ဗဟုသုတ

ႀကဳိးစင္ကုိ မေႀကာက္တဲ့ သားအဖမ်ား

ပုဂံဗုိလ္ခ်ဳိ လုိ႔ ဆုိလုိက္ရင္ နယ္ခ်ဲ႕ေတာ္လွန္ေရး သမုိင္းမွာ နာမည္ႀကီးသူ တစ္ေယာက္ၿဖစ္တာ အားလုံးသိၿပီးသားပါ။ အဂၤလိပ္တုိ႔ကုိ ဒုကၡအေပးဆုံး ၊ ပထမဆုံးနယ္ခ်ဲ႕ေတာ္လွန္ေရး လုပ္ၿပီး ေနာက္ဆုံးမွ အဖမ္းခံရတဲ့ ဗုိလ္ခ်ဳိၿဖစ္ပါတယ္။ ေညာင္ဦးၿမဳိ႕နယ္ ငသေရာက္ဆယ္ရြာသား တစ္ဦးၿဖစ္ပါတယ္။

တကယ္ေတာ့ ဗုိလ္ခ်ဳိ ဟာ သူ႔ရဲ႕ဖခင္ ဦးေရြေဘာ္ကဲ့သုိ႔ တုိ္င္းရင္းေဆးဆရာ တစ္ေယာက္ၿဖစ္ပါတယ္။ ထုိ႔ေနာက္ သီေပါမင္းလက္ထက္မွာ ေတာင္တြင္းႀကီးၿမဳိ႕ ၿမဳိ႕၀န္စာေရး အၿဖစ္ ၃ ႏွစ္ခန္႔ အမႈထမ္းခဲ့ပါတယ္။ ၁၂၄၇ ခုႏွစ္ သီေပါမင္းပါေတာ္မူၿပီးေနာက္မွာေတာ့ နယ္ခ်ဲ႕တုိ႔ကုိ စတင္ ေတာ္လွန္ပါေတာ့တယ္။ ဗုိလ္ခ်ဳိႏွင့္ အတူ သားၿဖစ္သူ ဗုိလ္ဖုိးဆင္ ႏွင့္ ဗုိလ္ဖုိး၀င္တုိ႔ လည္း တုိက္ပြဲထဲပါ၀င္လာခဲ့ပါတယ္။ ဇနီးၿဖစ္သူ ေဒၚေရႊမႈံမွာလည္း မိန္းမသားၿဖစ္ေသာ္ၿငား ဓားခုတ္ ၊ လွံထုိး ၊ ၿမင္းစီးအတတ္တုိ႔ကုိ ကြ်မ္းက်င္လွကာ ခင္ပြန္းၿဖစ္သူနဲ႔ အတူလက္တြဲညီသူ ၿဖစ္ပါတယ္။

အဂၤလိပ္တုိ႔မွာ ဗုိလ္ခ်ဳိအဖြဲ႔ရဲ႕ ေပ်ာက္ႀကားတုိက္ခုိက္မႈမ်ားကို မႀကာခဏ ခံရေလ့ရွိပါတယ္။ ၿမဳိ႕၀န္စာေရးလုပ္ခဲ့သူၿဖစ္တာေႀကာင့္ ဗုိလ္ခ်ဳိဟာ စစ္မူေရးရာကုိနားလည္သလုိ ၊ စည္းရုံးေရးလည္းေကာင္းတဲ့အၿပင္ နည္းပရိယာယ္ႀကြယ္၀သူၿဖစ္တာေႀကာင့္ တုိက္ပြဲအမ်ားစုမွာ အႏုိင္ရေလ့ရွိပါတယ္။ ဗုိလ္ခ်ဳိရဲ႕ထင္ရွားေသာ တုိက္ပြဲမ်ားမွာ
နတ္သမီးကမ္းပါးတုိက္ပြဲ၊ ေက်ာက္တံခါးတိုက္ပြဲ ၊ ကန္႔လန္႔ေက်ာ္တုိက္ပြဲ နဲ႔ ပုလင္းရြာတုိက္ပြဲမ်ား ၿဖစ္ပါတယ္။ ထုိတုိက္ပြဲမ်ားမွာ အင္အားသာလြန္ေသာ အဂၤလိပ္တုိ႔အား အက်အဆုံးမ်ားေစခဲ့ၿပီး အရွက္ရေစခဲ့ေသာ တုိက္ပြဲမ်ားၿဖစ္ပါတယ္။

ဗုိလ္ခ်ဳိတုိ႔မွာ အဂၤလိပ္တုိ႔ထက္ လူအင္အား၊ လက္နက္အင္အား မ်ားစြာနည္းလွပါတယ္။ စိတ္ဓာတ္ၿပင္းထန္မႈေႀကာင့္ သာ ဒီလုိတုိက္ခုိက္ႏုိင္ခဲ့တာ ၿဖစ္ပါတယ္။ ထုိသုိ႔ ၁၈၈၆ခုႏွစ္ မွ ၁၈၉၅ခုႏွစ္ အထိ ဆယ္စုႏွစ္ တစ္ခုနီးပါး တုိက္ခုိက္လာၿပီးေနာက္ အင္အားတစ္စ တစ္စ နည္းလာရပါတယ္။ ထုိ႔ေႀကာင့္ ေနာက္ပိုင္းတုိက္ပြဲမ်ားတြင္ ဆုတ္ခြာရသည္သာ မ်ားလာပါတယ္။ ဗုိလ္ခ်ဳိအား အဂၤလိပ္တုိ႔က ရာထူးၿဖင့္ သိမ္းသြင္းခဲ့ေပမယ့္ ဗုိလ္ခ်ဳိကား လက္ခံၿခင္း မရွိခဲ့။

ဗိုလ္ခ်ိဳ တို႔သားအဖကို ဖမ္းဆီး အဆံုးစီရင္ႏိုင္ၿပီး မွ ျမန္မာေခတ္ဦးေတာ္လွန္ေရးကို တစ္ခန္းရပ္ႏုိင္လိမ့္မယ္လုိ႔ ရိပ္မိသြားတဲ့ အဂၤလိပ္တုိ႔ဟာ ခရစ္ႏွစ္ ၁၈၉၅မွာ ဗုိလ္ခ်ဳိရွိရာ ငသေရာက္ဆယ္ရြာကို အလုံးအရင္းနဲ႔ ၀န္းရံတုိက္ခုိက္ပါေတာ့တယ္။ ဒီအခ်ိန္မွာ ဗိုလ္ခ်ဳိတုိ႔သားအဖဟာ သည္ဧရာ၀တီၿမစ္ကိုၿဖတ္ကူးၿပီး ေယာ ၊ ေဆာနယ္ရွိေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ပူးေပါင္းေတာ္လွန္တိုက္ခိုက္ရန္ပုဂံသီရိပစၥယာ ဂူေၿပာက္ဘုရား၀န္းအတြင္းမွာ ေရာက္ရွိေနခဲ့ပါတယ္။ ဗုိလ္ခ်ဳိကုိ မမိတဲ့ အဂၤလိပ္တုိ႔ဟာ ဗုိလ္ခ်ဳိနဲ႔ နီးစပ္သူ ေဆြမ်ဳိးေတြကုိပါ ဒုကၡေပးလာတဲ့အတြက္ ေဆြမ်ဳိးေတြဟာ ပုဂံတစ္၀ုိက္မွာ မေနထုိင္ရဲေတာ့ပဲ ေရွာင္တိမ္းႀကရပါတယ္။

ေနာက္ဆုံး ၃၀-၆-၁၈၉၅ ေန႔တြင္ေတာ့ သစၥာေဖာက္တစ္ဦးရဲ႕ သတင္းေပးမႈေႀကာင့္ ဗုိလ္ခ်ဳိတုိ႔ အဖြဲ႔စခန္းခ်ရာေနရာကို အဂၤလိပ္တုိ႔သိရွိသြားၿပီး အလုံးအရင္းနဲ႔ ၀င္ဖမ္းၿခင္းကုိ ခံလုိက္ရပါတယ္။ နယ္ခ်ဲ႕မ်ားက ဘုရားကုိ၀ုိင္းထားစဥ္ သားႏွစ္ေယာက္က ရန္သူအား ၿပန္လည္ခုခံေသာအခါ-
“ငါ့သားမ်ား ငါတုိ႔အခ်ိန္ကုန္ၿပီ အဖမ္းခံလုိက္ႀကေတာ့” ဟု အက်ဳိးမရွိေသာ ခုခံၿခင္းမ်ဳိးမၿပဳလုပ္ရ ဆုိ႔နင့္ေသာအသံၿဖင့္ ဗုိလ္ခ်ဳိက တားၿမစ္ခဲ့ပါတယ္။
နယ္ခ်ဲ႕တုိ႔က ဗုိလ္ခ်ဳိသားအဖ ၃ ဦးအား ငါးသေရာက္ ၿမနႏၵာကန္ေတာ္ႀကီးကုန္းတြင္ ႀကဳိးစင္ေဆာက္ကာ ႀကဳိးေပးကြပ္မ်က္ခဲ့ပါတယ္။ ဗုိလ္ခ်ဳိႀကဳိးစင္တက္မယ္လုပ္စဥ္ ရဲေဘာ္တစ္ဦးက ငိုရာ ေၿခက်င္းခတ္ထားလ်က္ပင္ ထုိရဲေဘာ္ကုိေၿခၿဖင့္ခတ္ရင္း “နင္တုိ႔ ေယာက်ာ္းမဟုတ္ေလာ” ဟု ရဲ၀င့္စြာဆုိလွ်က္ ႀကဳိးစင္ထက္ကုိ ရင္ေကာ့၍ တက္သြား၏။ ႀကဳိးမေပးမီတြင္ ေနာက္ဆုံးအေနၿဖင့္ တူၿဖစ္သူ ဦးဥာဏ္လႈိင္ကို ေခၚ၍
“သူ႔ကြ်န္ဘ၀ထက္ ေသရတာက ၿမတ္ပါေသးတယ္။ က်န္ရွိေသာ ေရႊတုိေရႊစမ်ားကုိ ထုခြဲ၍ ဤေနရာမွာ ဘုရားတည္ၿပီး ေရွးမင္းမ်ားတူးခဲ့ေသာ ကန္ကုိဆည္ပါ” ဟုမွာႀကားခဲ့ပါတယ္။
ဗိုလ္ခ်ဳိ၏ေနာက္ဆံုးမွာႀကားခ်က္အရဗိုလ္ခ်ဳိႏွင္႕သားအဖ(၃)ဦးအားရည္စူးၿပီး ႀကဳိးစင္အနီးတြင္ ၿမနႏၵာေက်ာက္ထီးဘုရားႀကီးကို တည္ထားေပးခဲ့ႀကပါတယ္။

ref:
ႏွစ္ႏွစ္ကာကာ ၿမန္မာ့ဗဟုသုတ ၁၀၀ – နႏၵာမုိးႀကယ္
ပုဂံဗုိလ္ခ်ဳိ – တကၠသုိလ္စိန္တင္


ကြိုးစင်ကို မကြောက်တဲ့ သားအဖများ (unicode)

ပုဂံဗိုလ်ချို လို့ ဆိုလိုက်ရင် နယ်ချဲ့တော်လှန်ရေး သမိုင်းမှာ နာမည်ကြီးသူ တစ်ယောက်ဖြစ်တာ အားလုံးသိပြီးသားပါ။ အင်္ဂလိပ်တို့ကို ဒုက္ခအပေးဆုံး ၊ ပထမဆုံးနယ်ချဲ့တော်လှန်ရေး လုပ်ပြီး နောက်ဆုံးမှ အဖမ်းခံရတဲ့ ဗိုလ်ချိုဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် ငသရောက်ဆယ်ရွာသား တစ်ဦးဖြစ်ပါတယ်။

တကယ်တော့ ဗိုလ်ချို ဟာ သူ့ရဲ့ဖခင် ဦးရွေဘော်ကဲ့သို့ တိ်ုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပါတယ်။ ထို့နောက် သီပေါမင်းလက်ထက်မှာ တောင်တွင်းကြီးမြို့ မြို့ဝန်စာရေး အဖြစ် ၃ နှစ်ခန့် အမှုထမ်းခဲ့ပါတယ်။ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်မှာတော့ နယ်ချဲ့တို့ကို စတင် တော်လှန်ပါတော့တယ်။ ဗိုလ်ချိုနှင့် အတူ သားဖြစ်သူ ဗိုလ်ဖိုးဆင် နှင့် ဗိုလ်ဖိုးဝင်တို့ လည်း တိုက်ပွဲထဲပါဝင်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ ဒေါ်ရွှေမှုံမှာလည်း မိန်းမသားဖြစ်သော်ငြား ဓားခုတ် ၊ လှံထိုး ၊ မြင်းစီးအတတ်တို့ကို ကျွမ်းကျင်လှကာ ခင်ပွန်းဖြစ်သူနဲ့ အတူလက်တွဲညီသူ ဖြစ်ပါတယ်။

အင်္ဂလိပ်တို့မှာ ဗိုလ်ချိုအဖွဲ့ရဲ့ ပျောက်ကြားတိုက်ခိုက်မှုများကို မကြာခဏ ခံရလေ့ရှိပါတယ်။ မြို့ဝန်စာရေးလုပ်ခဲ့သူဖြစ်တာကြောင့် ဗိုလ်ချိုဟာ စစ်မူရေးရာကိုနားလည်သလို ၊ စည်းရုံးရေးလည်းကောင်းတဲ့အပြင် နည်းပရိယာယ်ကြွယ်ဝသူဖြစ်တာကြောင့် တိုက်ပွဲအများစုမှာ အနိုင်ရလေ့ရှိပါတယ်။ ဗိုလ်ချိုရဲ့ထင်ရှားသော တိုက်ပွဲများမှာ
နတ်သမီးကမ်းပါးတိုက်ပွဲ၊ ကျောက်တံခါးတိုက်ပွဲ ၊ ကန့်လန့်ကျော်တိုက်ပွဲ နဲ့ ပုလင်းရွာတိုက်ပွဲများ ဖြစ်ပါတယ်။ ထိုတိုက်ပွဲများမှာ အင်အားသာလွန်သော အင်္ဂလိပ်တို့အား အကျအဆုံးများစေခဲ့ပြီး အရှက်ရစေခဲ့သော တိုက်ပွဲများဖြစ်ပါတယ်။

ဗိုလ်ချိုတို့မှာ အင်္ဂလိပ်တို့ထက် လူအင်အား၊ လက်နက်အင်အား များစွာနည်းလှပါတယ်။ စိတ်ဓာတ်ပြင်းထန်မှုကြောင့် သာ ဒီလိုတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ၁၈၈၆ခုနှစ် မှ ၁၈၉၅ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုနီးပါး တိုက်ခိုက်လာပြီးနောက် အင်အားတစ်စ တစ်စ နည်းလာရပါတယ်။ ထို့ကြောင့် နောက်ပိုင်းတိုက်ပွဲများတွင် ဆုတ်ခွာရသည်သာ များလာပါတယ်။ ဗိုလ်ချိုအား အင်္ဂလိပ်တို့က ရာထူးဖြင့် သိမ်းသွင်းခဲ့ပေမယ့် ဗိုလ်ချိုကား လက်ခံခြင်း မရှိခဲ့။

ဗိုလ်ချို တို့သားအဖကို ဖမ်းဆီး အဆုံးစီရင်နိုင်ပြီး မှ မြန်မာခေတ်ဦးတော်လှန်ရေးကို တစ်ခန်းရပ်နိုင်လိမ့်မယ်လို့ ရိပ်မိသွားတဲ့ အင်္ဂလိပ်တို့ဟာ ခရစ်နှစ် ၁၈၉၅မှာ ဗိုလ်ချိုရှိရာ ငသရောက်ဆယ်ရွာကို အလုံးအရင်းနဲ့ ဝန်းရံတိုက်ခိုက်ပါတော့တယ်။ ဒီအချိန်မှာ ဗိုလ်ချိုတို့သားအဖဟာ သည်ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး ယော ၊ ဆောနယ်ရှိတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းတော်လှန်တိုက်ခိုက်ရန်ပုဂံသီရိပစ္စယာ ဂူပြောက်ဘုရားဝန်းအတွင်းမှာ ရောက်ရှိနေခဲ့ပါတယ်။ ဗိုလ်ချိုကို မမိတဲ့ အင်္ဂလိပ်တို့ဟာ ဗိုလ်ချိုနဲ့ နီးစပ်သူ ဆွေမျိုးတွေကိုပါ ဒုက္ခပေးလာတဲ့အတွက် ဆွေမျိုးတွေဟာ ပုဂံတစ်ဝိုက်မှာ မနေထိုင်ရဲတော့ပဲ ရှောင်တိမ်းကြရပါတယ်။

နောက်ဆုံး ၃၀-၆-၁၈၉၅ နေ့တွင်တော့ သစ္စာဖောက်တစ်ဦးရဲ့ သတင်းပေးမှုကြောင့် ဗိုလ်ချိုတို့ အဖွဲ့စခန်းချရာနေရာကို အင်္ဂလိပ်တို့သိရှိသွားပြီး အလုံးအရင်းနဲ့ ဝင်ဖမ်းခြင်းကို ခံလိုက်ရပါတယ်။ နယ်ချဲ့များက ဘုရားကိုဝိုင်းထားစဉ် သားနှစ်ယောက်က ရန်သူအား ပြန်လည်ခုခံသောအခါ-
“ငါ့သားများ ငါတို့အချိန်ကုန်ပြီ အဖမ်းခံလိုက်ကြတော့” ဟု အကျိုးမရှိသော ခုခံခြင်းမျိုးမပြုလုပ်ရ ဆို့နင့်သောအသံဖြင့် ဗိုလ်ချိုက တားမြစ်ခဲ့ပါတယ်။
နယ်ချဲ့တို့က ဗိုလ်ချိုသားအဖ ၃ ဦးအား ငါးသရောက် မြနန္ဒာကန်တော်ကြီးကုန်းတွင် ကြိုးစင်ဆောက်ကာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ ဗိုလ်ချိုကြိုးစင်တက်မယ်လုပ်စဉ် ရဲဘော်တစ်ဦးက ငိုရာ ခြေကျင်းခတ်ထားလျက်ပင် ထိုရဲဘော်ကိုခြေဖြင့်ခတ်ရင်း “နင်တို့ ယောကျာ်းမဟုတ်လော” ဟု ရဲဝင့်စွာဆိုလျှက် ကြိုးစင်ထက်ကို ရင်ကော့၍ တက်သွား၏။ ကြိုးမပေးမီတွင် နောက်ဆုံးအနေဖြင့် တူဖြစ်သူ ဦးဉာဏ်လှိုင်ကို ခေါ်၍
“သူ့ကျွန်ဘဝထက် သေရတာက မြတ်ပါသေးတယ်။ ကျန်ရှိသော ရွှေတိုရွှေစများကို ထုခွဲ၍ ဤနေရာမှာ ဘုရားတည်ပြီး ရှေးမင်းများတူးခဲ့သော ကန်ကိုဆည်ပါ” ဟုမှာကြားခဲ့ပါတယ်။
ဗိုလ်ချို၏နောက်ဆုံးမှာကြားချက်အရဗိုလ်ချိုနှင့်သားအဖ(၃)ဦးအားရည်စူးပြီး ကြိုးစင်အနီးတွင် မြနန္ဒာကျောက်ထီးဘုရားကြီးကို တည်ထားပေးခဲ့ကြပါတယ်။

ref:
နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ ၁၀ဝ – နန္ဒာမိုးကြယ်
ပုဂံဗိုလ်ချို – တက္ကသိုလ်စိန်တင်

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top