသည့္ဒဏ္ကုိ မခံႏုိင္သည့္အေႀကာင္းကုိ ဦးအုန္းေမာင္ အၿမဲေၿပာေလ့ရွိသည္။ ထုိစကားမွာကား
နိမ့္တုန္း မေႀကာက္ရဘူး၊
ၿမင့္ေတာ့ ေႀကာက္ရတယ္” ဟူ၍ပင္ၿဖစ္သည္။

Ref;
ပထမၿမန္မာမ်ား – မင္းယုေ၀
အမွတ္မွားဆဲ လူသိနည္း ၿမန္မာ့ၿဖစ္ရပ္ ၁၀၀ – ေမာင္ႀကည္သန္႔
ၿမန္မာ့စြယ္စုံက်မ္း


မြန်မာ့ရုပ်ရှင်ကို ငွေတစ်ရာနဲ့စတင်ခဲ့သူ (သို့) မြန်မာ့ရုပ်ရှင်ရဲ့ဖခင် (unicode)

ယနေ့ရုပ်ရှင်လောကကို တချိန်က ငွေတစ်ရာနဲ့ စခဲ့ရတယ်ဆိုရင် ယုံချင်မှယုံကြမှာပါ။
တကယ်ပဲ ငွေတစ်ရာနဲ့ စခဲ့ရတာပါ။ စတင်သူကတော့ မြန်မာပီမီသျှောင်ထုံးအမြဲ ထုံးထားတတ်သူ လန်ဒန်အတ်ဦးအုန်းမောင် ဖြစ်သည်။ ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော်လည်း အင်္ဂလိပ်စာတတ်သူ ၊ ပန်းချီ နှင့် ဓာတ်ပုံ အနုပညာကို ဝါသနာပါသူ ဖြစ်သည်။ ဒီ ၊ အေ ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစားဓာတ်ပုံဆရာလုပ်ခဲ့သူ ဖြစ်သည်။
ယင်းသို့လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင်သည် လခစားဓာတ်ပုံဆရာဘဝကို စွန့်လွှတ်လိုက်သည်။ ယောက်ဖဖြစ်သူ ဓာတ်ပုံဆရာဦးမောင်မောင် နှင့် တွဲကာ “လန်ဒန်အတ် ဓာတ်ပုံကူးတိုက်” ကိုတည်ထောင်လိုက်သည်။ ဓာတ်ပုံလုပ်ငန်းအဝ၀ကို စိတ်တိုင်းကျဆောင်ရွက်သည်။ ဦးအုန်းမောင်သည် ဓာတ်ပုံပညာကျွမ်းကျင်သည့်အပြင် လုံ့လဝီရိယရှိသူ ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူ လည်းဖြစ်တာကြောင့် သူ့လုန်ငန်းသည် အောင်မြင်လေသည်။
ယင်းသို့အောင်မြင်နေသော်လည်း ဦးအုန်းမောင်ကား ရုပ်သေဓာတ်ပုံမျှနှင့် မတင်းတိမ်နိုင် ၊ ရုပ်ရှင်ရိုက်ကူးရန် စိတ်ဆန္ဒပြင်းပြနေသည်။ ထိုအချိန်တွင် မြန်မာပြည်၌ အင်္ဂလိပ် ၊ အမေရိကန် ရုပ်ရှင်ကားများပြသနေခြင်းကြောင့် မြန်မာ့ရုပ်ရှင်ကားများ ရိုက်ကူးရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ ဦးအုန်းမောင်သည် ယင်းရုပ်ရှင်ဇာတ်ကားများကို မလွတ်တမ်းကြည့်ရှုလေ့လာသည်။ စာအုပ်စာတမ်းများလည်း ရှာဖွေဖတ်ရှုသည်။ ထို့နောက် မြန်မာ့ရုပ်ရှင်ကို စတင်ရိုက်ကူးရန် ခြေလှမ်းပြင်လိုက်လေသည်။
ထိုစဉ်ဦးအုန်းမောင်သည် သုံးမရ၍ ပစ်ထားသော(မှန်ဘီလူးပင်မပါရှိသော) ရုပ်ရှင်ကင်မရာတစ်လုံးကို E.m.desouza ဆေးတိုက်မှ ဝယ်ယူရရှိလိုက်သည်။ မှန်ဘီလူးမပါ၍ မည်သို့မျှရိုက်ကူး၍ မရဖြစ်နေစဉ် Cinima De Paris ရုံပိုင်ရှင်ထံမှ ရုပ်ရှင်ရိုက်ကင်မရာ မှန်ဘီလူးတစ်ခုကို ရရှိသည်။ ဝယ်ယူထားသော ကင်မရာတွင် စွပ်ကြည့်ရာ အံကိုက်ဖြစ်နေသည်။ ဤနည်းဖြင့် တတ်မြောက်ထားသော ဓာတ်ပုံပညာနှင့် စုပေါင်းစပ်ပေါင်း ကင်မရာဟောင်းကလေးတစ်လုံးဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း တံခါးကို စတင်ဖွင့်လှစ်ခဲ့သည်။
ထိုအကြောင်းကို ဦးအုန်းမောင်က
“ဟိုတုန်းက လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတဲ့အခါ ရယ်မိပါတယ်၊ ဘာပြုလို့လဲဆိုတော့ ကင်မရာ ဆိုတာကလည်း ခုလိုဘယ်ဟုတ်မလဲ၊ ထင်းရှူးသေတ္တာငယ်ကလေးမှာ မှန်ဘီလူး တပ်ထားပြီး လှည့်လို့ရတာ တစ်ခုပဲ ရှိတယ်။ မှန်ဘီလူး ဆိုပြန်တော့လည်း ပုလင်းကွဲသာသာ ရှိတော့ လက်နဲ့ လှည့်လိုက်တိုင်းလည်း အရုပ်ထင်ချင်မျ ထင်တာဗျ၊ ဒီအထဲ ရိုက်ရတဲ့ ဖလင်ကလည်း ခုခေတ်လို မကောင်းပြန်ဆိုတော့ အင်မတန် အခက်အခဲတွေ့ပြီး အရုပ်ထင်အောင် မနည်းကြိုးစားခဲ့ရပါတယ်”
ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။
ပထမဆုံး အနေနှင့် ရိုက်ကူးမည့်ကား မှာ “မေတ္တာ နှင့် သူရာ” ဖြစ်သည်။ ကားရိုက်ကူးရေးစစဉ်မှာပင် ဘိလပ်သွားကိုယ်စားလှယ်ကြီးတစ်ဦးဖြစ်သူ ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန် ကွယ်လွန်သွားသည်။ အနယ်နယ်အရပ်ရပ်သို့ ဝံသာနုတရားများ လှည့်လည်ဟောပြောစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။ ကွယ်လွန်ချိန် အသက်မှာ ၃၀ သာရှိသေးသဖြင့် တစ်တိုင်းပြည်လုံး ဝမ်းနည်းကြသည်။ ဤတွင် ဦးအုန်းမောင်သည် ဦးထွန်းရှိဈာပနကို သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးသည်။ ထိုသတင်းကားကို ယခုဗိုလ်ချုပ်ဈေးနေရာ၌ ရှိခဲ့ဖူးသော စီနီမာဒီပဲရစ်ရုံ၌ ပြသရာ သတင်းကားပင်ဖြစ်လင့်ကစား ပထမဆုံးမြန်မာကားဖြစ်သဖြင့် မြန်မာပရိသတ်တို့ ကြိတ်ကြိတ်တိုးအားပေးကြည့်ရှုကြသည်။
ထို့နောက် မြန်မာ့ရုပ်ရှင်သမိုင်း၏ ပထမဆုံးဇာတ်ကားဖြစ်လာမည့် မေတ္တာနှင့်သူရာ ဇာတ်ကားကို ရိုက်ကူးသည်။ ဝထ္ထုမှာ ဆရာကြီးပီမိုးနင်း ဝထ္ထုဖြစ်ပြီး မင်းသားမှာ ဦးဘညွန့်၏သား ရုပ်ရှင်ဝါသနာအိုး ကိုညီပု နှင့် မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီ ဖြစ်သည်။ ထိုကားနှင့် ပတ်သတ်၍ ဦးအုန်းမောင်က
“ဇာတ်ကားကို အင်းလျားကန်စောင်းမှာ သွားရိုက်တာ ရိုက်တဲ့အခန်းက လူဆိုးတုတ်ကြီးက မင်းသမီးကို ကားနဲ့ ခိုးပြေးလို့ လိုက်ကြတာ မိရောဆိုပါတော့။ အဲလိုမိတော့ လမ်းဘေးကန်စောင်းထဲ ထွေးလုံးပြီးလိမ့်ကျကြပါရော။ တယ်ကြည့်လို့ကောင်းနေသပေါ့ဗျာ။ ကျွမ်းထိုးမှောက်ခုံ ကျလို့ ရေထဲလည်းရောက်ခါနီးရော “ဟိုးဟိုး နေကြဦး ၊ နေကြဦး ” ၊ ကြည့်လိုက်တော့ ကိုညီပုက သူရိုက်နေတဲ့ ကင်မရာက မှန်ဘီလူးရှေ့အစိုက်မှာ အပြင်ကိုထွက်ကျသွားသတဲ့ ၊ ပြန်ရိုက်ပါ ဆိုတော့ အကျိုးကိုနည်းရော ၊ ကွဲသူလည်း ကွဲ ၊ ပြဲသူလည်း ပြဲနေကြပြီ ၊ ဒီလိုအခက်အခဲမျိုးစုံကို ၂ နှစ်ကျော်ကျော် ရိုက်တော့မှပဲ အဲဒီ မေတ္တာသူရာ ဇာတ်ကားလေးပြီးခဲ့တယ်”
ဟု ရင်ဖွင့်ပြောဆိုခဲ့လေသည်။

ဒီဇာတ်ကားကို တစ်တိုင်းပြည်လုံး အုန်းအုန်းကြက်ကြက် အားပေးကြသည်။ ထိုသို့အားပေးသော်ငြား ဦးအုန်းမောင်အဖို့မှု ငွေကြေးအနေဖြင့် အမြတ်အစွန်းမရရှာပေ။ အရှုံးပင်ပေါ်ခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ဦးအုန်းမောင်၏ ကြိုးစားမှု များစွာထိရောက်ခဲ့သည်။ ထိုမှစ၍ မြန်မာဇာတ်ကားများ တစ်ကားပြီး တစ်ကား ပိုမိုကောင်းမွန်စွာထွက်လာခဲ့သည်။ မေတ္တာနှင့် သူရာ အပြီးတွင် ကျေးတောသူ မနု ၊ ရွှေပေးလို့မရ၊ တိမ်တစ်လုံး ၊ ခင်ခင့်မှားတော်ပုံ စသည့်ဇာတ်ကားများကို ရိုက်ကူးခဲ့သည်။ ‘ခင်ခင့်မှားတော်ပုံ’ သည် ဦးအုန်းမောင် ရုပ်ရှင်ပညာစွမ်း ပြသောဇာတ်ကားဖြစ်သည်။ ကိရိယာ မစုံလင်ပဲ နှင့် နှစ်ကိုယ်ခွဲခန်းများ ပါဝင်ခဲ့သောဇာတ်ကားဖြစ်သည်။
အစပိုင်း အရှုံးချည်းသာ ရင်ဆိုင်ခဲ့ရသော်လည်း အခက်အခဲများကို မာန်တင်းကျော်ဖြတ်ရင်း နောက်ပိုင်းတွင် တစ်နေ့တစ်ခြားအောင်မြင်လာခဲ့သည်။ မကြာမီပင် ရုပ်ရှင် သူဌေး “လန်ဒန်အတ် ဦးအုန်းမောင်” ဘဝ သို့ရောက်ခဲ့ပေသည်။ ထိုသို့ စီးပွားဖြစ်ထွန်းသော်လည်း ဦးအုန်းမောင်သည် ငွေကြေး ဥစ္စာ စုဆောင်းရန်ဝါသနာမပါ။ ရုပ်ရှင်လုပ်ငန်းနှင့် ပတ်သတ်၍ ထူးသမျှ ဆန်းသမျှ ပစ္စည်းများ ကိရိယာများကို နိုင်ငံခြားမှ မှာယူ အသုံးပြုလေသည်။ နိုင်ငံခြားမှ ထုတ်ဝေသမျှ ရုပ်ရှင်စာစောင် ၊ စာတမ်း ၊ စာအုပ်များကို မှာယူကြည့်ရှု့သည်။ မိမိအတွက်လည်း အကေားင်းစား စီးကရက် ၊ ရှုးဖိနပ်များကို အသုံးပြုပြီး မော်တော်ကားအသစ်ပေါ်တိုင်းလည်း လဲလှယ် စီးခဲ့သည်။ ထိုအတွင်း ကမ္ဘာစီးပွားပျက်ကယက် ဆိုက်ပြီး မြန်မာနိုင်ငံသို့ဝင်လာရာ ဦးအုန်းမောင်၏ လန်ဒန်အတ် ကုမ္ပဏီသည် အထူးထိခိုက်သည်။ ကြွေးမြီများလည်း တင်လာရာ နောက်ဆုံး စိတ်ရှုပ်မခံနိုင်တော့သည့်အခါ ကုမ္ပဏီကို အဆမတန်ဈေးလျှော့ကာ ရောင်းချလိုက်ရလေတော့သည်။
ထိုမှတစ်ဖန် ဇာတ်ကားများကို ပြန်လည်ရိုက်ရာ ၁၅ ကားခန့်ရိုက်ခဲ့သော်လည်း အသက်အရွယ်ကလည်း ကြီးလာ၊ ဖိဖိစီးစီးလည်း မလုပ်နိုင်တော့သဖြင့် ယခင်ကဲ့သို့အောင်မြင်ခြင်းမရှိတော့ချေ။ ကွယ်လွန်ခါနီးတွင် ရုပ်ရှင်လုပ်ငန်းကို ကိုယ်တိုင်မလုပ်တော့ နောက်လာနောက်သား ရုပ်ရှင် ပညာရှင်များ အကူအညီတောင်းလာသည့်အခါ အမြဲကူညီခဲ့သည်။မြန်မာ့ ရုပ်ရှင်လောက၏ ဖခင်ကြီး ဦးအုန်းမောင်သည် ၁၉၆၄ ခု သြဂုတ်လ ၁၅ ရက်နေ့ ၊ အသက် ၇၃ နှစ်တွင် ကွယ်လွန်ခဲ့သည်။
ဦးအုန်းမောင်သည် ရုပ်ရှင်သူဌေး ဖြစ်ခဲ့သော်လည်း စီးပွားရေးသမားမဟုတ်။ အနုပညာရှင် ဖြစ်သည်။ ထို့ကြောင့်လည်း ဦးအုန်းမောင်က “အမှန်ပြောရရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်တို့ စီးပွားရှာ ချမ်းသာချင်လို့ ကြံစည်ကြိုးစားလာတာမဟုတ်ပါဘူး။ မြန်မာ့အစွမ်းကို ပြချင်လို့ စိတ်တင်းပြီး မဖြစ်ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ ကြိုးစားခဲ့တာပါပဲ” ဟူ၍ မကွယ်လွန်မီ ဖွင့်ဟပြောဆိုခဲ့လေသည်။ လူသည် ဆင်းရဲဒဏ်ကို ခံနိုင်သော်လည်း ချမ်းသာသည့်ဒဏ်ကို မခံနိုင်သည့်အကြောင်းကို ဦးအုန်းမောင် အမြဲပြောလေ့ရှိသည်။ ထိုစကားမှာကား
နိမ့်တုန်း မကြောက်ရဘူး၊
မြင့်တော့ ကြောက်ရတယ်” ဟူ၍ပင်ဖြစ်သည်။

Ref;
ပထမမြန်မာများ – မင်းယုဝေ
အမှတ်မှားဆဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top