အားကစား

နိုင္ငံတကာေဘာလုံးေလာက သတင္းတိုမ်ား

မန္ခ်က္စတာယူနိုက္တက္ မန္ေနဂ်ာေမာ္ရင္ဟိုကို ရီးရဲမက္ဒရစ္အသင္းတြင္ တာဝန္ထမ္းေဆာင္စဥ္အတြင္း အခြန္ ယူရို ၃ ဒသမ ၃ သန္း ေရွာင္လႊဲခဲ့သည္ဟု စပိန္ေဒသဆိုင္ရာအစိုးရေရွ႕ေနက စြပ္စြဲလိုက္ေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။ ¤င္းသည္ ရီးရဲမက္ဒရစ္အသင္းကို ၂ဝ၁ဝ မွ ၂ဝ၁၃ အထိ နည္းျပခဲ့သူျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

နယ္သာလန္ကလပ္ ပီအက္စ္ဗြီအသင္းသည္ မကၠဆီကိုကလပ္ ပါခ်ဴကာ အသင္းမွ လိုဇာနို၏ ေျပာင္းေရႊ႕မႈႏွင့္ပတ္သက္ၿပီး သေဘာတူညီမႈအဆင့္သို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သတင္းမ်ားအရ သိရသည္။ မကၠဆီကိုလက္ေရြးစင္ ကစားသမား၏ ေျပာင္းေရႊ႕ေၾကးႏွင့္ပတ္သက္ၿပီး ေဖာ္ျပထားျခင္းမရွိ ေသာ္လည္း ကြန္ဖက္ဒေရးရွင္းဖလားၿပိဳင္ပြဲၿပီးဆုံးပါက ပီအက္စ္ဗြီအသင္းႏွင့္ အတူ ၂ဝ၂၃ ခုႏွစ္ ဇြန္လအထိရွိေသာ စာခ်ဳပ္ခ်ဳပ္ဆိုသြားမည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။ လိုဇာနို (၂၁)ႏွစ္သည္ ၿပီးခဲ့ေသာ ရက္သတၱ ပတ္မ်ားအတြင္း မန္ခ်က္စတာစီးတီးႏွင့္ ဘင္ဖီကာအသင္းတို႔၏ ခ်ိတ္ဆက္မႈ ကို ခံခဲ့ရၿပီး ¤င္းက ပီအက္စ္ဗြီအသင္းသို႔ ေျပာင္းေရႊ႕ရန္ စိတ္ပိုင္းဆုံးျဖတ္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

အေျပာသက္သက္မဟုတ္ဘဲ အလုပ္ႏွင့္သက္ေသျပခဲ့ေသာ ဂ်ာမနီအသင္း ေခါင္းေဆာင္ ဂ်ဴလီရန္ဒရက္ဇ္လာ သည္ ဇြန္ ၁၉ ရက္တြင္ ဂ်ာမနီ အသင္းက ၾသစေၾတးလ် အသင္းကို သုံးဂိုး-ႏွစ္ဂိုးျဖင့္ အနိုင္ရရွိေသာ ကြန္ဖက္ဒေရးရွင္း ဖလားၿပိဳင္ပြဲ၌ ပထမပိုင္းပြဲၿပီးခါနီးတြင္ ပယ္နယ္တီ မွ တစ္ဂိုး သြင္းယူနိုင္ခဲ့ၿပီး ပြဲအၿပီး တြင္ အေကာင္းဆုံးဆုကိုပါ ရရွိခဲ့ေၾကာင္း သိရသည္။

ဂ်ာမန္ကလပ္ ဝုဖ္ဘတ္အသင္းသည္ ဘယ္လ္ဂ်ီယံကလပ္ ေအာ္စတန္ဒီ အသင္းမွ လူငယ္ကစားသမား လန္ဒရီဒီမာတာကို ေျပာင္းေရႊ႕ေၾကး ယူရို ၁ဝ သန္း ဝန္းက်င္ခန႔္ျဖင့္ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း သတင္း မ်ားအရ သိရသည္။ ဘယ္လ္ဂ်ီယံ လူငယ္လက္ေရြးစင္တိုက္စစ္ကစားသမား ဒီမာတာ (၁၉) ႏွစ္သည္ ဘြန္ဒက္စ္လီဂါကလပ္ႏွင့္အတူ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ ဆိုလိုက္ေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။

အမ္ဘတ္ပီႏွင့္ ဒြန္နာရမ္မာသည္ ရီးရဲမက္ဒရစ္အသင္း၏ ပစ္မွတ္မ်ားျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ ဂိုးသမား ဒီဂီယာမဟုတ္ေၾကာင္း ဥကၠ႒ ဖေလာ္ရန္ တီနို ပီရက္ဇ္၏ အဆိုအရ သိရသည္။ ၿပီးခဲ့ေသာရာသီတြင္ ၿပိဳင္ပြဲအရပ္ရပ္ ၂၆ ဂိုးသြင္းယူထားေသာ မိုနာကိုၾကယ္ပြင့္ အမ္ဘတ္ပီသည္ အျခားဥေရာပကလပ္ မ်ားအၾကားတြင္ ေငြေၾကးေျမာက္ျမားစြာျဖင့္ ရီးရဲမက္ဒရစ္သို႔ ေျပာင္းေရႊ႕ရန္ ကမ္းလွမ္းျခင္းခံထားရသူတစ္ဦးျဖစ္ေၾကာင္းလည္း သတင္းမ်ားတြင္ ေဖာ္ၿပ ထားသည္။ ဒြန္နာရမ္မာ (၁၈)ႏွစ္သည္လည္း ေအစီမီလန္အသင္းႏွင့္ စာခ်ဳပ္ သစ္ ခ်ဳပ္ဆိုမည္မဟုတ္ေၾကာင္း၊ ၎၏ဆုံးျဖတ္ခ်က္ကို ထုတ္ေဖာ္ ေျပာၾကား ၿပီးေနာက္ပိုင္း အသင္းႀကီးမ်ား၏ စိတ္ဝင္စားျခင္း ခံေနရသူျဖစ္ေၾကာင္း သိရွိရသည္။



နိုင်ငံတကာဘောလုံးလောက သတင်းတိုများ (unicode)

မန်ချက်စတာယူနိုက်တက် မန်နေဂျာမော်ရင်ဟိုကို ရီးရဲမက်ဒရစ်အသင်းတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း အခွန် ယူရို ၃ ဒသမ ၃ သန်း ရှောင်လွှဲခဲ့သည်ဟု စပိန်ဒေသဆိုင်ရာအစိုးရရှေ့နေက စွပ်စွဲလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ¤င်းသည် ရီးရဲမက်ဒရစ်အသင်းကို ၂ဝ၁ဝ မှ ၂ဝ၁၃ အထိ နည်းပြခဲ့သူဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းသည် မက္ကဆီကိုကလပ် ပါချူကာ အသင်းမှ လိုဇာနို၏ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး သဘောတူညီမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။ မက္ကဆီကိုလက်ရွေးစင် ကစားသမား၏ ပြောင်းရွှေ့ကြေးနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိ သော်လည်း ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲပြီးဆုံးပါက ပီအက်စ်ဗွီအသင်းနှင့် အတူ ၂ဝ၂၃ ခုနှစ် ဇွန်လအထိရှိသော စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လိုဇာနို (၂၁)နှစ်သည် ပြီးခဲ့သော ရက်သတ္တ ပတ်များအတွင်း မန်ချက်စတာစီးတီးနှင့် ဘင်ဖီကာအသင်းတို့၏ ချိတ်ဆက်မှု ကို ခံခဲ့ရပြီး ¤င်းက ပီအက်စ်ဗွီအသင်းသို့ ပြောင်းရွှေ့ရန် စိတ်ပိုင်းဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။


အပြောသက်သက်မဟုတ်ဘဲ အလုပ်နှင့်သက်သေပြခဲ့သော ဂျာမနီအသင်း ခေါင်းဆောင် ဂျူလီရန်ဒရက်ဇ်လာ သည် ဇွန် ၁၉ ရက်တွင် ဂျာမနီ အသင်းက သြစတြေးလျ အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသော ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲ၌ ပထမပိုင်းပွဲပြီးခါနီးတွင် ပယ်နယ်တီ မှ တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီး တွင် အကောင်းဆုံးဆုကိုပါ ရရှိခဲ့ကြောင်း သိရသည်။


ဂျာမန်ကလပ် ဝုဖ်ဘတ်အသင်းသည် ဘယ်လ်ဂျီယံကလပ် အော်စတန်ဒီ အသင်းမှ လူငယ်ကစားသမား လန်ဒရီဒီမာတာကို ပြောင်းရွှေ့ကြေး ယူရို ၁ဝ သန်း ဝန်းကျင်ခန့်ဖြင့် အပြီးသတ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်း များအရ သိရသည်။ ဘယ်လ်ဂျီယံ လူငယ်လက်ရွေးစင်တိုက်စစ်ကစားသမား ဒီမာတာ (၁၉) နှစ်သည် ဘွန်ဒက်စ်လီဂါကလပ်နှင့်အတူ ငါးနှစ်စာချုပ်ချုပ် ဆိုလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။


အမ်ဘတ်ပီနှင့် ဒွန်နာရမ်မာသည် ရီးရဲမက်ဒရစ်အသင်း၏ ပစ်မှတ်များဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာမဟုတ်ကြောင်း ဥက္ကဋ္ဌ ဖလော်ရန် တီနို ပီရက်ဇ်၏ အဆိုအရ သိရသည်။ ပြီးခဲ့သောရာသီတွင် ပြိုင်ပွဲအရပ်ရပ် ၂၆ ဂိုးသွင်းယူထားသော မိုနာကိုကြယ်ပွင့် အမ်ဘတ်ပီသည် အခြားဥရောပကလပ် များအကြားတွင် ငွေကြေးမြောက်မြားစွာဖြင့် ရီးရဲမက်ဒရစ်သို့ ပြောင်းရွှေ့ရန် ကမ်းလှမ်းခြင်းခံထားရသူတစ်ဦးြဖစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြ ထားသည်။ ဒွန်နာရမ်မာ (၁၈)နှစ်သည်လည်း အေစီမီလန်အသင်းနှင့် စာချုပ် သစ် ချုပ်ဆိုမည်မဟုတ်ကြောင်း၊ ၎င်း၏ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြောကြား ပြီးနောက်ပိုင်း အသင်းကြီးများ၏ စိတ်ဝင်စားခြင်း ခံနေရသူဖြစ်ကြောင်း သိရှိရသည်။

Click to comment

You must be logged in to post a comment Login

Leave a Reply

Popular

To Top